ေလဆိပ္အနီး ေျမပိုင္ဆိုင္မႈရမည့္ လံုးခ်င္း အေရာင္းျပပြဲ
×

ကိုယ္ဝန္ေဆာင္မိခင္ေတြ အေနနဲ႔ ကိုယ္ဝန္ေဆာင္စဥ္ကာလ အတြင္းမွာဆိုရင္ က်န္းမာေရးဆိုင္ရာ လကၡဏာရပ္ေပါင္းစံု ျဖစ္ေပၚတတ္ပါတယ္။ ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ ျဖစ္ေပၚတတ္တဲ့ က်န္းမာေရးဆိုင္ရာ လကၡဏာရပ္မ်ားအျပင္ အျခားေသာ သေႏၶသား က်န္းမာေရး အခ်က္ျပမႈေတြ၊ ကေလးငယ္ရဲ႕ လႈပ္ရွားမႈေတြကို ခန္႔မွန္းႏိုင္တဲ့ လကၡဏာရပ္မ်ားကိုလည္း ေတြ႔ရတတ္ပါတယ္။ အခုေဖာ္ျပေပးခ်င္တာကေတာ့ သမီးမိန္းကေလးကို ကိုယ္ဝန္ေဆာင္ထားရတဲ့ မိခင္ေတြမွာ ေတြ႔ရတတ္တဲ့ လကၡဏာရပ္မ်ားပဲ ျဖစ္ပါတယ္။

(၁) မနက္အိပ္ရာႏုိးခ်ိန္မလန္းမဆန္းျဖစ္ျခင္း

ကိုယ္ဝန္ေဆာင္မိခင္အမ်ားစုကေတာ့ မၾကာခဏဆိုသလို ပင္ပန္းႏြမ္းနယ္ေနတတ္ၿပီး အင္အားကုန္ခမ္း ေနတတ္ပါတယ္။ ဒါေပမယ့္ မနက္အိပ္ရာထခိ်န္မွာ လန္းဆန္းမႈမရွိဘဲ ဖ်ားခ်င္သလို ျဖစ္မယ္၊ ပင္ပန္းႏံုးခ်ိေနမယ္ ဆိုရင္ေတာ့ သမီးမိန္းကေလးကို ေမြးဖြားဖို႔ ျဖစ္ႏိုင္ေခ်မ်ားပါတယ္။

(၂) တရုတ္လူမ်ိဳးမ်ားရဲ႕တြက္ခ်က္မႈ

ေရွးစဥ္ဆက္မ်ားကတည္း တရုတ္လူမ်ိဳးေတြ ခန္႔မွန္းတတ္ၾကတဲ့ တြက္ခ်က္နည္းတစ္မ်ိဳးပါပဲ။ စံု ဂဏန္း၊ မ ဂဏန္း အေျဖေပၚကို မူတည္းၿပီး သားေယာက်္ားေလးလား၊ သမီးမိန္းကေလးလား ဆိုတာကို ခန္႔မွန္းၾကတဲ့ တြက္ခ်က္ နည္းပါ။ ကိုယ္ဝန္ရတဲ့ လ (ဥပမာ ႏိုဝင္ဘာလ ဆိုရင္ ၁၁)၊ နဲ႔ ကိုယ္ဝန္ေဆာင္မိခင္ရဲ႕ အသက္ကို ေပါင္းရမွာ ျဖစ္ပါတယ္။ ေပါင္းလိုက္လို႔ ရရွိလာတဲ့ အေျဖက စံု ဂဏန္းဆိုရင္ မီးမီးေလးျဖစ္ၿပီးေတာ့ မ ဂဏန္းဆိုရင္ သားသားေလး ေမြးမယ္လို႔ သတ္မွတ္ၾကပါတယ္။

(၃) ဝက္ၿခံ၊ တင္းတိတ္မ်ားထြက္ေပၚလာျခင္း

သမီးမိန္းကေလးကို ကိုယ္ဝန္ေဆာင္ထားရတဲ့ မိခင္အေနနဲ႔ ဝမ္းဗိုက္ထဲက သမီးေလးကို အလွအပတရားေတြ အကုန္ေပးလိုက္ရတယ္လို႔ ေရွးဘုိးဘြားမ်ားက ဆိုပါတယ္။ ဒါ့ေၾကာင့္ ကိုယ္ဝန္ေဆာင္စဥ္ကာလမွာ ဝက္ၿခံ၊ တင္းတိတ္မ်ားထြက္ျခင္း၊ အသားအေရ ၾကည္လင္ဝင္းပမႈ မရွိေတာ့ျခင္းက ေမြးဖြားလာမယ့္ သမီးေလးက မိခင္ဆီက အလွတရားေတြကို စုပ္ယူေနတဲ့ အတြက္ေၾကာင့္ပါတဲ့။ အမွန္တကယ္ေတာ့ ေဟာ္မုန္း အေျပာင္းအလဲေၾကာင့္လည္း ျဖစ္ႏုိင္ပါတယ္။

