စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

Zawgyi ျဖင့္ဖတ္ရန္

တစ္ခါက သူေဌးသူၾကြယ္ႀကီးတစ္ဦးဟာ အ႐ြယ္ေႏွာင္းမွ သားတစ္ေယာက္ရလာခဲ့တယ္။ အဲဒီသားဟာ မငိုတတ္ဘဲ ရယ္ပဲရယ္တတ္ပါတယ္။ သူၾကြယ္ႀကီးက ဒီကေလးဟာ သာမန္ကေလးေတြလိုပဲ တျခားဘာထူးျခားမႈမွမ႐ွိဘူးဆိုတာကို သက္ေသျပႏိုင္ေအာင္ နည္းမ်ဳိးစံုသံုးၿပီး သားကိုငိုေအာင္လုပ္ဖို႔ အႀကံထုတ္ေနခဲ့ပါတယ္။

အဲဒီအခ်ိန္မွာပဲ တိုက္တိုက္ဆိုင္ဆိုင္ ဘုန္းႀကီးတစ္ပါးက သူၾကြယ္ႀကီးရဲ႕အိမ္ေ႐ွ႕ကေန ျဖတ္ၾကြသြားခဲ့ပါတယ္။ သူႀကြယ္ႀကီးက သားကိုေပြ႔ခ်ီၿပီး ဘုန္းႀကီးကိုျပလိုက္ပါတယ္။ ကေလးက သူစိမ္းမေၾကာက္သူမို႔ ဘုန္းႀကီးေတြ႔တာနဲ႔ ရယ္ျပေနခဲ့ပါတယ္။ သူၾကြယ္က ကေလးကို ခပ္နာနာတစ္ခ်က္႐ိုက္လိုက္ပါတယ္။ ကေလးက မ်က္ခံုတစ္ခ်က္တြန္႔ၿပီးၿငိမ္သြားေပမယ့္ မငိုခဲ့ပါဘူး။

“ဘုန္းဘုန္းဘုရား… ဒီကေလးမွာ ဉာဏ္ရည္ခၽြတ္ယြင္းတာမ်ဳိး႐ွိပါသလား”လို႔ သူၾကြယ္က ဘုန္းႀကီးကိုေမးျမန္းေလွ်ာက္တင္တယ္။

ဘုန္းႀကီးက ဘာမွမေျပာဘဲ သစ္သီးခြက္ထဲက ငွက္ေပ်ာသီးတစ္လံုးနဲ႔ စပ်စ္သီးတစ္ခိုင္ကို ယူလိုက္တယ္။ ၿပီးေတာ့ ကေလးေ႐ွ႕မွာ ေဝ့ျပလိုက္တယ္။ ကေလးက တစ္ခ်က္စဥ္းစားၿပီး စပ်စ္သီးကိုလွမ္းယူတယ္။ ၿပီးေတာ့ ရယ္ေနျပန္ပါတယ္။

“ဒီကေလး ငွက္ေပ်ာသီးလံုးလံုးမစားဘူး ဘုရား”လို႔ သူၾကြယ္ကေလွ်ာက္တင္တယ္။

ဘုန္းႀကီးက ေခါင္းတဆတ္ဆတ္ညိတ္ၿပီး “သူလိုခ်င္တာကို သူယူတယ္၊ ဉာဏ္ရည္မခၽြတ္ယြင္းပါဘူး” လို႔ ေျဖတယ္။

သူၾကြယ္ဟာ သစ္သီးခြက္ထဲက ငွက္ေပ်ာသီးကိုလွမ္းယူလိုက္တယ္။ ဒါကို ကေလးကေတြ႔ေတာ့ တစ္ခ်က္ေတြေဝသြားေပမယ့္ စိတ္မေကာင္းမျဖစ္သလို ငိုလည္းမငိုဘူး။

“ၾကည့္စမ္း… ဆံုး႐ႈံးသြားေပမယ့္ စိတ္မေကာင္းမျဖစ္သလို ငိုလည္းမငိုဘူး။ ဒီကေလးက ဘုန္းႀကီးဝင္စားတာလားမသိဘူး။ တပည့္ေတာ္ရဲ႕အ႐ိုက္အရာကို သူအေမြဆက္ခံရပါမယ္။ သူ႔ကုိ တပည့္ေတာ္ ေတာမထြက္ေစခ်င္ပါဘူး။ ဘုန္းဘုန္း ကူညီပါ”

