AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ပ်က္စီးေနတဲ့ အသားအေရကို ျပန္လည္ျပဳျပင္ဖုိ႔အတြက္ ေပါင္းတင္နည္းလမ္းမ်ား၊ ေဆးမ်ားကို အသံုးျပဳေနရံုနဲ႔ လံုေလာက္ၿပီလို႔ ထင္ပါသလား။ အသားအေရပ်က္စီးမႈကို ကာကြယ္ဖုိ႔အတြက္ လိုအပ္တဲ့ အာဟာရဓာတ္ကို ျဖည့္တင္းေပးသင့္သလို၊ ပ်က္စီးေနတဲ့ အသားအေရ ျပန္လည္ ေကာင္းမြန္ဖုိ႔အတြက္ လိုအပ္တဲ့ ဗီတာမင္ဓာတ္မ်ားကို မွီဝဲဖို႔ လိုပါတယ္။ အခုေဖာ္ျပေပးခ်င္တာ ကေတာ့ ပ်က္စီးေနတဲ့ အသားအေရအတြက္ ဘယ္လိုအသီးအႏွံေတြကို ေရြးခ်ယ္စားသံုးၿပီး ျပန္လည္ကုသမလဲဆိုတာကို အလွအပေရးရာ ဗဟုသုတအျဖစ္ ေဝမွ်ေပးလိုက္ပါ။

(၁) ဝက္ၿခံေပ်ာက္ကင္းေစတဲ့ သံပုရာသီး၊ သံပရိုသီး

ဝက္ၿခံေပ်ာက္ကင္းေစတဲ့ မ်က္ႏွာေပါင္းတင္နည္းလမ္းမ်ားနဲ႔ ဝက္ၿခံေပ်ာက္ေဆးမ်ားကို ေန႔စဥ္ အသံုးျပဳ ေနေပမယ့္ ထိေရာက္မႈ မရွိဘူးဆိုတာဟာ ခႏၶာကိုယ္တြင္း လိုအပ္တဲ့ အာဟာရဓာတ္ကို မျဖည့္တင္းႏုိင္တဲ့ အတြက္ေၾကာင့္ပါ။ ဗီတာမင္စီဓာတ္  ၾကြယ္ဝစြာ ပါဝင္တဲ့ သံပုရာသီးနဲ႔ သံပရုိ သီးက ကိုယ္တြင္း အဆိပ္အေတာက္မ်ားကို သန္႔စင္ေပးႏုိင္ၿပီး antioxidants က ဝက္ၿခံျဖစ္ေစတဲ့ အရာမ်ားကို တိုက္ထုတ္ေပးႏုိင္ပါတယ္။ ဒါ့ေၾကာင့္ သံပုရာသီး ဒါမွမဟုတ္ သံပရိုသီး ေဖ်ာ္ရည္ကို မနက္ခင္းတိုင္း ေန႔စဥ္ပံုမွန္ေသာက္သံုးေပမယ္ ဆိုရင္ ဝက္ၿခံမ်ားသိသိသာသာ ေပ်ာက္ကင္းလာ တာကို ေတြ႔ရမွာပါ။

(၂) အသားအေရၾကည္လင္ဝင္းပေစတဲ့ သေဘၤာသီး

သေဘၤာသီးမွာ ပါဝင္တဲ့ ဗီတာမင္ေအ၊ စီ၊ ဘီ စတဲ့ ဓာတ္ပစၥည္းမ်ားက က်န္းမာေရးအတြက္  သာမက အသားအေရလွပဖို႔အတြက္လည္း မ်ားစြာအေထာက္အကူျပဳပါတယ္။ သေဘၤာသီးကို မနက္စာအျဖစ္ ေန႔စဥ္စားသံုးေပမယ္ဆိုရင္ ဝမ္းခ်ဳပ္တာကို သက္သာေစၿပီး ခႏၶာကိုယ္ကို ဒုကၡေပး မယ့္ အဆိပ္အေတာ္မ်ားကိုလည္း ရွင္းထုတ္ေပးႏုိင္ပါတယ္။ ဒါ့အျပင္ အသား အေရၾကည္ လင္ ဝင္း ပဖုိ႔ အတြက္လည္း သေဘၤာသီးက ကူညီေပးပါလိမ့္မယ္။ ဒါ့ေၾကာင့္ အသးအေရၾကည္လင္ ဝင္းပခ်င္တယ္ ဆိုရင္ေတာ့ သင့္ရဲ႕မနက္စာမွာ သေဘၤာသီးကို ထည့္သြင္းစားသံုးဖို႔ မေမ့ပါနဲ႔ေနာ္။