(၄) စိတ္အလိုမက်ျဖစ္ျခင္း

ကိုယ္ဝန္ေဆာင္မိခင္အမ်ားစုက ေဟာ္မုန္းအေျပာင္းအလဲေၾကာင့္ စိတ္ပိုင္းဆိုင္ရာအရလည္း အားနည္းလာတတ္ပါတယ္။ စိတ္ထိခိုက္ခံစားလြယ္သလို၊ စိတ္အေျပာင္းအလဲလည္း ျမန္တတ္ပါတယ္။ ခဏအတြင္း စိတ္တိုလိုက္၊ ေပ်ာ္လိုက္၊ ဝမ္းနည္းလိုက္နဲ႔ ျဖစ္ေနတတ္တာကိုေတာ့ မိသားစုဝင္ေတြအေနနဲ႔ နားလည္ေပးၿပီး ကူညီေဖးမသင့္ပါတယ္။ တကယ္လို႔ မၾကာခဏ ဆိုသလို စိတ္အလိုမက်ျဖစ္ၿပီး ဝမ္းနည္းေနမယ္၊ စိတ္ဆိုး၊ စိတ္ေကာက္ေနမယ္ ဆိုရင္ေတာ့ သမီးမိန္းကေလးကို ကိုယ္ဝန္ေဆာင္ထားရတာလို႔ ခန္႔မွန္းရပါတယ္။

(၅) အိပ္တဲ့အေနအထား

ကိုယ္ဝန္ေဆာင္မိခင္ အိပ္တဲ့အေနအထားကို ၾကည့္ၿပီးေတာ့လည္း သားလား၊ သမီးလား ဆိုတာကို ခန္႔မွန္းႏုိင္ပါတယ္။ အိပ္တဲ့အခါမွာ ညာဘက္ကို အနည္းငယ္ေစာင္းေနသလိုျဖစ္မယ္၊ ညာဘက္ေစာင္းအိပ္တာ မ်ားတယ္ဆိုရင္ သမီးမိန္းကေလးကို ကိုယ္ဝန္ေဆာင္ထားရတာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
ကိုယ်ဝန်ဆောင်မိခင်တွေ အနေနဲ့ ကိုယ်ဝန်ဆောင်စဉ်ကာလ အတွင်းမှာဆိုရင် ကျန်းမာရေးဆိုင်ရာ လက္ခဏာရပ်ပေါင်းစုံ ဖြစ်ပေါ်တတ်ပါတယ်။ ဟော်မုန်းအပြောင်းအလဲကြောင့် ဖြစ်ပေါ်တတ်တဲ့ ကျန်းမာရေးဆိုင်ရာ လက္ခဏာရပ်များအပြင် အခြားသော သန္ဓေသား ကျန်းမာရေး အချက်ပြမှုတွေ၊ ကလေးငယ်ရဲ့ လှုပ်ရှားမှုတွေကို ခန့်မှန်းနိုင်တဲ့ လက္ခဏာရပ်များကိုလည်း တွေ့ရတတ်ပါတယ်။ အခုဖော်ပြပေးချင်တာကတော့ သမီးမိန်းကလေးကို ကိုယ်ဝန်ဆောင်ထားရတဲ့ မိခင်တွေမှာ တွေ့ရတတ်တဲ့ လက္ခဏာရပ်များပဲ ဖြစ်ပါတယ်။

(၁) မနက်အိပ်ရာနိုးချိန်မလန်းမဆန်းဖြစ်ခြင်း

ကိုယ်ဝန်ဆောင်မိခင်အများစုကတော့ မကြာခဏဆိုသလို ပင်ပန်းနွမ်းနယ်နေတတ်ပြီး အင်အားကုန်ခမ်း နေတတ်ပါတယ်။ ဒါပေမယ့် မနက်အိပ်ရာထချိန်မှာ လန်းဆန်းမှုမရှိဘဲ ဖျားချင်သလို ဖြစ်မယ်၊ ပင်ပန်းနုံးချိနေမယ် ဆိုရင်တော့ သမီးမိန်းကလေးကို မွေးဖွားဖို့ ဖြစ်နိုင်ချေများပါတယ်။