ဘုန္းႀကီးက ခဏေလာက္စဥ္းစားလိုက္ၿပီး စားပဲြေပၚက
သစ္သီးခြက္ကိုယူလိုက္တယ္။ ၿပီးေတာ့ သူၾကြယ္ကို
“လာ..ဘုန္းဘုန္းေနာက္လိုက္ခဲ့”လို႔ဆိုတယ္။

သူၾကြယ္ရဲ႕အိမ္ေ႐ွ႕တံခါးဝေရာက္ေတာ့ ကေလးသံုးေယာက္က တံခါးဝေ႐ွ႕မွာ ေဆာ့ကစားေနၾကတယ္။ ဘုန္းႀကီးက ကေလးေတြကိုၾကည့္လိုက္၊ သစ္သီးခြက္ကိုၾကည့္လိုက္လုပ္တယ္။ သစ္သီးခြက္ထဲမွာ ငွက္ေပ်ာသီးသံုးလံုးနဲ႔ စပ်စ္သီးတစ္ခိုင္႐ွိေနတယ္။ ဘုန္းႀကီးက ကေလးေတြကိုေခၚၿပီး တစ္ေယာက္ကို ငွက္ေပ်ာသီးတစ္လံုးေပးလိုက္တယ္။ ကေလးေတြက ဝမ္းသာအားရ ခ်က္ခ်င္းခြာစားလိုက္ၾကတယ္။

ဒီအခ်ိန္မွာ သူၾကြယ့္သားက လက္ဆန္႔ၿပီး ငွက္ေပ်ာသီးကိုလက္ညိဳးထုိးရင္း ထေအာ္ေတာ့တယ္။ သူၾကြယ္က စပ်စ္သီးကိုယူၿပီး “အဲတာက သားလံုးဝမႀကိဳက္တဲ့ ငွက္ေပ်ာသီးေလ… ဒါက သားအရမ္းႀကိဳက္တဲ့ စပ်စ္သီးပါ” လုိ႔ သားကိုေခ်ာ့တယ္။

ကေလးက စပ်စ္သီးကိုဖ်တ္ခနဲယူၿပီး စိတ္တိုတိုနဲ႔ ေျမႀကီးေပၚလြင့္ပစ္လိုက္တယ္။ ငွက္ေပ်ာသီးကိုပဲ သူလက္ျဖန္႔ေတာင္းေနခဲ့ပါတယ္။ ကေလးသံုးေယာက္က ငွက္ေပ်ာသီးကို အျမန္စားလိုက္ၾကတယ္။ ငွက္ေပ်ာခံြကိုၾကည့္ၿပီး သူတို႔ေက်နပ္အားရစြာနဲ႔ သူၾကြယ္ရဲ႕သားကို ရယ္ျပလိုက္ၾကတယ္။

အဲဒီမွာ သူၾကြယ့္သားက ႐ုတ္တရက္ ထေအာ္ငိုပါေတာ့တယ္။ သူၾကြယ္ေရာ၊ အခိုင္းအေစေတြပါ လန္႔ဖ်ပ္ကုန္ၾကတယ္။

“ခါတိုင္း သူ ငွက္ေပ်ာသီးလံုးဝမစားပါဘူး.. ဘာျဖစ္လို႔ ဒီေန႔မွာ ငွက္ေပ်ာသီးေၾကာင့္ ငိုရတာပါလိမ့္”လို႔ သူၾကြယ္က ဝမ္းသာလႈပ္႐ွားတဲ့စိတ္နဲ႔ နားမလည္စြာေမးတယ္။

“ဒီေလာကမွာ လူတခ်ဳိ႕ရဲ႕ဝမ္းနည္းေၾကကဲြျခင္းက ကိုယ္ဆံုး႐ႈံးသြားလို႔မဟုတ္ဘူး၊ တျခားသူ ရသြားလို႔ျဖစ္တယ္”လို႔ ဘုန္းႀကီးက ၿပံဳးၿပံဳးေလးျပန္ေျဖလိုက္တယ္။

