×

# Zawgyi ျဖင့္ဖတ္ရန္ #

ကြၽန္ေတာ္ လူပ်ိဳႀကီးေပါ့…။ကြၽန္ေတာ္ မိန္းမ မရတာ ႐ုပ္ဆိုးလို႔မဟုတ္ဘူးဗ်.. မိန္းမတစ္ေယာက္ကို တာဝန္မယူႏိုင္လို႔ပါခင္ဗ်ား..။ကြၽန္ေတာ့္အတြက္ေၾကာင့္ သူတစ္ပါးကို စိတ္မဆင္းရဲေစခ်င္ဘူးေလ…။ကြၽန္ေတာ္ သူမ်ားေတြလို အေမ့ကို လူအို႐ုံမပို႔ခ်င္ဘူး..။ အေမကလည္း စိတ္ခ်မ္းသာလို႔ ဒီေလာက္အထိ အသက္ရွည္ေနတာေပါ့…။ကြၽန္ေတာ္ ေပ်ာ္ပါတယ္..။ ကြၽန္ေတာ့္ဘဝ အေမရွိရင္ ၿပီးပါတယ္…။ေတာင္ကိုရီးယားႏိုင္ငံ၊ ေယာင္ဒုံဖိုၿမိဳ႕နယ္၊ စင္ဂီးလ္ရပ္ကြက္ (Yeongdeungpo-Gu, Singil- Dong ) တြင္ျဖစ္သည္။

ခြၽဲဆိုေသာ အမ်ိဳးသားႀကီးသည္ အိမ္ေထာင္မျပဳဘဲ အေမအိုႀကီးကို လုပ္ေကြၽးျပဳစုရင္း ဘဝကို ႐ိုးသားႀကိဳးစားစြာျဖင့္ ေနထိုင္လွ်က္ရွိသည္။ခြၽဲသည္ ခ်မ္းသာေသာသူတစ္ေယာက္ မဟုတ္ပါ..။ေတာင္ကိုရီးယားတြင္ ေျမေအာက္ခန္းမ်ားသည္ ေဈးေပါသည္။ ခြၽဲသည္ မိခင္ႀကီးႏွင့္အတူ ကိုယ္တိုင္ ေျမေအာက္ခန္းတစ္ခု၌ အိမ္ငွား၍ အသက္ ၉၀ ေက်ာ္ မိခင္ႀကီးအား လုပ္ေကြၽးရင္းျဖင့္ ၿငိမ္းခ်မ္းစြာ ေနထိုင္ေနေလသည္။

ကြၽန္ေတာ္တို႔ႏိုင္ငံက အိုးမဲ့အိမ္မဲ့လူေတြ အခုအထိရွိေနတုန္းပဲေနာ္..။ သူတို႔က ထုံးစံအတိုင္း ေလွကားေအာက္ေတြ ေျမေအာက္ဘူတာ႐ုံအထဲေတြမွာ အိပ္ၾကတယ္..။ သူတို႔တေတြေနတဲ့ ေနရာနဲ႔ ကြၽန္ေတာ္တို႔ရပ္ကြက္နဲ႔ နီးတယ္ဗ်..။သူတို႔ကို အထင္မေသးပါနဲ႔ ..သူတို႔မွာ သူတို႔ဘဝဇာတ္လမ္းေတြရွိတယ္…။ ကြၽန္ေတာ္ စိတ္ဝင္စားတယ္..။ တခ်ိဳ႕ဆို ပညာတတ္ေတြဗ်.. ဆရာဝန္ေတြေတာင္ ပါေသးတယ္..။ကြၽန္ေတာ္တို႔မွာ ပရဟိတအဖြဲ႕ရွိတယ္။ ကြၽန္ေတာ္တို႔ ေငြစုၿပီး ထမင္းထုပ္ေဝၾကတယ္။ အစားအေသာက္ေကြၽးတယ္.. ေနမေကာင္းရင္ ေဆးကုေပးေပါ့..။

ကြၽန္ေတာ္ ဘယ္ေတာ့မွ မပ်က္ကြက္ဘူး အၿမဲ ပရဟိတလုပ္တယ္..။ကြၽန္ေတာ္ အဲဒီမွာ ဂန္ကို စေတြ႕ခဲ့တာ..။ဂန္က မိန္းကေလးမဟုတ္ပါဘူး.. ေယာက္်ားေလးပါဗ်..။ သူက ကြၽန္ေတာ့္ထက္ ၈ ႏွစ္ငယ္တယ္..။ ႐ုပ္ရည္သန႔္ျပန္တယ္။ဒီေကာင့္ဘဝက သနားစရာပါ..။ဒီေကာင္က လူခ်မ္းသာျဖစ္ခဲ့ဖူးတယ္ဗ်..။ စီးပြားပ်က္ၿပီး လူအလိမ္ခံရတယ္ဆိုပဲ..။ ကုန္းေကာက္စရာမရွိေအာင္ အေႂကြးေတြဝိုင္းတဲ့ဘဝကို ေရာက္သြားခဲ့တာ။ အသတ္ခံရမွာေၾကာက္လို႔ ထြက္ေျပးရင္း ဒီေနရာကို ေရာက္လာတာ..။

အိမ္ရာမဲ့ေတြထဲက ဂန္ကို ကြၽန္ေတာ္ ထူးထူးျခားျခား က႐ုဏာသက္မိတယ္။ သူက က်န္းမာေရးက သိပ္မေကာင္းဘူး ..။ က်န္းမာေရးေလးေကာင္းလာရင္ အလုပ္ထြက္လုပ္လိုက္ ..ေနမေကာင္းျဖစ္လိုက္နဲ႔ ..။ ေနမေကာင္းျဖစ္ရင္ အလုပ္နားရျပန္ေရာ.. ရတာေလးနဲ႔ ေႁခြတာစားလိုက္..။ေငြကုန္သြားရင္ေတာ့ ေနမေကာင္းရက္ႀကီးနဲ႔ အလုပ္လုပ္ျပန္တယ္ဗ်ာ…။တစ္ေန႔ေတာ့ ကြၽန္ေတာ္ ဂန္ အလုပ္က ျပန္လာတဲ့အထိ သူ အၿမဲအိပ္တတ္တဲ့ ေလွကားေအာက္မွာ ထိုင္ေစာင့္ေနလိုက္တယ္..။
ေဟာ… မၾကာခင္ဘဲ ဂန္တစ္ေယာက္ အလုပ္ကျပန္လာတယ္..။”ခင္ဗ်ား ထမင္းစားၿပီးၿပီလားဗ်..”ဂန္က ထမင္းထုပ္ တစ္ခု ေျမႇာက္ျပရင္း..”ဟာ… အစ္ကိုပါလား…စိတ္မေကာင္းစရာ ေျပာရဦးမယ္ဗ်။ ဟိုတေလာက ေျခေထာက္ဒဏ္ရာရေနတဲ့ ဟိုလူ *** ခင္ဗ်ားသိလား? ဒီေန႔ ဆုံးသြားတယ္ဗ်ာ.. သူ႔အတြက္ ထမင္းထုပ္ပို႔တဲ့ ပရဟိတသမားေတြက ကြၽန္ေတာ့္ကို သူ႔ထမင္းထုပ္ေပးလိုက္တာ..ဒီေန႔ေတာ့ ထမင္းထုပ္ ၂ ထုပ္ဗ်..”