(၂) တရုတ်လူမျိုးများရဲ့တွက်ချက်မှု

ရှေးစဉ်ဆက်များကတည်း တရုတ်လူမျိုးတွေ ခန့်မှန်းတတ်ကြတဲ့ တွက်ချက်နည်းတစ်မျိုးပါပဲ။ စုံ ဂဏန်း၊ မ ဂဏန်း အဖြေပေါ်ကို မူတည်းပြီး သားယောကျ်ားလေးလား၊ သမီးမိန်းကလေးလား ဆိုတာကို ခန့်မှန်းကြတဲ့ တွက်ချက် နည်းပါ။ ကိုယ်ဝန်ရတဲ့ လ (ဥပမာ နိုဝင်ဘာလ ဆိုရင် ၁၁)၊ နဲ့ ကိုယ်ဝန်ဆောင်မိခင်ရဲ့ အသက်ကို ပေါင်းရမှာ ဖြစ်ပါတယ်။ ပေါင်းလိုက်လို့ ရရှိလာတဲ့ အဖြေက စုံ ဂဏန်းဆိုရင် မီးမီးလေးဖြစ်ပြီးတော့ မ ဂဏန်းဆိုရင် သားသားလေး မွေးမယ်လို့ သတ်မှတ်ကြပါတယ်။

(၃) ဝက်ခြံ၊ တင်းတိတ်များထွက်ပေါ်လာခြင်း

သမီးမိန်းကလေးကို ကိုယ်ဝန်ဆောင်ထားရတဲ့ မိခင်အနေနဲ့ ဝမ်းဗိုက်ထဲက သမီးလေးကို အလှအပတရားတွေ အကုန်ပေးလိုက်ရတယ်လို့ ရှေးဘိုးဘွားများက ဆိုပါတယ်။ ဒါ့ကြောင့် ကိုယ်ဝန်ဆောင်စဉ်ကာလမှာ ဝက်ခြံ၊ တင်းတိတ်များထွက်ခြင်း၊ အသားအရေ ကြည်လင်ဝင်းပမှု မရှိတော့ခြင်းက မွေးဖွားလာမယ့် သမီးလေးက မိခင်ဆီက အလှတရားတွေကို စုပ်ယူနေတဲ့ အတွက်ကြောင့်ပါတဲ့။ အမှန်တကယ်တော့ ဟော်မုန်း အပြောင်းအလဲကြောင့်လည်း ဖြစ်နိုင်ပါတယ်။

(၄) စိတ်အလိုမကျဖြစ်ခြင်း

ကိုယ်ဝန်ဆောင်မိခင်အများစုက ဟော်မုန်းအပြောင်းအလဲကြောင့် စိတ်ပိုင်းဆိုင်ရာအရလည်း အားနည်းလာတတ်ပါတယ်။ စိတ်ထိခိုက်ခံစားလွယ်သလို၊ စိတ်အပြောင်းအလဲလည်း မြန်တတ်ပါတယ်။ ခဏအတွင်း စိတ်တိုလိုက်၊ ပျော်လိုက်၊ ဝမ်းနည်းလိုက်နဲ့ ဖြစ်နေတတ်တာကိုတော့ မိသားစုဝင်တွေအနေနဲ့ နားလည်ပေးပြီး ကူညီဖေးမသင့်ပါတယ်။ တကယ်လို့ မကြာခဏ ဆိုသလို စိတ်အလိုမကျဖြစ်ပြီး ဝမ်းနည်းနေမယ်၊ စိတ်ဆိုး၊ စိတ်ကောက်နေမယ် ဆိုရင်တော့ သမီးမိန်းကလေးကို ကိုယ်ဝန်ဆောင်ထားရတာလို့ ခန့်မှန်းရပါတယ်။

(၅) အိပ်တဲ့အနေအထား

ကိုယ်ဝန်ဆောင်မိခင် အိပ်တဲ့အနေအထားကို ကြည့်ပြီးတော့လည်း သားလား၊ သမီးလား ဆိုတာကို ခန့်မှန်းနိုင်ပါတယ်။ အိပ်တဲ့အခါမှာ ညာဘက်ကို အနည်းငယ်စောင်းနေသလိုဖြစ်မယ်၊ ညာဘက်စောင်းအိပ်တာ များတယ်ဆိုရင် သမီးမိန်းကလေးကို ကိုယ်ဝန်ဆောင်ထားရတာပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top