ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

အမ်ိဳးသားတစ္ဦးရဲ႕ေဝွးေစ့ကုိ ေပါက္ကြဲထြက္သြားတဲ႔အထိတုိင္ေအာင္ တစ္စုံတစ္ေယာက္က လာေရာက္ဖ်စ္ညစ္ထားမယ္ဆုိရင္ ဒါဟာ အရက္စက္ဆုံး သတ္ျဖတ္နည္းတစ္ခုလုိ႔ေတာင္ သတ္မွတ္ႏုိင္ပါတယ္။ ဒီလုိ ေဝွးေစ့ကုိ လက္နဲ႔ဖ်စ္ညစ္ၿပီး အသက္ေသဆုံးမႈျဖစ္ပြားခဲ႔ရတဲ႔ အမႈတစ္ခုဟာလည္း အိႏိၵယႏုိင္ငံမွာ တကယ္ကုိ ျဖစ္ပြားခဲ႔ရပါတယ္။

ျဖစ္ပြားမႈမွာ ေခြ်းမျဖစ္သူက သူမေယာကၡထီးရဲ႕ေဝွးေစ့ကုိ လက္နဲ႔ တင္းက်ပ္စြာ ဖ်စ္ညစ္ခဲ႔ရင္း အသက္ေသဆုံးသြားခဲ႔တာျဖစ္ပါတယ္။ ျဖစ္စဥ္ကေတာ့ အိႏိၵယႏုိင္ငံအတြင္းက ရြာတစ္ရြာမွာ ၾကက္ပြဲျပဳလုပ္ရင္းကေန ျဖစ္ပြားလာခဲ႔တာျဖစ္ပါတယ္။ အဆုိပါၾကက္ပြဲမွာ Bhairaw နဲ႔ Kharia ဆုိသူ လင္မယားႏွစ္ဦးက သူတုိ႔ရဲ႕ၾကက္ကုိ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ႔ရာ တစ္ဖက္ကၾကက္ကုိ ရွံုးနိမ့္သြားခဲ႔ရပါတယ္။ ဒါေၾကာင့္ ၾကက္ပြဲေတြရဲ႕ သေဘာသဘာဝအရ ႏုိင္ပြဲရတဲ႔ဘက္ကုိ ရွုံးနိမ့္တဲ႔ဘက္ကေန ၾကက္တစ္ေကာင္ ေပးခဲ႔ရတာပါတယ္။

ဒါကုိ မေက်မနပ္ျဖစ္ၿပီး Bhairaw နဲ႔ Kharia တုိ႔လင္မယားႏွစ္ဦးမွာ ေအာ္ဟစ္ႀကိမ္းေမာင္းမႈမ်ား ျပဳလုပ္လာခဲ႔လုိ႔ Bhairaw အေဖျဖစ္သူ Gau Kerketta က ၾကားကေန ဝင္ေရာက္ျဖန္ေျဖေပးခဲ႔ပါတယ္။ ဒီအခ်ိန္မွာ အရက္ေသစာ ေသာက္စားထားတဲ႔အရွိန္နဲ႔ Kharia က သူေယာကၡထီးျဖစ္သူ Gau Kerketta ရဲ႕ေဝွးေစ့ကုိ အားနဲ႔တင္းက်ပ္စြာ ဖ်စ္ညစ္ထားလုိက္ရာ ေဝွးေစ့မွာ ေပါက္ကြဲထြက္သြားခဲ႔ရသလုိ Gau Kerketta လည္း ထုိေနရာမွာပဲ ပြဲခ်င္းၿပီးေသဆုံးသြားခဲ႔ရပါတယ္။

ရဲတပ္ဖြဲ႕ဝင္ေတြ လာေရာက္စုံစမ္းတဲ႔အခါမွာေတာ့ Bhairaw နဲ႔ Kharia တုိ႔လင္မယားႏွစ္ဦးလုံး အရက္ေသစာ ေသာက္စားထားမႈရွိေၾကာင္း ေတြ႕ရွိရသလုိ ေသဆုံးသူ Gau Kerketta မွာလည္း ေသြးေတြအမ်ားႀကီးထြက္ၿပီး ေသဆုံးေနတာကုိ ေတြ႕ျမင္ခဲ႔ရပါတယ္။ တရားခံ Kharia ကေတာ့ သူမအေနနဲ႔ အရက္အရွိန္ေၾကာင့္ ျဖစ္ေပၚလာမိတဲ႔ ေဒါသစိတ္ကေန ေယာကၡထီးျဖစ္သူ Gau Kerketta ကုိ မေတာ္တဆ သတ္မိသြားခဲ႔တာလုိ႔ ဝန္ခံထားေပမယ့္ လတ္တေလာမွာေတာ့ သူမကုိ အခ်ဳပ္ထဲမွာ ဖမ္းဆီးထိန္းသိမ္းထားဆဲျဖစ္ပါတယ္။

ျပသာနာစတင္ျဖစ္ပြားခဲ႔တဲ႔ ၾကက္ပြဲေတြဟာ အိႏိၵယႏုိင္ငံမွာ တရားဝင္ျပဳလုပ္ခြင့္မရွိေပမယ့္ ေက်းရြာမ်ားမွာေတာ့ မၾကာခဏကုိ ျပဳလုပ္ေနလ်က္ရွိေနပါတယ္။ ဒါေပမယ့္ တရားခံ Kharia ကေတာ့ ၾကက္ပြဲကိစၥနဲ႔ပတ္သက္ၿပီး အေရးယူခံမွာမဟုတ္ဘူးလုိ႔ သိရွိရပါတယ္ခင္ဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: apannpya
# Unicode Version ဖြင့် ဖတ်ပါ #

