မႏၱေလးၿမိဳ ႔တြင္က်င္းပမည့္ ျမန္မာႏိုင္ငံ၏အႀကီးဆံုး အိမ္ၿခံေျမႏွင့္ လူသံုးကုန္ပစၥည္း အေရာင္းျပပြဲႀကီး
×

စာေမးပြဲ လို႔ ေျပာလိုက္တာနဲ႔ ေက်ာင္းသားအမ်ားစုရဲ႕ အေၾကာက္ရဆုံး အိမ္မက္ဆိုးတစ္ခုဆိုတာ အားလုံးလက္ခံၾကမွာပါ။ စာေမးပြဲ ေအာင္ဖို႔ ႀကိဳးစားရင္းနဲ႔ ေျခေခ်ာ္လက္ေခ်ာ္ျဖစ္ၿပီး စာေမးပြဲ က်သြားတဲ့အခါမွာ စိတ္ဓါတ္ က်ဆင္းသြားတာမ်ိဳးေတြကလည္း အၿမဲတမ္းျဖစ္တတ္ပါတယ္။ ဒီလိုမ်ိဳးမျဖစ္ရေအာင္ အမွတ္ေခ်း တဲ့ ဘဏ္ ထြက္ေပၚလို႔လာခဲ့ပါၿပီ။

ဒီ စနစ္ ကို က်င့္သုံးေနတာကေတာ့ တ႐ုတ္ႏိုင္ငံ Nanjing ေဒသ က ေက်ာင္းတစ္ေက်ာင္းမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ၂၀၁၆ခုႏွစ္ ႏိုဝင္ဘာလေလာက္က စတင္က်င့္သုံးခဲ့တဲ့ ဒီ စနစ္ မွာ ေက်ာင္းသား အေနနဲ႔ လပတ္ စာေပးပြဲ ျဖစ္ျဖစ္ လဝက္ စာေမးပြဲ ျဖစ္ျဖစ္ တစ္ဘာသာေလာက္ က်ရႈံးသြားမယ္ဆို ေအာင္မွတ္ အထိရေအာင္ အမွတ္ကိုေခ်းငွားႏိုင္ခြင့္ ထည့္သြင္းေပးထားတာျဖစ္ပါတယ္။

ေက်ာင္းသား ေတြအတြက္ ေတာ္ေတာ္ေလးကို ေရသာခိုႏိုင္မယ့္ စနစ္ လို႔ သင္ထင္သြားၿပီလား။ ဒါဆိုသင့္ အထင္က လုံးဝမွားသြားပါၿပီ။ ဘာေၾကာင့္လဲဆိုေတာ့ စာေမးပြဲ ေအာင္ဖို႔ အမွတ္ေခ်း ယူထားတယ္ဆိုရင္ ေခ်းယူ ထားတဲ့အမွတ္ အတိုင္း ေနာက္လာမယ့္ စာေမးပြဲ ေတြမွာ ျပန္လည္ဆပ္ရမွာျဖစ္ပါတယ္။ ဒါေၾကာင့္ အမွတ္ေခ်းၿပီးသား ေက်ာင္းသား တိုင္းဟာ ေနာက္စာေမးပြဲ ေတြမွာ မျဖစ္မေနႀကိဳးစားရေတာ့မွာ ျဖစ္ပါတယ္။

စိတ္ကူးေလးက အရမ္းေကာင္းတယ္လို႔ဆိုရမွာပါ။ ဒီ စနစ္ ဟာ တစ္ႀကိမ္တစ္ခါ က်ရႈံးသြားခဲ့တဲ့ ေက်ာင္းသား ေတြကို ေနာက္ထပ္ အခြင့္အေရး တစ္ခု ထပ္ေပးခဲ့တာျဖစ္ၿပီး ဒီအခြင့္အေရးမွာ မျဖစ္မေနႀကိဳးစားရေတာ့မယ့္ဆိုတဲ့ တြန္းအားေလးပါေနတာေၾကာင့္ စာေမးပြဲ ရလဒ္ ကို ပိုထိေရာက္ေစႏိုင္ပါတယ္။

