×

ေသာက္ေဆးလံုးေလးေတြကို အလံုးလိုက္ ေသာက္ရတာ အဆင္မေျပတဲ့အခါ အျခားပံုစံေတြျဖစ္တဲ့ ကပ္ခြာပံုစံ၊ အရည္ပံုစံ၊ ႐ွဴေဆးပံုစံေတြနဲ႔ အသံုးျပဳတာက က်န္းမာေရးနဲ႔ ပိုမိုညီၫြတ္ပါတယ္။ ေသာက္ေဆးကို ႀကိတ္ေသာက္တာဟာ တခ်ိဳ႕အေျခအေနမွာ အသက္ဆံုး႐ႈံးရသည္အထိ ဆိုးက်ိဳးေတြ ရွိႏိုင္ပါတယ္။

ဒါဟာ ဘာေၾကာင့္လဲဆိုရင္ ေဆးေတာ္ေတာ္မ်ားမ်ားမွာ ေဆးအာနိသင္ကို တျဖည္းျဖည္းခ်င္း စိမ့္ထြက္ေစႏိုင္တဲ့ အေပၚယံ Coating အလႊာေလးေတြ ထည့္ထားတတ္ပါတယ္။ ႀကိတ္ေခ်လိုက္တဲ့ ေဆးလံုးေတြမွာ ဒီအေပၚယံအလႊာေလး ပ်က္စီးသြားတဲ့အတြက္ ပံုမွန္ထက္ ေဆးပမာဏ အမ်ားႀကီး ခႏၶာကိုယ္ထဲ စိမ့္ဝင္ပ်ံ႕နွ႔ံသြားတာမ်ိဳးေတြ ရွိလာႏိုင္ပါတယ္။

          အထူးသျဖင့္ တစ္ေန႔တစ္ႀကိမ္သာ ေသာက္သံုးရတဲ့ေဆးေတြမွာ 24 နာရီလံုးလံုး ေဆးပမာဏ နည္းနည္းစီ စိမ့္ထြက္ေစတဲ့ အေပၚယံအလႊာေလးေတြ ပါတတ္ပါတယ္။ ဒီလိုေဆးမ်ိဳးကို ႀကိတ္ေခ်လိုက္ျခင္းျဖင့္ ေသာက္ခါစမွာ ေဆးပမာဏ ပံုမွန္ထက္ မ်ားသြားၿပီး ေနာက္ပိုင္းမွာ ဘာအာနိသင္မွ မရွိေတာ့တာမ်ိဳးေတြကို ေတြ႕ရတတ္ပါတယ္။

          ဒီလိုအျဖစ္မ်ိဳး ေတြ႕ရမ်ားတဲ့ လူေတြကေတာ့ ေဆးမ်ိဳရ ခက္လာတတ္တဲ့ သက္ႀကီးရြယ္အို ဘိုးဘိုးဘြားဘြားေတြပဲ ျဖစ္ပါတယ္။ ျပဳစုေစာင့္ေရွာက္ေပးတဲ့ လူေတြဟာ အဘုိးအဘြားေတြကို ေဆးႀကိတ္တိုက္တတ္တဲ့အတြက္ ေနာက္ပိုင္းမွာ ေနာက္ဆက္တြဲဆိုးက်ိဳးေတြ ႀကံဳလာရတတ္ပါတယ္။

          အျဖစ္မ်ားတဲ့ ေဆးအမ်ိဳးအစားေတြကေတာ့ -

•       Tamoxifen - ရင္သားကင္ဆာလူနာေတြမွာ ေဟာ္မုန္းကုသမႈအေနနဲ႔ေပးတဲ့ ဒီေဆးဟာ ႀကိတ္ေခ် မေသာက္သင့္ပါဘူး။ ႀကိတ္ေခ်တဲ့လူေတြမွာ ဒီေဆးကို ႐ႈမိၿပီး ေဆးဆိုးက်ိဳးဒဏ္ကို ခံရႏိုင္ပါတယ္။ အထူးသျဖင့္ ကိုယ္ဝန္ေဆာင္မိခင္ေတြမွာ ပိုၿပီးသတိထားသင့္ပါတယ္။

•       Morphine - အျပင္းစား အကိုက္အခဲေပ်ာက္ေဆး တစ္မ်ိဳးအေနနဲ႔ အသံုးျပဳတဲ့ ေမာ္ဖင္းေဆးကို ႀကိတ္ေခ်ေသာက္မယ္ဆိုရင္ေတာ့ ေဆးပမာဏ လြန္ကဲၿပီး ေနာက္ဆံုး အသက္ဆံုး႐ႈံးရသည္အထိ ျဖစ္တတ္ပါတယ္။

