လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

ေဒါက္တာရွင့္ ကၽြန္မအသက္ ၆၀ ေက်ာ္ပါပီ။ လြန္ခဲ့တဲ့ သုံးေလးႏွစ္ထဲက ညဆုိ ႏွစ္ၿခိဳက္စြာ အိပ္မေပ်ာ္ပါဘူး ဆရာ။ အဲ့ဒါဘာျဖစ္လုိ႔ပါသလည္း။ ကၽြန္မမွာ ဆးီခ်ဳိေရာဂါေတာ့ ရွိပါတယ္ ဆရာ။

ဆီးခ်ဳိေၾကာင့္ ႏွစ္ၿခိဳက္စြာ အိပ္မေပ်ာ္တာပါလား။

ကြၽန္မျပသေနတဲ့ ေဆးခန္းက အိပ္ေဆးေပးပါတယ္ဆရာ။ ေဆးက ဝယ္ရခက္တဲ့ေဆးပါ။ ေဆးမေသာက္ဘဲ အိပ္ေပ်ာ္ခ်င္ပါတယ္ ဆရာ။ ကူညီေပးပါ။

ေဒၚတင္တင္ေဝ(ေက်ာက္ကုန္း)

ေဒၚတင္တင္ေဝရဲ႕ ျပႆနာကို သက္ႀကီးပိုင္း အမ်ဳိးသမီးအမ်ားစုမွာ ေတြ႕ရေလ့ရွိပါတယ္။ အသက္အရြယ္ရ၍ ျဖစ္ေပၚလာတဲ့ ေဟာ္မုန္းဓာတ္ အေျပာင္းအလဲေၾကာင့္ေသာ္ လည္းေကာင္း၊ ဆီးခ်ဳိ၊ ေသြးတိုးကဲ့သို႔ ေရာဂါတစ္ခုရဲ႕ ေနာက္ဆက္တြဲ ဆိုးက်ဳိးအျဖစ္ေသာ္ လည္းေကာင္း၊ ေနထိုင္မႈ ပံုစံမမွန္ကန္မႈေၾကာင့္ေသာ္ လည္းေကာင္း ႏွစ္ၿခိဳက္စြာ အိပ္မေပ်ာ္ျခင္း ျဖစ္ေလ့ရွိပါတယ္။ လူတစ္ေယာက္ခ်င္းစီမွာ လိုအပ္တဲ့အိပ္ခ်ိန္က တူညီေလ့ မရွိတာေၾကာင့္ ေဒၚတင္တင္ေဝ လိုအပ္တဲ့ အိပ္ခ်ိန္ပမာဏကို ကိုယ္တိုင္သိထားဖို႔ လိုအပ္တာက ပထမအခ်က္ပါ။ ဥပမာ- ည ၁ဝ နာရီအိပ္ရာဝင္ၿပီး မနက္ ၆ နာရီထလွ်င္ အိပ္ခ်ိန္ ၈ နာရီရ၍ ထိုအိပ္ခ်ိန္ ၈ နာရီမွ် အိပ္ရသည္ကို ခႏၶာကိုယ္က ၾကည္လင္ လန္းဆန္းပါသလားဆိုတာကို သိသင့္ပါတယ္။ ဒါေၾကာင့္ အိပ္မေပ်ာ္သူတစ္ေယာက္ဟာ-

(၁) ညစဥ္အခ်ိန္မွန္ အိပ္ရာဝင္၊ နံနက္အခ်ိန္မွန္ အိပ္ရာထတဲ့ အက်င့္လုပ္ၿပီး ေန႔လယ္ဘက္မွာ တစ္ေမွးမွ် မအိပ္သင့္ပါ။

(၂) အိပ္ရာမဝင္ခင္ ၃ နာရီအတြင္း အဆီအအိမ့္မ်ား၊ ကဖင္းဓာတ္မ်ား မေသာက္သံုးသင့္ပါ။ အိပ္ရာဝင္ခါနီး ဗိုက္ဆာပါက ခရက္ကာ အနည္းငယ္ သို႔မဟုတ္ ငွက္ေပ်ာသီး တစ္လံုးခန္႔စားပါ။ ႏြားႏို႔ပူပူ တစ္ခြက္ေသာက္ႏိုင္ပါတယ္။

