ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

ဂ်ပန္ႏုိင္ငံမွာ ႏွစ္သစ္ႀကဳိဆုိပြဲမ်ားအတြင္း ဧည့္ခံေလ့႐ွိၾကတဲ့ ႐ုိး႐ုာဆန္ကိတ္မုန္႕စားၿပီး ဆုိ႕နင္မႈျဖစ္ရာမွ လူ ၂ ဦး ေသဆုံးခဲ့ေၾကာင္းနဲ႕ လူအခ်ဳိ႕ဟာ အသက္အႏၱရာယ္ စုိးရိမ္ရတဲ့ အေျခအေန ျဖစ္ခဲ့ပါတယ္။

ဂ်ပန္႐ုိးရာ ဆန္ကိတ္မုန္႕ဟာ အျမင္အရ စားခ်င္စဖြယ္႐ွိၿပီး အႏၱရာယ္ကင္းပုံရေပမဲ့ အဆုိပါမုန္႕ကုိစားသူအခ်ဳိ႕ ႏွစ္စဥ္ ေသဆုံးေလ့႐ွိၿပီး အစုိးရတာဝန္႐ွိသူေတြက ႏွစ္စဥ္ႏွစ္တုိင္း သတိေပးထုတ္ျပန္ရတယ္လို႕ ဆုိပါတယ္။

မုိခ်ီ (mochi) လုိ႕ ေခၚေဝၚၾကတဲ့ ဂ်ပန္႐ုိးရာ ဆန္ကိတ္မုန္႕ဟာ ဝါးစားမ်ဳိခ်ရန္ ခက္ခဲတဲ့မုန္႕တစ္မ်ဳိး ျဖစ္တယ္လုိ႕ သိရပါတယ္။ မုိခ်ီျပဳလုပ္ရာမွာ ပထမဆုံး ဆန္ကုိ ေပ်ာ့ေပ်ာင္းသြားေစရန္ ေရးေႏြးေငြျဖင့္ေပါင္းခံခ်က္ျပဳတ္ပါတယ္။

ထုိ႕ေနာက္ ေရေႏြးထည့္ထားတဲ့ င႐ုတ္ဆုံကဲ့သုိ႕ ထုေထာင္းစရာဆုံတစ္ခုအတြင္း ထည့္ေမႊၿပီးေနာက္ ေစးကပ္သြားတဲ့ အႏွစ္ျဖစ္သြားတဲ့အထိ ထုေထာင္းရပါတယ္။

ယခုေခတ္မွာေတာ့ မုိခ်ီလုပ္စက္မ်ားျဖင့္လည္း ျပဳလုပ္လာၾကေၾကာင္း သိရပါတယ္။ ေကာင္းစြာထုေထာင္းၿပီးေနာက္ ေပ်ာ့အိေစးကပ္ေနတဲ့ ဆန္အႏွစ္ေတြကုိ အဝိုင္းပုံသ႑န္ျပဳလုပ္ကာ အတြင္းဘက္မွာ အရသာအတြက္ အဆာျဖည့္ၿပီး ျပန္ပိတ္ထားပါတယ္။

ဂ်ပန္႐ုိးရာအရ ႏွစ္သစ္ကူးပြဲ ဆင္ႏႊဲၾကရာမွာ အသီးအ႐ြက္စြတ္ျပဳတ္ ျပဳလုပ္ၿပီး မုိခ်ီကုိ စြတ္ျပဳအတြင္းထည့္ အပူေပးကာ စားေလ့႐ွိၾကတယ္လို႕ ဆုိပါတယ္။ မုိခ်ီမုန္႕ဟာ ေစးကပ္ကပ္ျဖစ္ၿပီး ဝါးစားႏုိင္ပါတယ္။ မုန္႕အ႐ြယ္အစားဟာ တစ္ကုိက္စာထက္ ပုိႀကီးေနတာၿပီး မ်ဳိမခ်မီမွာ ေကာင္းစြာဝါးရတယ္လို႕ ဆုိပါတယ္။

ကာင္းစြာဝါးမစားႏုိင္တဲ့ ကေလးေတြနဲ႕ သက္ႀကီး႐ြယ္အုိေတြအတြက္ မုိခ်ီမုန္႕ဟာ စားရခက္ေၾကာင္း သိရပါတယ္။ မုိခ်ီကုိ ေကာင္းစြာဝါးမစားပဲ မ်ဳိခ်မိကာက လည္ေခ်ာင္းမွာဆုိ႕နင္ကာ အသက္႐ွဴၾကပ္ရာက ေသဆုံးတဲ့အထိ ျဖစ္ႏုိင္ပါတယ္။

