ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

” သမုဒၵရာ ဝမ္းတစ္ထြာ ”

ကြ်န္မ ေမွာင္ရိပ္ခိုတယ္တဲ့။

ကြ်န္မအသက္ ၁၅ႏွစ္မွာ ပေထြးက ေစ်းဦးေဖာက္ခဲ့တယ္။ တိုင္ေျပာရင္သတ္မယ္တဲ့။မတိုင္ပါဘူး။လမ္းေဘးကညည့္ငွက္မတေယာက္ရဲ႕သမီး ပါ။အေမ့ကိုေျပာေတာ့ ေကာင္မ သြားနန္႔ျပေနတာကိုး တဲ့။ကြ်န္မနန္႔ျပတာ ပေထြးကိုမဟုတ္ဘူး ။အေမနဲ႔ ပါလာတဲ့ေဖာက္သည္အကိုႀကီးကိုပါ။

ခပ္ငယ္ငယ္ဘဲရွိေသးတယ္။ အိမ္ကိုလာေခၚတတ္တယ္။ အေမပါသြားရင္ ကြ်န္မစိတ္ညစ္တယ္။ပေထြးက သေဘာက်ေနတာကိုး။ဘာလို႔လဲဆိုေတာ့ ပိုက္ဆံလဲရတယ္။ကြ်န္မကိုလဲရတယ္။

“နင့္သမီးကို ပိုက္ဆံရွာခိုင္းေတာ့”

တရက္မွာ ပေထြးကအေမ့ကိုေျပာတယ္။ အေတာ္တတ္ေနၿပီတဲ့။ အေမက ကြ်န္မကိုမ်က္ေစာင္းထိုးတယ္။

“ေကာင္မ ..ငါ့ထက္သာတယ္”

ဟုတ္ကဲ့ အေမ။ သင္ဆရာ ျမင္ဆရာ ၾကားဆရာက အေမဘဲမဟုတ္လား။ အေမလြယ္ခဲ့တဲ့ေသြး ..ပေထြးဆီမွာ ေမြးခဲ့တယ္။ သမီး အေႂကြးဆပ္ပါမယ္။ဒီလိုနဲ႔ ဓါတ္တိုင္ေလးေတြကိုမွီၿပီး ျဖတ္သြားတဲ့ကားေတြ တစီးၿပီး တစီး ေမွ်ာ္ၾကည့္တတ္လာတယ္။တခ်ိဳ႕ကားေတြေပၚက ကြ်န္မကိုစူးစမ္းသလိုၾကည့္သြားတယ္။ တခ်ိဳ႕ကားေတြေပၚမွာ မိသားစုေတြ။ ေမာင္ႏွမေတြ။ ခ်စ္သူေတြ ။ အေမကေမာင္းလို႔ ေဘးမွာသမီးေလးေတြ။ေငးေမာေနတဲ့ ကြ်န္မကိုသူတို႔ ျဖတ္ေက်ာ္သြားတယ္။

ကြ်န္မရဲ႕ပုံက ထင္သာျမင္သာရွိလို႔ တခ်ိဳ႕အမ်ိဳးသမီးေတြက ကြ်န္မကိုမသတီသလို ၾကည့္တယ္။ လမ္းသြားလမ္းလာေတြက ကြ်န္မေဘးက ခပ္သုတ္သုတ္ ျဖတ္သြားတယ္။ကြ်န္မကို မျမင္ဘဲ အမွတ္မဲ့ အနားလာရပ္တဲ့ အမႀကီးတေယာက္ ကြ်န္မကို ျမင္ေတာ့ ျဖဳန္းဆို သရဲကိုေတြ႕သလိုဘဲ ခ်က္ျခင္း ကြ်န္မအနားက ခြာသြားတယ္။ ကြ်န္မနဲ႔ ယွဥ္ရပ္ေနတဲ့ အမ်ိဳးေကာင္းသားသမီးဆိုတာ မရွိေကာင္းဘူး မဟုတ္လား။ သူတို႔မေျပာနဲ႔ ကိုယ့္ဘာသာေတာင္ လူတေယာက္ရယ္လို႔ မျမင္ခဲ့ဘူး။ကြ်န္မကိုသူတို႔ေခၚတာရွိတယ္။ ၾကက္..တဲ့။

