(၁၀) ၾကိမ္ေျမာက္ ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ၿခံေျမ အေရာင္းျပပဲြၾကီး
×

ZawGyiျဖင့္ဖတ္ရန္
ဘာသာေပါင္းစုံ ခ်စ္ၾကည္ေရး တည္ေဆာက္ေနဆဲ အခုလို ကာလမွာ ၿငိမ္းခ်မ္းေရးနဲ႔ သဟဇာတျဖစ္ေရးကို ဦးတည္တဲ့ စာအုပ္တအုပ္ အေၾကာင္း ၫႊန္းခ်င္ပါတယ္။ ေဒါက္တာ ျမင့္သိန္း (ၿငိမ္းခ်မ္းလုလင္) ရဲ႕ “ျပည္ေထာင္စုသား မြတ္စလင္မ်ား” စာအုပ္ ျဖစ္ပါတယ္။
၂၀၁၆ ခုႏွစ္ ၾသဂုတ္လက ထုတ္ေဝခဲ့တဲ့ ဒီစာအုပ္မွာ ျမန္မာႏိုင္ငံအတြင္း မွီတင္းေနထိုင္တဲ့ မြတ္စလင္ေတြနဲ႔ ပတ္သက္တဲ့ သမိုင္းေၾကာင္း၊ ႏိုင္ငံသားျဖစ္မႈ မျဖစ္မႈ၊ လြတ္လပ္ေရး ႀကိဳးပမ္းမႈေတြ၊ လက္ရွိအခ်ိန္မွာ ရင္ဆိုင္ေနရတဲ့ အခက္အခဲေတြကို အေထာက္အထား ျပည့္ျပည့္စုံစုံနဲ႔ တင္ျပထားပါတယ္။

ၿငိမ္းခ်မ္းလုလင္ရဲ႕ အမွာစာမွာ “တိုင္းျပည္ခ်စ္စိတ္ကို ဗဟိုျပဳ၍ ဒီမိုကေရစီ၊ ၿငိမ္းခ်မ္းေရးႏွင့္ ႏိုင္ငံဖြံ႕ၿဖိဳးေရး လုပ္ငန္းမ်ားတြင္ လူသားအရင္းအျမစ္မ်ားကို စနစ္တက် အသုံးခ်ႏိုင္ေရး၊ ကိုးကြယ္ရာ ဘာသာကို အေၾကာင္းျပဳ၍ ႏိုင္ငံသားတိုင္း မူလ ႏိုင္ငံသားအခြင့္အေရးမ်ား မဆုံးရႈံးေစေရး၊ ခြဲျခားဆက္ဆံမႈမ်ား ပေပ်ာက္ေရး၊ လူမ်ိဳးေပါင္းစုံ ဘာသာေပါင္းစုံ ၿငိမ္းခ်မ္းစြာ အတူယွဥ္တြဲေနထိုင္ေရး” စတဲ့ ရည္႐ြယ္ခ်က္ေတြနဲ႔ ေရးသားတယ္လို႔ ဆိုထားပါတယ္။

ဒီစာအုပ္မွာ အဓိက အခန္း (၈) ခန္းပါဝင္ၿပီး ေခတ္အလိုက္ ေနထိုင္လာခဲ့တဲ့ မြတ္စလင္ေတြ အေၾကာင္း ေရးသားထားတာ စိတ္ဝင္စားစရာပါ။ ေရွးျမန္မာမင္းမ်ား လက္ထက္ ၿဗိတိသွ်ကိုလိုနီေခတ္၊ လြတ္လပ္တဲ့ ျမန္မာႏိုင္ငံႏွင့္ ျမန္မာမြတ္စလင္တို႔၏ အခန္းက႑၊ ေတာ္လွန္ေရးေကာင္စီႏွင့္ လမ္းစဥ္ပါတီေခတ္၊ တပ္မေတာ္ အစိုးရေခတ္၊ အရပ္သားအစိုးရ လက္ထက္ မြတ္စလင္ေတြနဲ႔ ပတ္သက္တာေတြကို ေခတ္အလိုက္၊ ျဖစ္စဥ္ေတြ အလိုက္ ေရးသားထားပါတယ္။

