စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

သားအိမ္နံရံ (endometrium) ထူလာတာဟာ ကင္ဆာ မဟုတ္ေသာ္ျငားလည္း တစ္ခါတစ္ရံမွာေတာ့ သားအိမ္ကင္ဆာနဲ႔ ဆက္စပ္ေနေလ့ ရွိပါတယ္။

သားအိမ္နံရံထူလာျခင္း အေၾကာင္းအရင္းမ်ား

ခႏၶာကုိယ္ထဲမွာ အီစထ႐ုိဂ်င္ေဟာ္မုန္းေတြ မ်ားလာၿပီး ပ႐ုိဂ်က္ေတြနဲ႔ ေဟာ္မုန္းနည္းလာရျခင္းက သားအိမ္နံရံကို ထူလာေစပါတယ္။ သားအိမ္နံရံထူလာရတဲ့ ျဖစ္စဥ္ကို နားလည္ဖုိ႔အတြက္ ဓမၼတာစက္၀န္းအတြင္း ေဟာ္မုန္းေျပာင္းလဲမႈမ်ားဟာ သားအိမ္အတြင္းနံရံအေပၚ ဘယ္လုိအက်ိဳးသက္ေရာက္မႈ ရွိတယ္ဆုိတာ ဦးစြာသိထားဖုိ႔ လုိအပ္ပါတယ္။

ရာသီစက္၀န္းအစမွာ သားဥအိမ္မွာ အီစထ႐ုိဂ်င္ေဟာ္မုန္းေတြကို ထုတ္ေပးျခင္းျဖင့္ သားအိမ္နံရံေတြကို ထူလာေစၿပီး သေႏၶတည္ႏုိင္ရန္ အသင့္အေနအထားကို ေရာက္ရွိေစပါတယ္။ ဒါေပမဲ့ သားဥေၾကြၿပီးတဲ့အခ်ိန္မွာ မ်ိဳးေအာင္တဲ့သားဥကို အေထာက္အပံ့ေပးႏုိင္ရန္ ပ႐ုိဂ်က္စ႐ုန္းေဟာ္မုန္း တက္လာပါတယ္။ အကယ္၍ သေႏၶမတည္ပါက ေဟာ္မုန္း 2 ခုလံုးရဲ႕ ပမာဏဟာ ျပန္လည္နိမ့္ဆင္းသြားပါတယ္။ ပ႐ုိဂ်က္စ႐ုန္းေဟာ္မုန္းကို ေလွ်ာ့ခ်လုိက္ျခင္း အေၾကာင္းအရင္းကေတာ့ သားအိမ္နံရံေတြ ေၾကြက်ၿပီး ရာသီလာေစဖုိ႔ပဲျဖစ္ပါတယ္။

သားဥမေၾကြပါက ပ႐ုိဂ်က္စ႐ုန္းလည္း ထြက္လာမွာ မဟုတ္သလုိ နံရံေတြကလည္း ေၾကြက်မွာ မဟုတ္ပါဘူး။ ဒါေၾကာင့္ သားအိမ္နံရံေတြဟာ အီစထ႐ုိဂ်င္ရဲ႕အရွိန္နဲ႔ ဆက္လက္ႀကီးထြားေနမွာျဖစ္ၿပီး အခ်ိန္ၾကာလာတာနဲ႔အမွ် နံရံအတြင္းမွာရွိတဲ့ ဆဲလ္ေတြဟာ တျဖည္းျဖည္း ပံုမွန္မဟုတ္ေတာ့ပါဘူး။

အခ်ိဳ႕ေသာ အမ်ိဳးသမီးေတြမွာေတာ့ ဆဲလ္ေတြဟာ ပံုမမွန္ဘဲ ပြားလာတဲ့အတြက္ ကင္ဆာေရာဂါ ျဖစ္လာႏုိင္ပါတယ္။

 ျဖစ္ပြားမႈႏႈန္းကို ျမင့္တက္ေစတဲ့ အခ်က္မ်ား

သားအိမ္နံရံ ထူလာႏုိင္ေျခကို ျမင့္တက္ေစတဲ့အေၾကာင္းအရင္း မ်ားစြာရွိေသာ္လည္း ထုိအခ်က္တစ္ခုခုရွိ႐ံုနဲ႔ ျဖစ္လာမယ္လုိ႔ေတာ့ တပ္အပ္ေျပာလုိ႔ မရပါဘူး။ ျဖစ္ေလ့ျဖစ္ထရွိတဲ့ အခ်က္ေတြကေတာ့ -