ပထမဆုးံ ကြ်န္မကိုေခၚသြားတာ ကားအနက္ႀကီးတစီး။ေယာက္က်ားကေလးေယာက္။ တခ်ိဳ႕က မူးၿပီး ကြဲေနၿပီ။ ကြ်န္မထက္အသက္အမ်ားႀကီး ႀကီးတဲ့ေယာက္က်ားႀကီးေတြကိုေၾကာက္ရေကာင္းမွန္းမသိဘူး။ ကားစီးရတာေပ်ာ္လိုက္တာ။ ေမႊးၿပီးေအးေနတဲ့ကားက သန္႔ၿပီး ေတာက္ေျပာင္ေနတာဘဲ။ ဒီေန႔မွဝယ္လာတာတဲ့ ။ သူတို႔ေျပာေနတာ ကြ်န္မၾကားရတယ္။ ကားေကာင္း ကားခန္႔ ႀကီးမို႔ သူေဌးေတြဘဲလို႔ ထင္မိတယ္။ မၾကာဘူး လူျပတ္တဲ့ တေနရာေရာက္ေတာ့ ကြ်န္မကို ဆင္းခိုင္းတယ္။

“ေကာင္မေလး ေအာက္ဆင္းၿပီး ကားမီးေရာင္ေရွ႕သြားရပ္ ငါတို႔ကို တကိုယ္လုးံလွည့္ျပ ”

မီးထိုးၿပီး ရပ္ထားတဲ့ ကားေရွ႕မွာ သူတို႔စိတ္တိုင္းက် လွည့္ျပရတယ္။ ကားထဲက ရီသံေတြ ထြက္လာတယ္။ သူတို႔အတြက္ ေပ်ာ္စရာပါလားလို႔ ေတြးမိတယ္။ သူတို႔မွာသမီးေလးမရွိလို႔ ျဖစ္ရမယ္။ ကြ်န္မအရြယ္သမီးေလးသာ ရွိရင္ ကြ်န္မကို သနားႏိုင္ေကာင္းတယ္ လို႔ေတြးမိတယ္။ အို ကြ်န္မဘဝမွာ သနားတာ ခ်စ္တာ ေမတၱာေတြ ဆိုတာ မေတာင့္တ အပ္တဲ့အရာေတြပါ။ ေငြေပးလို႔ ရတဲ့ခႏၶာကို ေရာင္းစားေနတဲ့သူမွာ ျမတ္ႏိုးတဲ့အနမ္းတပြင့္ ဆိုတာ ေက်ာက္ေဆာင္ေက်ာက္ခဲၾကားက ပြင့္လာမယ့္ပန္းတပြင့္လို ခက္ခဲလြန္းတာ သိထားတယ္။

ကြ်န္မတခုေတြးမိတယ္ လူေတြကြ်န္မတို႔ကို အမ်ိဳးမ်ိဳးေခၚၾကတယ္။ ဖာ တဲ့ ၾကက္ တဲ့။အဆင့္တခုသတ္မွတ္ၿပီးေခၚတာရွိတယ္။လိင္လုပ္သားတဲ့ ။ ဟုတ္တယ္။အလုပ္သေဘာအရ အဲဒါကိုကြ်န္မႀကိဳက္တယ္။ကြ်န္မမွာ ေၾကးရွိတယ္။ အဲဒီေၾကး ေပးရင္ ကြ်န္မကိုရမယ္။ ဒါ အေရာင္းအဝယ္ဘဲ မဟုတ္လား။ဒါေပမဲ့ ကြ်န္မတို႔ကိုလူ႔အသိုင္းအဝိုင္း ၾကဥ္ထားတာ မ်ားတယ္။

တကယ္ဆို မိန္းမအစစ္မဟုတ္တဲ့ ထိုင္းႏိုင္ငံက ဇိမ္မယ္ေတြ ကေထ ေတြ အိႏၵိယက Hijra ဟစ္ခ်ရာေတြ ဖိလစ္ပိုင္မွာ asog ဆိုက္ေဗးရီးယားမွာ ႏူခ်ိက ဆိုတဲ့ မိန္းမလ်ာ ေတြ ဒါေတြကိုေတာ့ လူမႈ႕ေရးနယ္ပယ္ေတြမွာ တရားဝင္ အသိမွတ္ျပဳထားတယ္ မဟုတ္လား။