(၃) အရြယ္တင္ႏုပ်ိဳေစမယ့္ ေထာပတ္သီး

အရြယ္မတုိင္ခင္အိုမင္းရင့္ေရာ္ျခင္းနဲ႔ ပါးေရတြန္႔ျခင္း စတာေတြကို ကုသဖို႔အတြက္ ေထာပတ္ သီးက ကူညီေပးပါလိမ့္မယ္။ ေထာပတ္သီးမွာပါဝင္တဲ့ သဘာဝအဆီဓာတ္နဲ႔ အမွ်င္ဓာတ္က က်န္းမာေရး အတြက္ မ်ားစြာ အေထာက္အကူျပဳတဲ့အျပင္ အလွအပေရးရာမွာလည္း အသံုးတည့္ ပါတယ္။ ေထာပတ္သီးကို Smoothie လုပ္ေသာက္ရင္ပဲျဖစ္ျဖစ္၊ ေထာပတ္အႏွစ္ကို ေပါင္မုန္႔နဲ႔ တြဲဖက္ စားသံုးႏုိင္ပါတယ္။ ေထာပတ္သီးမွာပါဝင္တဲ့ ဗီတာမင္ဓာတ္မ်ားက အသားအေရတြန္႔ျခင္း၊ ပါးေရတြန္႔ျခင္းနဲ႔ အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ျခင္းကို ကာကြယ္ေပးႏုိင္ၿပီး ျပန္လည္ကု သေပးႏုိင္တဲ့ သဘာဝအသီးအႏွံတစ္မ်ိဳးပါပဲ။

(၄) အသားအေရေျခာက္ေသြ႔သူမ်ားအတြက္ ဖရဲသီး

ဖရဲသီးက ေရဓာတ္ပါဝင္မႈ အမ်ားဆံုး သစ္သီးမ်ားထဲမွာ ပါဝင္ပါတယ္။ ဒါ့ေၾကာင့္ ဖရဲသီး စားသံုး တာကလည္း ေရဓာတ္ျဖည့္တင္းရသလိုပါပဲ။ အသားအေရေျခာက္ေသြ႔ျခင္းနဲ႔ ၾကည္လင္ဝင္းပမႈ မရွိရျခင္းရဲ႕ အေၾကာင္းအရင္းကေတာ့ ခႏၶာကိုယ္တြင္း ေရဓာတ္လံုေလာက္မႈ မရွိတဲ့ အတြက္ ေၾကာင့္ ပါ။ ဒါ့ေၾကာင့္ ဖရဲသီးစားသံုးျခင္းနဲ႔ ေရဓာတ္ျဖည့္တင္းေပးမယ္ဆိုရင္ အသားအေရ ေျခာက္ေသြ႔ျခင္း ကင္းေဝးေစမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ဖြင့် ဖတ်ပါ #

ပျက်စီးနေတဲ့ အသားအရေကို ပြန်လည်ပြုပြင်ဖို့အတွက် ပေါင်းတင်နည်းလမ်းများ၊ ဆေးများကို အသုံးပြုနေရုံနဲ့ လုံလောက်ပြီလို့ ထင်ပါသလား။ အသားအရေပျက်စီးမှုကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့ အာဟာရဓာတ်ကို ဖြည့်တင်းပေးသင့်သလို၊ ပျက်စီးနေတဲ့ အသားအရေ ပြန်လည် ကောင်းမွန်ဖို့အတွက် လိုအပ်တဲ့ ဗီတာမင်ဓာတ်များကို မှီဝဲဖို့ လိုပါတယ်။ အခုဖော်ပြပေးချင်တာ ကတော့ ပျက်စီးနေတဲ့ အသားအရေအတွက် ဘယ်လိုအသီးအနှံတွေကို ရွေးချယ်စားသုံးပြီး ပြန်လည်ကုသမလဲဆိုတာကို အလှအပရေးရာ ဗဟုသုတအဖြစ် ဝေမျှပေးလိုက်ပါ။