ပုဂံေခတ္နဲ႔ ဆက္စပ္လို႔ “ပုဂံမင္း အနိ႐ုဒၶ (သို႔မဟုတ္) အေနာ္ရထာ (ေအဒီ ၁၄၄-၁၀၇၇) သည္ လူမ်ိဳး၊ ဘာသာမေ႐ြး၊ ပင္ကိုယ္ အရည္အခ်င္း ရွိက ထိုက္တန္စြာ သူေကာင္း ျပဳခ်ီးျမႇင့္ခဲ့ရာ က်န္စစ္သား၊ ငေထြး႐ူး၊ ငလုံးလက္ဖယ္ႏွင့္ ေညာင္ဦးဖီး ဟူ၍ ပုဂံသူရဲေကာင္း ၄ ဦး ရွိေနခဲ့သည္။ သထုံမွ ပုဂံသို႔ ေရာက္လာေသာ ဗ်တၱမွာ အာရပ္လူမ်ိဳးတဦး ျဖစ္ၿပီး ပင္ကိုယ္ အရည္အခ်င္းေၾကာင့္ ပုဂံ၏ ပၪၥမေျမာက္သူရဲေကာင္း “ေျချမန္ေတာ္” အျဖစ္ ခ်ီးျမႇင့္ျခင္း ခံခဲ့ရေၾကာင္း သမိုင္းပညာရွင္ ေဒါက္တာ ခင္ေမာင္ၫြန္႔က ေဖာ္ျပထားသည္” လို႔ စာမ်က္ႏွာ ၁၄ မွာ ေရးသားထားပါတယ္။

ၿမိတ္နဲ႔ တနသၤာရီ၊ မြန္ေဒသတို႔က မြတ္စလင္ေတြ၊ အေနာက္ဘက္လြန္မင္း ထက္ထက္၊ သာလြန္မင္း လက္ထက္၊ ပင္းတလဲမင္းနဲ႔ ျပည္မင္းလက္ထက္၊ အင္းဝဘုရင္ စေနမင္း လက္ထက္ မြတ္စလင္ေတြ၊ ရခိုင္ေဒသက မြတ္စလင္ေတြ အေလာင္းဘုရားလက္ထက္၊ ဘိုးေတာ္ဘုရားလက္ထက္၊ ဘႀကီးေတာ္မင္းလက္ထက္၊ သာယာဝတီမင္း လက္ထက္၊ ပုဂံမင္းလက္ထက္၊ မင္းတုန္းမင္းလက္ထက္၊ သီေပါမင္း လက္ထက္ အဆက္ဆက္ ေနထိုင္ခဲ့တဲ့ မြတ္စလင္ေတြရွိခဲ့ေၾကာင္း သမိုင္း အေထာက္အထားေတြနဲ႔ ေရးသားထားပါတယ္။

ရတနာပုံ မႏၲေလးၿမိဳ႕သစ္တည္ေဆာက္ရာမွာ မြတ္စလင္ေတြ ပါဝင္ခဲ့သလို မင္းတုန္းမင္းတရားႀကီးက ျမန္မာျပည္ ကေန အာေရဗ်ျပည္၊ မကၠာၿမိဳ႕ကို ဘုရားဖူးသြားၾကတဲ့ မြတ္စလင္ေတြ အတြက္ ေဒါင္းတံဆိပ္ခတ္ ျမန္မာဇရပ္ႀကီး လႉဒါန္းေပးခဲ့ၿပီး ၁၈၆၀ ခုႏွစ္ခန္႔မွာ ၿပီးစီးခဲ့ေၾကာင္း ေဖာ္ျပထားပါတယ္။ ျမန္မာႏိုင္ငံ အဂၤလိပ္လက္ေအာက္ က်ေရာက္ၿပီးေနာက္ လြတ္လပ္ေရးႀကိဳးပမ္းမႈမွာ မြတ္စလင္ေတြ ပါဝင္ခဲ့သလို ဆရာႀကီး ဦးရာဇာတ္ရဲ႕ အခန္းက႑ေတြ ကိုလည္း ေရးသားထားပါတယ္။

