×

၂၀၁၈ ဇန္ဝါနရီလ ၈ ရက္ေန႔ ၁၁ နာရီ၀န္းက်င္က ရွမ္းေတာင္၊ခိုလမ္ၿမိဳ႕နယ္၊ ၀မ္ဆင္းမွ အထြက္ စိုင္ပြန္ သြား ကားလမ္းေပၚတြင္ေမာင္းႏွင္းလာတဲ့ ပ႐ိုေဘာက္တစ္စီးကို ေသနတ္သမား ၃ ဦးကေရွ႕ကေန ေသနတ္နဲ႔ပစ္ခတ္ တားဆီးခဲ့တယ္လို႔ သိရပါတယ္…ပစ္ခတ္တားဆီးခဲ့တာေၾကာင့္ ကားေမာင္းေနသူ ၉ တန္းေက်ာင္းသားေမာင္စိုင္းရဲထက္ေအာင္ အား ေသနတ္ထိမွန္ခဲ့ၿပီး မိဘႏွစ္ပါးတို႔ႏွစ္ဦးမွာ
ထိခိုက္မႈမရွိဘူးလို႔ သိရပါတယ္

မ်က္ျမင္ေတြ႕ရွိသူ မိခင္ျဖစ္သူရဲ႕ ေျပာဆိုခ်က္အရေသနတ္သမား ၂ ဦးကေတာ့ မ်က္ႏွာကို အိုးမဲေတြ သုတ္လိမ္းထားၿပီးက်န္ ၁ ဦးမွာ သနပ္ခါးလိမ္းထားတယ္လို႔ သိရပါတယ္…ေသနတ္က ၂ ခ်က္ ဆင့္ၿပီး ပစ္ခတ္ခဲ့တာေၾကာင့္ စိုင္းရဲထက္ေအာင္၏ ဦးေခါင္း ပြင့္ထြက္ကာ ေသဆံုးခဲ့ရၿပီး ဦးသီဟနဲ႔ေဒၚႏွင္းႏွင္းခိုင္ တို႔ အသက္ေဘးမွ လြတ္ေျမာက္ခဲ့ပါတယ္…ေနာက္ဘက္က လိုက္ပါလာတဲ့ ေမာ္ေတာ္ယာဥ္ ၂ စီးေၾကာင့္သာသူတို႔ဇနီးေမာင္ႏွံ ႏွစ္ဦး အသက္ေဘးက လြတ္ေျမာက္ခဲ့ေပမယ့္သားျဖစ္သူကေတာ့ ေနရာတြင္ပင္ ေသဆံုးခဲ့ရပါတယ္

သားျဖစ္သူ စိုင္းရဲထက္ေအာင္ က ကားကို ေမာင္းႏွင္လာတာျဖစ္ပါတယ္..စိုင္းရဲထက္ေအာင္ရဲ႕ အေလာင္းကို ခိုလမ္ျပည္သူ႔ေဆးရံုမွာ စစ္ေဆးမႈ
ေတြ ျပဳလုပ္ေနပါတယ္…အဆိုပါ နယ္ေျမဟာ မူးယစ္ေဆးဝါး ေရာင္း၀ယ္ေဖာက္ကားေနေသာေနရာျဖစ္ၿပီး တိုင္းရင္းသားလက္နက္ကိုင္ျဖစ္တဲ့ RCSS/SSA ရဲ႕နယ္ေျမျဖစ္ပါတယ္
ဖိုးသူေတာ္ (www.phothutaw.com)
Credit: hlataw

#Unicode Version#
၂၀၁၈ ဇန်ဝါနရီလ ၈ ရက်နေ့ ၁၁ နာရီဝန်းကျင်က ရှမ်းတောင်၊ခိုလမ်မြို့နယ်၊ ဝမ်ဆင်းမှ အထွက် စိုင်ပွန် သွား ကားလမ်းပေါ်တွင်မောင်းနှင်းလာတဲ့ ပရိုဘောက်တစ်စီးကို သေနတ်သမား ၃ ဦးကရှေ့ကနေ သေနတ်နဲ့ပစ်ခတ် တားဆီးခဲ့တယ်လို့ သိရပါတယ်…ပစ်ခတ်တားဆီးခဲ့တာကြောင့် ကားမောင်းနေသူ ၉ တန်းကျောင်းသားမောင်စိုင်းရဲထက်အောင် အား သေနတ်ထိမှန်ခဲ့ပြီး မိဘနှစ်ပါးတို့နှစ်ဦးမှာ
ထိခိုက်မှုမရှိဘူးလို့ သိရပါတယ်

မျက်မြင်တွေ့ရှိသူ မိခင်ဖြစ်သူရဲ့ ပြောဆိုချက်အရသေနတ်သမား ၂ ဦးကတော့ မျက်နှာကို အိုးမဲတွေ သုတ်လိမ်းထားပြီးကျန် ၁ ဦးမှာ သနပ်ခါးလိမ်းထားတယ်လို့ သိရပါတယ်…သေနတ်က ၂ ချက် ဆင့်ပြီး ပစ်ခတ်ခဲ့တာကြောင့် စိုင်းရဲထက်အောင်၏ ဦးခေါင်း ပွင့်ထွက်ကာ သေဆုံးခဲ့ရပြီး ဦးသီဟနဲ့ဒေါ်နှင်းနှင်းခိုင် တို့ အသက်ဘေးမှ လွတ်မြောက်ခဲ့ပါတယ်…နောက်ဘက်က လိုက်ပါလာတဲ့ မော်တော်ယာဉ် ၂ စီးကြောင့်သာသူတို့ဇနီးမောင်နှံ နှစ်ဦး အသက်ဘေးက လွတ်မြောက်ခဲ့ပေမယ့်သားဖြစ်သူကတော့ နေရာတွင်ပင် သေဆုံးခဲ့ရပါတယ်

သားဖြစ်သူ စိုင်းရဲထက်အောင် က ကားကို မောင်းနှင်လာတာဖြစ်ပါတယ်..စိုင်းရဲထက်အောင်ရဲ့ အလောင်းကို ခိုလမ်ပြည်သူ့ဆေးရုံမှာ စစ်ဆေးမှု
တွေ ပြုလုပ်နေပါတယ်…အဆိုပါ နယ်မြေဟာ မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားနေသောနေရာဖြစ်ပြီး တိုင်းရင်းသားလက်နက်ကိုင်ဖြစ်တဲ့ RCSS/SSA ရဲ့နယ်မြေဖြစ်ပါတယ်

ဖိုးသူတော် (www.phothutaw.com)
Credit: hlataw
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top