လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

က်န္းမာေတာ္မူႀကပါစခင္ဗ်ာ။

၂၀၁၈ ခုႏွစ္၊ ဇန္န၀ါရီလ (၁၂) ရက္ေန႔ အတြက္ မိုးေလ၀သခန္႔မွန္းခ်က္။

ဘဂၤလားပင္လယ္ေအာ္နဲ႔ေတာင္တရုတ္ပင္လယ္ျပင္အေျခအေန။ (၁၁-၁-၂၀၁၈)ရက္ နံနက္ (၀၉း၀၀)နာရီအခ်ိန္KALPANA_1ျဂိဳဟ္တုမွတိုင္းတာေပးခ်က္အရ၊ ဘဂၤလားပင္လယ္ေအာ္ ေျမာက္ ပိုင္း မွာ အမ်ားအားျဖင့္သာယာ ေနၿပီး၊ ကပၸလီပင္လယ္ျပင္ ႏွင့္ က်န္ဘဂၤလား ပင္လယ္ေအာ္ မွာ တိမ္အသင့္အတင့္ ျဖစ္ထြန္း ေနပါတယ္။ ျမန္မာႏိုင္ငံ ေျမာက္ပိုင္း ႏွင့္ ေတာင္ပိုင္း ေဒသေတြမွာ တိမ္အသင့္အတင့္ မွ တိမ္ထူထပ္ ေနၿပီး၊က်န္ေဒသေတြမွာ တိမ္အနည္းငယ္ မွ တိမ္အသင့္အတင့္ ျဖစ္ထြန္း ေနပါတယ္။

ျမန္မာ့ပင္လယ္ျပင္အေျခအေန။

ျမန္မာ႔ကမ္းရိုးတန္း ႏွင့္ ကမ္းလြန္ပင္လယ္ျပင္ ေတြမွာ လိႈင္းအသင့္ အတင့္ ရွိပါမယ္။ ျမန္မာ႔ကမ္းရိုးတန္း ႏွင့္ ကမ္းလြန္ ပင္လယ္ျပင္ ေတြမွာ လိႈင္းအျမင့္ (၂) ေပခန္႔ မွ (၅) ေပခန္႔ ရွိႏိုင္ပါတယ္။

ညအပူခ်ိန္မ်ားအေျခအေန။

ညအပူခ်ိန္မ်ား ဟာ ကခ်င္ျပည္နယ္၊ခ်င္းျပည္နယ္ ႏွင့္ ရွမ္းျပည္နယ္ တို႔မွာ 4°C–10°C ခန္႔၊ ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ကယားျပည္နယ္၊ရခိုင္ျပည္နယ္၊စစ္ကိုင္း တိုင္းေဒသ ႀကီး၊မႏၱေလးတိုင္းေဒသ ႀကီး ႏွင့္ မေကြးတိုင္းေဒသႀကီး တို႔တြင္ 11`°C –15°C ခန္႔၊ က်န္ေဒသ ေတြမွာ 16°C –23°C ခန္႔ရွိႏိုင္ ပါတယ္။

ခရမ္းလြန္ေရာင္ျခည္အညႊန္းကိန္းမ်ားအေျခအေန။၊

မြန္ျပည္နယ္၊ရန္ကုန္တိုင္းေဒသႀကီး၊ဧရာ၀တီတိုင္း ေဒသႀကီး ႏွင့္ တနသၤာရီတိုင္းေဒသႀကီးတို႔မွာ ခရမ္းလြန္ေရာင္ျခည္ အညႊန္းကိန္း အလြန္ျမင့္မား အဆင့္ တြင္ရွိႏိုင္ၿပီး၊က်န္ ေဒသေတြမွာ ျမင့္မားအဆင့္ တြင္ရွိႏိုင္ပါတယ္။

မိုးရြာသြန္းမႈအေျခအေနခန္႔မွန္းခ်က္။

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊မြန္ျပည္နယ္ ႏွင့္ တနသၤာရီတုိင္း ေဒ ႀကီး တို႔မွာ ေနရာကြက္က်ား မိုး႐ြာႏိုင္ၿပီး၊ ကခ်င္ျပည္နယ္၊ရွမ္းျပည္နယ္(ေတာင္ပိုင္း)၊ ကယားျပည္ နယ္၊ ကရင္ျပည္နယ္ ႏွင့္စစ္ကိုင္းတိုင္းေဒသႀကီး(အထက္ပိုင္း) တို႔မွာ တိမ္အသင့္အတင့္ ျဖစ္ထြန္းႏိုင္ ကာ၊ က်န္ေဒသေတြမွာ အမ်ားအားျဖင့္ သာယာႏိုင္ပါတယ္။