၁၉၂၀ ခုႏွစ္ ပထမေက်ာင္းသားသပိတ္ကို စတင္တဲ့ ေက်ာင္းသား ၁၁ ဦးမွာ ဦးဘရွင္ (သံတြဲ) ဟာ မြတ္စလင္ ျဖစ္တယ္ ဆိုတာ သိရပါတယ္။ ၉-၈-၄၁ ခုႏွစ္ ရက္စြဲနဲ႔ ထုတ္ျပန္ခဲ့တဲ့ ရန္ကုန္ၿမိဳ႕ အတြင္းဝန္မ်ား႐ုံး၊ ျမန္မာႏိုင္ငံေတာ္ တိုင္းျပည္ေရးရာ ျပန္ၾကားမႈဝန္ ေၾကညာခ်က္မွာ “၁၉၄၁ ခုႏွစ္သန္းေခါင္စာရင္းႏွင့္ အစီရင္ခံစာတြင္ “ေဇရဘာဒီ” ဆိုေသာ စကားအစား “ျမန္မာမြတ္စလင္” ဟူေသာ အမည္ကို အသုံးျပဳရန္ ဆုံးျဖတ္ၿပီးၿပီ ျဖစ္ေၾကာင္းႏွင့္ ေျပာျပေၾကာင္း” လို႔ ေဖာ္ျပထားပါတယ္။

ႏိုင္ငံေတာ္သမၼတ ေဒါက္တာဘဦးရဲ႕ သဝဏ္လႊာ (၂၈-၁၂-၁၉၅၆) မွာ “ျပည္ေထာင္စု အတြင္း မွီတင္း ေနထိုင္ၾကေသာ အစၥလမ္ဘာသာဝင္ အေပါင္းတို႔သည္ အမွန္စင္စစ္ တိုင္းရင္းသားမ်ား ျဖစ္ေပသည္” လို႔ ပါရွိပါတယ္။ ၁၉၈၃ ခုႏွစ္မွာေတာ့ ဖဆလအစိုးရက မြတ္စလင္နဲ႔ ဆက္စပ္ေနတဲ့ လူမ်ိဳး ၉ ခုကို ပယ္ဖ်က္ခဲ့ၿပီး တိုင္းရင္းသား ၁၃၅ မ်ိဳးလို႔ သတ္မွတ္ခဲ့တဲ့အခ်က္ဟာ စိတ္ဝင္စားစရာပါ။

၁၉၈၈ ခုႏွစ္ စက္တင္ဘာလမွာ စစ္တပ္က အာဏာသိမ္းယူခဲ့ၿပီးတဲ့ေနာက္ မြတ္စလင္ေတြဟာ မွတ္ပုံတင္ျပဳလုပ္ရာမွာ လူမ်ိဳးေနရာမွာ “ဗမာ” လို႔ ထည့္သြင္းခြင့္ကို ျငင္းပယ္ခံခဲ့ရတာကို ဆက္လက္ ေဖာ္ျပထားပါတယ္။ မိဘႏွစ္ပါးစလုံးက ႏိုင္ငံသားေတြျဖစ္ေပမယ့္၊ အစၥလာမ္ဘာသာ ကိုးကြယ္သူျဖစ္တာနဲ႔ မွတ္ပုံတင္ရဖို႔ ခဲယဥ္းတာေတြ ရွိလာတယ္လို႔ ဆိုထားပါတယ္။ ဒါေၾကာင့္ ၂၀၁၄ ခုႏွစ္ တႏိုင္ငံလုံး အတိုင္းအတာနဲ႔ ေကာက္ယူခဲ့တဲ့ သန္းေခါင္စာရင္းမွာ မြတ္စလင္ေတြက လူမ်ိဳးေနရာမွာ “ပသီ” လို႔ ျဖည့္ခဲ့တာ ျဖစ္ေၾကာင္း ရွင္းလင္းထားပါတယ္။

ဒီေနရာမွာ ေစာဒက တက္စရာရွိတာက ႏိုင္ငံတြင္းက မြတ္စလင္ေတြ တိုင္းရင္းသား ျဖစ္၊ မျဖစ္ ဆိုတဲ့ကိစၥပါ။ ၁၉၈၂ ခုႏွစ္ ျမန္မာႏိုင္ငံသား ဥပေဒပုဒ္မ ၃ မွာ “ႏိုင္ငံေတာ္တြင္ ပါဝင္ေနေသာ နယ္ေျမတခုခု၌ ျမန္မာသကၠရာဇ္ ၁၁၈၅ ခုႏွစ္၊ ခရစ္သကၠရာဇ္ ၁၈၂၃ ခုႏွစ္ မတိုင္မီကာလမွစ၍ ပင္ရင္းႏိုင္ငံအျဖစ္ အၿမဲေနထိုင္ခဲ့ေသာ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ ဗမာ၊ မြန္၊ ရခိုင္၊ ရွမ္း စသည့္ တိုင္းရင္းသားမ်ားႏွင့္ မ်ိဳးႏြယ္စုမ်ားသည္ ျမန္မာႏိုင္ငံသားျဖစ္သည္” လို႔ ေဖာ္ျပထားတာ ပါ။

