စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

(၁) မအိပ္ခင္ ေရေႏြးၾကမ္း ပူပူေလးထဲ ပ်ားရည္ ထည့္ေသာက္ပါ ။ ပ်ားရည္ကေတာ့ အေရာင္အရမ္း ေလ်ာ့က်ေစကာ ခြ်ဲသလိပ္ေတြ ေၾက ေစပါတယ္။ ဘာမွမရွိရင္ေတာင္ ေရေႏြး ပူပူေလးထဲကို ဆားခတ္ၿပီး ပလုတ္ က်င္းေပးပါက အေရာင္အရမ္းက်ေစလို႔ အသက္႐ွဴ လမ္းတစ္ေလွ်ာက္ ခြ်ဲေတြ ၿဖိဳခြဲပစ္ ႏိုင္ပါတယ္။ ပူဒီနာရြက္သို႔မဟုတ္ ပင္စိမ္းရြက္ကို ဝါးစားႏိုင္ ပါက ပိုၿပီးအိပ္ေပ်ာ္ေစႏိုင္တဲ့ သတၲိရွိလို႔ အိပ္ေရး မပ်က္ ေစႏိုင္ပါ။ ေခ်ာင္းဆိုးလည္း သက္သာ၊အိပ္လို႔လည္း ေကာင္းေစ ပါတယ္။

(၂) အေနအထားေလး ေျပာင္းအိပ္ၾကည့္ရေအာင္ အိပ္ေပ်ာ္ေနစဥ္ ေခ်ာင္းဆိုးရ ျခင္းဟာ ကမၻာေျမႀကီး ဆြဲငင္အားေၾကာင့္ ျဖစ္တယ္။ လွဲၿပီးေက်ာခ်အိပ္ လိုက္တဲ့အခါ ႏွာေခါင္း အေနာက္ဘက္ ထဲက အရည္ေတြဟာ လည္ေခ်ာင္းထဲ ျပန္စီးဝင္လာေတာ့ လည္ေခ်ာင္းကို ကသိကေအာက္ျဖစ္ေစပါတယ္။ ဒါေၾကာင့္ အိပ္လို႔ ေကာင္းခ်ိန္ ေရာက္မွ ေခ်ာင္းထ ဆိုးရျခင္း ျဖစ္ပါတယ္။ ဒါေၾကာင့္ ကမၻာ့ ဆြဲငင္အားကို ဆန္႔ က်င္ဖို႔ ေနာက္ေၾကာမွာ ေခါင္းအံုး ေတြထား၍မွီၿပီး ေျခဆင္းထိုင္သည့္ အေနအထား ေျပာင္းလိုက္ပါ။ ၿပီးရင္ အနားယူ အိပ္စက္ပါ။ တခ်ိဳ႕ေသာ သူေတြမွာ စားခ်ဥ့္ ျပန္ေရာဂါ ရွိပါက ညအိပ္တဲ့အခါ ခုတင္ ေခါင္းရင္း နိမ့္ပါက အစာအိမ္ထဲက အက္စစ္ဓာတ္ ေတြဟာ လည္ေခ်ာင္း ဘက္ျပန္ စီးဝင္လာ တတ္လို႔ ညမွာ ေခ်ာင္းထဆိုး တတ္တယ္။ ဒါေၾကာင့္ ခုတင္ ေခါင္းရင္းဘက္ကို ၄ လက္မေလာက္ ပိုျမင့္ေအာင္ ခုတင္ ေခါင္းရင္း ဘက္က ေျခေထာက္မွာ သစ္သားတံုး မ်ားထားၿပီး ေျခရင္းထက္ျမင့္ေအာင္ လုပ္ေပးထားပါ။

(၃) ေရေႏြးေငြ႔ သံုးရင္သတိထားသံုးစြဲပါ ေျခာက္ေသြ႕တဲ့ ေလဟာ ေခ်ာင္း ပိုဆိုး ေစပါတယ္။ ဒါေၾကာင့္ ညအိပ္ရာ မဝင္ခင္ ၾကက္သီးေႏြး ေရျဖင့္ ေရခ်ိဳး ၿပီးမွ အိပ္ပါ။ ဒါမွမဟုတ္ ေရေႏြးေငြ႕ ေရခ်ိဳးခန္း ရွိရင္လည္း မအိပ္ခင္ အဲဒီမွာ သြားထိုင္ျခင္းျဖင့္ ေခ်ာင္းဆိုး သက္သာ ေစႏိုင္ပါတယ္။ ဒါေပမယ့္ ရင္က်ပ္ပန္းနာ ရွိသူ ဆိုရင္ေတာ့ ေရေႏြးေငြ႕ေရခ်ိဳးခန္းမွာ ထိုင္ရင္ပိုရင္ က်ပ္သြား ေစႏိုင္တယ္။

