×

မႈခင္းျဖစ္ပြားခဲ့သည့္ ခ်မ္းျမသာစည္ၿမိဳ႕နယ္ တရား႐ုံး၀င္ေပါက္ကို ေတြ႕ရစဥ္ (ဓာတ္ပံု − ၿဖိဳးၿဖိဳးေဇာ္)

အသေရဖ်က္မႈျဖင့္ တရားစြဲဆိုခံရေသာ အမ်ိဳးသမီး တစ္ဦးသည္ အမႈရင္ဆိုင္ၿပီး ခ်မ္းျမသာစည္ၿမိဳ႕နယ္တရား႐ံုးမွ အထြက္ ဓားထိုးခံရ၍ ေသဆံုးခဲ့သည္။

ေသဆံုးသူအမ်ိဳးသမီးသည္ ဇန္နဝါရီ ၁၀ ရက္ ေန႔လယ္ ၁ နာရီက တရား႐ံုးမွ ထြက္လာၿပီး တရား႐ံုးဝင္ေပါက္ကားလမ္းေပၚ ၌ ရပ္ထားသည့္ ကားေပၚသုိ႔အတက္တြင္ အမ်ိဳးသားတစ္ဦးကဓားျဖင့္ထိုးခဲ့ေၾကာင္း အမွတ္(၁၁)နယ္ေျမရဲစခန္းမွဴး ရဲအုပ္ဝင္းဗိုလ္က ေျပာသည္။

ေသဆံုးသူအမ်ိဳးသမီးသည္ (၆၇)ႏွစ္အရြယ္ရွိၿပီး ေျမပြဲစား လုပ္ကိုင္သူျဖစ္ေၾကာင္း ရဲအုပ္ ဝင္းဗိုလ္က ေျပာသည္။

‘‘ေသဆံုးတဲ့သူက တျခား တရားမေၾကာင္းကိစၥေတြနဲ႔ တရား ရင္ဆုိင္ေနရတယ္လို႔သိရတယ္။ ေျမကြက္အေရာင္းအဝယ္ကိစၥနဲ႔ ခ႐ိုင္တရား႐ံုးအဆံုးအျဖတ္က ၿပီး သြားၿပီလို႔ သိရတယ္။ အဲဒီအေပၚမွာ မေက်နပ္လို႔ ၿမိဳ႕နယ္တရား႐ံုး မွာ ထပ္ၿပီး အသေရဖ်က္မႈနဲ႔ထပ္စြဲတာ။ ေသဆံုးတဲ့အမ်ိဳးသမီးက တရားစြဲခံရလို႔ တရားရင္ဆုိင္ေန တယ္လို႔ သိရတယ္’’ဟု ၎ကေျပာသည္။  ေသဆုံးသည့္ အမ်ဳိးသမီး ကို ခ်မ္းျမသာစည္ၿမိဳ႕နယ္ ရပ္ ေက်းအုပ္ခ်ဳပ္ေရးမွဴး တစ္ဦးက အသေရဖ်က္မႈ ပုဒ္မ ၅၀၀ ျဖင့္တရားစဲြဆုိထားၿပီး တရား႐ုံးမွ အထြက္တြင္ ဓားျဖင့္ အထုိးခံရျခင္းျဖစ္သည္ဟု ရဲတပ္ဖဲြ႕တာ၀န္ရွိသူကေျပာသည္။ လတ္တေလာတြင္ ျပစ္မႈ က်ဴးလြန္သူကို ရဲတပ္ဖြဲ႕က စံုစမ္းရွာေဖြေနေၾကာင္း စခန္းမွဴးရဲအုပ္ဝင္းဗိုလ္ကေျပာသည္။

ျပစ္မႈက်ဴးလြန္သူသည္ အသက္ (၂၀)အရြယ္ အမ်ဳိးသားျဖစ္ ၿပီး ၎ကုိ လူသတ္မႈပုဒ္မ ၃၀၂ ျဖင့္ အမွတ္(၁၁) ရဲစခန္းတြင္ အမႈဖြင့္ထားသည္ဟု ရဲအုပ္ဝင္းဗိုလ္ ကဆုိသည္။

  ‘‘အစ္မကလည္း ကြမ္းယာ ေရာင္းေနေတာ့ သူတို႔ဒီအတိုင္းပဲ စကားမ်ားတယ္ပဲထင္တာ။ အဲဒီ အမ်ိဳးသမီးက ဓားကို နံ႐ိုးၾကားက လားေတာ့ မသိဘူး ဆြဲထုတ္လိုက္ ၿပီး သူ ဓားနဲ႔ထိုးခံရတယ္လို႔ ေအာ္ မွ သိရတာ’’ဟု အခင္းျဖစ္ေနရာ အနီးရွိ ေစ်းသည္တစ္ဦးကေျပာသည္။