(၃) စိတ္တို၊ စိတ္ညစ္စရာမ်ား ရွိပါက အိပ္ရာဝင္ခါနီး ၾကြက္သားမ်ားကို ေခါင္းမွေျခအထိ ေျဖေလွ်ာ့ပါ။ ေရခ်ဳိးကန္ရွိပါက ေရေႏြးျဖင့္ အတန္ၾကာစိမ္ၿပီး ေရခ်ဳိးပါ။

အေရးႀကီးဆံုးကေတာ့ အိပ္ရာမဝင္မီ တစ္နာရီအတြင္း လုပ္လက္စ အလုပ္မွန္သမွ်ကို ရပ္ပစ္ၿပီး စာတစ္အုပ္ေလာက္ဖတ္ဖို႔ပါ။ ဒါမွမဟုတ္သာယာ ၿငိမ့္ေညာင္းတဲ့ သီခ်င္း၊ တီးလံုးေတြကို နားဆင္ပါ။ ဒီလိုအခ်ိန္ေတြမွာ အိပ္ခန္းဟာ မပူလြန္း၊ မေအးလြန္းဘဲ ဆိတ္ၿငိမ္ေနပါေစ။

အိပ္ရာဝင္ၿပီး နာရီဝက္ၾကာသည့္တိုင္ အိပ္မေပ်ာ္ပါက ဆက္မအိပ္ေတာ့ဘဲ စာဖတ္ၾကည့္ပါ။ (TV မၾကည့္သင့္ပါ) မနက္ျပဳလုပ္ရမယ့္ အလုပ္ေတြအတြက္ စိတ္ပူ၊ စိတ္ထင့္ေနတာမ်ဳိး ရွိရင္ ေခါင္းအံုးေဘးမွာ မွတ္စုနဲ႔ေဘာပင္ထားျခင္းျဖင့္ စိတ္ကိုေျဖေလွ်ာ့ေပးပါ။ ထိုမွတ္စုထဲမွာ ပူသမွ်အလုပ္ေတြကို ခ်ေရးထားရပါမယ္။ အိပ္ေဆးမေသာက္ခ်င္တဲ့ ေဒၚတင္တင္ေဝ အတြက္ အထက္ပါ နည္းေလးေတြဟာ လြယ္လည္း လြယ္ကူၿပီး အသံုးလည္း တည့္ပါေစေၾကာင္း၊ အိပ္၍မရေသာ ညေပါင္းကုေဋကုဋာကို ထားခဲ့ႏိုင္ပါေစေၾကာင္း ဆုေတာင္း ေပးလိုက္ပါတယ္ ခင္ဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမ၀တီ

#Unicode Version#

ဒေါက်တာရှင့် ကျွန်မအသက် ၆၀ ကျော်ပါပီ။ လွန်ခဲ့တဲ့ သုံးလေးနှစ်ထဲက ညဆို နှစ်ခြိုက်စွာ အိပ်မပျော်ပါဘူး ဆရာ။ အဲ့ဒါဘာဖြစ်လို့ပါသလည်း။ ကျွန်မမှာ ဆးီချိုရောဂါတော့ ရှိပါတယ် ဆရာ။

ဆီးချိုကြောင့် နှစ်ခြိုက်စွာ အိပ်မပျော်တာပါလား။

ကျွန်မပြသနေတဲ့ ဆေးခန်းက အိပ်ဆေးပေးပါတယ်ဆရာ။ ဆေးက ဝယ်ရခက်တဲ့ဆေးပါ။ ဆေးမသောက်ဘဲ အိပ်ပျော်ချင်ပါတယ် ဆရာ။ ကူညီပေးပါ။

ဒေါ်တင်တင်ဝေ(ကျောက်ကုန်း)

