iMyanmarHouse.com - Best Property Website for Myanmar
×

အေျခခံပညာပထမတန္း ကို စာေမးပဲြမစစ္ေဆးဘဲ တစ္ဦး မက်န္ အတန္းတင္ေပးမည္ဟု ျမန္မာႏုိင္ငံစာစစ္ဦးစီးဌာန ၫႊန္ ၾကားေရးမွဴးခ်ဳပ္ ဦးမ်ဳိးၫြန္႔က ေျပာသည္။

ပထမတန္း(Grade-1) ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ျမန္မာစာအေရး၊ အဖတ္ႏွင့္ သခ်ၤာ တတ္ေျမာက္မႈကို စာေမး ပဲြက်င္းပစစ္ေဆးျခင္းမလုပ္ဘဲ စာသင္ခန္းတြင္ သင္ၾကားသင္ယူ စဥ္ အတန္းပုိင္ဆရာက အကဲ ျဖတ္ျခင္းမ်ဳိးျဖင့္သာ စစ္ေဆးရန္၊ တစ္ႏွစ္လုံးသင္ၾကားခဲ့သည့္ သင္ ခန္းစာမ်ားကို တစ္ႏွစ္ႏွစ္ႀကိမ္ ျပန္လည္ေလ့က်င့္ေစျခင္းျဖင့္ စစ္ေဆးရန္ ပထမတန္းသင္႐ုိး သစ္ သင္ျပနည္းသင္တန္းေပးစဥ္ ကပင္ ဆရာ၊ ဆရာမမ်ားကုိ ေျပာၾကားထားသည္ဟု ၎ကဆုိသည္။

‘‘ပထမတန္းကို စာေမးပဲြ မစစ္ဘူး။ အကုန္လုံးကို တစ္ ေယာက္မက်န္ အတန္းတင္ေပး မယ္။ တတ္ေျမာက္မႈ ဘယ္လိုစစ္ ေဆးသလဲဆုိေတာ့ တစ္ႏွစ္လုံး စာသင္ေနရင္းနဲ႔ စာသင္ခန္းတြင္း မွာ လုပ္တဲ့ ေလ့က်င့္ခန္းေတြကို သူဘယ္ေလာက္လုိက္လုပ္လဲဆို တာ ဆရာမေတြက အကဲျဖတ္ေန တာရွိတယ္။ ႏွစ္ဆုံးရင္ သူတုိ႔ ဘယ္ေလာက္တတ္လဲဆိုတာ ေလ့က်င့္ခန္းေတြအားလုံးကို Review ျပန္လုပ္၊ ျမန္မာစာမွာ အေရးအားနည္းေနသလား၊ အဖတ္အားနည္းေနသလား၊ သခ်ၤာအတြက္အခ်က္ အားနည္း ေနသလားဆုိတာ စစ္ေဆးတဲ့ သင္ယူၿပီးစစ္ေဆးျခင္း နည္းလမ္း (Summative Assessment) နဲ႔ သူ႔ရဲ႕ ရလဒ္ဘယ္ေလာက္ရွိတယ္ ဆိုတာ ၾကည့္မယ္’’ဟု ဦးမ်ဳိးၫြန္႔ က ေျပာသည္။

ဆရာ၊ ဆရာမမ်ားသည္ ပထမတန္း(Grade-1) ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ စစ္ေဆးအကဲျဖတ္ရလဒ္မ်ားကို စနစ္တက် မွတ္တမ္းတင္ထားၿပီး တတ္ေျမာက္မႈ အေျခအေနကို တစ္ႏွစ္လွ်င္ ႏွစ္ႀကိမ္မိဘမ်ားထံ အစီရင္ခံစာေပး ပို႔ကာ တစ္ႏွစ္လွ်င္ အနည္းဆုံး တစ္ႀကိမ္ မိဘမ်ားႏွင့္ တုိင္ပင္ ေဆြးေႏြးရန္ ျမန္မာႏုိင္ငံ စာစစ္ ဦးစီးဌာနက ဇန္န၀ါရီ ၁၁ ရက္စဲြ ျဖင့္ အေျခခံပညာဦးစီးဌာနသိ႔ု အေၾကာင္းၾကားစာ ေပးပို႔ထားသည္။

