ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ေတာင္ကိုရီးယားသ႐ုပ္ေဆာင္ ကင္ဝူဘင္ (Kim Woo Bin) ဟာ ကင္ဆာေရာဂါခံစားေနရၿပီး ေဆးကုသမႈခံယူေနရတဲ့အတြက္ စစ္မႈထမ္းရမယ့္ တာဝန္ကေန ကင္းလြတ္ခြင့္ရလိုက္ၿပီျဖစ္ပါတယ္။

ကင္ဝူဘင္ ေဆးကုသမႈခံယူေနစဥ္မွာပဲ စစ္မႈထမ္းရမယ္ဆုိတဲ့ အမိန္႔က်လာခဲ့ေပမဲ့ သူရဲ႕က်န္းမာေရး အေျခအေနေၾကာင့္ အစိုးရက သူ႔ကို စစ္မႈထမ္းရမယ့္ တာဝန္ကေန ကင္းလြတ္ခြင့္ေပးလိုက္တယ္လို႔ အတြင္းလူတစ္ဦးက ေျပာၾကားခဲ့ပါတယ္။

"ကင္ဝူဘင္က nasopharyngeal ကင္ဆာကို ကုသမႈခံယူေနစဥ္အတြင္းမွာ စစ္မႈထမ္းရမယ့္စာ ရရွိလိုက္ပါတယ္။ ျပန္လည္ ဆန္းစစ္ၿပီးေနာက္မွာေတာ့ သူဟာ စစ္မႈထမ္းဖို႔အတြက္ မသင့္ေလ်ာ္ဘူးလို႔ ဆံုးျဖတ္ခဲ့ၾကပါတယ္" လို႔ ထိုလူက ေျပာၾကားခဲ့တာ ျဖစ္ပါတယ္။

ဒီသတင္းဟာ ကိုရီးယားမွာဆုိရင္ အျငင္းပြားစရာျဖစ္တဲ့ ကိစၥတစ္ခုျဖစ္လို႔ ကင္ဝူဘင္ကေတာ့ လူသိရွင္ၾကား ေၾကညာျခင္း မျပဳလုပ္ခဲ့ပါဘူး။ ကင္ဝူဘင္ဟာ ေလာေလာဆယ္မွာေတာ့ သူ႔ရဲ႕က်န္းမာေရး ျပန္ေကာင္းလာဖုိ႔ကိုပဲ အာ႐ံုထားေနပါတယ္။

ကင္ဝူဘင္ဟာ Nasopharynx လို႔ ေခၚတဲ့ လည္ေခ်ာင္းကင္ဆာ ေရာဂါတစ္မ်ဳိး ခံစားေနရေၾကာင္း ၂၀၁၇ ခုႏွစ္ ေမလ ေနာက္ဆံုးပတ္က ေၾကညာခဲ့ၿပီးတဲ့ေနာက္ ေဆးကုသမႈ ခံယူေနခဲ့တာ ျဖစ္ပါတယ္။ Nasopharynx လို႔ ေခၚတဲ့ ကင္ဆာအမ်ဳိးအစားဟာ ရွားပါးကင္ဆာတစ္မ်ဳိးျဖစ္ပါတယ္။ ဒီေရာဂါဟာ လည္ေခ်ာင္းရဲ႕အေပၚပိုင္းကေန စတင္ျဖစ္ေပၚတယ္လို႔လည္း သိရပါတယ္။

Source : Koreaboo
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
တောင်ကိုရီးယားသရုပ်ဆောင် ကင်ဝူဘင် (Kim Woo Bin) ဟာ ကင်ဆာရောဂါခံစားနေရပြီး ဆေးကုသမှုခံယူနေရတဲ့အတွက် စစ်မှုထမ်းရမယ့် တာဝန်ကနေ ကင်းလွတ်ခွင့်ရလိုက်ပြီဖြစ်ပါတယ်။

ကင်ဝူဘင် ဆေးကုသမှုခံယူနေစဉ်မှာပဲ စစ်မှုထမ်းရမယ်ဆိုတဲ့ အမိန့်ကျလာခဲ့ပေမဲ့ သူရဲ့ကျန်းမာရေး အခြေအနေကြောင့် အစိုးရက သူ့ကို စစ်မှုထမ်းရမယ့် တာဝန်ကနေ ကင်းလွတ်ခွင့်ပေးလိုက်တယ်လို့ အတွင်းလူတစ်ဦးက ပြောကြားခဲ့ပါတယ်။

"ကင်ဝူဘင်က nasopharyngeal ကင်ဆာကို ကုသမှုခံယူနေစဉ်အတွင်းမှာ စစ်မှုထမ်းရမယ့်စာ ရရှိလိုက်ပါတယ်။ ပြန်လည် ဆန်းစစ်ပြီးနောက်မှာတော့ သူဟာ စစ်မှုထမ်းဖို့အတွက် မသင့်လျော်ဘူးလို့ ဆုံးဖြတ်ခဲ့ကြပါတယ်" လို့ ထိုလူက ပြောကြားခဲ့တာ ဖြစ်ပါတယ်။

ဒီသတင်းဟာ ကိုရီးယားမှာဆိုရင် အငြင်းပွားစရာဖြစ်တဲ့ ကိစ္စတစ်ခုဖြစ်လို့ ကင်ဝူဘင်ကတော့ လူသိရှင်ကြား ကြေညာခြင်း မပြုလုပ်ခဲ့ပါဘူး။ ကင်ဝူဘင်ဟာ လောလောဆယ်မှာတော့ သူ့ရဲ့ကျန်းမာရေး ပြန်ကောင်းလာဖို့ကိုပဲ အာရုံထားနေပါတယ်။

ကင်ဝူဘင်ဟာ Nasopharynx လို့ ခေါ်တဲ့ လည်ချောင်းကင်ဆာ ရောဂါတစ်မျိုး ခံစားနေရကြောင်း ၂၀၁၇ ခုနှစ် မေလ နောက်ဆုံးပတ်က ကြေညာခဲ့ပြီးတဲ့နောက် ဆေးကုသမှု ခံယူနေခဲ့တာ ဖြစ်ပါတယ်။ Nasopharynx လို့ ခေါ်တဲ့ ကင်ဆာအမျိုးအစားဟာ ရှားပါးကင်ဆာတစ်မျိုးဖြစ်ပါတယ်။ ဒီရောဂါဟာ လည်ချောင်းရဲ့အပေါ်ပိုင်းကနေ စတင်ဖြစ်ပေါ်တယ်လို့လည်း သိရပါတယ်။

Source : Koreaboo

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top