မန္တလေးမြို့ တွင်ကျင်းပမည့် မြန်မာနိုင်ငံ၏အကြီးဆုံး အိမ်ခြံမြေနှင့် လူသုံးကုန်ပစ္စည်း အရောင်းပြပွဲကြီး
×

၂၀၁၈ ခုနှစ်မှာ ကံကောင်းခြင်းတွေကို ရရှိနိုင်ဖို့ရန် ရာသီခွင်အလိုက် ၂၀၁၇ အတွင်း ဘယ်လို မကောင်းတာတွေကို ချေမလဲ။













Credit: ChelmoTeam

# Unicode Version ဖြင့် ဖတ်ပါ #
၂၀၁၈ ခုနှစ်မှာ ကံကောင်းခြင်းတွေကိုု ရရှိနိုင်ဖို့ရန် ရာသီခွင်အလိုက် ၂၀၁၇ အတွင်း ဘယ်လို မကောင်းတာတွေကို ချေမလဲ။
၀၁. မိဿရာသီ (Aries) : မတ် ၂၁ ရက်မှ ဧပြီ ၂၀ ရက်အတွင်း

သူလေးက အမြဲဆိုသလို တက်တက်ကြွကြွနေတတ်သူလေးပါ။ ၂၀၁၈ မှာ ကံတွေတက်လာဖို့ရန် ဘာတွေကိုလုပ်ရမလဲဆိုတော့ တစ်ယောက်တည်း ခရီးသွားသင့်ပါတယ်။ တယောက်တည်းအချိန်မှာ ကိုယ်ဖြစ်ချင်တာတွေကို စဉ်းစားဖို့ရန်လည်း
အကောင်းဆုံးဖြစ်မှာပါ။ နေ့ချင်းပြန် ခရီးလေးဖြစ်ဖြစ်သွားပြီး ကံတွေတက်လာအောင် ၂၀၁၈ အတွက် စဉ်းစားလိုက်ရအောင်လား။
၀၂. ပြိဿရာသီ (Taurus) : ဧပြီ ၂၁ ရက်မှ မေ ၂၀ ရက်အတွင်း

အစားအသောက်ဆိုရင် သူ့အပြင်အခြားမရှိသူပါ။ ဒါပင်မယ့်လည်း အစားအသောက်ကို ကြိုက်တာလေးကို သေသေချာချာချက်ပြီး စားလိုက်မယ်ဆိုရင် ရင်ထဲမှာခံစားနေတာတွေက ကိုယ့်ကိုစွန့်ခွားသွားတော့မှာပါ။ အများကြီးတော့ မစားနဲ့နော်။
၀၃. မေထုန်ရာသီ (Gemini) : မေ ၂၁ ရက်မှ ဇွန် ၂၀ ရက်အတွင်း

အဟောင်းတွေကို ထားပြီး အသစ်ကိုရှာသင့်တဲ့ ရာသီခွင်ဖြစ်တာကြောင့် ကိုယ့်ရဲ့အညံ့တွေကို မောင်းထုတ်ဖို့ရန် အခန်းလေးကို ရှင်းပြီး အခန်းအနေအထားကို ပြောင်းလိုက်မယ်ဆိုရင် ၂၀၁၈ အတွက် ပြင်ဆင်ပြီး ဖြစ်မှာပါ။ အထူးသဖြင့် ၂၀၁၈ မှာ ကိုယ်ရဲ့ ဖြစ်ချင်တာတွေကို အလုပ်၊ကျောင်း၊ဝါသနာ စသည်ဖြင့် လိုချင်တာကို အဓိကထားစဉ်းစားပြီး အခန်းလေးကို ပြင်လိုက်နော်။
၀၄. ကရကဋ်ရာသီ (Cancer) : ဇွန် ၂၁ ရက်မှ ဇူလိုင် ၂၀ ရက်အတွင်း

အမှတ်တရတွေကို အမြဲရင်ထဲမှာ သိမ်းထားတတ်သူဖြစ်တာကြောင့် ၂၀၁၇ မှာ ကိုယ့်အတွက် နာကြင်စေခဲ့တဲ့ အမှတ်တရ မလိုအပ်တဲ့ ပစ္စည်းတွေကို ပစ်ထုတ်လိုက်ပါ။ အဟောင်းတွေကိုမေ့မှသာလျှင် ၂၀၁၈ မှာ အတွေ့အကြုံအသစ်တွေကို လက်ခံရရှိမှာပါ။ ဒါ့အပြင် ကိုယ်အတွက်အသစ်တွေကို လက်ခံသွားနိုင်အောင်ပါ။ မလိုတာတွေကို ပစ်ထုတ်လိုက်ပါ။
၀၅. သိဟ်ရာသီ (Leo) : ဇူလိုင် ၂၁ ရက်မှ သြဂုတ် ၂၁ ရက်အတွင်း

အလုပ်တွေများပြီး အမြဲသွားလာနေရသူ တစ်ယောက်ဖြစ်တာကြောင့် ကိုယ့်ရဲ့ဖိနပ်လေးကို သေသေချာချာ သန့်ရှင်းအောင်ထားပြီး သူ့ကိုလည်း ကျေးဇူးတင်လိုက်ပါ။ သူရှိမှာ ခရီးရောက်တာ မဟုတ်လား။
၀၆. ကန်ရာသီ (Virgo) : သြဂုတ် ၂၂ ရက်မှ စက်တင်ဘာလ ၂၂ ရက်အတွင်း