ယခု ၂၀၁၇-၁၈ ပညာသင္ ႏွစ္တြင္ ပထမတန္းကို သင္႐ုိး ၫႊန္းတမ္းအသစ္ျဖင့္ စတင္သင္ၾကားေနၿပီး သင္႐ုိးၫႊန္း တမ္းအသစ္အရ ေက်ာင္းသားမ်ား၏ တတ္ေျမာက္မႈကုိ စာေမးပဲြျဖင့္ မစစ္ေဆးဘဲ ဆရာ၊ ဆရာမ မ်ားက ပညာသင္ႏွစ္စကပင္ ေက်ာင္းသားတစ္ဦးခ်င္း၏ တတ္ ေျမာက္မႈ အေျခအေနအရည္အ ခ်င္း မွတ္တမ္းကို ပုံမွန္ျဖည့္သြင္း ထားရန္ ၫႊန္ၾကားထားသည္။

‘‘စာေမးပဲြမစစ္ရဘူးလုိ႔ ေတာ့ အရင္ကတည္းက ေျပာ ထားတယ္။ အေရး၊ အဖတ္ အ တြက္ႏႈတ္ေမး၊ ႏႈတ္ေျဖေလာက္ ေမး႐ုံပါပဲ။ ထုံးစံအတုိင္းဆုိရင္ ေတာ့ အားလုံးကိုေတာ့ အတန္း တင္ေပးရမွာပဲ။ အက်ရွိလို႔မရ ဘူး။ တစ္ပတ္တစ္ခါ ေက်ာင္း သားရဲ႕ အရည္အခ်င္းမွတ္တမ္း ကို အဆင့္ေတြနဲ႔ျဖည့္ရတယ္။ တစ္ႏွစ္လုံး အေျခအေနကုိ ၿခံဳငုံ သုံးသပ္ၿပီး အရည္အခ်င္းမွတ္ တမ္းခ်ဳပ္ ျပန္လုပ္ေပးရမယ္ထင္ တယ္။ ဘယ္လိုလုပ္ရမလဲဆုိတာ အေသးစိတ္ထပ္ၫႊန္ၾကားထား  တာေတာ့ မရွိေသးဘူး’’ဟု ဧရာ၀တီ တုိင္းေဒသႀကီး မအူပင္ၿမိဳ႕နယ္မွ မူလတန္းျပဆရာ ဦးျမတ္သီဟ ထြန္းက ေျပာသည္။

KG+12 စနစ္အရ ယခင္ ၂၀၁၆-၁၇ ပညာသင္ႏွစ္ကစတင္ ကာ သူငယ္တန္း၊ ယခု ၂၀၁၇-၁၈ ပညာသင္ႏွစ္၌ ပထမတန္း တြင္ ေက်ာင္းသား၊ ေက်ာင္းသူ မ်ားကို သင္႐ုိးၫႊန္းတမ္းအသစ္ ျဖင့္ စတင္သင္ၾကားေနသည္။

သင္႐ုိးသစ္အရ မူလတန္း ေအာက္ဆင့္တြင္ သီးျခားစာေမး ပဲြထပ္မံက်င္းပရန္ မလိုဘဲသင္ ၾကားေနစဥ္ စာသင္ခန္းအတြင္း အေမး၊ အေျဖလုပ္ကာ စစ္ေဆးမႈ မ်ဳိးျဖင့္ တတ္ေျမာက္မႈတုိင္းတာ ျခင္းသည္ လုံေလာက္သည္ဟု မူလတန္းသိပၸံသင္႐ုိးေရးဆဲြေရး အဖဲြ႕မွ ေဒါက္တာေကသီေမာ္က ဆုိသည္။

