ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

မၾကာေသးမီက ျပဳလုပ္ခဲ့တဲ့ ေလ့လာေတြ႔ရွိမႈေတြမွာဆုိရင္ေတာ့ အရြယ္မတုိင္မီေစာၿပီး အပ်ိဳေဖာ္ဝင္ တဲ့ မိန္းကေလးေတြမွာ စိတ္ဓာတ္က်ျခင္းလကၡဏာေတြပုိမုိေတြ႕ရွိရတယ္လုိ႔ သိရပါတယ္။ အရြယ္မ တုိင္မီ ေစာစီးစြာ အပ်ိဳေဖာ္ဝင္လာတဲ့ မိန္းကေလးငယ္ေတြမွာဆုိုရင္ အျခားရြယ္တူ မိန္းကေလးငယ္ ေတြထက္ကုိ ပုိၿပီးေတာ့ စိတ္ဖိစီးမႈ၊ စိတ္ပုိင္းဆုိင္ရာက်ဆင္းမႈေတြ ခံစားရႏုိင္တယ္လုိ႔ ေလ့ လာေတြ႔ရွိ ခ်က္နဲ႔ ေဆးပညာမွတ္တမ္းေတြအရ ေဖာ္ျပထားပါတယ္။

ပ်မ္းမွ်အားျဖင့္ အသက္ ၁၂ ႏွစ္ အရြယ္မွစတင္ၿပီးေတာ့ ပထမဆံုးအႀကိမ္နဲ႔ အပ်ိဳေဖာ္ဝင္ ရာသီလာတတ္ၾကၿပီး အခ်ိဳ႕ေသာ မိန္းက ေလးငယ္ေတြမွာေတာ့ အသက္ ၈ ႏွစ္အရြယ္ ကစၿပီးေတာ့ အပ်ိဳေဖာ္ ဝင္ေလ့ရွိၾကတယ္လုိ႔ သိရပါ တယ္။ ဘာ့ေၾကာင့္ ဒီလုိမ်ိဳးျဖစ္ရတယ္ဆုိတဲ့ ရလဒ္အေျဖရွာေဖြျခင္း မွာေတာ့ ပင္ကုိယ္ဗီဇလကၡဏာနဲ႔ ပတ္ဝန္းက်င္အေျခ အေနေတြက ငယ္ရြယ္သူမိန္းကေလး ေတြအေပၚမွာ ေျပာင္းလဲသြားျခင္းေၾကာင့္ ျဖစ္တယ္လုိ႔ ေတြ႔ရွိခဲ့ ရပါ တယ္။

သူတုိ႔ေတြရဲ႕ စိတ္အာရံုခံစားမႈေတြနဲ႔ ေဟာ္မုန္းေတြက ငယ္ရြယ္သူေတြရဲ႕ စိတ္ခံစားမႈေတြကုိ ေျပာင္း လဲပစ္ႏုိင္ကာ အနီးအနားမွာရွိေနတဲ့ လူေတြရဲ႕အျမင္နဲ႔ ေျပာင္းလဲသြားတ့ဲဆက္ ဆံေရးေတြကလည္း စိတ္ဓာတ္က်ျခင္းေတြကုိ ျဖစ္ေစတယ္လုိ႔ သိရပါတယ္။ ဒါ့အျပင္ ကေလးတုန္းကလုိ မဟုတ္ဘဲ လူႀကီး တစ္ေယာက္လုိ ထိန္းထိန္းသိမ္းသိမ္းေနထုိင္လာရမယ့္ ခံစားမႈကုိသူတုိ႔ကုိ ႀကီးေလးတဲ့စိတ္ဆင္းရဲ ဒုကၡျဖစ္ေစကာ အျခားေသာ အခက္အခဲေတြျဖစ္ လာႏုိင္တာေၾကာင့္လည္း ျဖစ္ပါတယ္။

အပ်ိဳေဖာ္ဝင္သြားလုိ႔ သူတုိ႔ကုိယ္ သူတုိ႔ လူႀကီးတစ္ေယာက္ျဖစ္သြားၿပီဆုိတဲ့ အသိလက္ခံမႈနဲ႔ အသက္ ႀကီးသြားၿပီဆုိတဲ့ အသိက သူတုိ႔ကုိ စိတ္ေက်နပ္မႈမေပးႏုိင္ဘူးလုိ႔ သိရပါတယ္။ ေနာက္ၿပီး ေစာစီးစြာ အပ်ိဳေဖာ္ဝင္သြားတဲ့အတြက္မုိ႔လုိ႔လည္း ရုပ္ပုိင္းဆုိင္ရာေကာ၊ စိတ္ပုိင္း ဆုိင္ရာေကာ အေျပာင္းအလဲ ေတြကုိလည္း လက္မခံလုိပဲ အျခားရြယ္တူကေလးငယ္ေတြ လုိပဲ အပ်ိဳမျဖစ္ပဲ ကေလးဘာသာဘာဝ ေနခ်င္ေသးတယ္ဆုိတဲ့ ဆႏၵေတြလည္းရွိတာေၾကာင့္ စိတ္ ဖိစီးမႈေတြ ခံစားလာရတာပဲျဖစ္ပါတယ္။

