AYA Home Loan ဖြင့် ၀ယ်ယူနိုင်မည့် မန္တလေးမြို့၏ အကောင်းဆုံး Sky Villa ကွန်ဒိုအရောင်းပြပွဲ
×
5.Body Lotionလိမ်းပါ။
6.ဆံထုံးထုံးပါ။
Credit: cantwait2say
# Unicode Version ဖြင့် ဖတ်ပါ #
ကျမတို့သာမန်နေ့စွဲတွေမှာအိပ်ရာကနိုးလာရင် ဆံပင်ခပ်ရှုပ်ရှုပ်၊ခပ်ပွပွနဲ့ပဲနိုးလာနေကျဆိုတော့ ပြည့်စုံလှပတဲ့ဆံပင်ပုံစံနဲ့အိပ်ရာထဲကနိုးလာဖို့ဆိုတာ ကြည့်နေကျရုပ်ရှင်ဇာတ်ကားတွေထဲက မင်းသမီးတွေပဲဖြစ်နိုင်တယ်လို့ထင်နေမှာပေါ့။နိုးး ဒါလုံးဝမှားပါတယ်။သင်မနက်တိုင်း ပြည့်စုံလှပတဲ့ဆံပင်ပုံစံနဲ့နိုးထနိုင်ဖို့ထိရောက်တဲ့နည်းလမ်းလေးတွေကို စုစည်းတင်ပြပေးလိုက်ပါတယ်။ကြိုးစားကြည့်ပါ။မကြာမီသင်ကိုယ်တိုင်TVကြော်ငြာတွေမှာမြင်နေကျ ခေါင်းလျှော်ရည်ကြော်ငြာတဲ့မင်းသမီးလေးတွေလိုပဲ  သင့်ဆံပင်လည်းဖလန်းဖလန်းထနေမှာပါ။ဆိုတော့ ဘလိုနည်းလမ်းအဆန်းတွေက သင့်ကို ပြည့်စုံလှပတဲ့ဆံပင်စတိုင်နဲ့နိုးထစေနိုင်မလဲ?
1.အိပ်ရာမဝင်ခင်ဆံကျစ်ကျစ်ပါ။
မာတောင့်နေတဲ့ဆံပင်ပုံစံမဖြစ်အောင်နဲ့အိပ်ရာခင်းကြောင့်ပုံမပျက်အောင် ဆံကျစ်ကျစ်ပါ။ကျစ်ဆံမြီးကျစ်ခြင်းဟာ သင့်ဆံပင်ရှုပ်ထွေးခြင်းကိုကာကွယ်ပေးပါတယ်။ဒါပေမယ့် သင့်ဆံပင်မစိုထိုင်းပဲခြောက်နေတဲ့အချိန်ကျစ်မိဖို့တော့လိုပါမယ်။သင်ဟာဖြောင့်စင်းနေတဲ့ဆံပင်ပိုင်ရှင်ဆိုရင်တော့ ဆံပင်ကိုပုံမှန်ကျစ်နေကျအတိုင်းကျစ်ပြီး ဆံပင်အကောက်ပိုင်ရှင်ဆိုရင်တော့ လိမ်ပြီးကျစ်တဲ့နည်းကိုရွေးချယ်ပါ။ဒါပေမယ့် ဘယ်လိုဆံကျစ်ပုံစံကိုပဲကျစ်ဖို့သင်ရွေးချယ်ထားသည်ဖြ
စ်စေ တင်းကျပ်အောင်မကျစ်မိဖို့တော့အရေးကြီးပါတယ်။
2.အုန်းဆီအစက်အနည်းငယ်ကိုလိမ်းပေးပါ။
သင့်ရဲ့ဆံဖျားကိုအုန်းဆီနဲ့ပွတ်လိမ်းပေးခြင်းဟာ ဆံသားကိုကောင်းမွန်စေပြီး အရောင်တောက်ပစေပါတယ်။ဒါပေမယ့် အုန်းဆီကိုအများကြီးအသုံးမပြုမိဖို့နဲ့ ဦးရေမှာမလိမ်းမိဖို့တော့လိုပါတယ်။
3.အိပ်ရာမဝင်ခင် ရှားစောင်းလက်ပတ်အစေးကိုအသုံးပြုပေးပါ။
ရှားစောင်းလက်ပတ်အစေးအနည်းငယ်နဲ့ရေကိုရောနေပြီး သင်ကိုယ်တိုင်ကြံဆဖန်တီးထားတဲ့ပေါင်းဆေးအနေဖြင့် ဘူးလွတ်တစ်ခုထဲမှာသေချာထည့်ထားပြီး အိပ်ရာမဝင်ခင်တိုင်းပွတ်လိမ်းပေးပါ။ရှားစောင်းလက်ပတ်ဟာ သင့်ရဲ့ခြောက်သွေ့နေတဲ့ဆံဖျားတွေကိုစိုပြေစေပြီး ဆံသားကောင်းမွန်စေပါတယ်။