ၿပီးေတာ့ ကြ်န္မတို႔က ေငြေၾကးအရဆက္ဆံတာ ပိုင္းလုးံမဟုတ္ဘူး တန္ရာတန္ေၾကး ရွိတယ္။သူတပါးမိသားစု မဖ်က္ဆီးဘူး။ ေႏွာင္ႀကိဳးမပါဘူး။ေငြေပးရင္ လိုက္ပါတယ္ လို႔ေၾကညာထားၿပီးမွဘဲ။ဒီလိုနဲ႔တရက္ေတာ့ ကြ်န္မျပႆနာတက္တယ္။

ကြ်န္မကိုေခၚလာတဲ့ လူႀကီးရဲ႕မယားငယ္လိုက္လာတာ။ ကြ်န္မကို “လင္ခိုးမ” တဲ့။ ကြ်န္မအလုပ္ လုပ္ေနတာ လို႔ျပန္ေျပာလိုက္တယ္။ခိုးတာမွမဟုတ္ဘဲ။

“ငါ့လင္ကိုခိုးေနတာ လက္ပူးလက္ၾကပ္မိေနတာ ေတာင္လ်ာရွည္ေနတဲ့ ဖာသည္မ ”

ဖာသည္မေတာ့ ဟုတ္တယ္ရွင့္ ဒါေပမဲ့ မခိုးဘူး ပိုက္ဆံေပးလို႔ လိုက္လာတာ။ ခိုးစရာမလိုဘူး ။

“ေကာင္မ ေအာက္တန္းစားမ”

ဘယ္သူက ကြ်န္မ..အထက္တန္းစားပါေျပာလို႔လဲ။

“ေကာင္မ ပါး႐ိုက္ရမွာေတာင္ လက္သနတယ္”

ဒါဆို… ဘာလို႔ ဒီအခန္းထဲထိဝင္လာေသးလဲ အမရယ္။အခုေတာ့ တကိုယ္လုးံ သနသြားတာေပါ့ …

ဒီမွာတင္ ေခၚလာတဲ့လူႀကီးက ၾကားကဝင္ဖ်န္ေျဖတယ္။ ပိုက္ဆံကုန္ရက်ိဳးမနပ္ေတာ့ စိတ္လဲတိုေနပုံရတယ္။

“ကဲ မင္းလဲျပန္ေတာ့ လူၾကားလို႔မေကာင္းဘူး ငါလိုက္လာခဲ့မယ္”

“ဘာ ..ရွင္က က်န္ခဲ့ၿပီးဘာလုပ္အုန္းမွာလဲ တဏွာ႐ူးရဲ႕”

ေဒါသထြက္သြားတဲ့လူႀကီး သူ ့မိန္းမဇာတိ႐ုပ္ကို ထုတ္ေျပာလိုက္တယ္။

“ေအး ငါတဏွာ႐ူးလို႔ နင္လိုမယားငယ္ေတြ ဖာေတြ နဲ႔ ပိုက္ဆံအကုန္ခံတာ နင့္ပါးစပ္က ေနာက္တခြန္းထြက္ၾကည့္ ”

ကြ်န္မ အဲဒီေန႔က မိန္းမတေယာက္ကို အသနားဆုးံဘဲ။ အထူးသျဖင့္ သူတပါးလက္က အတင္းလုထားတဲ့ လင္ကို ပိုက္ထားရတဲ့ မိန္းမမ်ိဳး ။သူခိုးလက္က သူဝွက္လုမွာ စိုးေနရတဲ့ မိန္းမမ်ိဳး။

ငါ့လင္ ငါ့လင္ လို႔ တဆာဆာေအာ္ေနတဲ့အမ်ိဳးသမီးမ်က္လုးံေတြ မီးဝင္းဝင္းေတာက္သြားတယ္။မယားငယ္ဆိုတဲ့ဂုဏ္ပုဒ္ဟာ လိင္လုပ္သားတေယာက္ေရွ႕မွာ ေျခနင္းခုံျဖစ္သြားတယ္မဟုတ္လား။

