iMyanmarHouse.com - Best Property Website for Myanmar
×

ဇနီးျဖစ္သူ အိႁႏၵာေက်ာ္ ဇင္သည္ အကယ္ဒမီဆုႏွင့္ ေဝး ကြာေနသည္မွာ ၾကာၿပီျဖစ္ေသာ ေၾကာင့္ ရေစခ်င္ေၾကာင္း သ႐ုပ္ ေဆာင္ ေျပတီဦးက ေျပာသည္။

‘‘ကြၽန္ေတာ္တို႔ကေတာ့ ပရိ သတ္ရဲ႕ခ်စ္ခင္မႈ၊ အားေပးမႈကိုပဲ ပိုၿပီးေတာ့ ေတာင့္တပါတယ္။ အ ကယ္ဒမီနဲ႔ပတ္သက္ၿပီး ဘာမွ မခံ စားရပါဘူး။ အကယ္ဒမီဆိုတာ ကေတာ့ တကယ္ထူးခြၽန္ၿပီး ေတာ္ တဲ့သူေတြရသြားမွာပါပဲ။ ဘယ္သူပဲရရ ကြၽန္ေတာ္တို႔အားလံုးက ညီ အစ္ကိုေမာင္ႏွမေတြျဖစ္တဲ့အ တြက္ေၾကာင့္မို႔လို႔ ေပ်ာ္ၿပီးသား ပါပဲ။ အူဝဲရရင္ေတာ့ ပိုေပ်ာ္တာ ေပါ့။ သူ႔ကို ရေစခ်င္ပါတယ္’’ဟု ၎က ေျပာသည္။

အိႁႏၵာေက်ာ္ဇင္သည္ ဒါ႐ိုက္ တာဝိုင္း႐ိုက္ကူးေသာ ‘ရင္ဘတ္ထဲက ဓား’ ႐ုပ္ရွင္ျဖင့္ ၂၀၁၇ အတြက္ အကယ္ဒမီရရွိႏုိင္သည္ ဟု ပရိသတ္မ်ားက ခန္႔မွန္းထား သည္။

လက္ရွိတြင္ ေျပတီဦးသည္ ဒါ႐ိုက္တာလူမင္း႐ိုက္ကူးေသာ ညစ္တြန္း  ႐ုပ္ရွင္ဇာတ္ကားကို လူမင္း၊ ခိုင္သင္းၾကည္၊ အိႁႏၵာ ေက်ာ္ဇင္၊ ထက္ထက္ထြန္းတို႔ႏွင့္ ပါဝင္သ႐ုပ္ေဆာင္ေနၿပီး မၾကာ ခင္ The Eyes ထုတ္လုပ္ေရးက စီစဥ္ၿပီး ဒါ႐ိုက္တာ ျပည္ဟိန္းသီ ဟ႐ိုက္ကူးမည့္ လူႀကီးလူေကာင္း မ်ား ႐ုပ္ရွင္ဇာတ္ကားတြင္ ပါဝင္ သ႐ုပ္ေဆာင္မည္ျဖစ္သည္။

‘‘လူႀကီးလူေကာင္းမ်ားဆို တဲ့ ကားေလးကေတာ့ Comedy (ဟာသ)ကိုပဲ အဓိကအားထားၿပီး ႐ိုက္မယ့္ ကားေလးပါ။ ကြၽန္ေတာ့္ ကာ႐ိုက္တာက ေစာ္ေၾကာင္တဲ့ ဘတ္ကီးကာ႐ိုက္တာေလးပါ။ ျမႇဳပ္ထားတာေလးေတြ၊ လွ်ိဳ႕ဝွက္ ထားတာမ်ိဳးေလးေတြ အဲဒါမ်ိဳးေလးေတြနဲ႔ ဇာတ္လမ္းကို ခ်ိတ္ဆက္ထားတယ္။ အဓိက မႀကီးစိုး က ကြၽန္ေတာ္တို႔ေလးေယာက္ကို မေက်နပ္တာ။ မႀကီးစိုးကို ကြၽန္ေတာ္တို႔ေလးေယာက္က ဒုကၡေပးထားတာကိုး။ အဲဒီလို ကာ႐ိုက္တာေလးပါ’’ဟု ေျပတီဦးက ေျပာသည္။

 လူႀကီးလူေကာင္းမ်ားဇာတ္ ကားတြင္ ၎အပါအဝင္ လြင္မိုး၊ လူမင္း၊ ေနတိုး၊ စိုးျမတ္သူဇာအ ျပင္ အလွမယ္မ်ားျဖစ္သည့္ ထက္ထက္ထြန္း၊ ေရႊအိမ္စည္၊ ယြန္းဝင့္လႊာေအာင္ႏွင့္ စစ္ယြန္းဝတီဦးတို႔ အဓိကပါဝင္သ႐ုပ္ေဆာင္မည္ျဖစ္သည္။

