ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အိႏၵိယႏုိင္ငံမွာ ရက္အနည္းယ္အတြင္း ေမာ္ေတာ္ကား ၂၅ စီးကုိ မီး႐ႈိ႕ခဲ့ေၾကာင္း စြပ္စြဲခံရထားတဲ့ ဆရာဝန္တစ္ဦးကုိ ဖမ္းဆီးခဲ့ပါတယ္။

အိႏၵိယေတာင္ပုိင္း ကာနတ္တာကာျပည္နယ္မွာ ျဖစ္ပြားခဲ့တဲ့ ျဖစ္ရပ္အတြင္း ေဒါက္တာ အမ္မတ္ဂုိင္ဝ့ါဒ္က ဆုိင္ကယ္စီးဦးထုပ္ေဆာင္းထားၿပီး အေဆာက္အအုံေတြ တစ္ခုၿပီးတစ္ခုအတြင္းသုိ႕ ဝင္ေရာက္သြားတဲ့ CCTV မွတ္တမ္းကုိ ရဲတပ္ဖြဲ႕က ေဖာ္ထုတ္ေတြ႕႐ွိခဲ့ပါတယ္။

ဆရာဝန္ရဲ႕လုပ္ရပ္ဟာ အစြဲအလန္းတစ္မ်ဳိး သုိ႕မဟုတ္ စိတ္ပုိင္းဆုိင္ရာျပႆနာေၾကာင့္ဟုတ္ မဟုတ္ ေသခ်ာစြာ မသိရေသးဘူးလုိ႕ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ကားေတြကုိ မီး႐ႈိ႕ခဲ့မႈျဖင့္ ဖမ္းဆီးခံရတဲ့ ေဒါက္တာအမ္မတ္ဟာ ေရာဂါေဗဒဌာနမွ လက္ေထာက္ပါေမာကၡတစ္ဦး ျဖစ္ေၾကာင္း သိရပါတယ္။

ေဒါက္တာအမ္မတ္ဟာ စာသင္ၾကားမႈေကာင္းတဲ့ ဆရာေကာင္းတစ္ေယာက္ျဖစ္ေၾကာင္းနဲ႕ ၎ အလုပ္လုပ္တဲ့ ေရာဂါေဗဒဌာနမွ လူတုိင္းက ယခုျဖစ္ရပ္ကုိ အံ့အားသင့္ေနၾကေၾကာင္း အရာ႐ွိတစ္ဦးက ေျပာပါတယ္။

အသက္ ၃၇ ႏွစ္အ႐ြယ္ ေဒါက္တာအမ္မတ္ကုိ ဇန္နဝါရီ ၁၇ ရက္မွာ လုံၿခဳံေရးအေစာင့္တစ္ဦးက ဖမ္းဆီးခဲ့တာ ျဖစ္ပါတယ္။ ရဲတပ္ဖြဲ႕ရဲ႕ အဆုိအရ ထုိေန႕မွာပင္ ေဒါက္တာအမ္မတ္ ေမာ္ေတာ္ကား ၁၀ စီးကုိ မီး႐ႈိ႕ခဲ့တယ္လုိ႕ သိရပါတယ္။

ဒါ့အျပင္ ေဒါက္တာအမ္မတ္က ဇန္နဝါရီ ၁၄ ရက္နဲ႕ ၁၅ ရက္မွာလည္း ျပည္နယ္အတြင္း႐ွိ ခ႐ုိင္ႏွစ္ခုမွာ အျခား ေမာ္ေတာ္ကား ၁၅ စီးကုိ မီး႐ႈိ႕ခဲ့တယ္လို႕ ရဲတပ္ဖြဲ႕က သံသယ႐ွိထားပါတယ္။

ေဒါက္တာအမ္မတ္က ေမာ္ေတာ္ကားရဲ႕ ေလပူေလေအးထြက္ေပါက္ေတြအနီးမွာ ပ႐ုတ္ခဲအပုိင္းအစကုိ မီး႐ႈိ႕ၿပီး ကားအတြင္းပုိင္းကုိ မီးကူးစက္ေအာင္လုပ္ေဆာင္ခဲ့ျခင္းျဖင့္ ဝါယာႀကဳိးေတြမွတစ္ဆင့္ အင္ဂ်င္ကုိ မီးေလာင္ကာ ပ်က္စီးေစခဲ့တယ္လို႕ ရဲတပ္ဖြဲ႕က ေျပာပါတယ္။ ေဒါက္တာအမ္မတ္ကုိ မီး႐ႈိ႕မႈျဖင့္ စြဲခ်က္တင္ထားၿပီး စစ္ေဆးေမးျမန္းမႈေတြ ျပဳလုပ္ေနေၾကာင္း သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit:Duwun