“ခင္ဗ်ားထမင္းထုပ္ေတြ ေနာက္ေန႔အတြက္ ထားလိုက္ဗ်ာ.. က်ဳပ္ ခင္ဗ်ားကို ထမင္းေကြၽးဖို႔ ေစာင့္ေနတာဗ်..ဆိုင္တစ္ဆိုင္ သြားရေအာင္..””ဗ်ာ..! ကြၽန္ေတာ့္လိုလူနဲ႔ ခင္ဗ်ား ထမင္းဆိုင္ထိုင္ရဲလို႔လားဗ်.. ကြၽန္ေတာ့္ အဝတ္အစားေတြ အနံ႔ဆိုးတယ္ေနာ္.. “” သိတယ္ေလ.. က်ဳပ္ အဝတ္ေတြယူလာတယ္.. လဲလိုက္ဗ်ာ.. ခင္ဗ်ားယူလိုက္..ဒါေတြ လက္ေဆာင္ရထားတာဗ် အေရာင္မႀကိဳက္လို႔ဗ်ာ…က်ဳပ္မဝတ္ျဖစ္ဘူးဗ်”အမွန္ေတာ့ ကြၽန္ေတာ္ေတာင္ မဝတ္ရက္တဲ့ အက်ႌ အသစ္ေတြကို ဂန္ကို ေပးလိုက္တာပါ..။

ကြၽန္ေတာ္နဲ႔ဂန္ ထမင္းစား အရက္ေသာက္ၾကတယ္.. အရက္၂ ပုလင္း ကုန္သြားတယ္..။ကြၽန္ေတာ္ ဂန္ကို သူငယ္ခ်င္းတစ္ေယာက္ ညီတစ္ေယာက္လိုဆက္ဆံတာ သူအေတာ္ဝမ္းသာေနပုံရတယ္..။ မ်က္ရည္ေတြက်လာလို႔ ကြၽန္ေတာ္မသိေအာင္ သုတ္ေနတာ မသိခ်င္ေယာင္ ေဆာင္ေနလိုက္တယ္…။”ကြၽန္ေတာ္ ဆိုင္မွာ ထမင္းမစားျဖစ္တာ အႏွစ္ ၂၀ နီးပါးရွိၿပီဗ်ာ…။လူလိုသူလို ျပန္ေနခ်င္လာမိတယ္”

ကြၽန္ေတာ္ သူ ထမင္းစားၿပီးတဲ့အထိ ေစာင့္လိုက္တယ္..။ ေနာက္ဆုံး အရက္လက္က်န္ကို ရွင္းလိုက္တယ္။” ဂန္.. က်ဳပ္ ခင္ဗ်ားကို ေျပာစရာရွိလို႔ဗ်…”” ေျပာပါဗ်ာ.. ကူညီခ်င္ပါတယ္..”” ခင္ဗ်ား အကူအညီမယူရပါဘူးဗ်ာ.. ဒီေန႔ က်ဳပ္ လစာတိုးတယ္ဗ်.. တစ္သိန္းတိုးရတာ””ဝမ္းသာလိုက္တာဗ်ာ.. အစ္ကို ဒါေၾကာင့္ ကြၽန္ေတာ့္ကို ထမင္းလိုက္ေကြၽးတာကိုးဗ်..”

” ဒီလကစၿပီး အဲဒီတစ္သိန္းကို ခင္ဗ်ားကို လစဥ္ေထာက္ပံ့မယ္ဗ်ာ..ေရာ့ .. တစ္သိန္း..”
“ဗ်ာ…!?!”
ဂန္တစ္ေယာက္ ဒူးေထာက္ထိုင္ခ်လိုက္ေတာ့တယ္..။
” အစ္ကို႔ေက်းဇူး ႀကီးမားလွပါေပတယ္”

“ဟာ… လူေတြၾကည့္ေနတယ္..ထပါကြာ.. က်ဳပ္ကို ခင္ဗ်ားအစ္ကိုလို သေဘာထားပါ.. က်ဳပ္ ဒီလိုလုပ္တာခံခ်င္လို႔ ကူညီတာမဟုတ္ဘူး.. ခင္ဗ်ားကေတာ့ လုပ္ၿပီ..”
အဲဒီေန႔ ကြၽန္ေတာ္ေပ်ာ္တယ္..။အေမ့ကို ေရခ်ိဳးေပးရင္း ေတြးမိတယ္။ ကြၽန္ေတာ္ သူ႔ကို ဒီထက္ပိုၿပီး ဘယ္လိုကူညီရမလဲလို႔…။

အလုပ္ထဲမွာလည္း ဂန္အတြက္ မဝတ္တဲ့အက်ႌေတြ ရွိရင္ေပးပါလို႔ အလႉလိုက္ခံတယ္..။ကြၽန္ေတာ္ ထမင္း၊ ဟင္း၊ ဆန္၊ အက်ႌ ရသေလာက္ စုစည္းၿပီး ဂန္ကိုေပးတယ္။ကြၽန္ေတာ္ အေမအိုႀကီး လုပ္ေကြၽးခြင့္ရတာနဲ႔ ဆင္းရဲသားဂန္ကို ကူညီခြင့္ရတဲ့ အခ်ိန္ေတြဟာ ကြၽန္ေတာ့္ဘဝရဲ႕ ပီတီအျဖစ္ရဆုံး အခ်ိန္ေတြပါပဲ…။

ဒီလိုနဲ႔ ေဆာင္းရာသီေရာက္လာတယ္..။

ဒီေဆာင္းက ေတာ္ေတာ္ခ်မ္းတယ္ဗ်ာ…။ကြၽန္ေတာ္ ဟိုေကာင္ဂန္တစ္ေယာက္ ဘယ္လိုအိပ္ေနမလဲသိခ်င္လို႔ သူေနတဲ့ေလွကားေအာက္ဖက္ကို ေလွ်ာက္လာခဲ့တယ္…။
ခ်မ္းလြန္းလို႔ တုန္ယင္ၿပီး ဖ်ားေနတဲ့ဂန္ကို သတင္းစာေတြကာထားတဲ့ ေလွကားေအာက္မွာ ေတြ႕လိုက္ရတယ္။ကြၽန္ေတာ္ ေတာ္ေတာ္ စိတ္မေကာင္းျဖစ္သြားတယ္…

“ဒီေန႔ေတာ့ ခင္ဗ်ား က်ဳပ္အိမ္ လာအိပ္ဗ်ာ။ ခင္ဗ်ား ေသသြားလိမ့္မယ္..။”မျငင္းရွာဘူး..။ ဂန္ ကြၽန္ေတာ့္ကို အလြန္အားနာေနတဲ့ပုံရေပမယ့္ ေတာ္ေတာ္ အဖ်ားတက္ေနလို႔ မျငင္းသာတာလဲပါမယ္..။ဒီလိုနဲ႔ ေရခဲေအာက္အမွတ္ေရာက္တဲ့ေန႔ေတြတိုင္း ဂန္ကို ကြၽန္ေတာ္ကိုယ္တိုင္သြားေခၚၿပီး ကြၽန္ေတာ့္အိမ္မွာ အိပ္ေစခဲ့တယ္။ဂန္က ေက်းဇူးတင္လြန္းလို႔ သူလာအိပ္တဲ့ေန႔တိုင္း ကြၽန္ေတာ့္တစ္အိမ္လုံးကို ရွင္းေပးတာမ်ား အိမ္အသစ္လား ထင္ရတယ္..။ဒီေကာင္ အလိုက္ေတာ့ သိတတ္သား..။

ဒီလိုနဲ႔ ၂၀၀၇ ခုႏွစ္ ၉ လပိုင္း ေဆာင္းဦးဝင္လာၿပီ..။”ခင္ဗ်ားပစၥည္းေတြ သိမ္းဗ်ာ…ဒီမွာမေနနဲ႔ေတာ့…. “ဂန္ ထိတ္လန႔္သြားသည္။”မလုပ္ပါနဲ႔ အစ္ကိုရာ .. ဒီေနရာရဖို႔ မနည္းဦးထားရတာ။ ေလွကားေအာက္ဆိုေတာ့ အိမ္ေလးလိုဗ်..””စကားမရွည္နဲ႔ဗ်ာ.. ဒီေန႔ကစၿပီး က်ဳပ္နဲ႔အတူ လိုက္ေနေတာ့…””ဗ်ာ…!?! ကြၽန္ေတာ္ အိမ္မက္မ်ား မက္ေနလား?!?””က်ဳပ္ အလုပ္သြားရင္ အေမႀကီးတစ္ေယာက္တည္း အိမ္မွာက်န္ခဲ့တာ။ ခင္ဗ်ားအေမလို သေဘာထားရမယ္ေနာ္။ အေမက ကြၽန္ေတာ့္ဘဝဗ်..,”ကြၽန္ေတာ္ ဂန႔္ကို သံေယာဇဥ္ျဖစ္မိတယ္..။ သူ႔ကို လမ္းေဘးအိပ္ေနရတဲ့ ဒီဘဝက လြတ္ေစခ်င္တယ္..။

“အေမ.. သားျပန္လာၿပီ.. ဂန္လည္းပါတယ္…”

အေမအိုႀကီးက ဝမ္းေျမာက္ဝမ္းသာ ႀကိဳဆိုသည္။

“သားတို႔ညီအစ္ကို လာမယ္ဆိုလို႔ အေမတစ္ေန႔လုံး ေစာင့္ေနတာ..”