(၁) ဝက်ခြံပျောက်ကင်းစေတဲ့ သံပုရာသီး၊ သံပရိုသီး

ဝက်ခြံပျောက်ကင်းစေတဲ့ မျက်နှာပေါင်းတင်နည်းလမ်းများနဲ့ ဝက်ခြံပျောက်ဆေးများကို နေ့စဉ် အသုံးပြု နေပေမယ့် ထိရောက်မှု မရှိဘူးဆိုတာဟာ ခန္ဓာကိုယ်တွင်း လိုအပ်တဲ့ အာဟာရဓာတ်ကို မဖြည့်တင်းနိုင်တဲ့ အတွက်ကြောင့်ပါ။ ဗီတာမင်စီဓာတ်  ကြွယ်ဝစွာ ပါဝင်တဲ့ သံပုရာသီးနဲ့ သံပရို သီးက ကိုယ်တွင်း အဆိပ်အတောက်များကို သန့်စင်ပေးနိုင်ပြီး antioxidants က ဝက်ခြံဖြစ်စေတဲ့ အရာများကို တိုက်ထုတ်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် သံပုရာသီး ဒါမှမဟုတ် သံပရိုသီး ဖျော်ရည်ကို မနက်ခင်းတိုင်း နေ့စဉ်ပုံမှန်သောက်သုံးပေမယ် ဆိုရင် ဝက်ခြံများသိသိသာသာ ပျောက်ကင်းလာ တာကို တွေ့ရမှာပါ။

(၂) အသားအရေကြည်လင်ဝင်းပစေတဲ့ သင်္ဘောသီး

သင်္ဘောသီးမှာ ပါဝင်တဲ့ ဗီတာမင်အေ၊ စီ၊ ဘီ စတဲ့ ဓာတ်ပစ္စည်းများက ကျန်းမာရေးအတွက်  သာမက အသားအရေလှပဖို့အတွက်လည်း များစွာအထောက်အကူပြုပါတယ်။ သင်္ဘောသီးကို မနက်စာအဖြစ် နေ့စဉ်စားသုံးပေမယ်ဆိုရင် ဝမ်းချုပ်တာကို သက်သာစေပြီး ခန္ဓာကိုယ်ကို ဒုက္ခပေး မယ့် အဆိပ်အတော်များကိုလည်း ရှင်းထုတ်ပေးနိုင်ပါတယ်။ ဒါ့အပြင် အသား အရေကြည် လင် ဝင်း ပဖို့ အတွက်လည်း သင်္ဘောသီးက ကူညီပေးပါလိမ့်မယ်။ ဒါ့ကြောင့် အသးအရေကြည်လင် ဝင်းပချင်တယ် ဆိုရင်တော့ သင့်ရဲ့မနက်စာမှာ သင်္ဘောသီးကို ထည့်သွင်းစားသုံးဖို့ မမေ့ပါနဲ့နော်။

(၃) အရွယ်တင်နုပျိုစေမယ့် ထောပတ်သီး

အရွယ်မတိုင်ခင်အိုမင်းရင့်ရော်ခြင်းနဲ့ ပါးရေတွန့်ခြင်း စတာတွေကို ကုသဖို့အတွက် ထောပတ် သီးက ကူညီပေးပါလိမ့်မယ်။ ထောပတ်သီးမှာပါဝင်တဲ့ သဘာဝအဆီဓာတ်နဲ့ အမျှင်ဓာတ်က ကျန်းမာရေး အတွက် များစွာ အထောက်အကူပြုတဲ့အပြင် အလှအပရေးရာမှာလည်း အသုံးတည့် ပါတယ်။ ထောပတ်သီးကို Smoothie လုပ်သောက်ရင်ပဲဖြစ်ဖြစ်၊ ထောပတ်အနှစ်ကို ပေါင်မုန့်နဲ့ တွဲဖက် စားသုံးနိုင်ပါတယ်။ ထောပတ်သီးမှာပါဝင်တဲ့ ဗီတာမင်ဓာတ်များက အသားအရေတွန့်ခြင်း၊ ပါးရေတွန့်ခြင်းနဲ့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကို ကာကွယ်ပေးနိုင်ပြီး ပြန်လည်ကု သပေးနိုင်တဲ့ သဘာဝအသီးအနှံတစ်မျိုးပါပဲ။

(၄) အသားအရေခြောက်သွေ့သူများအတွက် ဖရဲသီး

ဖရဲသီးက ရေဓာတ်ပါဝင်မှု အများဆုံး သစ်သီးများထဲမှာ ပါဝင်ပါတယ်။ ဒါ့ကြောင့် ဖရဲသီး စားသုံး တာကလည်း ရေဓာတ်ဖြည့်တင်းရသလိုပါပဲ။ အသားအရေခြောက်သွေ့ခြင်းနဲ့ ကြည်လင်ဝင်းပမှု မရှိရခြင်းရဲ့ အကြောင်းအရင်းကတော့ ခန္ဓာကိုယ်တွင်း ရေဓာတ်လုံလောက်မှု မရှိတဲ့ အတွက် ကြောင့် ပါ။ ဒါ့ကြောင့် ဖရဲသီးစားသုံးခြင်းနဲ့ ရေဓာတ်ဖြည့်တင်းပေးမယ်ဆိုရင် အသားအရေ ခြောက်သွေ့ခြင်း ကင်းဝေးစေမှာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top