အဲဒီေန႔က ကြ်န္မ အသိတခုရမိတယ္။ေငြလိုခ်င္လို႔ လုပ္ၾကတာျခင္းအတူတူ ေျဗာင္ေျပာၿပီး ေျဗာင္ယူတာ ပိုၿပီးသိကၡာ ရွိတယ္ ဆိုတာပါ။ဘာျဖစ္လဲ အေသြးအသားေရာင္းစားတာျခင္း အတူတူ .. ကြ်န္မက သူမ်ားလင္ မခိုးဘူးရွင့္ …။

ပိုက္ဆံရရင္ အိမ္ျပန္တယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: org

# Unicode Version ျဖင့္ ဖတ္ပါ #
” သမုဒ္ဒရာ ဝမ်းတစ်ထွာ ”

ကျွန်မ မှောင်ရိပ်ခိုတယ်တဲ့။

ကျွန်မအသက် ၁၅နှစ်မှာ ပထွေးက ဈေးဦးဖောက်ခဲ့တယ်။ တိုင်ပြောရင်သတ်မယ်တဲ့။မတိုင်ပါဘူး။လမ်းဘေးကညည့်ငှက်မတယောက်ရဲ့သမီး ပါ။အမေ့ကိုပြောတော့ ကောင်မ သွားနန့်ပြနေတာကိုး တဲ့။ကျွန်မနန့်ပြတာ ပထွေးကိုမဟုတ်ဘူး ။အမေနဲ့ ပါလာတဲ့ဖောက်သည်အကိုကြီးကိုပါ။

ခပ်ငယ်ငယ်ဘဲရှိသေးတယ်။ အိမ်ကိုလာခေါ်တတ်တယ်။ အမေပါသွားရင် ကျွန်မစိတ်ညစ်တယ်။ပထွေးက သဘောကျနေတာကိုး။ဘာလို့လဲဆိုတော့ ပိုက်ဆံလဲရတယ်။ကျွန်မကိုလဲရတယ်။

“နင့်သမီးကို ပိုက်ဆံရှာခိုင်းတော့”

တရက်မှာ ပထွေးကအမေ့ကိုပြောတယ်။ အတော်တတ်နေပြီတဲ့။ အမေက ကျွန်မကိုမျက်စောင်းထိုးတယ်။

“ကောင်မ ..ငါ့ထက်သာတယ်”

ဟုတ်ကဲ့ အမေ။ သင်ဆရာ မြင်ဆရာ ကြားဆရာက အမေဘဲမဟုတ်လား။ အမေလွယ်ခဲ့တဲ့သွေး ..ပထွေးဆီမှာ မွေးခဲ့တယ်။ သမီး အကြွေးဆပ်ပါမယ်။ဒီလိုနဲ့ ဓါတ်တိုင်လေးတွေကိုမှီပြီး ဖြတ်သွားတဲ့ကားတွေ တစီးပြီး တစီး မျှော်ကြည့်တတ်လာတယ်။တချို့ကားတွေပေါ်က ကျွန်မကိုစူးစမ်းသလိုကြည့်သွားတယ်။ တချို့ကားတွေပေါ်မှာ မိသားစုတွေ။ မောင်နှမတွေ။ ချစ်သူတွေ ။ အမေကမောင်းလို့ ဘေးမှာသမီးလေးတွေ။ငေးမောနေတဲ့ ကျွန်မကိုသူတို့ ဖြတ်ကျော်သွားတယ်။

ကျွန်မရဲ့ပုံက ထင်သာမြင်သာရှိလို့ တချို့အမျိုးသမီးတွေက ကျွန်မကိုမသတီသလို ကြည့်တယ်။ လမ်းသွားလမ်းလာတွေက ကျွန်မဘေးက ခပ်သုတ်သုတ် ဖြတ်သွားတယ်။ကျွန်မကို မမြင်ဘဲ အမှတ်မဲ့ အနားလာရပ်တဲ့ အမကြီးတယောက် ကျွန်မကို မြင်တော့ ဖြုန်းဆို သရဲကိုတွေ့သလိုဘဲ ချက်ခြင်း ကျွန်မအနားက ခွာသွားတယ်။ ကျွန်မနဲ့ ယှဉ်ရပ်နေတဲ့ အမျိုးကောင်းသားသမီးဆိုတာ မရှိကောင်းဘူး မဟုတ်လား။ သူတို့မပြောနဲ့ ကိုယ့်ဘာသာတောင် လူတယောက်ရယ်လို့ မမြင်ခဲ့ဘူး။ကျွန်မကိုသူတို့ခေါ်တာရှိတယ်။ ကြက်..တဲ့။