“အိမ္က က်ဥ္းတယ္ဗ်ာ..ခင္ဗ်ား အဆင္ေျပရဲ႕လား?”

“ဟာဗ်ာ … အစ္ကိုရာ ကြၽန္ေတာ္က ေလွကားေအာက္မွာေနလာတဲ့ေကာင္ပါဗ်.. ကြၽန္ေတာ္က အားနာေနတာ..”

“မိသားစုလို သေဘာထားပါ ညီေလးရာ”

ဒီလိုနဲ႔ ဂန္ဟာ ကြၽန္ေတာ့္မိသားစုဝင္တစ္ေယာက္ ျဖစ္လာပါတယ္…။

အေမကဆို ၿပဳံးေနေရာပဲ…

“သားအသစ္တစ္ေယာက္ရၿပီ.. အေမမပ်င္းေတာ့ဘူး..” ..တဲ့

လူ႔ဘဝတစ္ခုကို ကယ္တင္လိုက္ရေတာ့ ကြၽန္ေတာ္ ဝမ္းသာတယ္..။

၂၀၁၀ ခုႏွစ္ ၁ လပိုင္း ၉ ရက္ေန႔

အိမ္နီးခ်င္းမ်ားက ခြၽဲ အိမ္အျပင္မထြက္ဘဲေနသည္မွာ ၂ ရက္ရွိေၾကာင္း ရဲစခန္းကို ဖုန္းဆက္သည္။

“သူ႔အေမအတြက္ အၿမဲ ေရသန႔္လာယူေနက်။ မလာတာ ၂ ရက္ရွိၿပီ။ တံခါးလည္း အျပင္က ေသာ့ခတ္ထားတယ္..”

ရဲေထာက္လွမ္းေရးတို႔က ေသာ့ဖ်က္၍ ဝင္လိုက္ရာ ေျမေအာက္ခန္းအိမ္၌ အသက္ ၅၄ ႏွစ္ရွိသည့္ ခြၽဲဆိုသည့္ အမ်ိဳးသားႀကီးႏွင့္ အသက္ ၉၁ ႏွစ္ရွိသည့္ ဂ်န္းဆိုသည့္ အေမအိုႀကီးသည္ ဓားဒဏ္ရာမ်ားစြာျဖင့္ ၾကမ္းျပင္ေပၚ လဲက်ေသဆုံးေနေလသည္။

ခြၽဲ၏ မ်က္ႏွာ၊ ေက်ာျပင္၊ ေခါင္းတို႔တြင္ ဓားဒဏ္ရာမ်ားစြာ….

အေမအိုႀကီးမ်က္ႏွာတစ္ခုလုံးလည္း ဓားဒဏ္ရာတို႔ျဖင့္ စုတ္ျပတ္ေနသည္။

မည္သို႔ပင္ အားစိုက္၍ ဓားျဖင့္ထိုးသည္မသိ…။ ဓားက်ိဳးသြားကာ နံေဘးမွ ကပ္ေၾကးျဖင့္ ဆက္ထိုးထားသည္ကို ေတြ႕ရေလသည္။

မည္သူက မည္သို႔ေသာ အၿငိဳးေၾကာင့္ အ႐ိုးမ်ားက်ိဳးသည္အထိ ဓား၊ ကပ္ေၾကးတို႔ျဖင့္ ထိုးထားသနည္း..?

ခြၽဲသည္ သူ႔အေမႀကီးအား ျပဴးက်ယ္ေသာ မ်က္လုံးတို႔ျဖင့္ ၾကည့္ေနသည္။ သူသည္ အေမထံသြား၍ ကယ္ရန္ ႀကိဳးစားခဲ့ပုံရသည္။

” လြန္ခဲ့တဲ့ ၄ လေလာက္တုန္းက ခြၽဲက အမ်ိဳးသားတစ္ေယာက္ကို အိမ္ေခၚလာတယ္ရွင့္။ သူတို႔နဲ႔အတူေနတာ။ အခုေပ်ာက္ေနတာ မသကၤာစရာပဲ။ နာမည္က ဂန္** ဆိုလား?.. ”

“အဲဒီေန႔က ခြၽဲရဲ႕ ေအာ္ဟစ္သံကို ၾကားမိသလိုပဲ။ “အေမေရ … အေမေရ … “လို႔ ေအာ္သံသဲ့သဲ့ ၾကားမိတယ္။ ေျမေအာက္ဆိုေတာ့ အသံသိပ္မၾကားရဘူး”

အိမ္နီးခ်င္းအေဒၚႀကီး၏ သတင္းေပးမႈေၾကာင့္ ရဲတပ္ဖြဲ႕ဝင္မ်ားက ဂန္ထံသို႔ စစ္ေဆးေမးျမန္းၾကေတာ့သည္။

ဂန္အား တံတားတစ္ခု၏ ေလွကားေအာက္တြင္ေတြ႕ရွိၾကရသည္၊

” ခြၽဲတို႔သားအမိ ေသဆုံးေနတာနဲ႔ပတ္သက္ၿပီး ေမးခ်င္လို႔ပါ..”

ရဲအရာရွိမ်ား၏ DNA စစ္ေဆးခ်က္အရ ခြၽဲႏွင့္မိခင္အိုႀကီးအား ရက္ရက္စက္စက္သတ္ခဲ့ေသာ လူသတ္သမားသည္ ဂန္ျဖစ္ေနေလသည္။

“မထင္ဘူးဗ်ာ…ခင္ဗ်ား ရက္စက္လိုက္တာ..။ ခင္ဗ်ားကို ကူညီထားတဲ့သူေတြကိုမွ သတ္ပစ္လိုက္တယ္လို႔ဗ်ာ .. ခင္ဗ်ား ဘာေၾကာင့္ အခုလိုလုပ္ခဲ့တာလဲ..?”

ဂန္က သည္လိုေျဖသည္..။

သူတို႔အိမ္က က်ဥ္းတယ္ဗ်။ သူတို႔ႏွစ္ေယာက္နဲ႔ ကြၽန္ေတာ္ သုံးေယာက္အိပ္ရတာ ၾကပ္တယ္။

ကြၽန္ေတာ္ ခြၽဲကို ဒီထက္က်ယ္တဲ့ အခန္းငွားဖို႔ေျပာတာ မငွားဖူးဗ်ာ။ ဒီဘဲႀကီး ပိုက္ဆံရွိရဲ႕သားနဲ႔ ကပ္ေနတာ။

ပထမေတာ့ ေကာင္းေကာင္းေျပာၾကည့္တယ္။ ၁၀ သိန္းထပ္ေပးရင္ က်ယ္တဲ့အိမ္ကို ေျပာင္းလို႔ရတယ္။ ကြၽန္ေတာ္ အကုန္စုံစမ္းၿပီးသား။

ခြၽဲက ၁၀ သိန္းမထုတ္ဘူး.. မရွိဘူူးလို႔ေျပာတယ္။ စုထားတဲ့ေငြက သူ႔အေမတစ္ခုခုျဖစ္ရင္ ေဆးကုဖို႔တဲ့။

သူ႔အိမ္ေရာက္ၿပီးကတည္းက ထမင္း၊ ဟင္း တစ္ခါမွ ျပင္မေကြၽးေတာ့ဘူး။ ကြၽန္ေတာ္ ေလွကားေအာက္မွာေနတုန္းက ခ်ိဳင့္နဲ႔ယူလာၿပီး သူကိုယ္တိုင္ ေကြၽးခဲ့တာ။

သူတို႔အိမ္ေရာက္ေတာ့ ကိုယ္ထမင္းဆာတဲ့အခ်ိန္ စားလို႔လည္းမျဖစ္၊ အိမ္ရွင္ထက္ အရင္စားရင္လည္း ႐ိုင္းရာက်မယ္..။

ကြၽန္ေတာ္ ခြၽဲတို႔သားအမိကို မေက်နပ္ဘူး..။

ကြၽန္ေတာ္ သူ႔အိမ္မွာ အရက္ေသာက္တာ သူမႀကိဳက္ဘူး။ အိမ္ကက်ဥ္းေတာ့ သူ႔အေမႀကီးက အရက္နံ႔ နံတယ္ေပါ့ဗ်ာ။ ဒါဆို က်ယ္တဲ့အိမ္ေျပာင္းေပါ့ ကပ္ေစးနည္းတာ။