အသက္ 35 ႏွစ္အထက္ျဖစ္ျခင္း

အသားျဖဴျခင္း

အပ်ိဳေဖာ္၀င္တာ ေစာျခင္း (သုိ႔) ေသြးဆံုးတာ ေနာက္က်ျခင္း

အ၀လြန္ျခင္း

ေဆးလိပ္ေသာက္ျခင္း

မိသားစုမ်ိဳး႐ုိးထဲ၌ သားအိမ္ကင္ဆာ၊ အူမႀကီးကင္ဆာႏွင့္ သားဥအိမ္ကင္ဆာျဖစ္ဖူးျခင္း

ဆီးခ်ိဳေရာဂါ၊ သားဥအိမ္၌ အေရအိတ္မ်ားတည္ေသာေရာဂါ၊ သည္းေျခေရာဂါ (သို႔) သုိင္း႐ြိဳက္ေရာဂါမ်ား ရွိျခင္း

ေရာဂါလကၡဏာမ်ား

ပံုမွန္မဟုတ္ဘဲ ေသြးဆင္းျခင္း (ရာသီလာခ်ိန္ တစ္ခုနဲ႔တစ္ခုၾကားမွာ ပံုမွန္ထက္ ပို၍ေသြးဆင္းျခင္း) သည္ အျဖစ္အမ်ားဆံုး ေရာဂါလကၡဏာတစ္ခု ျဖစ္ပါတယ္။ မိမိရဲ႕ရာသီစက္၀န္းက 21 ရက္ထက္ တုိေနပါက ဆရာ၀န္နဲ႔ ေဆြးေႏြးတုိင္ပင္ဖုိ႔လုိပါတယ္။ ရာသီလာတဲ့ ပထမဆံုးေန႔မွစတင္ကာ ေနာက္တစ္ႀကိမ္ ရာသီလာတဲ့ ပထမဆံုးေန႔အထိ ေရတြက္ရမွာ ျဖစ္ပါတယ္။

 အကယ္၍ ေသြးဆံုးၿပီး အမ်ိဳးသမီးျဖစ္ပါက ဘယ္လုိအေၾကာင္းေၾကာင္းေၾကာင့္ ေသြးဆင္းသည္ျဖစ္ေစ ဆရာ၀န္နဲ႔ သြားေရာက္ျပသဖုိ႔ လုိအပ္ပါတယ္။

ေရာဂါရွာေဖြျခင္း

ပံုမွန္မဟုတ္ဘဲ ေသြးဆင္းပါက ေအာက္ပါစစ္ေဆးမႈမ်ား ျပဳလုပ္ရန္ ဆရာ၀န္မွ ညႊန္ၾကားပါလိမ့္မယ္။

မိ္န္းမကုိယ္မွတစ္ဆင့္ တယ္လီဗြီးရွင္း ဓာတ္မွန္႐ုိက္ျခင္း

အသားစယူ၍ စစ္ေဆးျခင္း

မိန္းမကုိယ္အ၀ကို ခ်ဲ႕၍ သားအိမ္ျခစ္ျခင္း

သားအိမ္မွန္ေျပာင္း ၾကည့္ျခင္း

သားအိမ္နံရံထူျခင္း အမ်ိဳးအစားမ်ား

 ဘယ္အမ်ိဳးအစားလဲဆုိတာ တိတိက်က် မေျပာႏုိင္ခင္မွာ ဆဲလ္ေတြ ေျပာင္းလဲျခင္းရွိမႈကို ဆရာ၀န္မွ ဦးစြာစစ္ေဆးပါလိမ့္မယ္။

အကယ္၍ ပံုမွန္မဟုတ္တဲ့ ေျပာင္းလဲမႈမ်ိဳးေတြ ေတြ႕ရွိရပါက မူမမွန္ျခင္းလို႔ အမည္တပ္ပါလိမ့္မယ္။ အမ်ိဳးအစားေတြကေတာ့ -

႐ုိးရွင္းေသာ သားအိမ္နံရံထူျခင္း အမ်ိဳးအစား (မ်ားေသာအားျဖင့္ ကင္ဆာျဖစ္ေလ့မရွိ)

