AYA Home Loan ဖြင့် ၀ယ်ယူနိုင်မည့် မန္တလေးမြို့၏ အကောင်းဆုံး Sky Villa ကွန်ဒိုအရောင်းပြပွဲ
×
Credit: bbc
# Unicode Version ဖြင့် ဖတ်ပါ #
တောင်အာဖရိက နိုင်ငံ ဂျိုဟန်းနစ္စဘတ်မြို့မှာ ဆွီဒင် နိုင်ငံအခြေစိုက် H&M ကုမ္ပဏီပိုင် အဝတ်အစား စတိုးဆိုင်ကြီးကို ဆန္ဒပြသူတွေက ရိုက်ချိုး ဖျက်ဆီးခဲ့တဲ့ အတွက် တောင်အာဖရိက ရဲအဖွဲ့က ရာဘာကျည်ဆံနဲ့ ပစ်ခတ်လူစုခွဲခဲ့ပါတယ်။
အဲဒီတိုက်ခိုက်မှုကို တက်ကြွတဲ့ နိုင်ငံရေးအင်အားစုဖြစ်တဲ့ စီးပွားရေးလွတ်လပ်ခွင့် တိုက်ခိုက်ရေးသမားများဆိုတဲ့ အဖွဲ့က ပူးပေါင်းပါဝင်ခဲ့ပါတယ်။
H&M ကုမ္ပဏီရဲ့ ကြော်ငြာတခုကို သူတို့က မကျေနပ်လို့ တိုက်ခိုက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။ ကြော်ငြာထဲမှာ လူမည်းကလေးငယ် တယောက်ဟာ မော်ဒယ်အဖြစ်သရုပ်ဆောင်ပြီး H&M ရဲ့ ခေါင်းစွပ်ဦးထုပ်ပါအကျႌကို ဝတ်ဆင်ထားပါတယ်။ အဲဒီပုံကို တောနက်ကြီးထဲက အမိုက်ဆုံးမျောက်ကလေးဆိုပြီးတော့လည်း စာတမ်းရေးထိုးထားတဲ့အတွက် ဒေါသပေါက်ကွဲခဲ့ကြတာဖြစ်ပါတယ်။
H&M က အဲဒီအတွက် တောင်းပန်ခဲ့ပြီး ကြော်ငြာကိုလည်း ဒီသီတင်းပတ် စောစောပိုင်းတုန်းက ပြန်လည်ရုပ်သိမ်းပေးခဲ့ပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: bbc
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top