ကြၽန္ေတာ္ တမင္သက္သက္ သူ႔အိမ္မွာ အရက္ေန႔တိုင္းေသာက္တယ္။

သူ လစဥ္ေပးေနက် တစ္သိန္းေပ့မယ့္ေန႔က ေတာ္ေတာ္ေက်ာ္လာၿပီဗ်။ မေပးေသးဘူး…။

သူ လစာထုတ္ထားတာလည္း ကြၽန္ေတာ္သိတယ္။

ေစာင့္ေနတဲ့သူ ဘယ္ေလာက္ပင္ပန္းလဲ ဒီလူ မသိေလေရာ့လား။

အဲဒီမွာ ကြၽန္ေတာ့္ေဒါသေတြ မထိန္းႏိုင္ေတာ့တာပဲ..။

၂၀၁၀ ခုႏွစ္ ၁ လပိုင္း ၇ ရက္ေန႔

ကြၽန္ေတာ္ ဒီကိစၥကို ရွင္းမွျဖစ္မယ္ဆိုၿပီး အရက္ေသာက္ရင္း ေစာင့္ေနလိုက္တယ္..။

” ခြၽဲ.. ခင္ဗ်ားႀကီး ကြၽန္ေတာ့္ကို တစ္လတစ္သိန္း ေထာက္ပံ့မယ္ဆိုၿပီး မေပးေတာ့ဘူးလား”

” ညီရယ္ .. မင္းကို ထမင္းေကြၽးထားတာ ပိုက္ဆံဘာလိုေသးလို႔လဲ။ မင္းေနမေကာင္းရင္ ေဆးကုဖို႔ ေငြလိုရင္လည္း ငါပဲေပးရမွာ..”

“ထမင္းမလိုဘူးဗ် … ဘူတာေလွခါးမွာေနရင္ အစားအေသာက္ ေပါမွေပါ။ တစ္သိန္းက အရက္ဖိုးဗ်..”

“မင္း အရက္ေသာက္ဖို႔ဆို လုံးဝမေပးေတာ့ဘူး..မင္းအရက္ျဖတ္ပါ..”

“ခင္ဗ်ားႀကီး ကြၽန္ေတာ့္ကို ေငြမရွိလို႔ အထင္ေသးတာလား? အရက္ျဖတ္ဖို႔ေျပာရေအာင္ ခင္ဗ်ားက ဆရာႀကီးလား..?

ခြၽဲ ေဒါသျဖစ္တာ သည္တစ္ခါပဲေသခ်ာေတြ႕ဖူးတယ္..။

ကြၽန္ေတာ္နဲ႔ အႀကီးအက်ယ္ စကားမ်ားၾကတယ္..

သူက ကြၽန္ေတာ့္ကို အိမ္ေပၚကႏွင္ခ်တယ္..။

ေအး…ခင္ဗ်ားကိုသတ္ၿပီးမွ ဆင္းမယ္ဗ်ား ..လို႔ကြၽန္ေတာ္ေျပာတယ္..။

ကြၽန္ေတာ္ ေနာက္ေဖးေခ်ာင္မွာရွိတဲ့ ဓားကိုယူၿပီး ခြၽဲကို အႀကိမ္ႀကိမ္ထိုးခ်လိုက္တယ္..။

“ခင္ဗ်ားခ်စ္တဲ့အေမကိုလည္း ဒီလိုသတ္တယ္ဗ်ာ … ဘာျဖစ္လဲ..”

မေသမရွင္ျဖစ္ေနတဲ့ ခြၽဲအေရွ႕ကိုေရာက္ေအာင္ သူ႔အေမအိုႀကီး တ႐ြတ္တိုက္ဆြဲယူလိုက္တယ္..။

အေမအိုႀကီးက ေၾကာက္လြန္းလို႔ ဆြံ႕အေနတယ္..။

ခြၽဲျမင္သာေအာင္ ကြၽန္ေတာ္ သူ႔ အေမအိုႀကီးမ်က္ႏွာကို ဓားျဖင့္ အႀကိမ္ႀကိမ္ ထိုးျပလိုက္တယ္

ဓားက်ိဳးသြားတဲ့အခါ ကပ္ေၾကးနဲ႔ ထပ္ထိုးတယ္..။

ၿပီးေတာ့ ကြၽန္ေတာ္ သူတို႔အိမ္ကထြက္လာလိုက္တယ္။

လူ႔ေလာကႀကီး ေၾကာက္ဖို႔ေကာင္းေပစြ…။

ၾကင္နာတတ္ေသာ၊ မိဘသိတတ္ေသာ ခြၽဲသည္ မကယ့္သင့္ မကယ္ထိုက္သူကို ကယ္တင္မိေသာေၾကာင့္ မိမိအသက္အား ဆုံးရႈံးရသည့္အျပင္ မိခင္ႀကီးပါ ရက္စက္စြာ အသတ္ခံရေလေတာ့သည္။

ေတာင္ကိုရီးယားႏိုင္ငံ၌ ထိုအျဖစ္အပ်က္ျဖစ္ၿပီးေနာက္ မိမိတို႔ အလႉမလႉခင္၊ ဒုကၡေရာက္သူမ်ားအား မကူညီခင္ တစ္ဖက္လူသည္ ကူညီထိုက္ပါသလားလို႔ စဥ္းစားတတ္ေစခဲ့သည္။

မိမိႏွင့္ အေသအခ်ာမသိေသာ တစိမ္းမ်ားကို မိမိအိမ္တြင္အတူေနေစျခင္းထက္ အေဝးမွကူညီျခင္း ..မိမိတတ္ႏိုင္လွ်င္ အိမ္ငွားေပးလိုက္ျခင္းက မိမိအတြက္ ပို၍ အႏၲရယ္ကင္းေပမည္။ ကုသိုလ္လည္းရသည္။ ဂန္ႏွင့္ခြၽဲကဲ့သို႔ ေဒါသတို႔ျဖင့္အဆုံးသတ္ရေသာအခါ ကုသိုလ္က အကုသိုလ္အျဖစ္ေျပာင္းသြားေတာ့သည္။

အသက္ ၄၆ ႏွစ္ရွိေသာ ဂန္အား တရားသူႀကီးက ေတာင္ကိုရီးယားႏိုင္ငံ၏ အႀကီးေလးဆုံးေသာ အျပစ္ဒဏ္ျဖစ္သည့္ အလုပ္ၾကမ္းႏွင့္ မေသမခ်င္း ေထာင္ဒဏ္ေပးခဲ့သည္။

ဂန္ သည္ ေထာင္ထဲ၌ အသိတရားဝင္လာသည္။

ေက်းဇူးရွင္အား ေက်းဇူးကန္းခဲ့ဲ့ေလၿပီ…။

ကြၽန္ေတာ့္ကို ေဆာင္းေအးေအးေန႔ေတြမွာ ထမင္းလာေကြၽးတဲ့အစ္ကို..

အသက္ႀကီးေပမယ့္ တုန္တုန္ခ်ိခ်ိ ေကာ္ဖီေဖ်ာ္တိုက္တဲ့ အေမအိုႀကီး…

ကြၽန္ေတာ္ မွားပါတယ္ခင္ဗ်ာ…။ ကြၽန္ေတာ္ေသပါရေစ..။

ဂန္ စာေတြေန႔တိုင္းေရးသည္။ ထိုစာမ်ားကို ၾကင္နာတတ္ေသာ ခြၽဲႏွင့္ အေမအိုႀကီးတို႔ မဖတ္ႏိုင္ေတာ့ေပ..။

ဂန္သည္ ေထာင္ထဲ၌ အိမ္မက္ဆိုးမ်ားမက္၍ တစ္ရက္မွ ေန၍မရဟုဆိုသည္။

မိမိအား ဓားျဖင့္ထိုးေနသကဲ့သို႔ နာက်င္ေသာ ေဝဒနာ အား ေန႔စဥ္ ခံစားေနရေလသည္။
အိပ္စက္၍လည္း မရေတာ့ေခ်..။