(၄) စိုထိုင္းထိုင္းဆကို သတိထားပါ ပတ္ဝန္းက်င္ ေလထု ေျခာက္ေသြ႕ပါက ေလထု စိုထိုင္းဆ မ်ားေအာင္ လုပ္ေပးႏိုင္တဲ့ စက္ေလးေတြ ဖြင့္ထားျခင္းျဖင့္ ေခ်ာင္းမဆိုးေအာင္ ကာကြယ္ ႏိုင္ပါတယ္။ ဒါေပမယ့္ စိုထိုင္းဆ အလြန္မ်ားရင္လည္း ေခ်ာင္းဆိုးေစႏိုင္လို႔ ခ်ိန္ဆၾကည့္ဖို႔ေတာ့ လိုတယ္။ ေလထု စိုစြတ္ စိုထိုင္း လာေတာ့ အမိႈက္ေတြ၊ မိႈစေတြျဖစ္လာၿပီး ဓာတ္မတည့္ ျဖစ္တတ္တယ္။ အဲဒီအခါ ေခ်ာင္းဆိုး ႏိုင္ျပန္တယ္။ စိုထိုင္းဆကို ၄၀ ရာခိုင္ႏႈန္း- ၅၀ ရာခိုင္ႏႈန္း ေလာက္ ထိန္းထားႏိုင္ရင္ OK တယ္။ ဟိုက္ဒ႐ိုမီတာ တစ္ေခ်ာင္းဝယ္ထားၿပီး တိုင္းႏိုင္ပါတယ္။ ေဈးလည္း မႀကီးပါ။

(၅) အိပ္ရာကို သန္႔ရွင္းေအာင္ထားပါ အိပ္ရာဝင္မွ ေခ်ာင္းဆိုးစျပဳတယ္ ဆိုရင္ အိပ္ရာ မသန္႔လို႔လားဆိုတာ သတိထား ရပါတယ္။ အိပ္ရာခင္း၊ ေခါင္းအံုး၊ ေခါင္းအံုးစြပ္၊ အိပ္ရာဖံုး စသည္တို႔ကို တစ္ပတ္တစ္ခါ ေနပူ လွန္းတန္လွန္း၊ ဆပ္ျပာနဲ႔ ေလွ်ာ္တန္ ေလွ်ာ္ရပါမယ္။ေလွ်ာ္ၿပီးရင္ ေနပူထဲမွာ ေျခာက္ေအာင္ လွန္း၊ မီးပူထိုးၿပီးမွ သံုးပါ။ ခုတင္မွာ ဖုန္ေတြ ရွိေနရင္လည္း သန္႔ရွင္းေပးပါ။

(၆) အိပ္ရာနံေဘး အဆင္သင့္ ထားရမယ့္ပစၥည္းမ်ား အိပ္ရာေဘးမွာ ေရသန္႔တစ္ပုလင္း၊ ဖန္ခြက္၁ခြက္၊ ေခ်ာင္းဆိုးေပ်ာက္ ေဆးရည္၊ ငံုေဆးျပား၊ တစ္သွ်ဴး၊ လက္သုတ္ပဝါ စသည္ျဖင့္ လိုအပ္တဲ့ ပစၥည္းေလးေတြ အဆင္သင့္ (ရွာေန စရာ မလိုရေအာင္) ထားေပးျခင္းျဖင့္ ညဘက္ ေခ်ာင္းဆိုးတဲ့ အခါ အလြယ္ တကူ လုပ္စရာရွိတာ လုပ္ႏိုင္ပါတယ္။

(၇) ေဆးဝါးေတြလည္း စဥ္းစားထားပါ အလြယ္တကူ ဝယ္ႏိုင္တဲ့ ေခ်ာင္းဆိုး သက္သာေစတဲ့ ေဆးေတြကလည္း ကူညီ ႏိုင္ပါတယ္။ ခြ်ဲေပ်ာ္ေဆးက ရင္ေခ်ာင္ေစတယ္။ ေခ်ာင္းဆိုး ေပ်ာက္ေဆးက ေခ်ာင္းဆိုးသက္သာ မယ္။ ရင္က်ပ္ရင္ေတာ့ ရင္ေခ်ာင္ ေဆးဝယ္ေသာက္ရမယ္။

