×

ဂ်က္စတင္ဘီဘာနဲ႔ ဆယ္လီနာဂိုးမက္စ္တုိ႔ဟာ အခုတစ္ေခါက္ ျပန္လည္အဆင္ေျပသြားၿပီးေနာက္မွာ ေဂ်ဘီက ဆယ္လီနာကို အရင္ထက္ေတာင္ ပိုခ်စ္ေနပါတယ္တဲ့။

သူတုိ႔ရဲ႕အခ်စ္ဒီဂရီက ဘယ္ေလာက္ထိ ျမင့္တက္ေနသလဲဆုိရင္ ေဂ်ဘီတစ္ေယာက္ ဆယ္လီနာနဲ႔ သူတုိ႔ႏွစ္ေယာက္ရဲ႕အခ်စ္အေၾကာင္းကို သီခ်င္းေတာင္ ေရးစပ္ေနၿပီလို႔ သိရပါတယ္။

ေဂ်ဘီက ဆယ္လီနာေၾကာင့္ စိတ္ေတြ တက္ၾကြလန္းဆန္းေနပါတယ္။ ဆယ္လီနာရဲ႕ အလုပ္ႀကိဳးစားမႈ၊ ဆုိးရြားခဲ့တဲ့ က်န္းမာေရးအေျခအေနကို ေက်ာ္ျမတ္ႏိုင္မႈနဲ႔ ယံုၾကည္မႈကို ဆုပ္ကိုင္ၿပီး ခုိင္ခုိင္မာမာ ေလွ်ာက္လွမ္းႏိုင္မႈတုိ႔ကို ေဂ်ဘီက အရမ္းကို သေဘာက်ႏွစ္ၿခိဳက္ေနတာပါ။ အဲဒါေၾကာင့္ ဆယ္လီနာနဲ႔ ျပန္တြဲၿပီးတဲ့ေနာက္ ဆယ္လီနာနဲ႔ ပတ္သက္ၿပီး သီခ်င္းေရးဖို႔ စိတ္အားထက္သန္ခဲ့တာ

ျဖစ္ပါတယ္။

ေလာေလာဆယ္မွာေတာ့ ေဂ်ဘီက တရားဝင္အသံသြင္းျခင္း မရွိေသးေပမဲ့ သီခ်င္းသစ္အတြက္ စတူဒီယိုကို အျမန္ဆံုးသြားႏိုင္ဖို႔ စိတ္ျပင္းျပေနတယ္လို႔ ရင္းႏွီးသူတစ္ဦးက ေျပာျပခဲ့ပါတယ္။

အသက္ ၂၃ ႏွစ္အရြယ္ ေဂ်ဘီနဲ႔ အသက္ ၂၅ ႏွစ္အရြယ္ ဆယ္လီနာတုိ႔ဟာ ဆယ္ေက်ာ္သက္အရြယ္ ၂၀၁၀ ျပည့္ႏွစ္ကစၿပီး ေတြ႕ခဲ့ၾကတာပါ။ ၂၀၁၄ အထိ ျပတ္လုိက္ဆက္လိုက္ျဖစ္ေနၾကတဲ့ သူတုိ႔ႏွစ္ဦးဟာ တစ္ကမာၻလံုးက ပရိသတ္ေတြခ်စ္ရတဲ့ စံုတြဲေလးတစ္တြဲျဖစ္ခဲ့ပါတယ္။

ဆယ္လီနာက  အဆုိေတာ္ Thw Weeknd နဲ႔ ျပတ္သြားၿပီး ရက္အနည္းငယ္အၾကာမွာ ေဂ်ဘီနဲ႔ ျပန္တြဲျဖစ္ေနၾကတာ ျဖစ္ပါတယ္။