နာက်င္လြန္း၍ အ႐ူးတစ္ေယာက္လို ေအာ္ဟစ္ေနသည္ဟု အက်ဥ္းသားမ်ားက ေျပာျပၾကသည္။

၂၀၁၁ခုႏွစ္ ၇လပိုင္း

ေတာင္ကိုရီးယား ေႏြရာသီသည္ ျခစ္ျခစ္ေတာက္ေအာင္ ပူေနသည္။ သူ႔ ေရာဂါ အခံမ်ား ပို၍ဆိုးလာသည္။ စိတ္လဲ မမွန္ေတာ့ေပ..။

ေက်းဇူးကန္း ေသာ ဂန္သည္ ေထာင္ထဲ၌ မည္သူကမွ မႏွိပ္စက္ဘဲ ပူေလာင္ ေအာ္ဟစ္ၿပီး ေသဆုံးသြားေလေတာ့သည္။

ေက်းဇူးကန္း သူမ်ား ခံစားရမည့္ဆိုးက်ိဳး ၁၁ မ်ိဳး ရွိပါသည္။

၁။ ေရာဂါႀကီးမား

၂။ ေလ်ာ့ပါးစည္းစိမ္

၃။ ေနအိမ္မီးဖ်က္

၄။ က်ိဳးပ်က္အဂၤါ

၅။ ႏူနာ

၆။ စိတ္ေဖာက္

၇။ က်ေရာက္မင္းဒဏ္

၈။ မမွန္စြပ္စြဲ

၉။ ၿပိဳကြဲမ်ိဳးေဆြ

၁၀။ ေ႐ႊ၊ ေငြ၊ ကြၽဲႏြား ယြင္းေဖာက္ျပားသား ဆယ္ပါးမ်က္ေမွာက္ ဒဏ္ႀကီးေရာက္၍
ေနာက္၌အၿမဲ..ေသေဖာက္လြဲေသာ္

၁၁။ ငရဲႀကီး စြာ ခံရရွာသည္..။

ေက်းဇူးသိတတ္ေသာသူမ်ားျဖစ္ႏိုင္ၾကပါေစ..။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: မရွှေမိုး (ကိုရီးယား)

# Unicode Version ဖြင့် ဖတ်ပါ #

ကျွန်တော် လူပျိုကြီးပေါ့…။ကျွန်တော် မိန်းမ မရတာ ရုပ်ဆိုးလို့မဟုတ်ဘူးဗျ.. မိန်းမတစ်ယောက်ကို တာဝန်မယူနိုင်လို့ပါခင်ဗျား..။ကျွန်တော့်အတွက်ကြောင့် သူတစ်ပါးကို စိတ်မဆင်းရဲစေချင်ဘူးလေ…။ကျွန်တော် သူများတွေလို အမေ့ကို လူအိုရုံမပို့ချင်ဘူး..။ အမေကလည်း စိတ်ချမ်းသာလို့ ဒီလောက်အထိ အသက်ရှည်နေတာပေါ့…။ကျွန်တော် ပျော်ပါတယ်..။ ကျွန်တော့်ဘဝ အမေရှိရင် ပြီးပါတယ်…။တောင်ကိုရီးယားနိုင်ငံ၊ ယောင်ဒုံဖိုမြို့နယ်၊ စင်ဂီးလ်ရပ်ကွက် (Yeongdeungpo-Gu, Singil- Dong ) တွင်ဖြစ်သည်။

ချွဲဆိုသော အမျိုးသားကြီးသည် အိမ်ထောင်မပြုဘဲ အမေအိုကြီးကို လုပ်ကျွေးပြုစုရင်း ဘဝကို ရိုးသားကြိုးစားစွာဖြင့် နေထိုင်လျှက်ရှိသည်။ချွဲသည် ချမ်းသာသောသူတစ်ယောက် မဟုတ်ပါ..။တောင်ကိုရီးယားတွင် မြေအောက်ခန်းများသည် ဈေးပေါသည်။ ချွဲသည် မိခင်ကြီးနှင့်အတူ ကိုယ်တိုင် မြေအောက်ခန်းတစ်ခု၌ အိမ်ငှား၍ အသက် ၉၀ ကျော် မိခင်ကြီးအား လုပ်ကျွေးရင်းဖြင့် ငြိမ်းချမ်းစွာ နေထိုင်နေလေသည်။

ကျွန်တော်တို့နိုင်ငံက အိုးမဲ့အိမ်မဲ့လူတွေ အခုအထိရှိနေတုန်းပဲနော်..။ သူတို့က ထုံးစံအတိုင်း လှေကားအောက်တွေ မြေအောက်ဘူတာရုံအထဲတွေမှာ အိပ်ကြတယ်..။ သူတို့တတွေနေတဲ့ နေရာနဲ့ ကျွန်တော်တို့ရပ်ကွက်နဲ့ နီးတယ်ဗျ..။သူတို့ကို အထင်မသေးပါနဲ့ ..သူတို့မှာ သူတို့ဘဝဇာတ်လမ်းတွေရှိတယ်…။ ကျွန်တော် စိတ်ဝင်စားတယ်..။ တချို့ဆို ပညာတတ်တွေဗျ.. ဆရာဝန်တွေတောင် ပါသေးတယ်..။ကျွန်တော်တို့မှာ ပရဟိတအဖွဲ့ရှိတယ်။ ကျွန်တော်တို့ ငွေစုပြီး ထမင်းထုပ်ဝေကြတယ်။ အစားအသောက်ကျွေးတယ်.. နေမကောင်းရင် ဆေးကုပေးပေါ့..။

ကျွန်တော် ဘယ်တော့မှ မပျက်ကွက်ဘူး အမြဲ ပရဟိတလုပ်တယ်..။ကျွန်တော် အဲဒီမှာ ဂန်ကို စတွေ့ခဲ့တာ..။ဂန်က မိန်းကလေးမဟုတ်ပါဘူး.. ယောက်ျားလေးပါဗျ..။ သူက ကျွန်တော့်ထက် ၈ နှစ်ငယ်တယ်..။ ရုပ်ရည်သန့်ပြန်တယ်။ဒီကောင့်ဘဝက သနားစရာပါ..။ဒီကောင်က လူချမ်းသာဖြစ်ခဲ့ဖူးတယ်ဗျ..။ စီးပွားပျက်ပြီး လူအလိမ်ခံရတယ်ဆိုပဲ..။ ကုန်းကောက်စရာမရှိအောင် အကြွေးတွေဝိုင်းတဲ့ဘဝကို ရောက်သွားခဲ့တာ။ အသတ်ခံရမှာကြောက်လို့ ထွက်ပြေးရင်း ဒီနေရာကို ရောက်လာတာ..။

အိမ်ရာမဲ့တွေထဲက ဂန်ကို ကျွန်တော် ထူးထူးခြားခြား ကရုဏာသက်မိတယ်။ သူက ကျန်းမာရေးက သိပ်မကောင်းဘူး ..။ ကျန်းမာရေးလေးကောင်းလာရင် အလုပ်ထွက်လုပ်လိုက် ..နေမကောင်းဖြစ်လိုက်နဲ့ ..။ နေမကောင်းဖြစ်ရင် အလုပ်နားရပြန်ရော.. ရတာလေးနဲ့ ခြွေတာစားလိုက်..။ငွေကုန်သွားရင်တော့ နေမကောင်းရက်ကြီးနဲ့ အလုပ်လုပ်ပြန်တယ်ဗျာ…။တစ်နေ့တော့ ကျွန်တော် ဂန် အလုပ်က ပြန်လာတဲ့အထိ သူ အမြဲအိပ်တတ်တဲ့ လှေကားအောက်မှာ ထိုင်စောင့်နေလိုက်တယ်..။
ဟော… မကြာခင်ဘဲ ဂန်တစ်ယောက် အလုပ်ကပြန်လာတယ်..။”ခင်ဗျား ထမင်းစားပြီးပြီလားဗျ..”ဂန်က ထမင်းထုပ် တစ်ခု မြှောက်ပြရင်း..”ဟာ… အစ်ကိုပါလား…စိတ်မကောင်းစရာ ပြောရဦးမယ်ဗျ။ ဟိုတလောက ခြေထောက်ဒဏ်ရာရနေတဲ့ ဟိုလူ *** ခင်ဗျားသိလား? ဒီနေ့ ဆုံးသွားတယ်ဗျာ.. သူ့အတွက် ထမင်းထုပ်ပို့တဲ့ ပရဟိတသမားတွေက ကျွန်တော့်ကို သူ့ထမင်းထုပ်ပေးလိုက်တာ..ဒီနေ့တော့ ထမင်းထုပ် ၂ ထုပ်ဗျ..”