႐ႈပ္ေထြးေသာ သားအိမ္နံရံထူျခင္း အမ်ိဳးအစား

႐ုိးရွင္း၍ မူမမွန္ေသာ သားအိမ္နံရံထူျခင္း အမ်ိဳးအစား

႐ႈပ္ေထြး၍ မူမမွန္ေသာ သားအိမ္နံရံထူျခင္း အမ်ိဳးအစား

ကုသမႈခံယူျခင္း

သားအိမ္နံရံထူျခင္းကို ပ႐ုိဂ်က္စတုန္းေဟာ္မုန္း အစားထုိးေပးျခင္းျဖင့္ ကုသႏုိင္ပါတယ္။ ထုိကဲ့သုိ႔ ဖန္တီးထားတဲ့ေဟာ္မုန္းကို ေသာက္ေဆး အေနနဲ႔ေသာ္လည္းေကာင္း၊ မိန္းမကုိယ္လိမ္းေဆး အေနနဲ႔ေသာ္လည္းေကာင္း၊ ထုိးေဆး အေနနဲ႔ေသာ္လည္းေကာင္း၊ သားအိမ္ထဲထည့္တဲ့ ပစၥည္းအေနနဲ႔ေသာ္လည္းေကာင္း အသံုးျပဳႏုိင္ပါတယ္။

႐ုိးရွင္းတဲ့အမ်ိဳးအစားဟာ အျဖစ္အမ်ားဆံုးျဖစ္ၿပီး ကင္ဆာျဖစ္ႏုိင္ေခ်ဟာလည္း အလြန္မွပင္ နည္းပါးပါတယ္။

မူမမွန္တဲ့ အမ်ိဳးအစားျဖစ္ပါက ကင္ဆာျဖစ္ႏုိင္ဖို႔ အခြင့္အလမ္း ပိုမုိမ်ားျပားပါတယ္။

႐ုိးရွင္း၍ မူမမွန္တဲ့ အမ်ိဳးအစားျဖစ္ပါက ကုသမႈမခံယူလွ်င္ ကင္ဆာျဖစ္ႏုိင္ၿပီး 8 ရာခုိင္ႏႈန္းရွိ၍ ႐ႈပ္ေထြး၍ မူမမွန္ေသာ အမ်ိဳးအစားျဖစ္ပါက ကင္ဆာျဖစ္ႏုိင္ေျခ 29% ရွိပါတယ္။

အကယ္၍ မူမမွန္တဲ့ အမ်ိဳးအစားျဖစ္တယ္ဆုိတာ ေသခ်ာတဲ့အျပင္ မိသားစုဘ၀လည္း ျပည့္စံုေနၿပီဆုိပါက ကင္ဆာေရာဂါ ျဖစ္ႏုိင္ေျခကို ကာကြယ္ရန္ ဆရာ၀န္မွ သားအိမ္ထုတ္ပစ္ရန္ အႀကံေပးပါလိမ့္မယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Thinzar Wynn (drmyanmar)

# Unicode Version ဖြင့် ဖတ်ပါ #

သားအိမ်နံရံ (endometrium) ထူလာတာဟာ ကင်ဆာ မဟုတ်သော်ငြားလည်း တစ်ခါတစ်ရံမှာတော့ သားအိမ်ကင်ဆာနဲ့ ဆက်စပ်နေလေ့ ရှိပါတယ်။

သားအိမ်နံရံထူလာခြင်း အကြောင်းအရင်းများ

ခန္ဓာကိုယ်ထဲမှာ အီစထရိုဂျင်ဟော်မုန်းတွေ များလာပြီး ပရိုဂျက်တွေနဲ့ ဟော်မုန်းနည်းလာရခြင်းက သားအိမ်နံရံကို ထူလာစေပါတယ်။ သားအိမ်နံရံထူလာရတဲ့ ဖြစ်စဉ်ကို နားလည်ဖို့အတွက် ဓမ္မတာစက်ဝန်းအတွင်း ဟော်မုန်းပြောင်းလဲမှုများဟာ သားအိမ်အတွင်းနံရံအပေါ် ဘယ်လိုအကျိုးသက်ရောက်မှု ရှိတယ်ဆိုတာ ဦးစွာသိထားဖို့ လိုအပ်ပါတယ်။

