ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မ်က္ကြင္းညိဳမည္းရျခင္းရဲ႕ အဓိက အေၾကာင္းအရင္းမ်ား  ကေတာ့ အိပ္ေရးမဝျခင္း၊ ေရဓာတ္ ခမ္းေျခာက္ျခင္းနဲ႔ စိတ္ဖိစီးမႈ မ်ားျခင္း စတာေတြေၾကာင့္ပဲ ျဖစ္ပါတယ္။ က်ားမ မေရြး၊ အသက္ အရြယ္မေရြး မ်က္ကြင္းညိဳတာမ်ိဳး ျဖစ္တတ္ပါတယ္။ မိန္းကေလး  အမ်ားစုကေတာ့ မ်က္ကြင္း ညိဳႀကီးကို မိတ္ကပ္၊ concealer နဲ႔ ဖံုးအုပ္ၾကေပမယ့္ ေယာက်္ားေလးေတြ အတြက္ေတာ့ အဆင္ မေျပပါဘူး။ ဒါ့ေၾကာင့္ ေယာက်္ားေလးေတြအတြက္ မ်က္ကြင္းညိဳတာကို သက္သာေစမယ့္ သဘာဝနည္းလမ္းေကာင္းကို ေဝမွ်ေပးလိုက္ပါတယ္။

(၁) သခြားသီးကပ္ပါ

မ်က္ကြင္းညိဳတာကို မိနစ္ပိုင္းအတြင္း သက္သာခ်င္တယ္ဆိုရင္ေတာ့ သခြားသီးကို အသံုးျပဳ လိုက္ပါ။ သခြားသီးရဲ႕ ေအးျမတဲ့ ခံစားမႈက မ်က္လံုးအစ္တာ၊ မ်က္ကြင္းညိဳတာေတြအတြက္ သက္သာေစတာကို ေတြ႔ရပါတယ္။ ဒါ့ေၾကာင့္ မနက္အိပ္ရာထတဲ့ အခိ်န္တိုင္း သခြားသီးကို အကြင္းလိုက္လွီးၿပီး မ်က္လံုးေပၚကို ကပ္ထားေပးပါ။ မိနစ္ ၂၀ေလာက္ ကပ္ထားေပးမယ္ဆိုရင္ မ်က္ကြင္းညိဳတာ သက္သာလာတာကို ေတြ႔ျမင္ရမွာပါ။

(၂) ေရမ်ားမ်ားေသာက္ပါ

ေရဓာတ္ခမ္းေျခာက္မႈကလည္း မ်က္ကြင္းညိဳရျခင္းရဲ႕ အဓိကအေၾကာင္းအရင္းတစ္ခုပါပဲ။ ဒါ့ေၾကာင့္ ခႏၶာကုိယ္အတြက္ လိုအပ္တဲ့ ေရဓာတ္ကို အလံုအေလာက္ ျဖည့္တင္ေပးသင့္ပါတယ္။ ေရမ်ားမ်ား ေသာက္သံုးေပးမယ္ဆိုရင္ ခႏၶာကိုယ္တြင္းက အဆိပ္အေတာက္မ်ားကို ဖယ္ရွားသန္႔ စင္ေပးႏုိင္တဲ့ အတြက္ မ်က္ကြင္းညိဳတာကို သိသိသာသာ သက္သာလာေစမွာပါ။

(၃) အိပ္ခ်ိန္လံုေလာက္မႈရွိပါေစ

မ်က္ကြင္းညိဳရျခင္းရဲ႕ ေနာက္ထပ္အေၾကာင္းအရင္း တစ္ခုကေတာ့ အိပ္ခ်ိန္လံုေလာက္မႈ မရွိျခင္း ေၾကာင့္ပဲျဖစ္ပါတယ္။ အိပ္ေရးဝဝမအိပ္ရတဲ့ အတြက္ အသားအေရကလည္း ၾကည္လင္ဝင္းပမႈ မရွိေတာ့ဘဲ မ်က္ကြင္းတစ္ဝုိက္က ညိဳမည္းလာရတာပါ။ မ်က္လံုးတစ္ဝုိက္က ၾကြက္သားမ်ားနဲ႔ တစ္ရွဴးမ်ားကို အနားေပးသင့္ပါတယ္။ ဒါ့ေၾကာင့္ တစ္ေန႔ကို အနည္းဆံုး ၇နာရီမွ ၈နာရီေလာက္ အိပ္စက္အနားယူပါ။

