AYA Home Loan ဖြင့် ၀ယ်ယူနိုင်မည့် မန္တလေးမြို့၏ အကောင်းဆုံး Sky Villa ကွန်ဒိုအရောင်းပြပွဲ
×
Credit: 7daydaily
#Unicode Version#
 နေပြည်တော် တွင် အသက် (၂၀)အရွယ် တက္က သိုလ်ကျောင်းသားတစ်ဦး ရေ ဆင်းဆည်ထဲခုန်ချသဖြင့် သေ ဆုံးသည့်ဖြစ်စဉ် ဖြစ်ပွားခဲ့ သည်။
ဇေယျာသီရိမြို့နယ် ရေဆင်းကျေးရွာရှိ မွေးမြူရေးဆိုင်ရာ  ဆေးတက္ကသိုလ်ကျောင်းသား တစ်ဦးသည် ဇန်နဝါရီ ၆ ရက် ညနေ ၄ နာရီခန့်က ကျောင်းအနီး ရှိ ရေဆင်းဆည်ထဲခုန်ချကာ အဆုံးစီရင်ခဲ့သည်။
‘‘အပြင်ဆောင်မှာနေတာ။ သမီးရည်းစားကိစ္စလား၊ ဘာစိတ် ညစ်စရာရှိလဲ ကျွန်တော်တို့ သေသေချာချာ မသိသေးဘူးဗျ’’ ဟု ဇေယျာသီရိမြို့နယ် တာဝန်ခံရဲအုပ် ခင်မောင်ထွေးက ပြော သည်။
သေဆုံးသူသည် မြိုင်မြို့ နယ်မှ လာရောက်သည့် စတုတ္ထနှစ်ကျောင်းသားဖြစ်ပြီး သတ်သေရသည့်အကြောင်းရင်းကို မသိရသေးကြောင်း ၎င်းက ပြောသည်။
ယင်းအမှုကို ရေဆင်း ရဲစခန်းတွင် သေမှုသေခင်း ၁/၂၀၁၈ ဖြင့် ဖွင့်လှစ်ထားပြီး ရုပ်အလောင်းကို နေပြည်တော် ခုတင်တစ်ထောင်ဆေးရုံသို့ ပို့ ဆောင်ထားကြောင်း ၎င်းက ပြော သည်။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top