အမျိုးသားတစ်ဦးရဲ့ဝှေးစေ့ကို ပေါက်ကွဲထွက်သွားတဲ့အထိတိုင်အောင် တစ်စုံတစ်ယောက်က လာရောက်ဖျစ်ညစ်ထားမယ်ဆိုရင် ဒါဟာ အရက်စက်ဆုံး သတ်ဖြတ်နည်းတစ်ခုလို့တောင် သတ်မှတ်နိုင်ပါတယ်။ ဒီလို ဝှေးစေ့ကို လက်နဲ့ဖျစ်ညစ်ပြီး အသက်သေဆုံးမှုဖြစ်ပွားခဲ့ရတဲ့ အမှုတစ်ခုဟာလည်း အိန္ဒိယနိုင်ငံမှာ တကယ်ကို ဖြစ်ပွားခဲ့ရပါတယ်။

ဖြစ်ပွားမှုမှာ ချွေးမဖြစ်သူက သူမယောက္ခထီးရဲ့ဝှေးစေ့ကို လက်နဲ့ တင်းကျပ်စွာ ဖျစ်ညစ်ခဲ့ရင်း အသက်သေဆုံးသွားခဲ့တာဖြစ်ပါတယ်။ ဖြစ်စဉ်ကတော့ အိန္ဒိယနိုင်ငံအတွင်းက ရွာတစ်ရွာမှာ ကြက်ပွဲပြုလုပ်ရင်းကနေ ဖြစ်ပွားလာခဲ့တာဖြစ်ပါတယ်။ အဆိုပါကြက်ပွဲမှာ Bhairaw နဲ့ Kharia ဆိုသူ လင်မယားနှစ်ဦးက သူတို့ရဲ့ကြက်ကို ဝင်ရောက်ယှဉ်ပြိုင်ခဲ့ရာ တစ်ဖက်ကကြက်ကို ရှုံးနိမ့်သွားခဲ့ရပါတယ်။ ဒါကြောင့် ကြက်ပွဲတွေရဲ့ သဘောသဘာဝအရ နိုင်ပွဲရတဲ့ဘက်ကို ရှုံးနိမ့်တဲ့ဘက်ကနေ ကြက်တစ်ကောင် ပေးခဲ့ရတာပါတယ်။

ဒါကို မကျေမနပ်ဖြစ်ပြီး Bhairaw နဲ့ Kharia တို့လင်မယားနှစ်ဦးမှာ အော်ဟစ်ကြိမ်းမောင်းမှုများ ပြုလုပ်လာခဲ့လို့ Bhairaw အဖေဖြစ်သူ Gau Kerketta က ကြားကနေ ဝင်ရောက်ဖြန်ဖြေပေးခဲ့ပါတယ်။ ဒီအချိန်မှာ အရက်သေစာ သောက်စားထားတဲ့အရှိန်နဲ့ Kharia က သူယောက္ခထီးဖြစ်သူ Gau Kerketta ရဲ့ဝှေးစေ့ကို အားနဲ့တင်းကျပ်စွာ ဖျစ်ညစ်ထားလိုက်ရာ ဝှေးစေ့မှာ ပေါက်ကွဲထွက်သွားခဲ့ရသလို Gau Kerketta လည်း ထိုနေရာမှာပဲ ပွဲချင်းပြီးသေဆုံးသွားခဲ့ရပါတယ်။

ရဲတပ်ဖွဲ့ဝင်တွေ လာရောက်စုံစမ်းတဲ့အခါမှာတော့ Bhairaw နဲ့ Kharia တို့လင်မယားနှစ်ဦးလုံး အရက်သေစာ သောက်စားထားမှုရှိကြောင်း တွေ့ရှိရသလို သေဆုံးသူ Gau Kerketta မှာလည်း သွေးတွေအများကြီးထွက်ပြီး သေဆုံးနေတာကို တွေ့မြင်ခဲ့ရပါတယ်။ တရားခံ Kharia ကတော့ သူမအနေနဲ့ အရက်အရှိန်ကြောင့် ဖြစ်ပေါ်လာမိတဲ့ ဒေါသစိတ်ကနေ ယောက္ခထီးဖြစ်သူ Gau Kerketta ကို မတော်တဆ သတ်မိသွားခဲ့တာလို့ ဝန်ခံထားပေမယ့် လတ်တလောမှာတော့ သူမကို အချုပ်ထဲမှာ ဖမ်းဆီးထိန်းသိမ်းထားဆဲဖြစ်ပါတယ်။

ပြသာနာစတင်ဖြစ်ပွားခဲ့တဲ့ ကြက်ပွဲတွေဟာ အိန္ဒိယနိုင်ငံမှာ တရားဝင်ပြုလုပ်ခွင့်မရှိပေမယ့် ကျေးရွာများမှာတော့ မကြာခဏကို ပြုလုပ်နေလျက်ရှိနေပါတယ်။ ဒါပေမယ့် တရားခံ Kharia ကတော့ ကြက်ပွဲကိစ္စနဲ့ပတ်သက်ပြီး အရေးယူခံမှာမဟုတ်ဘူးလို့ သိရှိရပါတယ်ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: apannpya

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top