AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

ဗီလိန္ဇာတ္႐ုပ္ကို စိတ္ ဝင္စားသလို ပရိသတ္အတြက္ အျမင္ဆန္းေစလိုေသာေၾကာင့္ မၾကာမီ႐ံုတင္မည့္ ‘သံုးေရာင္ ျခယ္’ ႐ုပ္ရွင္ဇာတ္ကားတြင္ ဗီလိန္ဇာတ္႐ုပ္ျဖင့္ သ႐ုပ္ေဆာင္ထား ေၾကာင္း မင္းေမာ္ကြန္းက ေျပာ သည္။

‘‘အဓိကကေတာ့ အေျပာင္းအလဲျဖစ္ခ်င္တာရယ္၊ သိပ္ၿပီး လုပ္ေလ့လုပ္ထမရွိတဲ့ ဇာတ္႐ုပ္ေလး ေတြစံုေအာင္ လုပ္ခ်င္တာေၾကာင့္ လုပ္ျဖစ္တာပါ။ အရင္က Vent (ဗီလိန္)အေနနဲ႔ မ႐ိုက္ဖူးပါဘူး။ ဒီကားက ပထမဆံုးျဖစ္ပါလိမ့္ မယ္’’ဟု ၎က ေျပာသည္။

‘သံုးေရာင္ျခယ္’ ဇာတ္ကား တြင္ မင္းေမာ္ကြန္းက မိန္းကေလး မ်ားကို နယ္စပ္သို႔ပို႔၍ မေကာင္း မႈျပဳလုပ္ရန္ ေစခုိင္းသူတစ္ဦးအ ျဖစ္ ပါဝင္သ႐ုပ္ေဆာင္ထား သည္။

‘‘စိန္ေခၚမႈကေတာ့ ရွိပါလိမ့္ မယ္။ ကြၽန္ေတာ္ကေတာ့ ကြၽန္ ေတာ့္ကိုယ္၊ ကြၽန္ေတာ့္အတြက္ ဆုိတာထက္ ဇာတ္အတြက္ အား ျဖည့္တဲ့သေဘာပါ’’ဟု ‘သံုးေရာင္ ျခယ္’႐ုပ္ရွင္ႏွင့္ပတ္သက္၍ ေျပာ သည္။

ယင္းဇာတ္ကားတြင္ ခန္႔စည္သူ၊ မင္းေမာ္ကြန္း၊ ေနမ်ိဳးေအာင္၊ အိေခ်ာပိုႏွင့္ ေရႊသမီးတုိ႔က အဓိ ကပါဝင္သ႐ုပ္ေဆာင္ထားၿပီး ဇန္နဝါရီ ၁၂ ရက္တြင္ စတင္႐ံု တင္ျပသမည္ျဖစ္သည္။

‘‘တခ်ိဳ႕ေနရာေတြမွာ ပရိ သတ္အားေပးတဲ့ ဇာတ္ကားေတြ ကို ထုတ္လုပ္သူေတြ ေတာ္ေတာ္ မ်ားမ်ားက ႐ိုက္ကူးတဲ့အေပၚမွာ ကြၽန္ေတာ္တုိ႔က အဲဒီဇာတ္ေတြကို လက္မခံဘဲ ေတာင့္ခံဖို႔ဆုိတာ ေတာ္ေတာ္ေလး ခက္ခဲပါတယ္။ ပရိသတ္နဲ႔ အဆက္အသြယ္ျပတ္ တဲ့အပိုင္းေတြလည္း ေရာက္လာ ပါတယ္။ အဲဒီလိုေၾကာင့္လည္း ၾကားထဲမွာ ၂ ႏွစ္၊ သံုးႏွစ္ေလာက္ လံုးဝမ႐ိုက္ဘဲ နားခဲ့ဖူးပါတယ္။ ဒါေပမဲ့ ျပန္႐ိုက္တဲ့အခ်ိန္မွာ အဲဒီ လိုဇာတ္လမ္းေတြကို သံုးကားကို တစ္ကားေလာက္ေတာ့ ႐ိုက္ခဲ့ရ တယ္။ ၂၀၁၈ ကေနစၿပီးေတာ့ ကြၽန္ေတာ့္အႏုပညာကို ပရိသတ္ ကို ပိုၿပီးသစၥာေစာင့္သိဖို႔ ႀကိဳးစား ပါေတာ့မယ္’’ဟု မင္းေမာ္ကြန္းက ဇာတ္ကားေရြးခ်ယ္ ႐ိုက္ကူးမႈ မ်ားႏွင့္ပတ္သက္​၍ ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
ဗီလိန်ဇာတ်ရုပ်ကို စိတ် ဝင်စားသလို ပရိသတ်အတွက် အမြင်ဆန်းစေလိုသောကြောင့် မကြာမီရုံတင်မည့် ‘သုံးရောင် ခြယ်’ ရုပ်ရှင်ဇာတ်ကားတွင် ဗီလိန်ဇာတ်ရုပ်ဖြင့် သရုပ်ဆောင်ထား ကြောင်း မင်းမော်ကွန်းက ပြော သည်။

