iMyanmarHouse.com - Best Property Website for Myanmar
×

ေဟာင္ေကာင္မွာ ငါးႏွစ္အရြယ္ သမီးျဖစ္သူကို ညႇဥ္းပန္းႏွိပ္စက္ သတ္ျဖတ္မႈနဲ႔ ဖခင္ရင္းျဖစ္သူနဲ႔ မိေထြးျဖစ္သူ အမ်ိဳးသမီးတို႔ ဖမ္းဆီးခံခဲ့ရတယ္လို႔ ခ်န္နယ္လ္နယူးစ္ေအးရွား သတင္းမွာ ေဖာ္ျပပါတယ္။

ခ်န္းလို႔ အမည္ေဖာ္ျပတဲ့ အဲဒီကေလးငယ္ဟာ ဒဏ္ရာေတြနဲ႔ သတိလစ္ေမ့ေျမာကာ တူအန္မန္ေဆး႐ုံဆီ ဇန္နဝါရီ ၈ ရက္ေန႔က ေရာက္ရွိလာခဲ့တာ ျဖစ္ပါတယ္။

သူ႔ရဲ႕ ခႏၶာကိုယ္ေပၚက ထိုးသြင္းဒဏ္ရာဟာ ၁၀ စင္တီမီတာေလာက္ ရွိေနတာျဖစ္ၿပီး အရင္ဒဏ္ရာေဟာင္းေတြလည္း စစ္ေဆးေတြ႔ရွိခဲ့ကာ ေဆး႐ုံေရာက္ၿပီး မၾကာခင္မွာပဲ ေသဆံုးသြားခဲ့တယ္လို႔ ဆရာဝန္ေတြက အတည္ျပဳခဲ့ၾကပါတယ္။

ဖခင္ျဖစ္သူဟာ အသက္ ၂၆ ႏွစ္အရြယ္ သယ္သူပို႔ေဆာင္ေရး လုပ္သားတဦးျဖစ္ကာ မိခင္ျဖစ္သူကေတာ့ အိမ္ရွင္မတဦးျဖစ္ၿပီး တိုက္ခန္းတခုမွာ ေနထိုင္ၾကတာ ျဖစ္ပါတယ္။

ေနအိမ္မွာေတာ့ ၈ ႏွစ္အရြယ္ အစ္ကိုျဖစ္သူ၊ ၇ ႏွစ္အရြယ္ ဖေအတူ မေအကြဲ ဝမ္းကြဲအစ္မတဦးလည္း ရွိေနကာ ေသဆံုးသူ ကေလးငယ္ရဲ႕ အစ္ကိုျဖစ္သူမွာလည္း ညႇဥ္းပန္းႏွိပ္စက္မႈေၾကာင့္ရတဲ့ ဒဏ္ရာေတြကို စစ္ေဆးေတြ႔ရွိခဲ့ရတာပါ။

သူ႔ကိုေတြ႔ရွိခ်ိန္မွာ အာဟာရခ်ိဳ႕တဲ့မႈေၾကာင့္ ကိုယ္အေလးခ်ိန္ဟာ ၁၈ ကီလိုဂရမ္သာ ရွိေနခဲ့ေပမယ့္ အသက္အႏၱရာယ္ေတာ့ စိုးရိမ္ရတဲ့ အေျခအေနမွာ ရွိမေနခဲ့ပါဘူး။

လက္ရွိမွာေတာ့ ေဆး႐ုံမွာ ျပဳစုေစာင့္ေရွာက္ထားၿပီး လိုအပ္တဲ့ ေဆးဝါးကုသမႈေတြ ဆက္လက္လုပ္ေဆာင္ေပးေနတာ ျဖစ္ပါတယ္။

သတင္းရင္းျမစ္ေတြရဲ႕ အဆိုအရ ညႇဥ္းပန္းႏွိပ္စက္မႈမွာ ႀကိမ္နဲ႔ ႐ုိက္ႏွက္တာေတြ၊ ကပ္ေၾကးနဲ႔ ထိုးတာေတြအျပင္ ဖိနပ္နဲ႔ ႐ုိက္တာေတြလည္း ပါဝင္တယ္လို႔ ဆိုပါတယ္။