ရာသီစက်ဝန်းအစမှာ သားဥအိမ်မှာ အီစထရိုဂျင်ဟော်မုန်းတွေကို ထုတ်ပေးခြင်းဖြင့် သားအိမ်နံရံတွေကို ထူလာစေပြီး သန္ဓေတည်နိုင်ရန် အသင့်အနေအထားကို ရောက်ရှိစေပါတယ်။ ဒါပေမဲ့ သားဥကြွေပြီးတဲ့အချိန်မှာ မျိုးအောင်တဲ့သားဥကို အထောက်အပံ့ပေးနိုင်ရန် ပရိုဂျက်စရုန်းဟော်မုန်း တက်လာပါတယ်။ အကယ်၍ သန္ဓေမတည်ပါက ဟော်မုန်း 2 ခုလုံးရဲ့ ပမာဏဟာ ပြန်လည်နိမ့်ဆင်းသွားပါတယ်။ ပရိုဂျက်စရုန်းဟော်မုန်းကို လျှော့ချလိုက်ခြင်း အကြောင်းအရင်းကတော့ သားအိမ်နံရံတွေ ကြွေကျပြီး ရာသီလာစေဖို့ပဲဖြစ်ပါတယ်။

သားဥမကြွေပါက ပရိုဂျက်စရုန်းလည်း ထွက်လာမှာ မဟုတ်သလို နံရံတွေကလည်း ကြွေကျမှာ မဟုတ်ပါဘူး။ ဒါကြောင့် သားအိမ်နံရံတွေဟာ အီစထရိုဂျင်ရဲ့အရှိန်နဲ့ ဆက်လက်ကြီးထွားနေမှာဖြစ်ပြီး အချိန်ကြာလာတာနဲ့အမျှ နံရံအတွင်းမှာရှိတဲ့ ဆဲလ်တွေဟာ တဖြည်းဖြည်း ပုံမှန်မဟုတ်တော့ပါဘူး။

အချို့သော အမျိုးသမီးတွေမှာတော့ ဆဲလ်တွေဟာ ပုံမမှန်ဘဲ ပွားလာတဲ့အတွက် ကင်ဆာရောဂါ ဖြစ်လာနိုင်ပါတယ်။

 ဖြစ်ပွားမှုနှုန်းကို မြင့်တက်စေတဲ့ အချက်များ

သားအိမ်နံရံ ထူလာနိုင်ခြေကို မြင့်တက်စေတဲ့အကြောင်းအရင်း များစွာရှိသော်လည်း ထိုအချက်တစ်ခုခုရှိရုံနဲ့ ဖြစ်လာမယ်လို့တော့ တပ်အပ်ပြောလို့ မရပါဘူး။ ဖြစ်လေ့ဖြစ်ထရှိတဲ့ အချက်တွေကတော့ -

အသက် 35 နှစ်အထက်ဖြစ်ခြင်း

အသားဖြူခြင်း

အပျိုဖော်ဝင်တာ စောခြင်း (သို့) သွေးဆုံးတာ နောက်ကျခြင်း

အဝလွန်ခြင်း

ဆေးလိပ်သောက်ခြင်း

မိသားစုမျိုးရိုးထဲ၌ သားအိမ်ကင်ဆာ၊ အူမကြီးကင်ဆာနှင့် သားဥအိမ်ကင်ဆာဖြစ်ဖူးခြင်း

ဆီးချိုရောဂါ၊ သားဥအိမ်၌ အရေအိတ်များတည်သောရောဂါ၊ သည်းခြေရောဂါ (သို့) သိုင်းရွိုက်ရောဂါများ ရှိခြင်း

ရောဂါလက္ခဏာများ

ပုံမှန်မဟုတ်ဘဲ သွေးဆင်းခြင်း (ရာသီလာချိန် တစ်ခုနဲ့တစ်ခုကြားမှာ ပုံမှန်ထက် ပို၍သွေးဆင်းခြင်း) သည် အဖြစ်အများဆုံး ရောဂါလက္ခဏာတစ်ခု ဖြစ်ပါတယ်။ မိမိရဲ့ရာသီစက်ဝန်းက 21 ရက်ထက် တိုနေပါက ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်ဖို့လိုပါတယ်။ ရာသီလာတဲ့ ပထမဆုံးနေ့မှစတင်ကာ နောက်တစ်ကြိမ် ရာသီလာတဲ့ ပထမဆုံးနေ့အထိ ရေတွက်ရမှာ ဖြစ်ပါတယ်။

 အကယ်၍ သွေးဆုံးပြီး အမျိုးသမီးဖြစ်ပါက ဘယ်လိုအကြောင်းကြောင်းကြောင့် သွေးဆင်းသည်ဖြစ်စေ ဆရာဝန်နဲ့ သွားရောက်ပြသဖို့ လိုအပ်ပါတယ်။