ပထမဆုးံ ကျွန်မကိုခေါ်သွားတာ ကားအနက်ကြီးတစီး။ယောက်ကျားကလေးယောက်။ တချို့က မူးပြီး ကွဲနေပြီ။ ကျွန်မထက်အသက်အများကြီး ကြီးတဲ့ယောက်ကျားကြီးတွေကိုကြောက်ရကောင်းမှန်းမသိဘူး။ ကားစီးရတာပျော်လိုက်တာ။ မွှေးပြီးအေးနေတဲ့ကားက သန့်ပြီး တောက်ပြောင်နေတာဘဲ။ ဒီနေ့မှဝယ်လာတာတဲ့ ။ သူတို့ပြောနေတာ ကျွန်မကြားရတယ်။ ကားကောင်း ကားခန့် ကြီးမို့ သူဌေးတွေဘဲလို့ ထင်မိတယ်။ မကြာဘူး လူပြတ်တဲ့ တနေရာရောက်တော့ ကျွန်မကို ဆင်းခိုင်းတယ်။

“ကောင်မလေး အောက်ဆင်းပြီး ကားမီးရောင်ရှေ့သွားရပ် ငါတို့ကို တကိုယ်လုးံလှည့်ပြ ”

မီးထိုးပြီး ရပ်ထားတဲ့ ကားရှေ့မှာ သူတို့စိတ်တိုင်းကျ လှည့်ပြရတယ်။ ကားထဲက ရီသံတွေ ထွက်လာတယ်။ သူတို့အတွက် ပျော်စရာပါလားလို့ တွေးမိတယ်။ သူတို့မှာသမီးလေးမရှိလို့ ဖြစ်ရမယ်။ ကျွန်မအရွယ်သမီးလေးသာ ရှိရင် ကျွန်မကို သနားနိုင်ကောင်းတယ် လို့တွေးမိတယ်။ အို ကျွန်မဘဝမှာ သနားတာ ချစ်တာ မေတ္တာတွေ ဆိုတာ မတောင့်တ အပ်တဲ့အရာတွေပါ။ ငွေပေးလို့ ရတဲ့ခန္ဓာကို ရောင်းစားနေတဲ့သူမှာ မြတ်နိုးတဲ့အနမ်းတပွင့် ဆိုတာ ကျောက်ဆောင်ကျောက်ခဲကြားက ပွင့်လာမယ့်ပန်းတပွင့်လို ခက်ခဲလွန်းတာ သိထားတယ်။

ကျွန်မတခုတွေးမိတယ် လူတွေကျွန်မတို့ကို အမျိုးမျိုးခေါ်ကြတယ်။ ဖာ တဲ့ ကြက် တဲ့။အဆင့်တခုသတ်မှတ်ပြီးခေါ်တာရှိတယ်။လိင်လုပ်သားတဲ့ ။ ဟုတ်တယ်။အလုပ်သဘောအရ အဲဒါကိုကျွန်မကြိုက်တယ်။ကျွန်မမှာ ကြေးရှိတယ်။ အဲဒီကြေး ပေးရင် ကျွန်မကိုရမယ်။ ဒါ အရောင်းအဝယ်ဘဲ မဟုတ်လား။ဒါပေမဲ့ ကျွန်မတို့ကိုလူ့အသိုင်းအဝိုင်း ကြဉ်ထားတာ များတယ်။

တကယ်ဆို မိန်းမအစစ်မဟုတ်တဲ့ ထိုင်းနိုင်ငံက ဇိမ်မယ်တွေ ကထေ တွေ အိန္ဒိယက Hijra ဟစ်ချရာတွေ ဖိလစ်ပိုင်မှာ asog ဆိုက်ဗေးရီးယားမှာ နူချိက ဆိုတဲ့ မိန်းမလျာ တွေ ဒါတွေကိုတော့ လူမှု့ရေးနယ်ပယ်တွေမှာ တရားဝင် အသိမှတ်ပြုထားတယ် မဟုတ်လား။