တခ်ိဳ႕ေက်ာင္းသား မ်ားကလည္း ႏွစ္ဝက္ စာေမးပြဲ မွာ ေျခေခ်ာ္လက္ေခ်ာ္ျဖစ္ခဲ့လို႔ အမွတ္ေခ်း ရမယ္ဆိုရင္ ေနာက္ႏွစ္ဝက္မွာ စာကိုႏွစ္ဆေလာက္ရမွာဆိုးတာေၾကာင့္ ႏွစ္စကတည္းက စာ လုပ္ခ်င္စိတ္ ဝင္ေအာင္ ႐ိုက္သြင္းၿပီးသားလည္း ျဖစ္ေစပါတယ္ခင္ဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: htoo

# Unicode Version ျဖင့္ ဖတ္ပါ #
စာမေးပွဲ လို့ ပြောလိုက်တာနဲ့ ကျောင်းသားအများစုရဲ့ အကြောက်ရဆုံး အိမ်မက်ဆိုးတစ်ခုဆိုတာ အားလုံးလက်ခံကြမှာပါ။ စာမေးပွဲ အောင်ဖို့ ကြိုးစားရင်းနဲ့ ခြေချော်လက်ချော်ဖြစ်ပြီး စာမေးပွဲ ကျသွားတဲ့အခါမှာ စိတ်ဓါတ် ကျဆင်းသွားတာမျိုးတွေကလည်း အမြဲတမ်းဖြစ်တတ်ပါတယ်။ ဒီလိုမျိုးမဖြစ်ရအောင် အမှတ်ချေး တဲ့ ဘဏ် ထွက်ပေါ်လို့လာခဲ့ပါပြီ။

ဒီ စနစ် ကို ကျင့်သုံးနေတာကတော့ တရုတ်နိုင်ငံ Nanjing ဒေသ က ကျောင်းတစ်ကျောင်းမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၆ခုနှစ် နိုဝင်ဘာလလောက်က စတင်ကျင့်သုံးခဲ့တဲ့ ဒီ စနစ် မှာ ကျောင်းသား အနေနဲ့ လပတ် စာပေးပွဲ ဖြစ်ဖြစ် လဝက် စာမေးပွဲ ဖြစ်ဖြစ် တစ်ဘာသာလောက် ကျရှုံးသွားမယ်ဆို အောင်မှတ် အထိရအောင် အမှတ်ကိုချေးငှားနိုင်ခွင့် ထည့်သွင်းပေးထားတာဖြစ်ပါတယ်။

ကျောင်းသား တွေအတွက် တော်တော်လေးကို ရေသာခိုနိုင်မယ့် စနစ် လို့ သင်ထင်သွားပြီလား။ ဒါဆိုသင့် အထင်က လုံးဝမှားသွားပါပြီ။ ဘာကြောင့်လဲဆိုတော့ စာမေးပွဲ အောင်ဖို့ အမှတ်ချေး ယူထားတယ်ဆိုရင် ချေးယူ ထားတဲ့အမှတ် အတိုင်း နောက်လာမယ့် စာမေးပွဲ တွေမှာ ပြန်လည်ဆပ်ရမှာဖြစ်ပါတယ်။ ဒါကြောင့် အမှတ်ချေးပြီးသား ကျောင်းသား တိုင်းဟာ နောက်စာမေးပွဲ တွေမှာ မဖြစ်မနေကြိုးစားရတော့မှာ ဖြစ်ပါတယ်။

စိတ်ကူးလေးက အရမ်းကောင်းတယ်လို့ဆိုရမှာပါ။ ဒီ စနစ် ဟာ တစ်ကြိမ်တစ်ခါ ကျရှုံးသွားခဲ့တဲ့ ကျောင်းသား တွေကို နောက်ထပ် အခွင့်အရေး တစ်ခု ထပ်ပေးခဲ့တာဖြစ်ပြီး ဒီအခွင့်အရေးမှာ မဖြစ်မနေကြိုးစားရတော့မယ့်ဆိုတဲ့ တွန်းအားလေးပါနေတာကြောင့် စာမေးပွဲ ရလဒ် ကို ပိုထိရောက်စေနိုင်ပါတယ်။

တချို့ကျောင်းသား များကလည်း နှစ်ဝက် စာမေးပွဲ မှာ ခြေချော်လက်ချော်ဖြစ်ခဲ့လို့ အမှတ်ချေး ရမယ်ဆိုရင် နောက်နှစ်ဝက်မှာ စာကိုနှစ်ဆလောက်ရမှာဆိုးတာကြောင့် နှစ်စကတည်းက စာ လုပ်ချင်စိတ် ဝင်အောင် ရိုက်သွင်းပြီးသားလည်း ဖြစ်စေပါတယ်ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: htoo
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top