နာက်င္ေၾကကဲြျခင္းတစ္မ်ဳိးက မနာလိုမႈကေန ျဖစ္လာတာျဖစ္တယ္။

နုိင္သေျပ
မူရင္းေရးသားသူ– Zhāng dé fēn

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ႏိုင္းႏိုင္းစေန

# Unicode Version ျဖင့္ ဖတ္ပါ #
Zawgyi ဖြင့်ဖတ်ရန်

တစ်ခါက သူဌေးသူကြွယ်ကြီးတစ်ဦးဟာ အရွယ်နှောင်းမှ သားတစ်ယောက်ရလာခဲ့တယ်။ အဲဒီသားဟာ မငိုတတ်ဘဲ ရယ်ပဲရယ်တတ်ပါတယ်။ သူကြွယ်ကြီးက ဒီကလေးဟာ သာမန်ကလေးတွေလိုပဲ တခြားဘာထူးခြားမှုမှမရှိဘူးဆိုတာကို သက်သေပြနိုင်အောင် နည်းမျိုးစုံသုံးပြီး သားကိုငိုအောင်လုပ်ဖို့ အကြံထုတ်နေခဲ့ပါတယ်။

အဲဒီအချိန်မှာပဲ တိုက်တိုက်ဆိုင်ဆိုင် ဘုန်းကြီးတစ်ပါးက သူကြွယ်ကြီးရဲ့အိမ်ရှေ့ကနေ ဖြတ်ကြွသွားခဲ့ပါတယ်။ သူကြွယ်ကြီးက သားကိုပွေ့ချီပြီး ဘုန်းကြီးကိုပြလိုက်ပါတယ်။ ကလေးက သူစိမ်းမကြောက်သူမို့ ဘုန်းကြီးတွေ့တာနဲ့ ရယ်ပြနေခဲ့ပါတယ်။ သူကြွယ်က ကလေးကို ခပ်နာနာတစ်ချက်ရိုက်လိုက်ပါတယ်။ ကလေးက မျက်ခုံတစ်ချက်တွန့်ပြီးငြိမ်သွားပေမယ့် မငိုခဲ့ပါဘူး။

“ဘုန်းဘုန်းဘုရား… ဒီကလေးမှာ ဉာဏ်ရည်ချွတ်ယွင်းတာမျိုးရှိပါသလား”လို့ သူကြွယ်က ဘုန်းကြီးကိုမေးမြန်းလျှောက်တင်တယ်။

ဘုန်းကြီးက ဘာမှမပြောဘဲ သစ်သီးခွက်ထဲက ငှက်ပျောသီးတစ်လုံးနဲ့ စပျစ်သီးတစ်ခိုင်ကို ယူလိုက်တယ်။ ပြီးတော့ ကလေးရှေ့မှာ ဝေ့ပြလိုက်တယ်။ ကလေးက တစ်ချက်စဉ်းစားပြီး စပျစ်သီးကိုလှမ်းယူတယ်။ ပြီးတော့ ရယ်နေပြန်ပါတယ်။

“ဒီကလေး ငှက်ပျောသီးလုံးလုံးမစားဘူး ဘုရား”လို့ သူကြွယ်ကလျှောက်တင်တယ်။

ဘုန်းကြီးက ခေါင်းတဆတ်ဆတ်ညိတ်ပြီး “သူလိုချင်တာကို သူယူတယ်၊ ဉာဏ်ရည်မချွတ်ယွင်းပါဘူး” လို့ ဖြေတယ်။

သူကြွယ်ဟာ သစ်သီးခွက်ထဲက ငှက်ပျောသီးကိုလှမ်းယူလိုက်တယ်။ ဒါကို ကလေးကတွေ့တော့ တစ်ချက်တွေဝေသွားပေမယ့် စိတ်မကောင်းမဖြစ်သလို ငိုလည်းမငိုဘူး။

“ကြည့်စမ်း… ဆုံးရှုံးသွားပေမယ့် စိတ်မကောင်းမဖြစ်သလို ငိုလည်းမငိုဘူး။ ဒီကလေးက ဘုန်းကြီးဝင်စားတာလားမသိဘူး။ တပည့်တော်ရဲ့အရိုက်အရာကို သူအမွေဆက်ခံရပါမယ်။ သူ့ကို တပည့်တော် တောမထွက်စေချင်ပါဘူး။ ဘုန်းဘုန်း ကူညီပါ”