အမြဲတမ်း အစီအစဉ်ဆွဲပြီး စနစ်တကျလုပ်တတ်တဲ့သူ ဖြစ်တာကြောင့် ၂၀၁၈ အတွက် ၁နှစ်တာ အစီအစဉ်ကို ဆွဲပြီး ကိုယ်က ဘာတွေဖြစ်ချင်သလဲ၊ ဘာတွေလုပ်ချင်သလဲဆိုတာကို သေသေချာချာ စဉ်းစားပြီး ရေးချလိုက်ပါတော့။
၀၇. တူရာသီ (Libra) : စက်တင်ဘာ ၂၃ ရက်မှ အောက်တိုဘာ ၂၂ ရက်အတွင်း

သူငယ်ချင်းအပေါင်းအသင်းနဲ့ အမြဲအတူရှိနေတတ်သူ တစ်ယောက်ဖြစ်တာကြောင့် ၂၀၁၇ မှာ အတူတူရှိခဲ့တဲ့သူငယ်ချင်းတွေနဲ့အတူ ရိုက်ထားတဲ့ပုံလေးတွေကို ကြည့် ပြီး ၂၀၁၈ မှာ ကောင်းသူမကောင်းသူကို သေသေချာချာ သုံးသပ်ပြီး ရွေးချယ်သွားရမှာပါ။
၀၈. ဗိစ္ဆာရာသီ (Scorpis): အောက်တိုဘာ ၂၃ ရက်မှ နိုဝင်ဘာ ၂၂ ရက်အတွင်း

တစ်ယောက်တည်း စဉ်းစားနေတတ်သူ ဖြစ်တာကြောင့် ၂၀၁၇ ကျန်တဲ့အချိန်လေးကို တရားထိုင်ပြီး ဖြတ်သန်းသွားမယ်ဆိုရင် စိတ်လည်းတည်ငြိမ်လာပြီး ၂၀၁၈ မှာ ကိုယ်လုပ်ရမယ့်အပိုင်းကို သေသေချာချာ နားလည်လာမှာပါ။
၀၉. ဓနုရာသီ (Sagittarius) : နိုဝင်ဘာ ၂၃ ရက်မှ ဒီဇင်ဘာ ၂၀ ရက်အတွင်း

စိတ်ထဲမှာ လုပ်ချင်တာတွေပေါ်လာရင် ချက်ချင်းဆိုသလို လုပ်လိုက်ရမှာ စိတ်ချမ်းသာသူဖြစ်တာကြောင့် တစ်ရက်လောက် ဘာမှ မစဉ်းစား ဘာမှကို မလုပ်ပဲ နေမယ်ဆိုရင် ၂၀၁၈ မှာ ကိုယ်ဘာတွေလုပ်ချင်သလဲဆိုတာ နားလည်လာမှာပါ။
၁၀. မကာရရာသီ (Capricorn) : ဒီဇင်ဘာ ၂၁ ရက်မှ ဇန်နဝါရီ ၁၉ ရက်အတွင်း

၁ နှစ်လုံး မနားတမ်း ကြိုးစားလာခဲ့သူ တစ်ယောက်ပါ။ ဒါကြောင့်လည်း နှစ်ကုန်မှာ SPA သွားပြီး ကိုယ့်အတွက် အချိန်ပေးပြီး အနားယူလိုက်မယ်ဆိုရင် လာမယ့်နှစ်အတွက် အကြံကောင်းတွေ ပေါ်လာမှာပါ။
၁၁. ကုမ်ရာသီ (Aquarius) : ဇန်နဝါရီ ၂၀ ရက်မှ ဖေဖော်ဝါရီ ၁၈ ရက်အတွင်း

အလုပ်တွေများပြီး အတွေးတွေလည်း ရှုပ်နေတတ်သူ တစ်ယောက်ဖြစ်တာကြောင့် တစ်ယောက်တည်း တည်တည်ငြိမ်ငြိမ် ဖြစ်ဖို့ရန်အတွက် ဘာလုပ်သင့်သလဲဆိုတော့ ်ဝတ္တုဖတ်ပြီး ကော်ဖီလေးသောက်ပြီး အနားယူလိုက်ရင် မကောင်းဘူးလား။
၁၂. မိန်ရာသီ (Pisces) : ဖေဖော်ဝါရီ ၁၉ ရက်မှ မတ်လ ၂၀ ရက်အတွင်း

သူကတော့ တစ်ယောက်တည်း ချစ်သူတွေအကြောင်းကို အမြဲတွေးနေတတ်သူပါ။ အချစ်ရေးကို ဦးစားပေးမယ်ဆိုရင်တော့ အတွင်းခံလေးတွေကို ဝယ်လိုက်မယ်ဆိုရင် ကံတွေတတ်လာမှာပါ။ ကိုယ်ချစ်နေရသူ ချစ်ဖို့ကောင်းတဲ့ ယောင်္ကျားလေးဖြစ်ရင် ချစ်ဖို့ကောင်းတဲ့ အတွင်းခံလေး၊ ယောင်္ကျားဆန်လွန်းတဲ့သူ ဖြစ်ရင်တော့ SEXY ဖြစ်တဲ့ အတွင်းခံလေးကို ဝတ်ထားလိုက်ရင် ယုံကြည်မှုရှိရှိနဲ့ နောင်နှစ်အတွက် အချစ်ရေးမှာ အားလုံးအဆင်ပြေသွားမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: ChelmoTeam
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top