(၄) ဗီတာမင္စီျဖည့္တင္းေပးပါ

အသားအေရၾကည္လင္ဝင္းပေစဖို႔အတြက္ ကူညီေပးတာကေတာ့ ဗီတာမင္စီဓာတ္ပဲ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ ဗီတာမင္စီဓာတ္ ၾကြယ္ဝစြာ ပါဝင္တဲ့ သံပရိုသီးက မ်က္ကြင္းညိဳတာကို သက္သာေစဖို႔ အတြက္ အေထာက္အကူ ျပဳပါတယ္။ သံပရိုရည္ကို ဝါဂြမ္းစနဲ႔ တို႔ယူၿပီး ညိဳမည္းေနတဲ့ မ်က္ကြင္းတစ္ဝုိက္ကို ညင္သာစြာ သုတ္လိမ္းေပးပါ။ တစ္မိနစ္ေလာက္ထားၿပီး ေရနဲ႔ ေဆးေၾကာသန္႔စင္လုိက္ရံုပါပဲ။ ဒီနည္းလမ္းအတုိင္း ေန႔စဥ္ပံုမွန္ျပဳလုပ္ေပး သြားမယ္ဆိုရင္ တစ္ပတ္အတြင္း မ်က္ကြင္းညိဳတာ သက္သာလာတာကို ေတြ႔ရမွာပါ။

(မွတ္ခ်က္။ ။ Sensitive ျဖစ္တဲ့ အသားအရည္ပိုင္ရွင္ေတြအေနနဲ႔ ဒီနည္းလမ္းကို အသံုးမျပဳသင့္ပါဘူး။)

(၅) ခရမ္းခ်ဥ္သီးျဖင့္ကုသနည္း

ခရမ္းခ်ဥ္သီးကလည္း မ်က္ကြင္းညိဳတာကို သက္သာေစတဲ့ သဘာဝေဆးစြမ္းေကာင္း တစ္လက္ပါပဲ။ ခရမ္းခ်ဥ္သီးကို အကြင္းလိုက္လွီးၿပီး မ်က္လံုးေပၚကပ္ေပးႏုိင္သလို၊ အႏွစ္ျဖစ္ေအာင္ ႀကိတ္ၿပီး မ်က္လံုးတစ္ဝိုက္ ကြင္းထားေပးမယ္ဆိုရင္လည္း ရပါတယ္။ ခရမ္းခ်ဥ္သီးမွာ ပါဝင္တဲ့ သဘာဝဓာတ္မ်ားက မ်က္လံုးတစ္ဝုိက္ ဆဲလ္ေသမ်ားကို ဖယ္ရွား သန္႔စင္ေပးႏုိုင္တဲ့ အတြက္ေၾကာင့္ မ်က္ကြင္းညိဳတာကို ခဏအတြင္း သက္သာေစပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ဖြင့် ဖတ်ပါ #

မျက်ကွင်းညိုမည်းရခြင်းရဲ့ အဓိက အကြောင်းအရင်းများ  ကတော့ အိပ်ရေးမဝခြင်း၊ ရေဓာတ် ခမ်းခြောက်ခြင်းနဲ့ စိတ်ဖိစီးမှု များခြင်း စတာတွေကြောင့်ပဲ ဖြစ်ပါတယ်။ ကျားမ မရွေး၊ အသက် အရွယ်မရွေး မျက်ကွင်းညိုတာမျိုး ဖြစ်တတ်ပါတယ်။ မိန်းကလေး  အများစုကတော့ မျက်ကွင်း ညိုကြီးကို မိတ်ကပ်၊ concealer နဲ့ ဖုံးအုပ်ကြပေမယ့် ယောကျ်ားလေးတွေ အတွက်တော့ အဆင် မပြေပါဘူး။ ဒါ့ကြောင့် ယောကျ်ားလေးတွေအတွက် မျက်ကွင်းညိုတာကို သက်သာစေမယ့် သဘာဝနည်းလမ်းကောင်းကို ဝေမျှပေးလိုက်ပါတယ်။

(၁) သခွားသီးကပ်ပါ

မျက်ကွင်းညိုတာကို မိနစ်ပိုင်းအတွင်း သက်သာချင်တယ်ဆိုရင်တော့ သခွားသီးကို အသုံးပြု လိုက်ပါ။ သခွားသီးရဲ့ အေးမြတဲ့ ခံစားမှုက မျက်လုံးအစ်တာ၊ မျက်ကွင်းညိုတာတွေအတွက် သက်သာစေတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် မနက်အိပ်ရာထတဲ့ အချိန်တိုင်း သခွားသီးကို အကွင်းလိုက်လှီးပြီး မျက်လုံးပေါ်ကို ကပ်ထားပေးပါ။ မိနစ် ၂၀လောက် ကပ်ထားပေးမယ်ဆိုရင် မျက်ကွင်းညိုတာ သက်သာလာတာကို တွေ့မြင်ရမှာပါ။