ဂ်ပန္႐ုိးရာနည္းျဖင့္ မုိခ်ီ ျပဳလုပ္ပုံ

ဂ်ပန္သတင္းေတြရဲ႕ အဆုိအရ ႏွစ္သစ္ကူးကာလမွာ မုိခ်ီစားရာက လည္ေခ်ာင္းမွာဆုိ႕နင္ၿပီး ေဆး႐ုံတင္ပုိ႕ရသူေတြအနက္ ၉၀ ရာခုိင္ႏႈန္းဟာ အသက္ ၆၅ ႏွစ္ သုိ႕မဟုတ္ ၆၅ ႏွစ္အထက္ အသက္အ႐ြယ္႐ွိသူေတြ ျဖစ္တယ္လို႕ သိရပါတယ္။

အထူးသျဖင့္ ကေလးငယ္ေတြနဲ႕ သက္ႀကီး႐ြယ္အုိေတြဟာ ႏွစ္သစ္ကူးပြဲမွာ မုိခ်ီစားပါက အစိတ္အပုိင္းမ်ားအျဖစ္ လွီးျဖတ္ၿပီးမွစားၾကရန္ ဂ်ပန္အစိုးရက သတိေပးခ်က္ ႏွစ္စဥ္ ထုတ္ျပန္ေလ့႐ွိပါတယ္။ အစုိးရက သတိေပးမႈေတြ ႐ွိေပမဲ့လည္း မုိခ်ီစားရာမွ ဆုိ႕နင္ေသဆုံးမႈေတြ ႏွစ္စဥ္ ႐ွိေနဆဲျဖစ္ေၾကာင္း သိရပါတယ္။

၂၀၁၄ ခုႏွစ္ကေန ၂၀၁၅ ခုႏွစ္ကုိ ကူးေျပာင္းတဲ့ ႏွစ္သစ္ကူးကာလမွာ မုိခ်ီစားရာမွ ဆုိ႕နင္မႈေၾကာင့္ လူ ၉ ဦး ေသဆုံးခဲ့ၿပီး ေသဆုံးမႈအမ်ားဆုံး ျဖစ္ခဲ့ပါတယ္။

၂၀၁၅ ခုႏွစ္ကေန ၂၀၁၆ ခုႏွစ္ကုိ ကူးေျပာင္းတဲ့ ႏွစ္သစ္ကူးကာလမွာေတာ့ မုိခ်ီစားရာမွာ လူတစ္ဦး ေသဆုံးခဲ့ၿပီး ယခု ၂၀၁၈ ခုႏွစ္ ႏွစ္သစ္ကူးပြဲေတြမွာေတာ့ မုိခ်ီဆုိ႕နင္မႈေၾကာင့္ လူႏွစ္ဦး ေသဆုံးခဲ့ေၾကာင္း သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version#
ဂျပန်နိုင်ငံမှာ နှစ်သစ်ကြိုဆိုပွဲများအတွင်း ဧည့်ခံလေ့ရှိကြတဲ့ ရိုးရုာဆန်ကိတ်မုန့်စားပြီး ဆို့နင်မှုဖြစ်ရာမှ လူ ၂ ဦး သေဆုံးခဲ့ကြောင်းနဲ့ လူအချို့ဟာ အသက်အန္တရာယ် စိုးရိမ်ရတဲ့ အခြေအနေ ဖြစ်ခဲ့ပါတယ်။

ဂျပန်ရိုးရာ ဆန်ကိတ်မုန့်ဟာ အမြင်အရ စားချင်စဖွယ်ရှိပြီး အန္တရာယ်ကင်းပုံရပေမဲ့ အဆိုပါမုန့်ကိုစားသူအချို့ နှစ်စဉ် သေဆုံးလေ့ရှိပြီး အစိုးရတာဝန်ရှိသူတွေက နှစ်စဉ်နှစ်တိုင်း သတိပေးထုတ်ပြန်ရတယ်လို့ ဆိုပါတယ်။

မိုချီ (mochi) လို့ ခေါ်ဝေါ်ကြတဲ့ ဂျပန်ရိုးရာ ဆန်ကိတ်မုန့်ဟာ ဝါးစားမျိုချရန် ခက်ခဲတဲ့မုန့်တစ်မျိုး ဖြစ်တယ်လို့ သိရပါတယ်။ မိုချီပြုလုပ်ရာမှာ ပထမဆုံး ဆန်ကို ပျော့ပျောင်းသွားစေရန် ရေးနွေးငွေဖြင့်ပေါင်းခံချက်ပြုတ်ပါတယ်။