ဘုန်းကြီးက ခဏလောက်စဉ်းစားလိုက်ပြီး စားပွဲပေါ်က
သစ်သီးခွက်ကိုယူလိုက်တယ်။ ပြီးတော့ သူကြွယ်ကို
“လာ..ဘုန်းဘုန်းနောက်လိုက်ခဲ့”လို့ဆိုတယ်။

သူကြွယ်ရဲ့အိမ်ရှေ့တံခါးဝရောက်တော့ ကလေးသုံးယောက်က တံခါးဝရှေ့မှာ ဆော့ကစားနေကြတယ်။ ဘုန်းကြီးက ကလေးတွေကိုကြည့်လိုက်၊ သစ်သီးခွက်ကိုကြည့်လိုက်လုပ်တယ်။ သစ်သီးခွက်ထဲမှာ ငှက်ပျောသီးသုံးလုံးနဲ့ စပျစ်သီးတစ်ခိုင်ရှိနေတယ်။ ဘုန်းကြီးက ကလေးတွေကိုခေါ်ပြီး တစ်ယောက်ကို ငှက်ပျောသီးတစ်လုံးပေးလိုက်တယ်။ ကလေးတွေက ဝမ်းသာအားရ ချက်ချင်းခွာစားလိုက်ကြတယ်။

ဒီအချိန်မှာ သူကြွယ့်သားက လက်ဆန့်ပြီး ငှက်ပျောသီးကိုလက်ညိုးထိုးရင်း ထအော်တော့တယ်။ သူကြွယ်က စပျစ်သီးကိုယူပြီး “အဲတာက သားလုံးဝမကြိုက်တဲ့ ငှက်ပျောသီးလေ… ဒါက သားအရမ်းကြိုက်တဲ့ စပျစ်သီးပါ” လို့ သားကိုချော့တယ်။

ကလေးက စပျစ်သီးကိုဖျတ်ခနဲယူပြီး စိတ်တိုတိုနဲ့ မြေကြီးပေါ်လွင့်ပစ်လိုက်တယ်။ ငှက်ပျောသီးကိုပဲ သူလက်ဖြန့်တောင်းနေခဲ့ပါတယ်။ ကလေးသုံးယောက်က ငှက်ပျောသီးကို အမြန်စားလိုက်ကြတယ်။ ငှက်ပျောခွံကိုကြည့်ပြီး သူတို့ကျေနပ်အားရစွာနဲ့ သူကြွယ်ရဲ့သားကို ရယ်ပြလိုက်ကြတယ်။

အဲဒီမှာ သူကြွယ့်သားက ရုတ်တရက် ထအော်ငိုပါတော့တယ်။ သူကြွယ်ရော၊ အခိုင်းအစေတွေပါ လန့်ဖျပ်ကုန်ကြတယ်။

“ခါတိုင်း သူ ငှက်ပျောသီးလုံးဝမစားပါဘူး.. ဘာဖြစ်လို့ ဒီနေ့မှာ ငှက်ပျောသီးကြောင့် ငိုရတာပါလိမ့်”လို့ သူကြွယ်က ဝမ်းသာလှုပ်ရှားတဲ့စိတ်နဲ့ နားမလည်စွာမေးတယ်။

“ဒီလောကမှာ လူတချို့ရဲ့ဝမ်းနည်းကြေကွဲခြင်းက ကိုယ်ဆုံးရှုံးသွားလို့မဟုတ်ဘူး၊ တခြားသူ ရသွားလို့ဖြစ်တယ်”လို့ ဘုန်းကြီးက ပြုံးပြုံးလေးပြန်ဖြေလိုက်တယ်။

နာကျင်ကြေကွဲခြင်းတစ်မျိုးက မနာလိုမှုကနေ ဖြစ်လာတာဖြစ်တယ်။

နိုင်သပြေ
မူရင်းရေးသားသူ– Zhāng dé fēn

ဖိုးသူတော် (www.phothutaw.com)
Credit: နိုင်းနိုင်းစနေ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top