“ခင်ဗျားထမင်းထုပ်တွေ နောက်နေ့အတွက် ထားလိုက်ဗျာ.. ကျုပ် ခင်ဗျားကို ထမင်းကျွေးဖို့ စောင့်နေတာဗျ..ဆိုင်တစ်ဆိုင် သွားရအောင်..””ဗျာ..! ကျွန်တော့်လိုလူနဲ့ ခင်ဗျား ထမင်းဆိုင်ထိုင်ရဲလို့လားဗျ.. ကျွန်တော့် အဝတ်အစားတွေ အနံ့ဆိုးတယ်နော်.. “” သိတယ်လေ.. ကျုပ် အဝတ်တွေယူလာတယ်.. လဲလိုက်ဗျာ.. ခင်ဗျားယူလိုက်..ဒါတွေ လက်ဆောင်ရထားတာဗျ အရောင်မကြိုက်လို့ဗျာ…ကျုပ်မဝတ်ဖြစ်ဘူးဗျ”အမှန်တော့ ကျွန်တော်တောင် မဝတ်ရက်တဲ့ အကျႌ အသစ်တွေကို ဂန်ကို ပေးလိုက်တာပါ..။

ကျွန်တော်နဲ့ဂန် ထမင်းစား အရက်သောက်ကြတယ်.. အရက်၂ ပုလင်း ကုန်သွားတယ်..။ကျွန်တော် ဂန်ကို သူငယ်ချင်းတစ်ယောက် ညီတစ်ယောက်လိုဆက်ဆံတာ သူအတော်ဝမ်းသာနေပုံရတယ်..။ မျက်ရည်တွေကျလာလို့ ကျွန်တော်မသိအောင် သုတ်နေတာ မသိချင်ယောင် ဆောင်နေလိုက်တယ်…။”ကျွန်တော် ဆိုင်မှာ ထမင်းမစားဖြစ်တာ အနှစ် ၂၀ နီးပါးရှိပြီဗျာ…။လူလိုသူလို ပြန်နေချင်လာမိတယ်”

ကျွန်တော် သူ ထမင်းစားပြီးတဲ့အထိ စောင့်လိုက်တယ်..။ နောက်ဆုံး အရက်လက်ကျန်ကို ရှင်းလိုက်တယ်။” ဂန်.. ကျုပ် ခင်ဗျားကို ပြောစရာရှိလို့ဗျ…”” ပြောပါဗျာ.. ကူညီချင်ပါတယ်..”” ခင်ဗျား အကူအညီမယူရပါဘူးဗျာ.. ဒီနေ့ ကျုပ် လစာတိုးတယ်ဗျ.. တစ်သိန်းတိုးရတာ””ဝမ်းသာလိုက်တာဗျာ.. အစ်ကို ဒါကြောင့် ကျွန်တော့်ကို ထမင်းလိုက်ကျွေးတာကိုးဗျ..”

” ဒီလကစပြီး အဲဒီတစ်သိန်းကို ခင်ဗျားကို လစဉ်ထောက်ပံ့မယ်ဗျာ..ရော့ .. တစ်သိန်း..”
“ဗျာ…!?!”
ဂန်တစ်ယောက် ဒူးထောက်ထိုင်ချလိုက်တော့တယ်..။
” အစ်ကို့ကျေးဇူး ကြီးမားလှပါပေတယ်”

“ဟာ… လူတွေကြည့်နေတယ်..ထပါကွာ.. ကျုပ်ကို ခင်ဗျားအစ်ကိုလို သဘောထားပါ.. ကျုပ် ဒီလိုလုပ်တာခံချင်လို့ ကူညီတာမဟုတ်ဘူး.. ခင်ဗျားကတော့ လုပ်ပြီ..”
အဲဒီနေ့ ကျွန်တော်ပျော်တယ်..။အမေ့ကို ရေချိုးပေးရင်း တွေးမိတယ်။ ကျွန်တော် သူ့ကို ဒီထက်ပိုပြီး ဘယ်လိုကူညီရမလဲလို့…။

အလုပ်ထဲမှာလည်း ဂန်အတွက် မဝတ်တဲ့အကျႌတွေ ရှိရင်ပေးပါလို့ အလှူလိုက်ခံတယ်..။ကျွန်တော် ထမင်း၊ ဟင်း၊ ဆန်၊ အကျႌ ရသလောက် စုစည်းပြီး ဂန်ကိုပေးတယ်။ကျွန်တော် အမေအိုကြီး လုပ်ကျွေးခွင့်ရတာနဲ့ ဆင်းရဲသားဂန်ကို ကူညီခွင့်ရတဲ့ အချိန်တွေဟာ ကျွန်တော့်ဘဝရဲ့ ပီတီအဖြစ်ရဆုံး အချိန်တွေပါပဲ…။

ဒီလိုနဲ့ ဆောင်းရာသီရောက်လာတယ်..။

ဒီဆောင်းက တော်တော်ချမ်းတယ်ဗျာ…။ကျွန်တော် ဟိုကောင်ဂန်တစ်ယောက် ဘယ်လိုအိပ်နေမလဲသိချင်လို့ သူနေတဲ့လှေကားအောက်ဖက်ကို လျှောက်လာခဲ့တယ်…။
ချမ်းလွန်းလို့ တုန်ယင်ပြီး ဖျားနေတဲ့ဂန်ကို သတင်းစာတွေကာထားတဲ့ လှေကားအောက်မှာ တွေ့လိုက်ရတယ်။ကျွန်တော် တော်တော် စိတ်မကောင်းဖြစ်သွားတယ်…

“ဒီနေ့တော့ ခင်ဗျား ကျုပ်အိမ် လာအိပ်ဗျာ။ ခင်ဗျား သေသွားလိမ့်မယ်..။”မငြင်းရှာဘူး..။ ဂန် ကျွန်တော့်ကို အလွန်အားနာနေတဲ့ပုံရပေမယ့် တော်တော် အဖျားတက်နေလို့ မငြင်းသာတာလဲပါမယ်..။ဒီလိုနဲ့ ရေခဲအောက်အမှတ်ရောက်တဲ့နေ့တွေတိုင်း ဂန်ကို ကျွန်တော်ကိုယ်တိုင်သွားခေါ်ပြီး ကျွန်တော့်အိမ်မှာ အိပ်စေခဲ့တယ်။ဂန်က ကျေးဇူးတင်လွန်းလို့ သူလာအိပ်တဲ့နေ့တိုင်း ကျွန်တော့်တစ်အိမ်လုံးကို ရှင်းပေးတာများ အိမ်အသစ်လား ထင်ရတယ်..။ဒီကောင် အလိုက်တော့ သိတတ်သား..။

ဒီလိုနဲ့ ၂၀၀၇ ခုနှစ် ၉ လပိုင်း ဆောင်းဦးဝင်လာပြီ..။”ခင်ဗျားပစ္စည်းတွေ သိမ်းဗျာ…ဒီမှာမနေနဲ့တော့…. “ဂန် ထိတ်လန့်သွားသည်။”မလုပ်ပါနဲ့ အစ်ကိုရာ .. ဒီနေရာရဖို့ မနည်းဦးထားရတာ။ လှေကားအောက်ဆိုတော့ အိမ်လေးလိုဗျ..””စကားမရှည်နဲ့ဗျာ.. ဒီနေ့ကစပြီး ကျုပ်နဲ့အတူ လိုက်နေတော့…””ဗျာ…!?! ကျွန်တော် အိမ်မက်များ မက်နေလား?!?””ကျုပ် အလုပ်သွားရင် အမေကြီးတစ်ယောက်တည်း အိမ်မှာကျန်ခဲ့တာ။ ခင်ဗျားအမေလို သဘောထားရမယ်နော်။ အမေက ကျွန်တော့်ဘဝဗျ..,”ကျွန်တော် ဂန့်ကို သံယောဇဉ်ဖြစ်မိတယ်..။ သူ့ကို လမ်းဘေးအိပ်နေရတဲ့ ဒီဘဝက လွတ်စေချင်တယ်..။

“အမေ.. သားပြန်လာပြီ.. ဂန်လည်းပါတယ်…”

အမေအိုကြီးက ဝမ်းမြောက်ဝမ်းသာ ကြိုဆိုသည်။

“သားတို့ညီအစ်ကို လာမယ်ဆိုလို့ အမေတစ်နေ့လုံး စောင့်နေတာ..”