လက္ရွိမွာေတာ့ ရဲေတြက ဒီကိစၥနဲ႔ပတ္သက္ၿပီး အေရးယူစံုစမ္းမႈေတြ ဆက္လက္လုပ္ေဆာင္ေနတာ ျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  DVB

#Unicode Version#
ဟောင်ကောင်မှာ ငါးနှစ်အရွယ် သမီးဖြစ်သူကို ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်မှုနဲ့ ဖခင်ရင်းဖြစ်သူနဲ့ မိထွေးဖြစ်သူ အမျိုးသမီးတို့ ဖမ်းဆီးခံခဲ့ရတယ်လို့ ချန်နယ်လ်နယူးစ်အေးရှား သတင်းမှာ ဖော်ပြပါတယ်။

ချန်းလို့ အမည်ဖော်ပြတဲ့ အဲဒီကလေးငယ်ဟာ ဒဏ်ရာတွေနဲ့ သတိလစ်မေ့မြောကာ တူအန်မန်ဆေးရုံဆီ ဇန်နဝါရီ ၈ ရက်နေ့က ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။

သူ့ရဲ့ ခန္ဓာကိုယ်ပေါ်က ထိုးသွင်းဒဏ်ရာဟာ ၁၀ စင်တီမီတာလောက် ရှိနေတာဖြစ်ပြီး အရင်ဒဏ်ရာဟောင်းတွေလည်း စစ်ဆေးတွေ့ရှိခဲ့ကာ ဆေးရုံရောက်ပြီး မကြာခင်မှာပဲ သေဆုံးသွားခဲ့တယ်လို့ ဆရာဝန်တွေက အတည်ပြုခဲ့ကြပါတယ်။

ဖခင်ဖြစ်သူဟာ အသက် ၂၆ နှစ်အရွယ် သယ်သူပို့ဆောင်ရေး လုပ်သားတဦးဖြစ်ကာ မိခင်ဖြစ်သူကတော့ အိမ်ရှင်မတဦးဖြစ်ပြီး တိုက်ခန်းတခုမှာ နေထိုင်ကြတာ ဖြစ်ပါတယ်။

နေအိမ်မှာတော့ ၈ နှစ်အရွယ် အစ်ကိုဖြစ်သူ၊ ၇ နှစ်အရွယ် ဖအေတူ မအေကွဲ ဝမ်းကွဲအစ်မတဦးလည်း ရှိနေကာ သေဆုံးသူ ကလေးငယ်ရဲ့ အစ်ကိုဖြစ်သူမှာလည်း ညှဉ်းပန်းနှိပ်စက်မှုကြောင့်ရတဲ့ ဒဏ်ရာတွေကို စစ်ဆေးတွေ့ရှိခဲ့ရတာပါ။

သူ့ကိုတွေ့ရှိချိန်မှာ အာဟာရချို့တဲ့မှုကြောင့် ကိုယ်အလေးချိန်ဟာ ၁၈ ကီလိုဂရမ်သာ ရှိနေခဲ့ပေမယ့် အသက်အန္တရာယ်တော့ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိမနေခဲ့ပါဘူး။

လက်ရှိမှာတော့ ဆေးရုံမှာ ပြုစုစောင့်ရှောက်ထားပြီး လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ဆက်လက်လုပ်ဆောင်ပေးနေတာ ဖြစ်ပါတယ်။

သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ညှဉ်းပန်းနှိပ်စက်မှုမှာ ကြိမ်နဲ့ ရိုက်နှက်တာတွေ၊ ကပ်ကြေးနဲ့ ထိုးတာတွေအပြင် ဖိနပ်နဲ့ ရိုက်တာတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ ရဲတွေက ဒီကိစ္စနဲ့ပတ်သက်ပြီး အရေးယူစုံစမ်းမှုတွေ ဆက်လက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:  DVB


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top