#Unicode Version#
အိန္ဒိယနိုင်ငံမှာ ရက်အနည်းယ်အတွင်း မော်တော်ကား ၂၅ စီးကို မီးရှို့ခဲ့ကြောင်း စွပ်စွဲခံရထားတဲ့ ဆရာဝန်တစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။

အိန္ဒိယတောင်ပိုင်း ကာနတ်တာကာပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ရပ်အတွင်း ဒေါက်တာ အမ်မတ်ဂိုင်ဝ့ါဒ်က ဆိုင်ကယ်စီးဦးထုပ်ဆောင်းထားပြီး အဆောက်အအုံတွေ တစ်ခုပြီးတစ်ခုအတွင်းသို့ ဝင်ရောက်သွားတဲ့ CCTV မှတ်တမ်းကို ရဲတပ်ဖွဲ့က ဖော်ထုတ်တွေ့ရှိခဲ့ပါတယ်။

ဆရာဝန်ရဲ့လုပ်ရပ်ဟာ အစွဲအလန်းတစ်မျိုး သို့မဟုတ် စိတ်ပိုင်းဆိုင်ရာပြဿနာကြောင့်ဟုတ် မဟုတ် သေချာစွာ မသိရသေးဘူးလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ကားတွေကို မီးရှို့ခဲ့မှုဖြင့် ဖမ်းဆီးခံရတဲ့ ဒေါက်တာအမ်မတ်ဟာ ရောဂါဗေဒဌာနမှ လက်ထောက်ပါမောက္ခတစ်ဦး ဖြစ်ကြောင်း သိရပါတယ်။

ဒေါက်တာအမ်မတ်ဟာ စာသင်ကြားမှုကောင်းတဲ့ ဆရာကောင်းတစ်ယောက်ဖြစ်ကြောင်းနဲ့ ၎င်း အလုပ်လုပ်တဲ့ ရောဂါဗေဒဌာနမှ လူတိုင်းက ယခုဖြစ်ရပ်ကို အံ့အားသင့်နေကြကြောင်း အရာရှိတစ်ဦးက ပြောပါတယ်။

အသက် ၃၇ နှစ်အရွယ် ဒေါက်တာအမ်မတ်ကို ဇန်နဝါရီ ၁၇ ရက်မှာ လုံခြုံရေးအစောင့်တစ်ဦးက ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အဆိုအရ ထိုနေ့မှာပင် ဒေါက်တာအမ်မတ် မော်တော်ကား ၁၀ စီးကို မီးရှို့ခဲ့တယ်လို့ သိရပါတယ်။

ဒါ့အပြင် ဒေါက်တာအမ်မတ်က ဇန်နဝါရီ ၁၄ ရက်နဲ့ ၁၅ ရက်မှာလည်း ပြည်နယ်အတွင်းရှိ ခရိုင်နှစ်ခုမှာ အခြား မော်တော်ကား ၁၅ စီးကို မီးရှို့ခဲ့တယ်လို့ ရဲတပ်ဖွဲ့က သံသယရှိထားပါတယ်။

ဒေါက်တာအမ်မတ်က မော်တော်ကားရဲ့ လေပူလေအေးထွက်ပေါက်တွေအနီးမှာ ပရုတ်ခဲအပိုင်းအစကို မီးရှို့ပြီး ကားအတွင်းပိုင်းကို မီးကူးစက်အောင်လုပ်ဆောင်ခဲ့ခြင်းဖြင့် ဝါယာကြိုးတွေမှတစ်ဆင့် အင်ဂျင်ကို မီးလောင်ကာ ပျက်စီးစေခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဒေါက်တာအမ်မတ်ကို မီးရှို့မှုဖြင့် စွဲချက်တင်ထားပြီး စစ်ဆေးမေးမြန်းမှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit:Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top