4.ပိုးသားမွေ့ယာပေါ်အိပ်ဖို့စဉ်းစားကြည့်ပါ။
ပိုးသားမွေ့ယာပေါ်အိပ်ဖို့စဉ်းစားခိုင်းတာ တခြားအကြောင်းကြောင့်တော့မဟုတ်ပါဘူး။အခုကဆံပင်ပုံစံမယွင်းပဲနိုးထလာနိုင်ဖို့ ရှိရှိသမျှနည်းလမ်းတွေစုစည်းတင်ပြပေးနေချိန်ဆိုတော့ ဒီခေါင်းစဉ်လေးပါပါသွားတဲ့သဘောပါ။ညက်ညောတဲ့ပိုးသားမွေ့ယာပေါ်အိပ်ခြင်းဟာ ဆံပင်နဲ့ဆိုင်တဲ့ပြသနာတွေဖြစ်တဲ့ဆံသားကွဲထွက်ခြင်း၊ဆံဖျားပျက်စီးခြင်းအစရှိတာတွေကိုလျှော့ချပေးနိုင်ပါတယ်။သင့်ရဲ့ကောက်ကွေးနေတဲ့ဆံပင်ကိုတောင် အကောင်းဆုံးပုံသွင်းပေးနိုင်ပါတယ်။သင်ဒီစမ်းသပ်ချက်ကိုလုပ်ကြည့်ပါ။အဲကျမှသင်ရာနှုန်းပြည့်ထောက်ခံနိုင်မှာဖြစ်ပါတယ်။သင်မအိပ်ခင် သင့်ဆံပင်ကိုပိုးလည်စည်းနဲ့လွှမ်းခြုံပေးခြင်းအားဖြင့်လည်း သင့်မာတောင့်နေတဲ့ဆံပင်တွေကိုနူးညံ့ပျော့ပျောင်းစေမှာဖြစ်ပါတယ်။
5.Body Lotionလိမ်းပါ။
Body Lotionတစ်စက်ဟာ သင်အိပ်ပျော်နေစဉ်အတွင်း သင့်ဆံပင်ကိုအာဟာရဓာတ်ဖြည့်ပေးပါတယ်။ဒါကြောင့် lotionနဲ့သင့်ဆံပင်တစ်လျှောက်နှံ့အောင်လိမ်းပြီး အထူးသဖြင့်ဆံဖျားပိုင်းတွေမှာပွတ်လိမ်းပေးပါ။အဲသည်နောက် ခေါင်းဖြီးလိုက်ပါ။
6.ဆံထုံးထုံးပါ။
သင့်ဆံပင်ကရှည်နေတယ်ဆိုရင်တော့ ကျစ်ဆံမြီးအစား ဆံထုံးထုံးထားနိုင်ပါတယ်။ပထမဦးဆုံးလျော့ရဲတဲ့ပိုနီတေးအနေအထားလေးချည်ပြီး နောက်ဆံထုံးခပ့်မြင့်မြင့်ထုံးထားနိုင်ပါတယ်။အဲလိုဆိုရင် သင်မနက်နိုးလာချိန် ဆံပင်မာတောင့်နေခြင်းကင်းပြီး ဆံသားတောက်ပနေမှာဖြစ်ပါတယ်။
7.ကလေးတွေအတွက်သီးသန့်ထုတ်လုပ်ထားတဲ့ထုတ်ကုန်များအသုံးပြုပါ။
ကလေးတွေအတွက်သီးသန့်ထုတ်လုပ်ထားတဲ့ ဆီနဲ့ခေါင်းလျှော်ရည်တွေဟာသဘာဝနဲ့ညီညွတ်ပြီး လူကြီးတွေအတွက်ထုတ်လုပ်ထားတဲ့ထုတ်ကုန်တွေထက်နူးညံ့ပါတယ်။
အိပ်ရာနိုးလာတဲ့အခါမှာကလေးတစ်ယောက်လို သင်းပျံ့နူးညံ့တဲ့ဆံသားပိုင်ဆိုင်စေဖို့ ကလေးခေါင်းလျှော်ရည်နဲ့လျှော်ပြီး ဆီနဲ့အထူးသဖြင့်ဆံဖျားပိုင်းတွေမှာပွတ်လိမ်းပေးပါ။
ဖိုးသူတော် (www.phothutaw.com)
Credit: cantwait2say
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top