အစၥလမ္ ဘာသာကို ကိုးကြယ္ၾကတဲ့ ပသီ၊ ေျမဒူး၊ ဗမာမြတ္စလင္၊ ပန္းေသး၊ ကမန္၊ ကသည္း လူမ်ိဳးေတြဟာ ၁၈၂၃ ခုႏွစ္ (အဂၤလိပ္- ျမန္မာပထမစစ္ပြဲ) မတိုင္မီကတည္းက ျမန္မာႏိုင္ငံမွာ ေနထိုင္ခဲ့တဲ့ သမိုင္းအေထာက္ အထားေတြ ရွိခဲ့တာကို စာေရးသူက ေထာက္ျပထားပါတယ္။ မွတ္ပုံတင္ျပဳလုပ္ရာမွာ “ေသြးေႏွာ” လို႔ ေရးသြင္းခံေနရတာက မူလအခြင့္အေရး ဆုံးရႈံးေနေၾကာင္း ေျပာထားပါတယ္။

ကုလသမဂၢ ပညာေရး၊ သိပၸံႏွင့္ ယဥ္ေက်းမႈအဖြဲ႕ (ယူနက္စကို) က ကမာၻေပၚက လူမ်ိဳးတိုင္းမွာ ေသြးသန္႔ (Pure Blood) လို႔ မရွိေတာ့ဘဲ ရွိသမွ် လူမ်ိဳးေတြဟာ ေသြးေႏွာ (Mixed Blood) သာ ျဖစ္ေၾကာင္း ေၾကညာထားတယ္ လို႔ ဆိုပါတယ္။

ပုဂံေခတ္ကေန ဒီကေန႔ အခ်ိန္အထိ ျပည္ေထာင္စုတြင္းမွာ ေနထိုင္ၾကတဲ့ အစၥလမ္ ဘာသာဝင္ေတြဟာ ၿငိမ္းခ်မ္းေရးကို လိုလားၿပီး လြတ္လပ္ေရး ႀကိဳးပမ္းမႈကာလမွာ လက္တြဲပါဝင္ခဲ့တာျဖစ္တယ္၊ အၾကမ္းဖက္ဝါဒကို အစၥလမ္က အားမေပးဘူးဆိုတဲ့ အခ်က္ကို ဒီစာအုပ္မွာ ေဖာ္ျပထားပါတယ္။ ျပည္ေထာင္စုသား မြတ္စလင္ေတြနဲ႔ ခိုးဝင္လာ သူေတြကို သတ္သတ္စီ ျမင္ေစလိုတဲ့ စာေရးသူရဲ႕ ေစတနာကို သတိျပဳမိ ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

Unicodeဖြင့်ဖတ်ရန်

# Unicode Version ျဖင့္ ဖတ္ပါ #
ZawGyiဖြင့်ဖတ်ရန်
ဘာသာပေါင်းစုံ ချစ်ကြည်ရေး တည်ဆောက်နေဆဲ အခုလို ကာလမှာ ငြိမ်းချမ်းရေးနဲ့ သဟဇာတဖြစ်ရေးကို ဦးတည်တဲ့ စာအုပ်တအုပ် အကြောင်း ညွှန်းချင်ပါတယ်။ ဒေါက်တာ မြင့်သိန်း (ငြိမ်းချမ်းလုလင်) ရဲ့ “ပြည်ထောင်စုသား မွတ်စလင်များ” စာအုပ် ဖြစ်ပါတယ်။
၂၀၁၆ ခုနှစ် သြဂုတ်လက ထုတ်ဝေခဲ့တဲ့ ဒီစာအုပ်မှာ မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်တဲ့ မွတ်စလင်တွေနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်း၊ နိုင်ငံသားဖြစ်မှု မဖြစ်မှု၊ လွတ်လပ်ရေး ကြိုးပမ်းမှုတွေ၊ လက်ရှိအချိန်မှာ ရင်ဆိုင်နေရတဲ့ အခက်အခဲတွေကို အထောက်အထား ပြည့်ပြည့်စုံစုံနဲ့ တင်ပြထားပါတယ်။