ပြီးတော့ ကျွန်မတို့က ငွေကြေးအရဆက်ဆံတာ ပိုင်းလုးံမဟုတ်ဘူး တန်ရာတန်ကြေး ရှိတယ်။သူတပါးမိသားစု မဖျက်ဆီးဘူး။ နှောင်ကြိုးမပါဘူး။ငွေပေးရင် လိုက်ပါတယ် လို့ကြေညာထားပြီးမှဘဲ။ဒီလိုနဲ့တရက်တော့ ကျွန်မပြဿနာတက်တယ်။

ကျွန်မကိုခေါ်လာတဲ့ လူကြီးရဲ့မယားငယ်လိုက်လာတာ။ ကျွန်မကို “လင်ခိုးမ” တဲ့။ ကျွန်မအလုပ် လုပ်နေတာ လို့ပြန်ပြောလိုက်တယ်။ခိုးတာမှမဟုတ်ဘဲ။

“ငါ့လင်ကိုခိုးနေတာ လက်ပူးလက်ကြပ်မိနေတာ တောင်လျာရှည်နေတဲ့ ဖာသည်မ ”

ဖာသည်မတော့ ဟုတ်တယ်ရှင့် ဒါပေမဲ့ မခိုးဘူး ပိုက်ဆံပေးလို့ လိုက်လာတာ။ ခိုးစရာမလိုဘူး ။

“ကောင်မ အောက်တန်းစားမ”

ဘယ်သူက ကျွန်မ..အထက်တန်းစားပါပြောလို့လဲ။

“ကောင်မ ပါးရိုက်ရမှာတောင် လက်သနတယ်”

ဒါဆို… ဘာလို့ ဒီအခန်းထဲထိဝင်လာသေးလဲ အမရယ်။အခုတော့ တကိုယ်လုးံ သနသွားတာပေါ့ …

ဒီမှာတင် ခေါ်လာတဲ့လူကြီးက ကြားကဝင်ဖျန်ဖြေတယ်။ ပိုက်ဆံကုန်ရကျိုးမနပ်တော့ စိတ်လဲတိုနေပုံရတယ်။

“ကဲ မင်းလဲပြန်တော့ လူကြားလို့မကောင်းဘူး ငါလိုက်လာခဲ့မယ်”

“ဘာ ..ရှင်က ကျန်ခဲ့ပြီးဘာလုပ်အုန်းမှာလဲ တဏှာရူးရဲ့”

ဒေါသထွက်သွားတဲ့လူကြီး သူ့မိန်းမဇာတိရုပ်ကို ထုတ်ပြောလိုက်တယ်။

“အေး ငါတဏှာရူးလို့ နင်လိုမယားငယ်တွေ ဖာတွေ နဲ့ ပိုက်ဆံအကုန်ခံတာ နင့်ပါးစပ်က နောက်တခွန်းထွက်ကြည့် ”

ကျွန်မ အဲဒီနေ့က မိန်းမတယောက်ကို အသနားဆုးံဘဲ။ အထူးသဖြင့် သူတပါးလက်က အတင်းလုထားတဲ့ လင်ကို ပိုက်ထားရတဲ့ မိန်းမမျိုး ။သူခိုးလက်က သူဝှက်လုမှာ စိုးနေရတဲ့ မိန်းမမျိုး။

ငါ့လင် ငါ့လင် လို့ တဆာဆာအော်နေတဲ့အမျိုးသမီးမျက်လုးံတွေ မီးဝင်းဝင်းတောက်သွားတယ်။မယားငယ်ဆိုတဲ့ဂုဏ်ပုဒ်ဟာ လိင်လုပ်သားတယောက်ရှေ့မှာ ခြေနင်းခုံဖြစ်သွားတယ်မဟုတ်လား။

အဲဒီနေ့က ကျွန်မ အသိတခုရမိတယ်။ငွေလိုချင်လို့ လုပ်ကြတာခြင်းအတူတူ ဗြောင်ပြောပြီး ဗြောင်ယူတာ ပိုပြီးသိက္ခာ ရှိတယ် ဆိုတာပါ။ဘာဖြစ်လဲ အသွေးအသားရောင်းစားတာခြင်း အတူတူ .. ကျွန်မက သူများလင် မခိုးဘူးရှင့် …။

ပိုက်ဆံရရင် အိမ်ပြန်တယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: org
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top