(၈) ဆရာဝန္ႏွင့္ ျပသပါ ေခ်ာင္းဆိုးတာ ၂ ပတ္ေက်ာ္ လာလို႔မွ မသက္သာရင္ သို႔မဟုတ္ ေနရထိုင္ရ ခက္ခဲၿပီး ပိုဆိုးဝါး လာတယ္ထင္ရင္ ဆရာဝန္ႏွင့္ ျပသစစ္ေဆးမႈ၊ ကုသမႈခံယူပါ။ ေခ်ာင္းဆိုးေနၿပီဆိုရင္ အဲဒီလူမွာ က်န္းမာေရး ျပႆနာ တစ္ခု ရွိေနၿပီဆိုတာ သိထားဖို႔ လိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ျမ၀တီ

# Unicode Version ျဖင့္ ဖတ္ပါ #
(၁) မအိပ်ခင် ရေနွေးကြမ်း ပူပူလေးထဲ ပျားရည် ထည့်သောက်ပါ ။ ပျားရည်ကတော့ အရောင်အရမ်း လျော့ကျစေကာ ချွဲသလိပ်တွေ ကြေ စေပါတယ်။ ဘာမှမရှိရင်တောင် ရေနွေး ပူပူလေးထဲကို ဆားခတ်ပြီး ပလုတ် ကျင်းပေးပါက အရောင်အရမ်းကျစေလို့ အသက်ရှူ လမ်းတစ်လျှောက် ချွဲတွေ ဖြိုခွဲပစ် နိုင်ပါတယ်။ ပူဒီနာရွက်သို့မဟုတ် ပင်စိမ်းရွက်ကို ဝါးစားနိုင် ပါက ပိုပြီးအိပ်ပျော်စေနိုင်တဲ့ သတ္တိရှိလို့ အိပ်ရေး မပျက် စေနိုင်ပါ။ ချောင်းဆိုးလည်း သက်သာ၊အိပ်လို့လည်း ကောင်းစေ ပါတယ်။

(၂) အနေအထားလေး ပြောင်းအိပ်ကြည့်ရအောင် အိပ်ပျော်နေစဉ် ချောင်းဆိုးရ ခြင်းဟာ ကမ္ဘာမြေကြီး ဆွဲငင်အားကြောင့် ဖြစ်တယ်။ လှဲပြီးကျောချအိပ် လိုက်တဲ့အခါ နှာခေါင်း အနောက်ဘက် ထဲက အရည်တွေဟာ လည်ချောင်းထဲ ပြန်စီးဝင်လာတော့ လည်ချောင်းကို ကသိကအောက်ဖြစ်စေပါတယ်။ ဒါကြောင့် အိပ်လို့ ကောင်းချိန် ရောက်မှ ချောင်းထ ဆိုးရခြင်း ဖြစ်ပါတယ်။ ဒါကြောင့် ကမ္ဘာ့ ဆွဲငင်အားကို ဆန့် ကျင်ဖို့ နောက်ကြောမှာ ခေါင်းအုံး တွေထား၍မှီပြီး ခြေဆင်းထိုင်သည့် အနေအထား ပြောင်းလိုက်ပါ။ ပြီးရင် အနားယူ အိပ်စက်ပါ။ တချို့သော သူတွေမှာ စားချဉ့် ပြန်ရောဂါ ရှိပါက ညအိပ်တဲ့အခါ ခုတင် ခေါင်းရင်း နိမ့်ပါက အစာအိမ်ထဲက အက်စစ်ဓာတ် တွေဟာ လည်ချောင်း ဘက်ပြန် စီးဝင်လာ တတ်လို့ ညမှာ ချောင်းထဆိုး တတ်တယ်။ ဒါကြောင့် ခုတင် ခေါင်းရင်းဘက်ကို ၄ လက်မလောက် ပိုမြင့်အောင် ခုတင် ခေါင်းရင်း ဘက်က ခြေထောက်မှာ သစ်သားတုံး များထားပြီး ခြေရင်းထက်မြင့်အောင် လုပ်ပေးထားပါ။

(၃) ရေနွေးငွေ့ သုံးရင်သတိထားသုံးစွဲပါ ခြောက်သွေ့တဲ့ လေဟာ ချောင်း ပိုဆိုး စေပါတယ်။ ဒါကြောင့် ညအိပ်ရာ မဝင်ခင် ကြက်သီးနွေး ရေဖြင့် ရေချိုး ပြီးမှ အိပ်ပါ။ ဒါမှမဟုတ် ရေနွေးငွေ့ ရေချိုးခန်း ရှိရင်လည်း မအိပ်ခင် အဲဒီမှာ သွားထိုင်ခြင်းဖြင့် ချောင်းဆိုး သက်သာ စေနိုင်ပါတယ်။ ဒါပေမယ့် ရင်ကျပ်ပန်းနာ ရှိသူ ဆိုရင်တော့ ရေနွေးငွေ့ရေချိုးခန်းမှာ ထိုင်ရင်ပိုရင် ကျပ်သွား စေနိုင်တယ်။