ထို့နောက် ရေနွေးထည့်ထားတဲ့ ငရုတ်ဆုံကဲ့သို့ ထုထောင်းစရာဆုံတစ်ခုအတွင်း ထည့်မွှေပြီးနောက် စေးကပ်သွားတဲ့ အနှစ်ဖြစ်သွားတဲ့အထိ ထုထောင်းရပါတယ်။

ယခုခေတ်မှာတော့ မိုချီလုပ်စက်များဖြင့်လည်း ပြုလုပ်လာကြကြောင်း သိရပါတယ်။ ကောင်းစွာထုထောင်းပြီးနောက် ပျော့အိစေးကပ်နေတဲ့ ဆန်အနှစ်တွေကို အဝိုင်းပုံသဏ္ဍန်ပြုလုပ်ကာ အတွင်းဘက်မှာ အရသာအတွက် အဆာဖြည့်ပြီး ပြန်ပိတ်ထားပါတယ်။

ဂျပန်ရိုးရာအရ နှစ်သစ်ကူးပွဲ ဆင်နွှဲကြရာမှာ အသီးအရွက်စွတ်ပြုတ် ပြုလုပ်ပြီး မိုချီကို စွတ်ပြုအတွင်းထည့် အပူပေးကာ စားလေ့ရှိကြတယ်လို့ ဆိုပါတယ်။ မိုချီမုန့်ဟာ စေးကပ်ကပ်ဖြစ်ပြီး ဝါးစားနိုင်ပါတယ်။ မုန့်အရွယ်အစားဟာ တစ်ကိုက်စာထက် ပိုကြီးနေတာပြီး မျိုမချမီမှာ ကောင်းစွာဝါးရတယ်လို့ ဆိုပါတယ်။

ကာင်းစွာဝါးမစားနိုင်တဲ့ ကလေးတွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် မိုချီမုန့်ဟာ စားရခက်ကြောင်း သိရပါတယ်။ မိုချီကို ကောင်းစွာဝါးမစားပဲ မျိုချမိကာက လည်ချောင်းမှာဆို့နင်ကာ အသက်ရှူကြပ်ရာက သေဆုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။

ဂျပန်ရိုးရာနည်းဖြင့် မိုချီ ပြုလုပ်ပုံ

ဂျပန်သတင်းတွေရဲ့ အဆိုအရ နှစ်သစ်ကူးကာလမှာ မိုချီစားရာက လည်ချောင်းမှာဆို့နင်ပြီး ဆေးရုံတင်ပို့ရသူတွေအနက် ၉၀ ရာခိုင်နှုန်းဟာ အသက် ၆၅ နှစ် သို့မဟုတ် ၆၅ နှစ်အထက် အသက်အရွယ်ရှိသူတွေ ဖြစ်တယ်လို့ သိရပါတယ်။

အထူးသဖြင့် ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေဟာ နှစ်သစ်ကူးပွဲမှာ မိုချီစားပါက အစိတ်အပိုင်းများအဖြစ် လှီးဖြတ်ပြီးမှစားကြရန် ဂျပန်အစိုးရက သတိပေးချက် နှစ်စဉ် ထုတ်ပြန်လေ့ရှိပါတယ်။ အစိုးရက သတိပေးမှုတွေ ရှိပေမဲ့လည်း မိုချီစားရာမှ ဆို့နင်သေဆုံးမှုတွေ နှစ်စဉ် ရှိနေဆဲဖြစ်ကြောင်း သိရပါတယ်။

၂၀၁၄ ခုနှစ်ကနေ ၂၀၁၅ ခုနှစ်ကို ကူးပြောင်းတဲ့ နှစ်သစ်ကူးကာလမှာ မိုချီစားရာမှ ဆို့နင်မှုကြောင့် လူ ၉ ဦး သေဆုံးခဲ့ပြီး သေဆုံးမှုအများဆုံး ဖြစ်ခဲ့ပါတယ်။

၂၀၁၅ ခုနှစ်ကနေ ၂၀၁၆ ခုနှစ်ကို ကူးပြောင်းတဲ့ နှစ်သစ်ကူးကာလမှာတော့ မိုချီစားရာမှာ လူတစ်ဦး သေဆုံးခဲ့ပြီး ယခု ၂၀၁၈ ခုနှစ် နှစ်သစ်ကူးပွဲတွေမှာတော့ မိုချီဆို့နင်မှုကြောင့် လူနှစ်ဦး သေဆုံးခဲ့ကြောင်း သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top