ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

လူတစ္ဦး စားေသာက္သည့္ အစားအစာႏွင့္ပတ္သက္၍ စားသံုး ေသာ ပမာဏက ကယ္လိိုရီစားသံုးမႈပမာဏအေပၚ လႊမ္းမိုးမႈမရွိဘဲ စားေသာက္သည့္ အစားအစာအမ်ိဳးအစားကသာ လႊမ္းမိုးမႈရွိေၾကာင္း Appetite ဂ်ာနယ္တြင္ ေဖာ္ျပထားသည့္ ေလ့လာမႈတစ္ ရပ္၌ သုေတသီမ်ားက ေျပာၾကားသည္။

ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ရာတြင္ စားေသာက္ေသာ အစားအစာပမာဏက အဓိကမက်ဘဲ စားေသာက္ေသာ အစားအစာမ်ိဳး အစားကသာ အဓိကက်ေၾကာင္း သုေတသီမ်ားကေျပာသည္။ ယခု ေလ့လာမႈကို ဦးေဆာင္ခဲ့ေသာ ပင္ဆယ္ေဗးနီးယားတကၠသိုလ္မွ သုေတသီမ်ားက ကိုယ္အေလးခ်ိန္ ေလွ်ာ့ခ်လိုသူမ်ားသည္ အစား အေသာက္ကို က်န္းမာေရးႏွင့္အညီ ေရြးခ်ယ္စားေသာက္ရန္ အ ေရးႀကီးသည္ဟု ေျပာသည္။


သုေတသီမ်ား ေလ့လာမႈအရ အစားအေသာက္ကို အတိုင္းအတာျဖင့္ ေကြၽးထားေသာ အမ်ိဳးသမီးအုပ္စုသည္ အစားအေသာက္ ပိုေကြၽးေသာ အခ်ိန္တြင္လည္း ပိုမိုစားသံုးျခင္းမရွိဘဲ ယခင္ကထက္ ပမာဏမ်ားမ်ားစားေသာ အမ်ိဳးသမီးမ်ားမွာ အစားအေသာက္ကို ထိန္းခ်ဳပ္ႏိုင္စြမ္းမရွိေၾကာင္း ေတြ႕ရသည္။

စြမ္းအင္ျပည့္ေသာ အစားအစာမ်ား စားသံုးမႈနည္းသူမ်ားသည္ အစားအစာ ပိုစားေလ့ရွိေၾကာင္း သိရသည္။

ကယ္လိုရီျမင့္မားေသာ အစားအစာမ်ားကို ေရြးစားၿပီး စားသံုး ေသာ ပမာဏကို အနည္းငယ္အထိသာ ထိန္းခ်ဳပ္ထားပါကလည္း မၾကာမီ ဗိုက္ျပန္ဆာလာႏိုင္ေၾကာင္း သုေတသီမ်ားက ေျပာၾကား သည္။

ယင္းေၾကာင့္ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်ရန္ ႀကိဳးပမ္းေနသူမ်ား အေနျဖင့္ ကယ္လိုရီမ်ားေသာ အစားအစာမ်ားကို ေလွ်ာ့စားၿပီး အာ ဟာရျပည့္ဝကာ ကယ္လိုရီနည္းေသာ အစားအစာမ်ားကို ပိုစား ျခင္းျဖင့္ ဆာေလာင္မႈကို ထိန္းခ်ဳပ္ႏိုင္မည္ျဖစ္ေၾကာင္း သုေတသီ မ်ားကေျပာသည္။ ကိုယ္အေလးခ်ိန္ေလွ်ာ့ခ်သူ အမ်ားစုသည္ အ စားအစာကို အနည္းငယ္စီ အမ်ိဳးမ်ိဳးစားေသာက္ေလ့ရွိေသာ္လည္း ယခုေလ့လာမႈက အာဟာရျပည့္ဝကာ ကယ္လိုရီနည္းေသာ အစား အစာမ်ား စားရန္အေရးႀကီးေၾကာင္း ေဖာ္ျပသည္။

—Ref: MNT

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ#
လူတစ်ဦး စားသောက်သည့် အစားအစာနှင့်ပတ်သက်၍ စားသုံး သော ပမာဏက ကယ်လိုရီစားသုံးမှုပမာဏအပေါ် လွှမ်းမိုးမှုမရှိဘဲ စားသောက်သည့် အစားအစာအမျိုးအစားကသာ လွှမ်းမိုးမှုရှိကြောင်း Appetite ဂျာနယ်တွင် ဖော်ပြထားသည့် လေ့လာမှုတစ် ရပ်၌ သုတေသီများက ပြောကြားသည်။

ကိုယ်အလေးချိန်လျှော့ချရာတွင် စားသောက်သော အစားအစာပမာဏက အဓိကမကျဘဲ စားသောက်သော အစားအစာမျိုး အစားကသာ အဓိကကျကြောင်း သုတေသီများကပြောသည်။ ယခု လေ့လာမှုကို ဦးဆောင်ခဲ့သော ပင်ဆယ်ဗေးနီးယားတက္ကသိုလ်မှ သုတေသီများက ကိုယ်အလေးချိန် လျှော့ချလိုသူများသည် အစား အသောက်ကို ကျန်းမာရေးနှင့်အညီ ရွေးချယ်စားသောက်ရန် အ ရေးကြီးသည်ဟု ပြောသည်။


သုတေသီများ လေ့လာမှုအရ အစားအသောက်ကို အတိုင်းအတာဖြင့် ကျွေးထားသော အမျိုးသမီးအုပ်စုသည် အစားအသောက် ပိုကျွေးသော အချိန်တွင်လည်း ပိုမိုစားသုံးခြင်းမရှိဘဲ ယခင်ကထက် ပမာဏများများစားသော အမျိုးသမီးများမှာ အစားအသောက်ကို ထိန်းချုပ်နိုင်စွမ်းမရှိကြောင်း တွေ့ရသည်။

စွမ်းအင်ပြည့်သော အစားအစာများ စားသုံးမှုနည်းသူများသည် အစားအစာ ပိုစားလေ့ရှိကြောင်း သိရသည်။

ကယ်လိုရီမြင့်မားသော အစားအစာများကို ရွေးစားပြီး စားသုံး သော ပမာဏကို အနည်းငယ်အထိသာ ထိန်းချုပ်ထားပါကလည်း မကြာမီ ဗိုက်ပြန်ဆာလာနိုင်ကြောင်း သုတေသီများက ပြောကြား သည်။

ယင်းကြောင့် ကိုယ်အလေးချိန်လျှော့ချရန် ကြိုးပမ်းနေသူများ အနေဖြင့် ကယ်လိုရီများသော အစားအစာများကို လျှော့စားပြီး အာ ဟာရပြည့်ဝကာ ကယ်လိုရီနည်းသော အစားအစာများကို ပိုစား ခြင်းဖြင့် ဆာလောင်မှုကို ထိန်းချုပ်နိုင်မည်ဖြစ်ကြောင်း သုတေသီ များကပြောသည်။ ကိုယ်အလေးချိန်လျှော့ချသူ အများစုသည် အ စားအစာကို အနည်းငယ်စီ အမျိုးမျိုးစားသောက်လေ့ရှိသော်လည်း ယခုလေ့လာမှုက အာဟာရပြည့်ဝကာ ကယ်လိုရီနည်းသော အစား အစာများ စားရန်အရေးကြီးကြောင်း ဖော်ပြသည်။

—Ref: MNT

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top