(၄) စိုထိုင်းထိုင်းဆကို သတိထားပါ ပတ်ဝန်းကျင် လေထု ခြောက်သွေ့ပါက လေထု စိုထိုင်းဆ များအောင် လုပ်ပေးနိုင်တဲ့ စက်လေးတွေ ဖွင့်ထားခြင်းဖြင့် ချောင်းမဆိုးအောင် ကာကွယ် နိုင်ပါတယ်။ ဒါပေမယ့် စိုထိုင်းဆ အလွန်များရင်လည်း ချောင်းဆိုးစေနိုင်လို့ ချိန်ဆကြည့်ဖို့တော့ လိုတယ်။ လေထု စိုစွတ် စိုထိုင်း လာတော့ အမှိုက်တွေ၊ မှိုစတွေဖြစ်လာပြီး ဓာတ်မတည့် ဖြစ်တတ်တယ်။ အဲဒီအခါ ချောင်းဆိုး နိုင်ပြန်တယ်။ စိုထိုင်းဆကို ၄၀ ရာခိုင်နှုန်း- ၅၀ ရာခိုင်နှုန်း လောက် ထိန်းထားနိုင်ရင် OK တယ်။ ဟိုက်ဒရိုမီတာ တစ်ချောင်းဝယ်ထားပြီး တိုင်းနိုင်ပါတယ်။ ဈေးလည်း မကြီးပါ။

(၅) အိပ်ရာကို သန့်ရှင်းအောင်ထားပါ အိပ်ရာဝင်မှ ချောင်းဆိုးစပြုတယ် ဆိုရင် အိပ်ရာ မသန့်လို့လားဆိုတာ သတိထား ရပါတယ်။ အိပ်ရာခင်း၊ ခေါင်းအုံး၊ ခေါင်းအုံးစွပ်၊ အိပ်ရာဖုံး စသည်တို့ကို တစ်ပတ်တစ်ခါ နေပူ လှန်းတန်လှန်း၊ ဆပ်ပြာနဲ့ လျှော်တန် လျှော်ရပါမယ်။လျှော်ပြီးရင် နေပူထဲမှာ ခြောက်အောင် လှန်း၊ မီးပူထိုးပြီးမှ သုံးပါ။ ခုတင်မှာ ဖုန်တွေ ရှိနေရင်လည်း သန့်ရှင်းပေးပါ။

(၆) အိပ်ရာနံဘေး အဆင်သင့် ထားရမယ့်ပစ္စည်းများ အိပ်ရာဘေးမှာ ရေသန့်တစ်ပုလင်း၊ ဖန်ခွက်၁ခွက်၊ ချောင်းဆိုးပျောက် ဆေးရည်၊ ငုံဆေးပြား၊ တစ်သျှူး၊ လက်သုတ်ပဝါ စသည်ဖြင့် လိုအပ်တဲ့ ပစ္စည်းလေးတွေ အဆင်သင့် (ရှာနေ စရာ မလိုရအောင်) ထားပေးခြင်းဖြင့် ညဘက် ချောင်းဆိုးတဲ့ အခါ အလွယ် တကူ လုပ်စရာရှိတာ လုပ်နိုင်ပါတယ်။

(၇) ဆေးဝါးတွေလည်း စဉ်းစားထားပါ အလွယ်တကူ ဝယ်နိုင်တဲ့ ချောင်းဆိုး သက်သာစေတဲ့ ဆေးတွေကလည်း ကူညီ နိုင်ပါတယ်။ ချွဲပျော်ဆေးက ရင်ချောင်စေတယ်။ ချောင်းဆိုး ပျောက်ဆေးက ချောင်းဆိုးသက်သာ မယ်။ ရင်ကျပ်ရင်တော့ ရင်ချောင် ဆေးဝယ်သောက်ရမယ်။

(၈) ဆရာဝန်နှင့် ပြသပါ ချောင်းဆိုးတာ ၂ ပတ်ကျော် လာလို့မှ မသက်သာရင် သို့မဟုတ် နေရထိုင်ရ ခက်ခဲပြီး ပိုဆိုးဝါး လာတယ်ထင်ရင် ဆရာဝန်နှင့် ပြသစစ်ဆေးမှု၊ ကုသမှုခံယူပါ။ ချောင်းဆိုးနေပြီဆိုရင် အဲဒီလူမှာ ကျန်းမာရေး ပြဿနာ တစ်ခု ရှိနေပြီဆိုတာ သိထားဖို့ လိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: မြဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top