ေနာက္ႏွစ္ရက္အတြက္ခန္႔မွန္းခ်က္။

တစ္ျပည္လုံး မွာ အမ်ားအားျဖင့္ သာယာႏုိင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေဒါက္တာထြန္းလြင္္

#Unicode Version#
ကျန်းမာတော်မူကြပါစခင်ဗျာ။

၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ (၁၂) ရက်နေ့ အတွက် မိုးလေဝသခန့်မှန်းချက်။

ဘင်္ဂလားပင်လယ်အော်နဲ့တောင်တရုတ်ပင်လယ်ပြင်အခြေအနေ။ (၁၁-၁-၂၀၁၈)ရက် နံနက် (၀၉း၀၀)နာရီအချိန်KALPANA_1ဂြိုဟ်တုမှတိုင်းတာပေးချက်အရ၊ ဘင်္ဂလားပင်လယ်အော် မြောက် ပိုင်း မှာ အများအားဖြင့်သာယာ နေပြီး၊ ကပ္ပလီပင်လယ်ပြင် နှင့် ကျန်ဘင်္ဂလား ပင်လယ်အော် မှာ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။ မြန်မာနိုင်ငံ မြောက်ပိုင်း နှင့် တောင်ပိုင်း ဒေသတွေမှာ တိမ်အသင့်အတင့် မှ တိမ်ထူထပ် နေပြီး၊ကျန်ဒေသတွေမှာ တိမ်အနည်းငယ် မှ တိမ်အသင့်အတင့် ဖြစ်ထွန်း နေပါတယ်။

မြန်မာ့ပင်လယ်ပြင်အခြေအနေ။

မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန်ပင်လယ်ပြင် တွေမှာ လှိုင်းအသင့် အတင့် ရှိပါမယ်။ မြန်မာ့ကမ်းရိုးတန်း နှင့် ကမ်းလွန် ပင်လယ်ပြင် တွေမှာ လှိုင်းအမြင့် (၂) ပေခန့် မှ (၅) ပေခန့် ရှိနိုင်ပါတယ်။

ညအပူချိန်များအခြေအနေ။

ညအပူချိန်များ ဟာ ကချင်ပြည်နယ်၊ချင်းပြည်နယ် နှင့် ရှမ်းပြည်နယ် တို့မှာ 4°C–10°C ခန့်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကယားပြည်နယ်၊ရခိုင်ပြည်နယ်၊စစ်ကိုင်း တိုင်းဒေသ ကြီး၊မန္တလေးတိုင်းဒေသ ကြီး နှင့် မကွေးတိုင်းဒေသကြီး တို့တွင် 11`°C –15°C ခန့်၊ ကျန်ဒေသ တွေမှာ 16°C –23°C ခန့်ရှိနိုင် ပါတယ်။

ခရမ်းလွန်ရောင်ခြည်အညွှန်းကိန်းများအခြေအနေ။၊

မွန်ပြည်နယ်၊ရန်ကုန်တိုင်းဒေသကြီး၊ဧရာဝတီတိုင်း ဒေသကြီး နှင့် တနင်္သာရီတိုင်းဒေသကြီးတို့မှာ ခရမ်းလွန်ရောင်ခြည် အညွှန်းကိန်း အလွန်မြင့်မား အဆင့် တွင်ရှိနိုင်ပြီး၊ကျန် ဒေသတွေမှာ မြင့်မားအဆင့် တွင်ရှိနိုင်ပါတယ်။

မိုးရွာသွန်းမှုအခြေအနေခန့်မှန်းချက်။

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊မွန်ပြည်နယ် နှင့် တနင်္သာရီတိုင်း ဒေ ကြီး တို့မှာ နေရာကွက်ကျား မိုးရွာနိုင်ပြီး၊ ကချင်ပြည်နယ်၊ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကယားပြည် နယ်၊ ကရင်ပြည်နယ် နှင့်စစ်ကိုင်းတိုင်းဒေသကြီး(အထက်ပိုင်း) တို့မှာ တိမ်အသင့်အတင့် ဖြစ်ထွန်းနိုင် ကာ၊ ကျန်ဒေသတွေမှာ အများအားဖြင့် သာယာနိုင်ပါတယ်။

နောက်နှစ်ရက်အတွက်ခန့်မှန်းချက်။

တစ်ပြည်လုံး မှာ အများအားဖြင့် သာယာနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ဒေါက်တာထွန်းလွင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top