လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

 
အေမရိကန္နိုင္ငံ ေအာ္လန္ဒိုၿမိဳ႕က အသက္ (၂၀)အရြယ္ သခၤ်ာအဓိက တကၠသိုလ္ေက်ာင္းသူေလးတစ္ဦးဟာ ဘြဲ႕ရၿပီးတဲ့အခါ အတုံးစီကစားရတဲ့ “Tetris” ဆိုတဲ့ ဗီဒီယိုဂိမ္းနဲ႔ လက္ထပ္ဖို႔ ရည္ရြယ္ထားပါတယ္။

“နို႐ူးမဂ်ာဘင္ဟတ္စန္” ဆိုသူ ေက်ာင္းသူေလးဟာ အရာဝတၳဳပစၥည္းမ်ားကို တပ္မက္စြဲလမ္းတဲ့ Objectophilia လို႔ လူသိမ်ားတဲ့ ေဝဒနာခံစားေနရသူျဖစ္ပါတယ္။ အဲလိုေဝဒနာ ခံစားရသူေတြဟာ ခႏၶာကိုယ္ဆိုင္ရာ က်န္းမာေနေပမယ့္ စိတ္ပိုင္းဆိုင္ရာမွာေတာ့ သက္မဲ့အရာဝတၳဳေတြအေပၚ ရင္းႏွီးကၽြမ္းဝင္ၿပီး ခ်စ္ခင္ျမတ္နိုးကာ ဘဝလက္တြဲေဖာ္လို စိတ္လြန္ကဲတာမ်ိဳး ျဖစ္ေလ့ရွိပါတယ္။

နို႐ူးဟာ ယခင္ကလည္း ဂဏန္းေပါင္းစက္ တစ္လုံးကို ခ်စ္သူရည္းစားေကာင္ေလးအျဖစ္ ႏွစ္သက္စြဲလန္းခဲ့ၿပီး သန႔္ရွင္းေရး လုပ္ေပးရာကေန ဆားကစ္ေရွာခ့္ျဖစ္ကာ ဂဏန္းေပါင္းစက္ ပ်က္ဆီးသြားခဲ့တဲ့အတြက္ အခ်ိန္ေတာ္ၾကာအသည္းကြဲခဲ့ဖူးပါေသးတယ္။ iPod၊ တစ္လမ္းေျပးရထားတို႔ကိုလည္း ယခင္က စြဲလန္းခဲ့ဖူးပါေသးတယ္။

လက္ရွိအခ်ိန္မွာေတာ့ ဗီဒီယိုဂိမ္းတစ္ခုျဖစ္တဲ့ အတုံးေလးေတြစီၿပီး ကစားရတဲ့ “တက္ထရစ္” ကို ခ်စ္ခင္စြဲလန္းေနၿပီလို႔ ဆိုပါတယ္။ တက္ထရစ္ ကို မိုဘိုင္းဂိမ္းကစားရာကေန သိရွိစြဲလမ္းခဲ့ၿပီး Game Boy အေဟာင္းေလးကို ဝယ္ကာ တစ္ေန႔ကို ၁၂ နာရီေက်ာ္ေလာက္ ကစားတဲ့အျပင္ တစ္ထရစ္နဲ႔ ပက္သက္တဲ့ အရာဝတၳဳ႐ုပ္ပုံေတြကိုလည္း စုေဆာင္းထားပါေသးတယ္။

သူမဘြဲ႕ရၿပီးတဲ့အခါ သူငယ္ခ်င္းေတြရဲ့ ေရွ႕ေမွာက္မွာ ဂုဏ္သိကၡာရွိရွိ “တက္ထရစ္”နဲ႔ လက္ထပ္ထိမ္းျမားမယ္လို႔ ရည္စူးထားေၾကာင္း သိရွိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

# Unicode Version ျဖင့္ ဖတ္ပါ #
 အမေရိကန်နိုင်ငံ အော်လန်ဒိုမြို့က အသက် (၂၀)အရွယ် သင်္ချာအဓိက တက္ကသိုလ်ကျောင်းသူလေးတစ်ဦးဟာ ဘွဲ့ရပြီးတဲ့အခါ အတုံးစီကစားရတဲ့ “Tetris” ဆိုတဲ့ ဗီဒီယိုဂိမ်းနဲ့ လက်ထပ်ဖို့ ရည်ရွယ်ထားပါတယ်။

“နိုရူးမဂျာဘင်ဟတ်စန်” ဆိုသူ ကျောင်းသူလေးဟာ အရာဝတ္ထုပစ္စည်းများကို တပ်မက်စွဲလမ်းတဲ့ Objectophilia လို့ လူသိများတဲ့ ဝေဒနာခံစားနေရသူဖြစ်ပါတယ်။ အဲလိုဝေဒနာ ခံစားရသူတွေဟာ ခန္ဓာကိုယ်ဆိုင်ရာ ကျန်းမာနေပေမယ့် စိတ်ပိုင်းဆိုင်ရာမှာတော့ သက်မဲ့အရာဝတ္ထုတွေအပေါ် ရင်းနှီးကျွမ်းဝင်ပြီး ချစ်ခင်မြတ်နိုးကာ ဘဝလက်တွဲဖော်လို စိတ်လွန်ကဲတာမျိုး ဖြစ်လေ့ရှိပါတယ်။

နိုရူးဟာ ယခင်ကလည်း ဂဏန်းပေါင်းစက် တစ်လုံးကို ချစ်သူရည်းစားကောင်လေးအဖြစ် နှစ်သက်စွဲလန်းခဲ့ပြီး သန့်ရှင်းရေး လုပ်ပေးရာကနေ ဆားကစ်ရှောခ့်ဖြစ်ကာ ဂဏန်းပေါင်းစက် ပျက်ဆီးသွားခဲ့တဲ့အတွက် အချိန်တော်ကြာအသည်းကွဲခဲ့ဖူးပါသေးတယ်။ iPod၊ တစ်လမ်းပြေးရထားတို့ကိုလည်း ယခင်က စွဲလန်းခဲ့ဖူးပါသေးတယ်။

လက်ရှိအချိန်မှာတော့ ဗီဒီယိုဂိမ်းတစ်ခုဖြစ်တဲ့ အတုံးလေးတွေစီပြီး ကစားရတဲ့ “တက်ထရစ်” ကို ချစ်ခင်စွဲလန်းနေပြီလို့ ဆိုပါတယ်။ တက်ထရစ် ကို မိုဘိုင်းဂိမ်းကစားရာကနေ သိရှိစွဲလမ်းခဲ့ပြီး Game Boy အဟောင်းလေးကို ဝယ်ကာ တစ်နေ့ကို ၁၂ နာရီကျော်လောက် ကစားတဲ့အပြင် တစ်ထရစ်နဲ့ ပက်သက်တဲ့ အရာဝတ္ထုရုပ်ပုံတွေကိုလည်း စုဆောင်းထားပါသေးတယ်။

သူမဘွဲ့ရပြီးတဲ့အခါ သူငယ်ချင်းတွေရဲ့ ရှေ့မှောက်မှာ ဂုဏ်သိက္ခာရှိရှိ “တက်ထရစ်”နဲ့ လက်ထပ်ထိမ်းမြားမယ်လို့ ရည်စူးထားကြောင်း သိရှိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top