“အိမ်က ကျဉ်းတယ်ဗျာ..ခင်ဗျား အဆင်ပြေရဲ့လား?”

“ဟာဗျာ … အစ်ကိုရာ ကျွန်တော်က လှေကားအောက်မှာနေလာတဲ့ကောင်ပါဗျ.. ကျွန်တော်က အားနာနေတာ..”

“မိသားစုလို သဘောထားပါ ညီလေးရာ”

ဒီလိုနဲ့ ဂန်ဟာ ကျွန်တော့်မိသားစုဝင်တစ်ယောက် ဖြစ်လာပါတယ်…။

အမေကဆို ပြုံးနေရောပဲ…

“သားအသစ်တစ်ယောက်ရပြီ.. အမေမပျင်းတော့ဘူး..” ..တဲ့

လူ့ဘဝတစ်ခုကို ကယ်တင်လိုက်ရတော့ ကျွန်တော် ဝမ်းသာတယ်..။

၂၀၁၀ ခုနှစ် ၁ လပိုင်း ၉ ရက်နေ့

အိမ်နီးချင်းများက ချွဲ အိမ်အပြင်မထွက်ဘဲနေသည်မှာ ၂ ရက်ရှိကြောင်း ရဲစခန်းကို ဖုန်းဆက်သည်။

“သူ့အမေအတွက် အမြဲ ရေသန့်လာယူနေကျ။ မလာတာ ၂ ရက်ရှိပြီ။ တံခါးလည်း အပြင်က သော့ခတ်ထားတယ်..”

ရဲထောက်လှမ်းရေးတို့က သော့ဖျက်၍ ဝင်လိုက်ရာ မြေအောက်ခန်းအိမ်၌ အသက် ၅၄ နှစ်ရှိသည့် ချွဲဆိုသည့် အမျိုးသားကြီးနှင့် အသက် ၉၁ နှစ်ရှိသည့် ဂျန်းဆိုသည့် အမေအိုကြီးသည် ဓားဒဏ်ရာများစွာဖြင့် ကြမ်းပြင်ပေါ် လဲကျသေဆုံးနေလေသည်။

ချွဲ၏ မျက်နှာ၊ ကျောပြင်၊ ခေါင်းတို့တွင် ဓားဒဏ်ရာများစွာ….

အမေအိုကြီးမျက်နှာတစ်ခုလုံးလည်း ဓားဒဏ်ရာတို့ဖြင့် စုတ်ပြတ်နေသည်။

မည်သို့ပင် အားစိုက်၍ ဓားဖြင့်ထိုးသည်မသိ…။ ဓားကျိုးသွားကာ နံဘေးမှ ကပ်ကြေးဖြင့် ဆက်ထိုးထားသည်ကို တွေ့ရလေသည်။

မည်သူက မည်သို့သော အငြိုးကြောင့် အရိုးများကျိုးသည်အထိ ဓား၊ ကပ်ကြေးတို့ဖြင့် ထိုးထားသနည်း..?

ချွဲသည် သူ့အမေကြီးအား ပြူးကျယ်သော မျက်လုံးတို့ဖြင့် ကြည့်နေသည်။ သူသည် အမေထံသွား၍ ကယ်ရန် ကြိုးစားခဲ့ပုံရသည်။

” လွန်ခဲ့တဲ့ ၄ လလောက်တုန်းက ချွဲက အမျိုးသားတစ်ယောက်ကို အိမ်ခေါ်လာတယ်ရှင့်။ သူတို့နဲ့အတူနေတာ။ အခုပျောက်နေတာ မသင်္ကာစရာပဲ။ နာမည်က ဂန်** ဆိုလား?.. ”

“အဲဒီနေ့က ချွဲရဲ့ အော်ဟစ်သံကို ကြားမိသလိုပဲ။ “အမေရေ … အမေရေ … “လို့ အော်သံသဲ့သဲ့ ကြားမိတယ်။ မြေအောက်ဆိုတော့ အသံသိပ်မကြားရဘူး”

အိမ်နီးချင်းအဒေါ်ကြီး၏ သတင်းပေးမှုကြောင့် ရဲတပ်ဖွဲ့ဝင်များက ဂန်ထံသို့ စစ်ဆေးမေးမြန်းကြတော့သည်။

ဂန်အား တံတားတစ်ခု၏ လှေကားအောက်တွင်တွေ့ရှိကြရသည်၊

” ချွဲတို့သားအမိ သေဆုံးနေတာနဲ့ပတ်သက်ပြီး မေးချင်လို့ပါ..”

ရဲအရာရှိများ၏ DNA စစ်ဆေးချက်အရ ချွဲနှင့်မိခင်အိုကြီးအား ရက်ရက်စက်စက်သတ်ခဲ့သော လူသတ်သမားသည် ဂန်ဖြစ်နေလေသည်။

“မထင်ဘူးဗျာ…ခင်ဗျား ရက်စက်လိုက်တာ..။ ခင်ဗျားကို ကူညီထားတဲ့သူတွေကိုမှ သတ်ပစ်လိုက်တယ်လို့ဗျာ .. ခင်ဗျား ဘာကြောင့် အခုလိုလုပ်ခဲ့တာလဲ..?”

ဂန်က သည်လိုဖြေသည်..။

သူတို့အိမ်က ကျဉ်းတယ်ဗျ။ သူတို့နှစ်ယောက်နဲ့ ကျွန်တော် သုံးယောက်အိပ်ရတာ ကြပ်တယ်။

ကျွန်တော် ချွဲကို ဒီထက်ကျယ်တဲ့ အခန်းငှားဖို့ပြောတာ မငှားဖူးဗျာ။ ဒီဘဲကြီး ပိုက်ဆံရှိရဲ့သားနဲ့ ကပ်နေတာ။

ပထမတော့ ကောင်းကောင်းပြောကြည့်တယ်။ ၁၀ သိန်းထပ်ပေးရင် ကျယ်တဲ့အိမ်ကို ပြောင်းလို့ရတယ်။ ကျွန်တော် အကုန်စုံစမ်းပြီးသား။

ချွဲက ၁၀ သိန်းမထုတ်ဘူး.. မရှိဘူူးလို့ပြောတယ်။ စုထားတဲ့ငွေက သူ့အမေတစ်ခုခုဖြစ်ရင် ဆေးကုဖို့တဲ့။

သူ့အိမ်ရောက်ပြီးကတည်းက ထမင်း၊ ဟင်း တစ်ခါမှ ပြင်မကျွေးတော့ဘူး။ ကျွန်တော် လှေကားအောက်မှာနေတုန်းက ချိုင့်နဲ့ယူလာပြီး သူကိုယ်တိုင် ကျွေးခဲ့တာ။

သူတို့အိမ်ရောက်တော့ ကိုယ်ထမင်းဆာတဲ့အချိန် စားလို့လည်းမဖြစ်၊ အိမ်ရှင်ထက် အရင်စားရင်လည်း ရိုင်းရာကျမယ်..။

ကျွန်တော် ချွဲတို့သားအမိကို မကျေနပ်ဘူး..။

ကျွန်တော် သူ့အိမ်မှာ အရက်သောက်တာ သူမကြိုက်ဘူး။ အိမ်ကကျဉ်းတော့ သူ့အမေကြီးက အရက်နံ့ နံတယ်ပေါ့ဗျာ။ ဒါဆို ကျယ်တဲ့အိမ်ပြောင်းပေါ့ ကပ်စေးနည်းတာ။

ကျွန်တော် တမင်သက်သက် သူ့အိမ်မှာ အရက်နေ့တိုင်းသောက်တယ်။

သူ လစဉ်ပေးနေကျ တစ်သိန်းပေ့မယ့်နေ့က တော်တော်ကျော်လာပြီဗျ။ မပေးသေးဘူး…။

သူ လစာထုတ်ထားတာလည်း ကျွန်တော်သိတယ်။

စောင့်နေတဲ့သူ ဘယ်လောက်ပင်ပန်းလဲ ဒီလူ မသိလေရော့လား။

အဲဒီမှာ ကျွန်တော့်ဒေါသတွေ မထိန်းနိုင်တော့တာပဲ..။

၂၀၁၀ ခုနှစ် ၁ လပိုင်း ၇ ရက်နေ့

ကျွန်တော် ဒီကိစ္စကို ရှင်းမှဖြစ်မယ်ဆိုပြီး အရက်သောက်ရင်း စောင့်နေလိုက်တယ်..။

” ချွဲ.. ခင်ဗျားကြီး ကျွန်တော့်ကို တစ်လတစ်သိန်း ထောက်ပံ့မယ်ဆိုပြီး မပေးတော့ဘူးလား”

” ညီရယ် .. မင်းကို ထမင်းကျွေးထားတာ ပိုက်ဆံဘာလိုသေးလို့လဲ။ မင်းနေမကောင်းရင် ဆေးကုဖို့ ငွေလိုရင်လည်း ငါပဲပေးရမှာ..”