ဆယ္လီနာ ေက်ာကပ္လဲလုိက္ရတဲ့သတင္းေၾကာင္း တစ္ေယာက္နဲ႔ တစ္ေယာက္ အရင္တုန္းက မေက်နပ္ခ်က္ေတြကို ေမ့လိုက္ၿပီး မိတ္ေဆြေတြအျဖစ္ ျပန္အဆင္ေျပဖို႔ ႀကိဳးစားခဲ့တာ ျဖစ္ေပမဲ့ မကုန္ေသးတဲ့ သံေယာဇဥ္ေတြေၾကာင့္ သူတုိ႔ႏွစ္ေယာက္ၾကားက ရင္းႏွီးမႈက ခဏတြင္းခ်င္းမွာ  တဆင့္ခ်င္း တိုးတက္လာခဲ့တာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ဂျက်စတင်ဘီဘာနဲ့ ဆယ်လီနာဂိုးမက်စ်တို့ဟာ အခုတစ်ခေါက် ပြန်လည်အဆင်ပြေသွားပြီးနောက်မှာ ဂျေဘီက ဆယ်လီနာကို အရင်ထက်တောင် ပိုချစ်နေပါတယ်တဲ့။

သူတို့ရဲ့အချစ်ဒီဂရီက ဘယ်လောက်ထိ မြင့်တက်နေသလဲဆိုရင် ဂျေဘီတစ်ယောက် ဆယ်လီနာနဲ့ သူတို့နှစ်ယောက်ရဲ့အချစ်အကြောင်းကို သီချင်းတောင် ရေးစပ်နေပြီလို့ သိရပါတယ်။

ဂျေဘီက ဆယ်လီနာကြောင့် စိတ်တွေ တက်ကြွလန်းဆန်းနေပါတယ်။ ဆယ်လီနာရဲ့ အလုပ်ကြိုးစားမှု၊ ဆိုးရွားခဲ့တဲ့ ကျန်းမာရေးအခြေအနေကို ကျော်မြတ်နိုင်မှုနဲ့ ယုံကြည်မှုကို ဆုပ်ကိုင်ပြီး ခိုင်ခိုင်မာမာ လျှောက်လှမ်းနိုင်မှုတို့ကို ဂျေဘီက အရမ်းကို သဘောကျနှစ်ခြိုက်နေတာပါ။ အဲဒါကြောင့် ဆယ်လီနာနဲ့ ပြန်တွဲပြီးတဲ့နောက် ဆယ်လီနာနဲ့ ပတ်သက်ပြီး သီချင်းရေးဖို့ စိတ်အားထက်သန်ခဲ့တာ

ဖြစ်ပါတယ်။

လောလောဆယ်မှာတော့ ဂျေဘီက တရားဝင်အသံသွင်းခြင်း မရှိသေးပေမဲ့ သီချင်းသစ်အတွက် စတူဒီယိုကို အမြန်ဆုံးသွားနိုင်ဖို့ စိတ်ပြင်းပြနေတယ်လို့ ရင်းနှီးသူတစ်ဦးက ပြောပြခဲ့ပါတယ်။

အသက် ၂၃ နှစ်အရွယ် ဂျေဘီနဲ့ အသက် ၂၅ နှစ်အရွယ် ဆယ်လီနာတို့ဟာ ဆယ်ကျော်သက်အရွယ် ၂၀၁၀ ပြည့်နှစ်ကစပြီး တွေ့ခဲ့ကြတာပါ။ ၂၀၁၄ အထိ ပြတ်လိုက်ဆက်လိုက်ဖြစ်နေကြတဲ့ သူတို့နှစ်ဦးဟာ တစ်ကမ္ဘာလုံးက ပရိသတ်တွေချစ်ရတဲ့ စုံတွဲလေးတစ်တွဲဖြစ်ခဲ့ပါတယ်။

ဆယ်လီနာက  အဆိုတော် Thw Weeknd နဲ့ ပြတ်သွားပြီး ရက်အနည်းငယ်အကြာမှာ ဂျေဘီနဲ့ ပြန်တွဲဖြစ်နေကြတာ ဖြစ်ပါတယ်။

ဆယ်လီနာ ကျောကပ်လဲလိုက်ရတဲ့သတင်းကြောင်း တစ်ယောက်နဲ့ တစ်ယောက် အရင်တုန်းက မကျေနပ်ချက်တွေကို မေ့လိုက်ပြီး မိတ်ဆွေတွေအဖြစ် ပြန်အဆင်ပြေဖို့ ကြိုးစားခဲ့တာ ဖြစ်ပေမဲ့ မကုန်သေးတဲ့ သံယောဇဉ်တွေကြောင့် သူတို့နှစ်ယောက်ကြားက ရင်းနှီးမှုက ခဏတွင်းချင်းမှာ  တဆင့်ချင်း တိုးတက်လာခဲ့တာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top