•       Nifedipine - ေသြးတိုး၊ ႏွလံုးေရာဂါေတြမွာ တြင္တြင္က်ယ္က်ယ္ အသံုးျပဳတဲ့ ဒီေဆးဟာ ႀကိတ္ေသာက္တတ္တဲ့သူေတြမွာ ေခါင္းမူးေခါင္းကိုက္ တတ္တာကစလို႔ ေလျဖတ္၊ ႏွလံုး ေဖာက္တတ္တဲ့အထိ ဆိုးက်ိဳးေတြ ရတတ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (www.drmyanmar.com)

#Unicode Version#
          သောက်ဆေးလုံးလေးတွေကို အလုံးလိုက် သောက်ရတာ အဆင်မပြေတဲ့အခါ အခြားပုံစံတွေဖြစ်တဲ့ ကပ်ခွာပုံစံ၊ အရည်ပုံစံ၊ ရှူဆေးပုံစံတွေနဲ့ အသုံးပြုတာက ကျန်းမာရေးနဲ့ ပိုမိုညီညွတ်ပါတယ်။ သောက်ဆေးကို ကြိတ်သောက်တာဟာ တချို့အခြေအနေမှာ အသက်ဆုံးရှုံးရသည်အထိ ဆိုးကျိုးတွေ ရှိနိုင်ပါတယ်။

          ဒါဟာ ဘာကြောင့်လဲဆိုရင် ဆေးတော်တော်များများမှာ ဆေးအာနိသင်ကို တဖြည်းဖြည်းချင်း စိမ့်ထွက်စေနိုင်တဲ့ အပေါ်ယံ Coating အလွှာလေးတွေ ထည့်ထားတတ်ပါတယ်။ ကြိတ်ချေလိုက်တဲ့ ဆေးလုံးတွေမှာ ဒီအပေါ်ယံအလွှာလေး ပျက်စီးသွားတဲ့အတွက် ပုံမှန်ထက် ဆေးပမာဏ အများကြီး ခန္ဓာကိုယ်ထဲ စိမ့်ဝင်ပျံ့နှံ့သွားတာမျိုးတွေ ရှိလာနိုင်ပါတယ်။

          အထူးသဖြင့် တစ်နေ့တစ်ကြိမ်သာ သောက်သုံးရတဲ့ဆေးတွေမှာ 24 နာရီလုံးလုံး ဆေးပမာဏ နည်းနည်းစီ စိမ့်ထွက်စေတဲ့ အပေါ်ယံအလွှာလေးတွေ ပါတတ်ပါတယ်။ ဒီလိုဆေးမျိုးကို ကြိတ်ချေလိုက်ခြင်းဖြင့် သောက်ခါစမှာ ဆေးပမာဏ ပုံမှန်ထက် များသွားပြီး နောက်ပိုင်းမှာ ဘာအာနိသင်မှ မရှိတော့တာမျိုးတွေကို တွေ့ရတတ်ပါတယ်။

          ဒီလိုအဖြစ်မျိုး တွေ့ရများတဲ့ လူတွေကတော့ ဆေးမျိုရ ခက်လာတတ်တဲ့ သက်ကြီးရွယ်အို ဘိုးဘိုးဘွားဘွားတွေပဲ ဖြစ်ပါတယ်။ ပြုစုစောင့်ရှောက်ပေးတဲ့ လူတွေဟာ အဘိုးအဘွားတွေကို ဆေးကြိတ်တိုက်တတ်တဲ့အတွက် နောက်ပိုင်းမှာ နောက်ဆက်တွဲဆိုးကျိုးတွေ ကြုံလာရတတ်ပါတယ်။

          အဖြစ်များတဲ့ ဆေးအမျိုးအစားတွေကတော့ -

•       Tamoxifen - ရင်သားကင်ဆာလူနာတွေမှာ ဟော်မုန်းကုသမှုအနေနဲ့ပေးတဲ့ ဒီဆေးဟာ ကြိတ်ချေ မသောက်သင့်ပါဘူး။ ကြိတ်ချေတဲ့လူတွေမှာ ဒီဆေးကို ရှုမိပြီး ဆေးဆိုးကျိုးဒဏ်ကို ခံရနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်တွေမှာ ပိုပြီးသတိထားသင့်ပါတယ်။

•       Morphine - အပြင်းစား အကိုက်အခဲပျောက်ဆေး တစ်မျိုးအနေနဲ့ အသုံးပြုတဲ့ မော်ဖင်းဆေးကို ကြိတ်ချေသောက်မယ်ဆိုရင်တော့ ဆေးပမာဏ လွန်ကဲပြီး နောက်ဆုံး အသက်ဆုံးရှုံးရသည်အထိ ဖြစ်တတ်ပါတယ်။

•       Nifedipine - သွေးတိုး၊ နှလုံးရောဂါတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုတဲ့ ဒီဆေးဟာ ကြိတ်သောက်တတ်တဲ့သူတွေမှာ ခေါင်းမူးခေါင်းကိုက် တတ်တာကစလို့ လေဖြတ်၊ နှလုံး ဖောက်တတ်တဲ့အထိ ဆိုးကျိုးတွေ ရတတ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Phoo Ngon (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top