“ထမင်းမလိုဘူးဗျ … ဘူတာလှေခါးမှာနေရင် အစားအသောက် ပေါမှပေါ။ တစ်သိန်းက အရက်ဖိုးဗျ..”

“မင်း အရက်သောက်ဖို့ဆို လုံးဝမပေးတော့ဘူး..မင်းအရက်ဖြတ်ပါ..”

“ခင်ဗျားကြီး ကျွန်တော့်ကို ငွေမရှိလို့ အထင်သေးတာလား? အရက်ဖြတ်ဖို့ပြောရအောင် ခင်ဗျားက ဆရာကြီးလား..?

ချွဲ ဒေါသဖြစ်တာ သည်တစ်ခါပဲသေချာတွေ့ဖူးတယ်..။

ကျွန်တော်နဲ့ အကြီးအကျယ် စကားများကြတယ်..

သူက ကျွန်တော့်ကို အိမ်ပေါ်ကနှင်ချတယ်..။

အေး…ခင်ဗျားကိုသတ်ပြီးမှ ဆင်းမယ်ဗျား ..လို့ကျွန်တော်ပြောတယ်..။

ကျွန်တော် နောက်ဖေးချောင်မှာရှိတဲ့ ဓားကိုယူပြီး ချွဲကို အကြိမ်ကြိမ်ထိုးချလိုက်တယ်..။

“ခင်ဗျားချစ်တဲ့အမေကိုလည်း ဒီလိုသတ်တယ်ဗျာ … ဘာဖြစ်လဲ..”

မသေမရှင်ဖြစ်နေတဲ့ ချွဲအရှေ့ကိုရောက်အောင် သူ့အမေအိုကြီး တရွတ်တိုက်ဆွဲယူလိုက်တယ်..။

အမေအိုကြီးက ကြောက်လွန်းလို့ ဆွံ့အနေတယ်..။

ချွဲမြင်သာအောင် ကျွန်တော် သူ့ အမေအိုကြီးမျက်နှာကို ဓားဖြင့် အကြိမ်ကြိမ် ထိုးပြလိုက်တယ်

ဓားကျိုးသွားတဲ့အခါ ကပ်ကြေးနဲ့ ထပ်ထိုးတယ်..။

ပြီးတော့ ကျွန်တော် သူတို့အိမ်ကထွက်လာလိုက်တယ်။

လူ့လောကကြီး ကြောက်ဖို့ကောင်းပေစွ…။

ကြင်နာတတ်သော၊ မိဘသိတတ်သော ချွဲသည် မကယ့်သင့် မကယ်ထိုက်သူကို ကယ်တင်မိသောကြောင့် မိမိအသက်အား ဆုံးရှုံးရသည့်အပြင် မိခင်ကြီးပါ ရက်စက်စွာ အသတ်ခံရလေတော့သည်။

တောင်ကိုရီးယားနိုင်ငံ၌ ထိုအဖြစ်အပျက်ဖြစ်ပြီးနောက် မိမိတို့ အလှူမလှူခင်၊ ဒုက္ခရောက်သူများအား မကူညီခင် တစ်ဖက်လူသည် ကူညီထိုက်ပါသလားလို့ စဉ်းစားတတ်စေခဲ့သည်။

မိမိနှင့် အသေအချာမသိသော တစိမ်းများကို မိမိအိမ်တွင်အတူနေစေခြင်းထက် အဝေးမှကူညီခြင်း ..မိမိတတ်နိုင်လျှင် အိမ်ငှားပေးလိုက်ခြင်းက မိမိအတွက် ပို၍ အန္တရယ်ကင်းပေမည်။ ကုသိုလ်လည်းရသည်။ ဂန်နှင့်ချွဲကဲ့သို့ ဒေါသတို့ဖြင့်အဆုံးသတ်ရသောအခါ ကုသိုလ်က အကုသိုလ်အဖြစ်ပြောင်းသွားတော့သည်။

အသက် ၄၆ နှစ်ရှိသော ဂန်အား တရားသူကြီးက တောင်ကိုရီးယားနိုင်ငံ၏ အကြီးလေးဆုံးသော အပြစ်ဒဏ်ဖြစ်သည့် အလုပ်ကြမ်းနှင့် မသေမချင်း ထောင်ဒဏ်ပေးခဲ့သည်။

ဂန် သည် ထောင်ထဲ၌ အသိတရားဝင်လာသည်။

ကျေးဇူးရှင်အား ကျေးဇူးကန်းခဲ့ဲ့လေပြီ…။

ကျွန်တော့်ကို ဆောင်းအေးအေးနေ့တွေမှာ ထမင်းလာကျွေးတဲ့အစ်ကို..

အသက်ကြီးပေမယ့် တုန်တုန်ချိချိ ကော်ဖီဖျော်တိုက်တဲ့ အမေအိုကြီး…

ကျွန်တော် မှားပါတယ်ခင်ဗျာ…။ ကျွန်တော်သေပါရစေ..။

ဂန် စာတွေနေ့တိုင်းရေးသည်။ ထိုစာများကို ကြင်နာတတ်သော ချွဲနှင့် အမေအိုကြီးတို့ မဖတ်နိုင်တော့ပေ..။

ဂန်သည် ထောင်ထဲ၌ အိမ်မက်ဆိုးများမက်၍ တစ်ရက်မှ နေ၍မရဟုဆိုသည်။

မိမိအား ဓားဖြင့်ထိုးနေသကဲ့သို့ နာကျင်သော ဝေဒနာ အား နေ့စဉ် ခံစားနေရလေသည်။
အိပ်စက်၍လည်း မရတော့ချေ..။

နာကျင်လွန်း၍ အရူးတစ်ယောက်လို အော်ဟစ်နေသည်ဟု အကျဉ်းသားများက ပြောပြကြသည်။

၂၀၁၁ခုနှစ် ၇လပိုင်း

တောင်ကိုရီးယား နွေရာသီသည် ခြစ်ခြစ်တောက်အောင် ပူနေသည်။ သူ့ ရောဂါ အခံများ ပို၍ဆိုးလာသည်။ စိတ်လဲ မမှန်တော့ပေ..။

ကျေးဇူးကန်း သော ဂန်သည် ထောင်ထဲ၌ မည်သူကမှ မနှိပ်စက်ဘဲ ပူလောင် အော်ဟစ်ပြီး သေဆုံးသွားလေတော့သည်။

ကျေးဇူးကန်း သူများ ခံစားရမည့်ဆိုးကျိုး ၁၁ မျိုး ရှိပါသည်။

၁။ ရောဂါကြီးမား

၂။ လျော့ပါးစည်းစိမ်

၃။ နေအိမ်မီးဖျက်

၄။ ကျိုးပျက်အင်္ဂါ

၅။ နူနာ

၆။ စိတ်ဖောက်

၇။ ကျရောက်မင်းဒဏ်

၈။ မမှန်စွပ်စွဲ

၉။ ပြိုကွဲမျိုးဆွေ

၁၀။ ရွှေ၊ ငွေ၊ ကျွဲနွား ယွင်းဖောက်ပြားသား ဆယ်ပါးမျက်မှောက် ဒဏ်ကြီးရောက်၍
နောက်၌အမြဲ..သေဖောက်လွဲသော်

၁၁။ ငရဲကြီး စွာ ခံရရှာသည်..။

ကျေးဇူးသိတတ်သောသူများဖြစ်နိုင်ကြပါစေ..။

ဖိုးသူတော် (www.phothutaw.com)
Credit: မရှှမေိုး (ကိုရီးယား)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top