ငြိမ်းချမ်းလုလင်ရဲ့ အမှာစာမှာ “တိုင်းပြည်ချစ်စိတ်ကို ဗဟိုပြု၍ ဒီမိုကရေစီ၊ ငြိမ်းချမ်းရေးနှင့် နိုင်ငံဖွံ့ဖြိုးရေး လုပ်ငန်းများတွင် လူသားအရင်းအမြစ်များကို စနစ်တကျ အသုံးချနိုင်ရေး၊ ကိုးကွယ်ရာ ဘာသာကို အကြောင်းပြု၍ နိုင်ငံသားတိုင်း မူလ နိုင်ငံသားအခွင့်အရေးများ မဆုံးရှုံးစေရေး၊ ခွဲခြားဆက်ဆံမှုများ ပပျောက်ရေး၊ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး” စတဲ့ ရည်ရွယ်ချက်တွေနဲ့ ရေးသားတယ်လို့ ဆိုထားပါတယ်။

ဒီစာအုပ်မှာ အဓိက အခန်း (၈) ခန်းပါဝင်ပြီး ခေတ်အလိုက် နေထိုင်လာခဲ့တဲ့ မွတ်စလင်တွေ အကြောင်း ရေးသားထားတာ စိတ်ဝင်စားစရာပါ။ ရှေးမြန်မာမင်းများ လက်ထက် ဗြိတိသျှကိုလိုနီခေတ်၊ လွတ်လပ်တဲ့ မြန်မာနိုင်ငံနှင့် မြန်မာမွတ်စလင်တို့၏ အခန်းကဏ္ဍ၊ တော်လှန်ရေးကောင်စီနှင့် လမ်းစဉ်ပါတီခေတ်၊ တပ်မတော် အစိုးရခေတ်၊ အရပ်သားအစိုးရ လက်ထက် မွတ်စလင်တွေနဲ့ ပတ်သက်တာတွေကို ခေတ်အလိုက်၊ ဖြစ်စဉ်တွေ အလိုက် ရေးသားထားပါတယ်။

ပုဂံခေတ်နဲ့ ဆက်စပ်လို့ “ပုဂံမင်း အနိရုဒ္ဓ (သို့မဟုတ်) အနော်ရထာ (အေဒီ ၁၄၄-၁၀၇၇) သည် လူမျိုး၊ ဘာသာမရွေး၊ ပင်ကိုယ် အရည်အချင်း ရှိက ထိုက်တန်စွာ သူကောင်း ပြုချီးမြှင့်ခဲ့ရာ ကျန်စစ်သား၊ ငထွေးရူး၊ ငလုံးလက်ဖယ်နှင့် ညောင်ဦးဖီး ဟူ၍ ပုဂံသူရဲကောင်း ၄ ဦး ရှိနေခဲ့သည်။ သထုံမှ ပုဂံသို့ ရောက်လာသော ဗျတ္တမှာ အာရပ်လူမျိုးတဦး ဖြစ်ပြီး ပင်ကိုယ် အရည်အချင်းကြောင့် ပုဂံ၏ ပဉ္စမမြောက်သူရဲကောင်း “ခြေမြန်တော်” အဖြစ် ချီးမြှင့်ခြင်း ခံခဲ့ရကြောင်း သမိုင်းပညာရှင် ဒေါက်တာ ခင်မောင်ညွန့်က ဖော်ပြထားသည်” လို့ စာမျက်နှာ ၁၄ မှာ ရေးသားထားပါတယ်။