ဒေါ်တင်တင်ဝေရဲ့ ပြဿနာကို သက်ကြီးပိုင်း အမျိုးသမီးအများစုမှာ တွေ့ရလေ့ရှိပါတယ်။ အသက်အရွယ်ရ၍ ဖြစ်ပေါ်လာတဲ့ ဟော်မုန်းဓာတ် အပြောင်းအလဲကြောင့်သော် လည်းကောင်း၊ ဆီးချို၊ သွေးတိုးကဲ့သို့ ရောဂါတစ်ခုရဲ့ နောက်ဆက်တွဲ ဆိုးကျိုးအဖြစ်သော် လည်းကောင်း၊ နေထိုင်မှု ပုံစံမမှန်ကန်မှုကြောင့်သော် လည်းကောင်း နှစ်ခြိုက်စွာ အိပ်မပျော်ခြင်း ဖြစ်လေ့ရှိပါတယ်။ လူတစ်ယောက်ချင်းစီမှာ လိုအပ်တဲ့အိပ်ချိန်က တူညီလေ့ မရှိတာကြောင့် ဒေါ်တင်တင်ဝေ လိုအပ်တဲ့ အိပ်ချိန်ပမာဏကို ကိုယ်တိုင်သိထားဖို့ လိုအပ်တာက ပထမအချက်ပါ။ ဥပမာ- ည ၁ဝ နာရီအိပ်ရာဝင်ပြီး မနက် ၆ နာရီထလျှင် အိပ်ချိန် ၈ နာရီရ၍ ထိုအိပ်ချိန် ၈ နာရီမျှ အိပ်ရသည်ကို ခန္ဓာကိုယ်က ကြည်လင် လန်းဆန်းပါသလားဆိုတာကို သိသင့်ပါတယ်။ ဒါကြောင့် အိပ်မပျော်သူတစ်ယောက်ဟာ-

(၁) ညစဉ်အချိန်မှန် အိပ်ရာဝင်၊ နံနက်အချိန်မှန် အိပ်ရာထတဲ့ အကျင့်လုပ်ပြီး နေ့လယ်ဘက်မှာ တစ်မှေးမျှ မအိပ်သင့်ပါ။

(၂) အိပ်ရာမဝင်ခင် ၃ နာရီအတွင်း အဆီအအိမ့်များ၊ ကဖင်းဓာတ်များ မသောက်သုံးသင့်ပါ။ အိပ်ရာဝင်ခါနီး ဗိုက်ဆာပါက ခရက်ကာ အနည်းငယ် သို့မဟုတ် ငှက်ပျောသီး တစ်လုံးခန့်စားပါ။ နွားနို့ပူပူ တစ်ခွက်သောက်နိုင်ပါတယ်။

(၃) စိတ်တို၊ စိတ်ညစ်စရာများ ရှိပါက အိပ်ရာဝင်ခါနီး ကြွက်သားများကို ခေါင်းမှခြေအထိ ဖြေလျှော့ပါ။ ရေချိုးကန်ရှိပါက ရေနွေးဖြင့် အတန်ကြာစိမ်ပြီး ရေချိုးပါ။

အရေးကြီးဆုံးကတော့ အိပ်ရာမဝင်မီ တစ်နာရီအတွင်း လုပ်လက်စ အလုပ်မှန်သမျှကို ရပ်ပစ်ပြီး စာတစ်အုပ်လောက်ဖတ်ဖို့ပါ။ ဒါမှမဟုတ်သာယာ ငြိမ့်ညောင်းတဲ့ သီချင်း၊ တီးလုံးတွေကို နားဆင်ပါ။ ဒီလိုအချိန်တွေမှာ အိပ်ခန်းဟာ မပူလွန်း၊ မအေးလွန်းဘဲ ဆိတ်ငြိမ်နေပါစေ။

အိပ်ရာဝင်ပြီး နာရီဝက်ကြာသည့်တိုင် အိပ်မပျော်ပါက ဆက်မအိပ်တော့ဘဲ စာဖတ်ကြည့်ပါ။ (TV မကြည့်သင့်ပါ) မနက်ပြုလုပ်ရမယ့် အလုပ်တွေအတွက် စိတ်ပူ၊ စိတ်ထင့်နေတာမျိုး ရှိရင် ခေါင်းအုံးဘေးမှာ မှတ်စုနဲ့ဘောပင်ထားခြင်းဖြင့် စိတ်ကိုဖြေလျှော့ပေးပါ။ ထိုမှတ်စုထဲမှာ ပူသမျှအလုပ်တွေကို ချရေးထားရပါမယ်။ အိပ်ဆေးမသောက်ချင်တဲ့ ဒေါ်တင်တင်ဝေ အတွက် အထက်ပါ နည်းလေးတွေဟာ လွယ်လည်း လွယ်ကူပြီး အသုံးလည်း တည့်ပါစေကြောင်း၊ အိပ်၍မရသော ညပေါင်းကုဋေကုဋာကို ထားခဲ့နိုင်ပါစေကြောင်း ဆုတောင်း ပေးလိုက်ပါတယ် ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: မြဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top