‘‘ဒီကားေလး႐ိုက္ရမွာ လူစံု တယ္ဆိုေတာ့ အရမ္းေပ်ာ္စရာ ေကာင္းပါတယ္။ ကြၽန္ေတာ္တို႔က ေတာ့ မိသားစုေတြလိုပါပဲ။ ကိုလူ မင္းတို႔၊ ကိုလြင္မိုးတို႔ဆိုတာက လည္း ကိုလြင္မိုးကားေတြထဲမွာ ကြၽန္ေတာ္ဒုတိယမင္းသားေနရာ ကေန တြဲ႐ိုက္ခဲ့တာ။ ကိုလူမင္းဆုိ လည္း ဒီလိုပဲ။ ေနတိုးတို႔နဲ႔ဆိုရင္ လည္း မေရွးမေႏွာင္းေဘာ္ဒါေတြ လိုပဲဆိုေတာ့ မိသားစုညီအစ္ကို ေတြလိုပါပဲ’’ဟု မင္းသားႀကီးမ်ား စု႐ိုက္ရမည့္အေပၚ ၎၏စိတ္ခံ စားခ်က္ကို ေျပတီဦးက ေျပာ သည္။

ယခင္က ၎ပါဝင္႐ိုက္ကူး သည့္ ႐ႈတင္မ်ားတြင္ စက္အဖြဲ႕ သားမ်ားကို မုန္႔ဖိုးေပးေလ့ရွိေသာ္ လည္း ယခုေနာက္ပိုင္းတြင္ မ်ား မ်ားရေစခ်င္ေသာေၾကာင့္ ပထမ၊ ဒုတိယ၊ တတိယသံုးဆုကို မဲ ေဖာက္ေပးျဖစ္ၿပီး ဗလာက်သူမ်ားကို တစ္ေယာက္တစ္ေသာင္းေပးျဖစ္ေၾကာင္း ၎က ေျပာသည္။

‘‘အဓိကကေတာ့ ကြၽန္ေတာ္ နဲ႔ လုပ္ဖက္ကိုင္ဖက္ေတြ၊ ကြၽန္ ေတာ့္ပတ္ဝန္းက်င္မွာ ရွိတဲ့သူ ေတြအားလံုးကို ေပ်ာ္ေစခ်င္ပါ တယ္။ ဒါေၾကာင့္မို႔ ေပ်ာ္စရာ ေကာင္းေအာင္ တစ္ခုမဟုတ္ တစ္ခုလုပ္ေပးျဖစ္တာပါ။ အရင္ တုန္းကေတာ့ မုန္႔ဖိုးပဲေပးျဖစ္ တယ္။ အခုကေတာ့ ကံစမ္းမဲ ေလးေတြ ေဖာက္ေပးတယ္ဆိုတဲ့ အခါက်ေတာ့ မဲေပါက္တဲ့သံုး ေယာက္ေလာက္က သူတို႔အ တြက္ အေထာက္အပံ့ႀကီးႀကီးမား မားေလးျဖစ္သြားတာေပါ့။ မဲမ ေပါက္တဲ့ သူေတြဆိုရင္လည္း ကြၽန္ေတာ္က တစ္ေယာက္ကို တစ္ေသာင္းေပးပါတယ္’’ဟု ေျပတီဦး က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
ဇနီးဖြစ်သူ အိန္ဒြာကျော် ဇင်သည် အကယ်ဒမီဆုနှင့် ဝေး ကွာနေသည်မှာ ကြာပြီဖြစ်သော ကြောင့် ရစေချင်ကြောင်း သရုပ် ဆောင် ပြေတီဦးက ပြောသည်။

‘‘ကျွန်တော်တို့ကတော့ ပရိ သတ်ရဲ့ချစ်ခင်မှု၊ အားပေးမှုကိုပဲ ပိုပြီးတော့ တောင့်တပါတယ်။ အ ကယ်ဒမီနဲ့ပတ်သက်ပြီး ဘာမှ မခံ စားရပါဘူး။ အကယ်ဒမီဆိုတာ ကတော့ တကယ်ထူးချွန်ပြီး တော် တဲ့သူတွေရသွားမှာပါပဲ။ ဘယ်သူပဲရရ ကျွန်တော်တို့အားလုံးက ညီ အစ်ကိုမောင်နှမတွေဖြစ်တဲ့အ တွက်ကြောင့်မို့လို့ ပျော်ပြီးသား ပါပဲ။ အူဝဲရရင်တော့ ပိုပျော်တာ ပေါ့။ သူ့ကို ရစေချင်ပါတယ်’’ဟု ၎င်းက ပြောသည်။

အိန္ဒြာကျော်ဇင်သည် ဒါရိုက် တာဝိုင်းရိုက်ကူးသော ‘ရင်ဘတ်ထဲက ဓား’ ရုပ်ရှင်ဖြင့် ၂၀၁၇ အတွက် အကယ်ဒမီရရှိနိုင်သည် ဟု ပရိသတ်များက ခန့်မှန်းထား သည်။