သင္႐ုိးၫႊန္းတမ္းအသစ္ မ်ားျဖင့္ သင္ၾကားေနေသာ သူ ငယ္တန္းႏွင့္ ပထမတန္းတြင္ ေက်ာင္းသားမ်ား၏ တတ္ေျမာက္ မႈကို စာေမးပဲြစစ္ေဆးရန္ မလို အပ္ေၾကာင္း၊ စစ္ေဆးပါက အေရးယူမည္ျဖစ္ေၾကာင္း အေျခခံပညာဦးစီးဌာနက ၿပီးခဲ့သည့္ ဇူလုိင္က ၫႊန္ၾကားထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
အခြေခံပညာပထမတန်း ကို စာမေးပွဲမစစ်ဆေးဘဲ တစ်ဦး မကျန် အတန်းတင်ပေးမည်ဟု မြန်မာနိုင်ငံစာစစ်ဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးမျိုးညွန့်က ပြောသည်။

ပထမတန်း(Grade-1) ကျောင်းသား၊ ကျောင်းသူများ၏ မြန်မာစာအရေး၊ အဖတ်နှင့် သင်္ချာ တတ်မြောက်မှုကို စာမေး ပွဲကျင်းပစစ်ဆေးခြင်းမလုပ်ဘဲ စာသင်ခန်းတွင် သင်ကြားသင်ယူ စဉ် အတန်းပိုင်ဆရာက အကဲ ဖြတ်ခြင်းမျိုးဖြင့်သာ စစ်ဆေးရန်၊ တစ်နှစ်လုံးသင်ကြားခဲ့သည့် သင် ခန်းစာများကို တစ်နှစ်နှစ်ကြိမ် ပြန်လည်လေ့ကျင့်စေခြင်းဖြင့် စစ်ဆေးရန် ပထမတန်းသင်ရိုး သစ် သင်ပြနည်းသင်တန်းပေးစဉ် ကပင် ဆရာ၊ ဆရာမများကို ပြောကြားထားသည်ဟု ၎င်းကဆိုသည်။

‘‘ပထမတန်းကို စာမေးပွဲ မစစ်ဘူး။ အကုန်လုံးကို တစ် ယောက်မကျန် အတန်းတင်ပေး မယ်။ တတ်မြောက်မှု ဘယ်လိုစစ် ဆေးသလဲဆိုတော့ တစ်နှစ်လုံး စာသင်နေရင်းနဲ့ စာသင်ခန်းတွင်း မှာ လုပ်တဲ့ လေ့ကျင့်ခန်းတွေကို သူဘယ်လောက်လိုက်လုပ်လဲဆို တာ ဆရာမတွေက အကဲဖြတ်နေ တာရှိတယ်။ နှစ်ဆုံးရင် သူတို့ ဘယ်လောက်တတ်လဲဆိုတာ လေ့ကျင့်ခန်းတွေအားလုံးကို Review ပြန်လုပ်၊ မြန်မာစာမှာ အရေးအားနည်းနေသလား၊ အဖတ်အားနည်းနေသလား၊ သင်္ချာအတွက်အချက် အားနည်း နေသလားဆိုတာ စစ်ဆေးတဲ့ သင်ယူပြီးစစ်ဆေးခြင်း နည်းလမ်း (Summative Assessment) နဲ့ သူ့ရဲ့ ရလဒ်ဘယ်လောက်ရှိတယ် ဆိုတာ ကြည့်မယ်’’ဟု ဦးမျိုးညွန့် က ပြောသည်။

ဆရာ၊ ဆရာမများသည် ပထမတန်း(Grade-1) ကျောင်းသား၊ ကျောင်းသူများ၏ စစ်ဆေးအကဲဖြတ်ရလဒ်များကို စနစ်တကျ မှတ်တမ်းတင်ထားပြီး တတ်မြောက်မှု အခြေအနေကို တစ်နှစ်လျှင် နှစ်ကြိမ်မိဘများထံ အစီရင်ခံစာပေး ပို့ကာ တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် မိဘများနှင့် တိုင်ပင် ဆွေးနွေးရန် မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနက ဇန်နဝါရီ ၁၁ ရက်စွဲ ဖြင့် အခြေခံပညာဦးစီးဌာနသိ့ု အကြောင်းကြားစာ ပေးပို့ထားသည်။