မြိတ်နဲ့ တနင်္သာရီ၊ မွန်ဒေသတို့က မွတ်စလင်တွေ၊ အနောက်ဘက်လွန်မင်း ထက်ထက်၊ သာလွန်မင်း လက်ထက်၊ ပင်းတလဲမင်းနဲ့ ပြည်မင်းလက်ထက်၊ အင်းဝဘုရင် စနေမင်း လက်ထက် မွတ်စလင်တွေ၊ ရခိုင်ဒေသက မွတ်စလင်တွေ အလောင်းဘုရားလက်ထက်၊ ဘိုးတော်ဘုရားလက်ထက်၊ ဘကြီးတော်မင်းလက်ထက်၊ သာယာဝတီမင်း လက်ထက်၊ ပုဂံမင်းလက်ထက်၊ မင်းတုန်းမင်းလက်ထက်၊ သီပေါမင်း လက်ထက် အဆက်ဆက် နေထိုင်ခဲ့တဲ့ မွတ်စလင်တွေရှိခဲ့ကြောင်း သမိုင်း အထောက်အထားတွေနဲ့ ရေးသားထားပါတယ်။

ရတနာပုံ မန္တလေးမြို့သစ်တည်ဆောက်ရာမှာ မွတ်စလင်တွေ ပါဝင်ခဲ့သလို မင်းတုန်းမင်းတရားကြီးက မြန်မာပြည် ကနေ အာရေဗျပြည်၊ မက္ကာမြို့ကို ဘုရားဖူးသွားကြတဲ့ မွတ်စလင်တွေ အတွက် ဒေါင်းတံဆိပ်ခတ် မြန်မာဇရပ်ကြီး လှူဒါန်းပေးခဲ့ပြီး ၁၈၆၀ ခုနှစ်ခန့်မှာ ပြီးစီးခဲ့ကြောင်း ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် ကျရောက်ပြီးနောက် လွတ်လပ်ရေးကြိုးပမ်းမှုမှာ မွတ်စလင်တွေ ပါဝင်ခဲ့သလို ဆရာကြီး ဦးရာဇာတ်ရဲ့ အခန်းကဏ္ဍတွေ ကိုလည်း ရေးသားထားပါတယ်။

၁၉၂၀ ခုနှစ် ပထမကျောင်းသားသပိတ်ကို စတင်တဲ့ ကျောင်းသား ၁၁ ဦးမှာ ဦးဘရှင် (သံတွဲ) ဟာ မွတ်စလင် ဖြစ်တယ် ဆိုတာ သိရပါတယ်။ ၉-၈-၄၁ ခုနှစ် ရက်စွဲနဲ့ ထုတ်ပြန်ခဲ့တဲ့ ရန်ကုန်မြို့ အတွင်းဝန်များရုံး၊ မြန်မာနိုင်ငံတော် တိုင်းပြည်ရေးရာ ပြန်ကြားမှုဝန် ကြေညာချက်မှာ “၁၉၄၁ ခုနှစ်သန်းခေါင်စာရင်းနှင့် အစီရင်ခံစာတွင် “ဇေရဘာဒီ” ဆိုသော စကားအစား “မြန်မာမွတ်စလင်” ဟူသော အမည်ကို အသုံးပြုရန် ဆုံးဖြတ်ပြီးပြီ ဖြစ်ကြောင်းနှင့် ပြောပြကြောင်း” လို့ ဖော်ပြထားပါတယ်။

နိုင်ငံတော်သမ္မတ ဒေါက်တာဘဦးရဲ့ သဝဏ်လွှာ (၂၈-၁၂-၁၉၅၆) မှာ “ပြည်ထောင်စု အတွင်း မှီတင်း နေထိုင်ကြသော အစ္စလမ်ဘာသာဝင် အပေါင်းတို့သည် အမှန်စင်စစ် တိုင်းရင်းသားများ ဖြစ်ပေသည်” လို့ ပါရှိပါတယ်။ ၁၉၈၃ ခုနှစ်မှာတော့ ဖဆလအစိုးရက မွတ်စလင်နဲ့ ဆက်စပ်နေတဲ့ လူမျိုး ၉ ခုကို ပယ်ဖျက်ခဲ့ပြီး တိုင်းရင်းသား ၁၃၅ မျိုးလို့ သတ်မှတ်ခဲ့တဲ့အချက်ဟာ စိတ်ဝင်စားစရာပါ။