Source: huffingtonpost

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
မကြာသေးမီက ပြုလုပ်ခဲ့တဲ့ လေ့လာတွေ့ရှိမှုတွေမှာဆိုရင်တော့ အရွယ်မတိုင်မီစောပြီး အပျိုဖော်ဝင် တဲ့ မိန်းကလေးတွေမှာ စိတ်ဓာတ်ကျခြင်းလက္ခဏာတွေပိုမိုတွေ့ရှိရတယ်လို့ သိရပါတယ်။ အရွယ်မ တိုင်မီ စောစီးစွာ အပျိုဖော်ဝင်လာတဲ့ မိန်းကလေးငယ်တွေမှာဆိုရင် အခြားရွယ်တူ မိန်းကလေးငယ် တွေထက်ကို ပိုပြီးတော့ စိတ်ဖိစီးမှု၊ စိတ်ပိုင်းဆိုင်ရာကျဆင်းမှုတွေ ခံစားရနိုင်တယ်လို့ လေ့ လာတွေ့ရှိ ချက်နဲ့ ဆေးပညာမှတ်တမ်းတွေအရ ဖော်ပြထားပါတယ်။

ပျမ်းမျှအားဖြင့် အသက် ၁၂ နှစ် အရွယ်မှစတင်ပြီးတော့ ပထမဆုံးအကြိမ်နဲ့ အပျိုဖော်ဝင် ရာသီလာတတ်ကြပြီး အချို့သော မိန်းက လေးငယ်တွေမှာတော့ အသက် ၈ နှစ်အရွယ် ကစပြီးတော့ အပျိုဖော် ဝင်လေ့ရှိကြတယ်လို့ သိရပါ တယ်။ ဘာ့ကြောင့် ဒီလိုမျိုးဖြစ်ရတယ်ဆိုတဲ့ ရလဒ်အဖြေရှာဖွေခြင်း မှာတော့ ပင်ကိုယ်ဗီဇလက္ခဏာနဲ့ ပတ်ဝန်းကျင်အခြေ အနေတွေက ငယ်ရွယ်သူမိန်းကလေး တွေအပေါ်မှာ ပြောင်းလဲသွားခြင်းကြောင့် ဖြစ်တယ်လို့ တွေ့ရှိခဲ့ ရပါ တယ်။

သူတို့တွေရဲ့ စိတ်အာရုံခံစားမှုတွေနဲ့ ဟော်မုန်းတွေက ငယ်ရွယ်သူတွေရဲ့ စိတ်ခံစားမှုတွေကို ပြောင်း လဲပစ်နိုင်ကာ အနီးအနားမှာရှိနေတဲ့ လူတွေရဲ့အမြင်နဲ့ ပြောင်းလဲသွားတဲ့ဆက် ဆံရေးတွေကလည်း စိတ်ဓာတ်ကျခြင်းတွေကို ဖြစ်စေတယ်လို့ သိရပါတယ်။ ဒါ့အပြင် ကလေးတုန်းကလို မဟုတ်ဘဲ လူကြီး တစ်ယောက်လို ထိန်းထိန်းသိမ်းသိမ်းနေထိုင်လာရမယ့် ခံစားမှုကိုသူတို့ကို ကြီးလေးတဲ့စိတ်ဆင်းရဲ ဒုက္ခဖြစ်စေကာ အခြားသော အခက်အခဲတွေဖြစ် လာနိုင်တာကြောင့်လည်း ဖြစ်ပါတယ်။

အပျိုဖော်ဝင်သွားလို့ သူတို့ကိုယ် သူတို့ လူကြီးတစ်ယောက်ဖြစ်သွားပြီဆိုတဲ့ အသိလက်ခံမှုနဲ့ အသက် ကြီးသွားပြီဆိုတဲ့ အသိက သူတို့ကို စိတ်ကျေနပ်မှုမပေးနိုင်ဘူးလို့ သိရပါတယ်။ နောက်ပြီး စောစီးစွာ အပျိုဖော်ဝင်သွားတဲ့အတွက်မို့လို့လည်း ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်း ဆိုင်ရာကော အပြောင်းအလဲ တွေကိုလည်း လက်မခံလိုပဲ အခြားရွယ်တူကလေးငယ်တွေ လိုပဲ အပျိုမဖြစ်ပဲ ကလေးဘာသာဘာဝ နေချင်သေးတယ်ဆိုတဲ့ ဆန္ဒတွေလည်းရှိတာကြောင့် စိတ် ဖိစီးမှုတွေ ခံစားလာရတာပဲဖြစ်ပါတယ်။

Source: huffingtonpost

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top