လက်ရှိတွင် ပြေတီဦးသည် ဒါရိုက်တာလူမင်းရိုက်ကူးသော ညစ်တွန်း  ရုပ်ရှင်ဇာတ်ကားကို လူမင်း၊ ခိုင်သင်းကြည်၊ အိန္ဒြာ ကျော်ဇင်၊ ထက်ထက်ထွန်းတို့နှင့် ပါဝင်သရုပ်ဆောင်နေပြီး မကြာ ခင် The Eyes ထုတ်လုပ်ရေးက စီစဉ်ပြီး ဒါရိုက်တာ ပြည်ဟိန်းသီ ဟရိုက်ကူးမည့် လူကြီးလူကောင်း များ ရုပ်ရှင်ဇာတ်ကားတွင် ပါဝင် သရုပ်ဆောင်မည်ဖြစ်သည်။

‘‘လူကြီးလူကောင်းများဆို တဲ့ ကားလေးကတော့ Comedy (ဟာသ)ကိုပဲ အဓိကအားထားပြီး ရိုက်မယ့် ကားလေးပါ။ ကျွန်တော့် ကာရိုက်တာက စော်ကြောင်တဲ့ ဘတ်ကီးကာရိုက်တာလေးပါ။ မြှုပ်ထားတာလေးတွေ၊ လျှို့ဝှက် ထားတာမျိုးလေးတွေ အဲဒါမျိုးလေးတွေနဲ့ ဇာတ်လမ်းကို ချိတ်ဆက်ထားတယ်။ အဓိက မကြီးစိုး က ကျွန်တော်တို့လေးယောက်ကို မကျေနပ်တာ။ မကြီးစိုးကို ကျွန်တော်တို့လေးယောက်က ဒုက္ခပေးထားတာကိုး။ အဲဒီလို ကာရိုက်တာလေးပါ’’ဟု ပြေတီဦးက ပြောသည်။

 လူကြီးလူကောင်းများဇာတ် ကားတွင် ၎င်းအပါအဝင် လွင်မိုး၊ လူမင်း၊ နေတိုး၊ စိုးမြတ်သူဇာအ ပြင် အလှမယ်များဖြစ်သည့် ထက်ထက်ထွန်း၊ ရွှေအိမ်စည်၊ ယွန်းဝင့်လွှာအောင်နှင့် စစ်ယွန်းဝတီဦးတို့ အဓိကပါဝင်သရုပ်ဆောင်မည်ဖြစ်သည်။

‘‘ဒီကားလေးရိုက်ရမှာ လူစုံ တယ်ဆိုတော့ အရမ်းပျော်စရာ ကောင်းပါတယ်။ ကျွန်တော်တို့က တော့ မိသားစုတွေလိုပါပဲ။ ကိုလူ မင်းတို့၊ ကိုလွင်မိုးတို့ဆိုတာက လည်း ကိုလွင်မိုးကားတွေထဲမှာ ကျွန်တော်ဒုတိယမင်းသားနေရာ ကနေ တွဲရိုက်ခဲ့တာ။ ကိုလူမင်းဆို လည်း ဒီလိုပဲ။ နေတိုးတို့နဲ့ဆိုရင် လည်း မရှေးမနှောင်းဘော်ဒါတွေ လိုပဲဆိုတော့ မိသားစုညီအစ်ကို တွေလိုပါပဲ’’ဟု မင်းသားကြီးများ စုရိုက်ရမည့်အပေါ် ၎င်း၏စိတ်ခံ စားချက်ကို ပြေတီဦးက ပြော သည်။

ယခင်က ၎င်းပါဝင်ရိုက်ကူး သည့် ရှုတင်များတွင် စက်အဖွဲ့ သားများကို မုန့်ဖိုးပေးလေ့ရှိသော် လည်း ယခုနောက်ပိုင်းတွင် များ များရစေချင်သောကြောင့် ပထမ၊ ဒုတိယ၊ တတိယသုံးဆုကို မဲ ဖောက်ပေးဖြစ်ပြီး ဗလာကျသူများကို တစ်ယောက်တစ်သောင်းပေးဖြစ်ကြောင်း ၎င်းက ပြောသည်။

‘‘အဓိကကတော့ ကျွန်တော် နဲ့ လုပ်ဖက်ကိုင်ဖက်တွေ၊ ကျွန် တော့်ပတ်ဝန်းကျင်မှာ ရှိတဲ့သူ တွေအားလုံးကို ပျော်စေချင်ပါ တယ်။ ဒါကြောင့်မို့ ပျော်စရာ ကောင်းအောင် တစ်ခုမဟုတ် တစ်ခုလုပ်ပေးဖြစ်တာပါ။ အရင် တုန်းကတော့ မုန့်ဖိုးပဲပေးဖြစ် တယ်။ အခုကတော့ ကံစမ်းမဲ လေးတွေ ဖောက်ပေးတယ်ဆိုတဲ့ အခါကျတော့ မဲပေါက်တဲ့သုံး ယောက်လောက်က သူတို့အ တွက် အထောက်အပံ့ကြီးကြီးမား မားလေးဖြစ်သွားတာပေါ့။ မဲမ ပေါက်တဲ့ သူတွေဆိုရင်လည်း ကျွန်တော်က တစ်ယောက်ကို တစ်သောင်းပေးပါတယ်’’ဟု ပြေတီဦး က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top