ယခု ၂၀၁၇-၁၈ ပညာသင် နှစ်တွင် ပထမတန်းကို သင်ရိုး ညွှန်းတမ်းအသစ်ဖြင့် စတင်သင်ကြားနေပြီး သင်ရိုးညွှန်း တမ်းအသစ်အရ ကျောင်းသားများ၏ တတ်မြောက်မှုကို စာမေးပွဲဖြင့် မစစ်ဆေးဘဲ ဆရာ၊ ဆရာမ များက ပညာသင်နှစ်စကပင် ကျောင်းသားတစ်ဦးချင်း၏ တတ် မြောက်မှု အခြေအနေအရည်အ ချင်း မှတ်တမ်းကို ပုံမှန်ဖြည့်သွင်း ထားရန် ညွှန်ကြားထားသည်။

‘‘စာမေးပွဲမစစ်ရဘူးလို့ တော့ အရင်ကတည်းက ပြော ထားတယ်။ အရေး၊ အဖတ် အ တွက်နှုတ်မေး၊ နှုတ်ဖြေလောက် မေးရုံပါပဲ။ ထုံးစံအတိုင်းဆိုရင် တော့ အားလုံးကိုတော့ အတန်း တင်ပေးရမှာပဲ။ အကျရှိလို့မရ ဘူး။ တစ်ပတ်တစ်ခါ ကျောင်း သားရဲ့ အရည်အချင်းမှတ်တမ်း ကို အဆင့်တွေနဲ့ဖြည့်ရတယ်။ တစ်နှစ်လုံး အခြေအနေကို ခြုံငုံ သုံးသပ်ပြီး အရည်အချင်းမှတ် တမ်းချုပ် ပြန်လုပ်ပေးရမယ်ထင် တယ်။ ဘယ်လိုလုပ်ရမလဲဆိုတာ အသေးစိတ်ထပ်ညွှန်ကြားထား  တာတော့ မရှိသေးဘူး’’ဟု ဧရာဝတီ တိုင်းဒေသကြီး မအူပင်မြို့နယ်မှ မူလတန်းပြဆရာ ဦးမြတ်သီဟ ထွန်းက ပြောသည်။

KG+12 စနစ်အရ ယခင် ၂၀၁၆-၁၇ ပညာသင်နှစ်ကစတင် ကာ သူငယ်တန်း၊ ယခု ၂၀၁၇-၁၈ ပညာသင်နှစ်၌ ပထမတန်း တွင် ကျောင်းသား၊ ကျောင်းသူ များကို သင်ရိုးညွှန်းတမ်းအသစ် ဖြင့် စတင်သင်ကြားနေသည်။

သင်ရိုးသစ်အရ မူလတန်း အောက်ဆင့်တွင် သီးခြားစာမေး ပွဲထပ်မံကျင်းပရန် မလိုဘဲသင် ကြားနေစဉ် စာသင်ခန်းအတွင်း အမေး၊ အဖြေလုပ်ကာ စစ်ဆေးမှု မျိုးဖြင့် တတ်မြောက်မှုတိုင်းတာ ခြင်းသည် လုံလောက်သည်ဟု မူလတန်းသိပ္ပံသင်ရိုးရေးဆွဲရေး အဖွဲ့မှ ဒေါက်တာကေသီမော်က ဆိုသည်။

သင်ရိုးညွှန်းတမ်းအသစ် များဖြင့် သင်ကြားနေသော သူ ငယ်တန်းနှင့် ပထမတန်းတွင် ကျောင်းသားများ၏ တတ်မြောက် မှုကို စာမေးပွဲစစ်ဆေးရန် မလို အပ်ကြောင်း၊ စစ်ဆေးပါက အရေးယူမည်ဖြစ်ကြောင်း အခြေခံပညာဦးစီးဌာနက ပြီးခဲ့သည့် ဇူလိုင်က ညွှန်ကြားထားသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top