ဓားထိုးခံရသူ အမ်ိဳးသမီး သည္ ဝဲဘက္ရင္အံုေအာက္တြင္ ဒဏ္ရာတစ္ခ်က္ရရွိကာ ေသဆံုးခဲ့ၿပီး ႐ုပ္အေလာင္းကုိ မႏၲေလး ျပည္သူ႔ေဆး႐ံုႀကီးသို႔ ပို႔ေဆာင္ ထားေၾကာင္း သိရသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
မှုခင်းဖြစ်ပွားခဲ့သည့် ချမ်းမြသာစည်မြို့နယ် တရားရုံးဝင်ပေါက်ကို တွေ့ရစဉ် (ဓာတ်ပုံ − ဖြိုးဖြိုးဇော်)

အသရေဖျက်မှုဖြင့် တရားစွဲဆိုခံရသော အမျိုးသမီး တစ်ဦးသည် အမှုရင်ဆိုင်ပြီး ချမ်းမြသာစည်မြို့နယ်တရားရုံးမှ အထွက် ဓားထိုးခံရ၍ သေဆုံးခဲ့သည်။

သေဆုံးသူအမျိုးသမီးသည် ဇန်နဝါရီ ၁၀ ရက် နေ့လယ် ၁ နာရီက တရားရုံးမှ ထွက်လာပြီး တရားရုံးဝင်ပေါက်ကားလမ်းပေါ် ၌ ရပ်ထားသည့် ကားပေါ်သို့အတက်တွင် အမျိုးသားတစ်ဦးကဓားဖြင့်ထိုးခဲ့ကြောင်း အမှတ်(၁၁)နယ်မြေရဲစခန်းမှူး ရဲအုပ်ဝင်းဗိုလ်က ပြောသည်။


သေဆုံးသူအမျိုးသမီးသည် (၆၇)နှစ်အရွယ်ရှိပြီး မြေပွဲစား လုပ်ကိုင်သူဖြစ်ကြောင်း ရဲအုပ် ဝင်းဗိုလ်က ပြောသည်။

‘‘သေဆုံးတဲ့သူက တခြား တရားမကြောင်းကိစ္စတွေနဲ့ တရား ရင်ဆိုင်နေရတယ်လို့သိရတယ်။ မြေကွက်အရောင်းအဝယ်ကိစ္စနဲ့ ခရိုင်တရားရုံးအဆုံးအဖြတ်က ပြီး သွားပြီလို့ သိရတယ်။ အဲဒီအပေါ်မှာ မကျေနပ်လို့ မြို့နယ်တရားရုံး မှာ ထပ်ပြီး အသရေဖျက်မှုနဲ့ထပ်စွဲတာ။ သေဆုံးတဲ့အမျိုးသမီးက တရားစွဲခံရလို့ တရားရင်ဆိုင်နေ တယ်လို့ သိရတယ်’’ဟု ၎င်းကပြောသည်။  သေဆုံးသည့် အမျိုးသမီး ကို ချမ်းမြသာစည်မြို့နယ် ရပ် ကျေးအုပ်ချုပ်ရေးမှူး တစ်ဦးက အသရေဖျက်မှု ပုဒ်မ ၅၀၀ ဖြင့်တရားစွဲဆိုထားပြီး တရားရုံးမှ အထွက်တွင် ဓားဖြင့် အထိုးခံရခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့တာဝန်ရှိသူကပြောသည်။ လတ်တလောတွင် ပြစ်မှု ကျူးလွန်သူကို ရဲတပ်ဖွဲ့က စုံစမ်းရှာဖွေနေကြောင်း စခန်းမှူးရဲအုပ်ဝင်းဗိုလ်ကပြောသည်။

ပြစ်မှုကျူးလွန်သူသည် အသက် (၂၀)အရွယ် အမျိုးသားဖြစ် ပြီး ၎င်းကို လူသတ်မှုပုဒ်မ ၃၀၂ ဖြင့် အမှတ်(၁၁) ရဲစခန်းတွင် အမှုဖွင့်ထားသည်ဟု ရဲအုပ်ဝင်းဗိုလ် ကဆိုသည်။

  ‘‘အစ်မကလည်း ကွမ်းယာ ရောင်းနေတော့ သူတို့ဒီအတိုင်းပဲ စကားများတယ်ပဲထင်တာ။ အဲဒီ အမျိုးသမီးက ဓားကို နံရိုးကြားက လားတော့ မသိဘူး ဆွဲထုတ်လိုက် ပြီး သူ ဓားနဲ့ထိုးခံရတယ်လို့ အော် မှ သိရတာ’’ဟု အခင်းဖြစ်နေရာ အနီးရှိ ဈေးသည်တစ်ဦးကပြောသည်။

ဓားထိုးခံရသူ အမျိုးသမီး သည် ဝဲဘက်ရင်အုံအောက်တွင် ဒဏ်ရာတစ်ချက်ရရှိကာ သေဆုံးခဲ့ပြီး ရုပ်အလောင်းကို မန္တလေး ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင် ထားကြောင်း သိရသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top