၁၉၈၈ ခုနှစ် စက်တင်ဘာလမှာ စစ်တပ်က အာဏာသိမ်းယူခဲ့ပြီးတဲ့နောက် မွတ်စလင်တွေဟာ မှတ်ပုံတင်ပြုလုပ်ရာမှာ လူမျိုးနေရာမှာ “ဗမာ” လို့ ထည့်သွင်းခွင့်ကို ငြင်းပယ်ခံခဲ့ရတာကို ဆက်လက် ဖော်ပြထားပါတယ်။ မိဘနှစ်ပါးစလုံးက နိုင်ငံသားတွေဖြစ်ပေမယ့်၊ အစ္စလာမ်ဘာသာ ကိုးကွယ်သူဖြစ်တာနဲ့ မှတ်ပုံတင်ရဖို့ ခဲယဉ်းတာတွေ ရှိလာတယ်လို့ ဆိုထားပါတယ်။ ဒါကြောင့် ၂၀၁၄ ခုနှစ် တနိုင်ငံလုံး အတိုင်းအတာနဲ့ ကောက်ယူခဲ့တဲ့ သန်းခေါင်စာရင်းမှာ မွတ်စလင်တွေက လူမျိုးနေရာမှာ “ပသီ” လို့ ဖြည့်ခဲ့တာ ဖြစ်ကြောင်း ရှင်းလင်းထားပါတယ်။

ဒီနေရာမှာ စောဒက တက်စရာရှိတာက နိုင်ငံတွင်းက မွတ်စလင်တွေ တိုင်းရင်းသား ဖြစ်၊ မဖြစ် ဆိုတဲ့ကိစ္စပါ။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၃ မှာ “နိုင်ငံတော်တွင် ပါဝင်နေသော နယ်မြေတခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်၊ ခရစ်သက္ကရာဇ် ၁၈၂၃ ခုနှစ် မတိုင်မီကာလမှစ၍ ပင်ရင်းနိုင်ငံအဖြစ် အမြဲနေထိုင်ခဲ့သော ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည့် တိုင်းရင်းသားများနှင့် မျိုးနွယ်စုများသည် မြန်မာနိုင်ငံသားဖြစ်သည်” လို့ ဖော်ပြထားတာ ပါ။

အစ္စလမ် ဘာသာကို ကိုးကွယ်ကြတဲ့ ပသီ၊ မြေဒူး၊ ဗမာမွတ်စလင်၊ ပန်းသေး၊ ကမန်၊ ကသည်း လူမျိုးတွေဟာ ၁၈၂၃ ခုနှစ် (အင်္ဂလိပ်- မြန်မာပထမစစ်ပွဲ) မတိုင်မီကတည်းက မြန်မာနိုင်ငံမှာ နေထိုင်ခဲ့တဲ့ သမိုင်းအထောက် အထားတွေ ရှိခဲ့တာကို စာရေးသူက ထောက်ပြထားပါတယ်။ မှတ်ပုံတင်ပြုလုပ်ရာမှာ “သွေးနှော” လို့ ရေးသွင်းခံနေရတာက မူလအခွင့်အရေး ဆုံးရှုံးနေကြောင်း ပြောထားပါတယ်။

ကုလသမဂ္ဂ ပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) က ကမ္ဘာပေါ်က လူမျိုးတိုင်းမှာ သွေးသန့် (Pure Blood) လို့ မရှိတော့ဘဲ ရှိသမျှ လူမျိုးတွေဟာ သွေးနှော (Mixed Blood) သာ ဖြစ်ကြောင်း ကြေညာထားတယ် လို့ ဆိုပါတယ်။

ပုဂံခေတ်ကနေ ဒီကနေ့ အချိန်အထိ ပြည်ထောင်စုတွင်းမှာ နေထိုင်ကြတဲ့ အစ္စလမ် ဘာသာဝင်တွေဟာ ငြိမ်းချမ်းရေးကို လိုလားပြီး လွတ်လပ်ရေး ကြိုးပမ်းမှုကာလမှာ လက်တွဲပါဝင်ခဲ့တာဖြစ်တယ်၊ အကြမ်းဖက်ဝါဒကို အစ္စလမ်က အားမပေးဘူးဆိုတဲ့ အချက်ကို ဒီစာအုပ်မှာ ဖော်ပြထားပါတယ်။ ပြည်ထောင်စုသား မွတ်စလင်တွေနဲ့ ခိုးဝင်လာ သူတွေကို သတ်သတ်စီ မြင်စေလိုတဲ့ စာရေးသူရဲ့ စေတနာကို သတိပြုမိ ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin

Unicodeဖွင့ျဖတျရနျ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top