‘‘အဓိကကတော့ အပြောင်းအလဲဖြစ်ချင်တာရယ်၊ သိပ်ပြီး လုပ်လေ့လုပ်ထမရှိတဲ့ ဇာတ်ရုပ်လေး တွေစုံအောင် လုပ်ချင်တာကြောင့် လုပ်ဖြစ်တာပါ။ အရင်က Vent (ဗီလိန်)အနေနဲ့ မရိုက်ဖူးပါဘူး။ ဒီကားက ပထမဆုံးဖြစ်ပါလိမ့် မယ်’’ဟု ၎င်းက ပြောသည်။

‘သုံးရောင်ခြယ်’ ဇာတ်ကား တွင် မင်းမော်ကွန်းက မိန်းကလေး များကို နယ်စပ်သို့ပို့၍ မကောင်း မှုပြုလုပ်ရန် စေခိုင်းသူတစ်ဦးအ ဖြစ် ပါဝင်သရုပ်ဆောင်ထား သည်။

‘‘စိန်ခေါ်မှုကတော့ ရှိပါလိမ့် မယ်။ ကျွန်တော်ကတော့ ကျွန် တော့်ကိုယ်၊ ကျွန်တော့်အတွက် ဆိုတာထက် ဇာတ်အတွက် အား ဖြည့်တဲ့သဘောပါ’’ဟု ‘သုံးရောင် ခြယ်’ရုပ်ရှင်နှင့်ပတ်သက်၍ ပြော သည်။

ယင်းဇာတ်ကားတွင် ခန့်စည်သူ၊ မင်းမော်ကွန်း၊ နေမျိုးအောင်၊ အိချောပိုနှင့် ရွှေသမီးတို့က အဓိ ကပါဝင်သရုပ်ဆောင်ထားပြီး ဇန်နဝါရီ ၁၂ ရက်တွင် စတင်ရုံ တင်ပြသမည်ဖြစ်သည်။

‘‘တချို့နေရာတွေမှာ ပရိ သတ်အားပေးတဲ့ ဇာတ်ကားတွေ ကို ထုတ်လုပ်သူတွေ တော်တော် များများက ရိုက်ကူးတဲ့အပေါ်မှာ ကျွန်တော်တို့က အဲဒီဇာတ်တွေကို လက်မခံဘဲ တောင့်ခံဖို့ဆိုတာ တော်တော်လေး ခက်ခဲပါတယ်။ ပရိသတ်နဲ့ အဆက်အသွယ်ပြတ် တဲ့အပိုင်းတွေလည်း ရောက်လာ ပါတယ်။ အဲဒီလိုကြောင့်လည်း ကြားထဲမှာ ၂ နှစ်၊ သုံးနှစ်လောက် လုံးဝမရိုက်ဘဲ နားခဲ့ဖူးပါတယ်။ ဒါပေမဲ့ ပြန်ရိုက်တဲ့အချိန်မှာ အဲဒီ လိုဇာတ်လမ်းတွေကို သုံးကားကို တစ်ကားလောက်တော့ ရိုက်ခဲ့ရ တယ်။ ၂၀၁၈ ကနေစပြီးတော့ ကျွန်တော့်အနုပညာကို ပရိသတ် ကို ပိုပြီးသစ္စာစောင့်သိဖို့ ကြိုးစား ပါတော့မယ်’’ဟု မင်းမော်ကွန်းက ဇာတ်ကားရွေးချယ် ရိုက်ကူးမှု များနှင့်ပတ်သက်၍ ပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top