(၂) ရေများများသောက်ပါ

ရေဓာတ်ခမ်းခြောက်မှုကလည်း မျက်ကွင်းညိုရခြင်းရဲ့ အဓိကအကြောင်းအရင်းတစ်ခုပါပဲ။ ဒါ့ကြောင့် ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ရေဓာတ်ကို အလုံအလောက် ဖြည့်တင်ပေးသင့်ပါတယ်။ ရေများများ သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်များကို ဖယ်ရှားသန့် စင်ပေးနိုင်တဲ့ အတွက် မျက်ကွင်းညိုတာကို သိသိသာသာ သက်သာလာစေမှာပါ။

(၃) အိပ်ချိန်လုံလောက်မှုရှိပါစေ

မျက်ကွင်းညိုရခြင်းရဲ့ နောက်ထပ်အကြောင်းအရင်း တစ်ခုကတော့ အိပ်ချိန်လုံလောက်မှု မရှိခြင်း ကြောင့်ပဲဖြစ်ပါတယ်။ အိပ်ရေးဝဝမအိပ်ရတဲ့ အတွက် အသားအရေကလည်း ကြည်လင်ဝင်းပမှု မရှိတော့ဘဲ မျက်ကွင်းတစ်ဝိုက်က ညိုမည်းလာရတာပါ။ မျက်လုံးတစ်ဝိုက်က ကြွက်သားများနဲ့ တစ်ရှူးများကို အနားပေးသင့်ပါတယ်။ ဒါ့ကြောင့် တစ်နေ့ကို အနည်းဆုံး ၇နာရီမှ ၈နာရီလောက် အိပ်စက်အနားယူပါ။

(၄) ဗီတာမင်စီဖြည့်တင်းပေးပါ

အသားအရေကြည်လင်ဝင်းပစေဖို့အတွက် ကူညီပေးတာကတော့ ဗီတာမင်စီဓာတ်ပဲ ဖြစ်ပါတယ်။ ဒါ့ကြောင့် ဗီတာမင်စီဓာတ် ကြွယ်ဝစွာ ပါဝင်တဲ့ သံပရိုသီးက မျက်ကွင်းညိုတာကို သက်သာစေဖို့ အတွက် အထောက်အကူ ပြုပါတယ်။ သံပရိုရည်ကို ဝါဂွမ်းစနဲ့ တို့ယူပြီး ညိုမည်းနေတဲ့ မျက်ကွင်းတစ်ဝိုက်ကို ညင်သာစွာ သုတ်လိမ်းပေးပါ။ တစ်မိနစ်လောက်ထားပြီး ရေနဲ့ ဆေးကြောသန့်စင်လိုက်ရုံပါပဲ။ ဒီနည်းလမ်းအတိုင်း နေ့စဉ်ပုံမှန်ပြုလုပ်ပေး သွားမယ်ဆိုရင် တစ်ပတ်အတွင်း မျက်ကွင်းညိုတာ သက်သာလာတာကို တွေ့ရမှာပါ။

(မှတ်ချက်။ ။ Sensitive ဖြစ်တဲ့ အသားအရည်ပိုင်ရှင်တွေအနေနဲ့ ဒီနည်းလမ်းကို အသုံးမပြုသင့်ပါဘူး။)

(၅) ခရမ်းချဉ်သီးဖြင့်ကုသနည်း

ခရမ်းချဉ်သီးကလည်း မျက်ကွင်းညိုတာကို သက်သာစေတဲ့ သဘာဝဆေးစွမ်းကောင်း တစ်လက်ပါပဲ။ ခရမ်းချဉ်သီးကို အကွင်းလိုက်လှီးပြီး မျက်လုံးပေါ်ကပ်ပေးနိုင်သလို၊ အနှစ်ဖြစ်အောင် ကြိတ်ပြီး မျက်လုံးတစ်ဝိုက် ကွင်းထားပေးမယ်ဆိုရင်လည်း ရပါတယ်။ ခရမ်းချဉ်သီးမှာ ပါဝင်တဲ့ သဘာဝဓာတ်များက မျက်လုံးတစ်ဝိုက် ဆဲလ်သေများကို ဖယ်ရှား သန့်စင်ပေးနိုင်တဲ့ အတွက်ကြောင့် မျက်ကွင်းညိုတာကို ခဏအတွင်း သက်သာစေပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top