ရောဂါရှာဖွေခြင်း

ပုံမှန်မဟုတ်ဘဲ သွေးဆင်းပါက အောက်ပါစစ်ဆေးမှုများ ပြုလုပ်ရန် ဆရာဝန်မှ ညွှန်ကြားပါလိမ့်မယ်။

မိန်းမကိုယ်မှတစ်ဆင့် တယ်လီဗွီးရှင်း ဓာတ်မှန်ရိုက်ခြင်း

အသားစယူ၍ စစ်ဆေးခြင်း

မိန်းမကိုယ်အဝကို ချဲ့၍ သားအိမ်ခြစ်ခြင်း

သားအိမ်မှန်ပြောင်း ကြည့်ခြင်း

သားအိမ်နံရံထူခြင်း အမျိုးအစားများ

 ဘယ်အမျိုးအစားလဲဆိုတာ တိတိကျကျ မပြောနိုင်ခင်မှာ ဆဲလ်တွေ ပြောင်းလဲခြင်းရှိမှုကို ဆရာဝန်မှ ဦးစွာစစ်ဆေးပါလိမ့်မယ်။

အကယ်၍ ပုံမှန်မဟုတ်တဲ့ ပြောင်းလဲမှုမျိုးတွေ တွေ့ရှိရပါက မူမမှန်ခြင်းလို့ အမည်တပ်ပါလိမ့်မယ်။ အမျိုးအစားတွေကတော့ -

ရိုးရှင်းသော သားအိမ်နံရံထူခြင်း အမျိုးအစား (များသောအားဖြင့် ကင်ဆာဖြစ်လေ့မရှိ)

ရှုပ်ထွေးသော သားအိမ်နံရံထူခြင်း အမျိုးအစား

ရိုးရှင်း၍ မူမမှန်သော သားအိမ်နံရံထူခြင်း အမျိုးအစား

ရှုပ်ထွေး၍ မူမမှန်သော သားအိမ်နံရံထူခြင်း အမျိုးအစား

ကုသမှုခံယူခြင်း

သားအိမ်နံရံထူခြင်းကို ပရိုဂျက်စတုန်းဟော်မုန်း အစားထိုးပေးခြင်းဖြင့် ကုသနိုင်ပါတယ်။ ထိုကဲ့သို့ ဖန်တီးထားတဲ့ဟော်မုန်းကို သောက်ဆေး အနေနဲ့သော်လည်းကောင်း၊ မိန်းမကိုယ်လိမ်းဆေး အနေနဲ့သော်လည်းကောင်း၊ ထိုးဆေး အနေနဲ့သော်လည်းကောင်း၊ သားအိမ်ထဲထည့်တဲ့ ပစ္စည်းအနေနဲ့သော်လည်းကောင်း အသုံးပြုနိုင်ပါတယ်။

ရိုးရှင်းတဲ့အမျိုးအစားဟာ အဖြစ်အများဆုံးဖြစ်ပြီး ကင်ဆာဖြစ်နိုင်ချေဟာလည်း အလွန်မှပင် နည်းပါးပါတယ်။

မူမမှန်တဲ့ အမျိုးအစားဖြစ်ပါက ကင်ဆာဖြစ်နိုင်ဖို့ အခွင့်အလမ်း ပိုမိုများပြားပါတယ်။

ရိုးရှင်း၍ မူမမှန်တဲ့ အမျိုးအစားဖြစ်ပါက ကုသမှုမခံယူလျှင် ကင်ဆာဖြစ်နိုင်ပြီး 8 ရာခိုင်နှုန်းရှိ၍ ရှုပ်ထွေး၍ မူမမှန်သော အမျိုးအစားဖြစ်ပါက ကင်ဆာဖြစ်နိုင်ခြေ 29% ရှိပါတယ်။

အကယ်၍ မူမမှန်တဲ့ အမျိုးအစားဖြစ်တယ်ဆိုတာ သေချာတဲ့အပြင် မိသားစုဘဝလည်း ပြည့်စုံနေပြီဆိုပါက ကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ကာကွယ်ရန် ဆရာဝန်မှ သားအိမ်ထုတ်ပစ်ရန် အကြံပေးပါလိမ့်မယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Thinzar Wynn (drmyanmar)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top