AYA Home Loan ျဖင့္ ၀ယ္ယူႏိုင္မည့္ မႏၱေလးၿမိဳ႕၏ အေကာင္းဆံုး Sky Villa ကြန္ဒိုအေရာင္းျပပြဲ
×

မ်က္ႏွာေခ်ာင္က်လို႔ စိတ္ညစ္သူေတြအတြက္ တစ္ပတ္အတြင္း မ်က္ႏွာျပည့္ျပည့္ကေလး ျဖစ္လာေစမယ့္ နည္းလမ္းေကာင္းေလးကို ေဝမွ်ေပးခ်င္ပါတယ္။ မ်က္ႏွာက ေဖာင္းေဖာင္း ျပည့္ျပည့္ ကေလးျဖစ္ေနတယ္ဆိုရင္ ငယ္ရြယ္ပ်ိဳမ်စ္တဲ့ အလွကို ပံုေဖာ္ႏုိင္ၿပီးေတာ့ ကေလး ဆန္ဆန္နဲ႔ ခ်စ္စရာေကာင္းေစပါတယ္။ ဒါ့ေၾကာင့္လည္း မ်က္ႏွာျပည့္ျပည့္ကေလး ျဖစ္ဖို႔အတြက္ Filler ထိုးတာေတြကို ျပဳလုပ္လာၾကတာပါ။ ဒါေတြက ေရရွည္မွာ ဆိုးက်ိဳးမ်ားစြာ ျဖစ္ေပၚ တတ္တဲ့အတြက္ သဘာဝနည္းလမ္းေကာင္းကိုပဲ အသံုးျပဳေစခ်င္ပါတယ္။

(၁) ကာဗိုဟိုက္ဒရိုက္ပါဝင္တဲ့ အစားအစားမ်ားကိုစားသံုးပါ

ကာဗိုဟိုက္ဒရိုက္ပါဝင္တဲ့ အစားအစာမ်ားကို စားသံုးေပးမယ္ဆိုရင္ အသားအေရျပည့္တင္း လာေစပါတယ္။ ေပါင္မုန္႔၊ ထမင္း၊ ပါစတာ၊ ေထာပတ္ စတာေတြက ကာဗိုဟိုက္ဒရိုက္ ၾကြယ္ဝစြာ ပါဝင္တဲ့ အတြက္ေၾကာင့္ မ်က္ႏွာျပည့္ျပည့္ကေလး ျဖစ္ခ်င္သူေတြ ေန႔စဥ္စားသံုးဖို႔ လိုပါတယ္။ ခႏၶာကိုယ္အဆီတက္မွာကို စိုးရိမ္စရာမလုိတဲ့အတြက္ ေန႔စဥ္ပံုမွန္စားသံုးေပးရံုနဲ႔ တစ္ပတ္အတြင္း ထူးျခားမႈကို ေတြ႔ျမင္ရမွာပါ။

(၂) ပါးႏွစ္ဖက္ကိုဆြဲပါ

ကေလးေလးေတြကို ေတြ႔ရင္ ပါးႏွစ္ဖက္ဆြဲလိုက္တယ္မလား။ အခုကေတာ့ ကိုယ့္ပါးကို ကိုယ္ျပန္ ဆဲြပါ။ ပါးႏွစ္ဖက္ကို ဆြဲေပးမယ္ဆိုရင္ မ်က္ႏွာၾကြက္သားမ်ားနဲ႔ ဆဲလ္မ်ားကို က်န္းမာေစၿပီး ေသြး လည္ပတ္မႈ ေကာင္းမြန္ေစတာေၾကာင့္ သဘာဝအတုိင္း ပန္းေရာင္သမ္းတဲ့ ပါးေလးကို ရရွိႏိုင္ ပါတယ္။ ဒါ့အျပင္ ပါးႏွစ္ဖက္ဆြဲေပးတာက မ်က္ႏွာျပည့္ျပည့္ေလးျဖစ္လာေစမယ့္ ေလ့က်င့္ ခန္း တစ္မ်ိဳးလို႔လည္း ေျပာလို႔ရပါတယ္။

(၃) အစိုဓာတ္ျဖည့္တင္းေပးပါ

အသားအေရအတြက္ လိုအပ္တဲ့ အစိုဓာတ္ျဖည့္တင္းေပးဖို႔လည္း လိုပါတယ္။ လာဗင္ဒါပန္းအဆီ၊ ဒါမွမဟုတ္ သံလြင္ဆီနဲ႔ မ်က္ႏွာတစ္ဝိုက္ကို ပြတ္လိမ္းေပးပါ။ အစိုဓာတ္လည္း ျဖည့္တင္း ေပးႏုိင္ သလို၊ မ်က္ႏွာျပင္ေပၚက ဆဲလ္အသစ္မ်ား ျဖစ္ေပၚမႈကို အားေပးတဲ့အတြက္ သဘာဝအ တိုင္း ပါးျပည့္ျပည့္ကေလး ျဖစ္လာေစပါတယ္။

(၄) ေဆးလိပ္၊ အရက္ေသာက္ျခင္းေရွာင္ၾကဥ္ပါ

သဘာဝအတိုင္း မ်က္ႏွာျပည့္ျပည့္ကေလး လိုခ်င္သူေတြအေနနဲ႔ေတာ့ ဒီအက်င့္ဆိုးေတြကို ေဖ်ာက္ဖို႔ လိုပါတယ္။ ေဆးလိပ္ေသာက္ျခင္းက အသားအေရကို ေျခာက္ေသြ႔ေစၿပီး အယ္လ္ ကိုေဟာ ပါဝင္တဲ့ အရက္ေသစာေသာက္သံုးျခင္းက အသားအေရေလ်ာ့တြဲက်ေစပါတယ္။ ဒါ့ေၾကာင့္ အသားအေရက တင္းတင္းရင္းရင္းမရွိေတာ့ဘဲ မ်က္ႏွာေခ်ာင္က်လာရျခင္းပဲ ျဖစ္ပါ တယ္။

(၅) မိတ္ကပ္ဖ်က္ၿပီးမွ အိပ္ပါ

မိန္းကေလးေတြ အေနနဲ႔ တစ္ေနကုန္ လိမ္းထားတဲ့ မိတ္ကပ္ကို စင္ၾကယ္သြားေအာင္ ဖ်က္ၿပီးမွ အိိပ္ရာဝင္သင့္ပါတယ္။ မိတ္ကပ္မွာ ပါဝင္တဲ့ ဓာတုပစၥည္းမ်ားက အသားအေရကို တြန္႔ေစၿပီး မ်က္ႏွာတင္းရင္းမႈ မရွိေတာ့ပါဘူး။ ဒီလိုမျဖစ္ရေလေအာင္ ညအိပ္ရာဝင္တုိင္း မိတ္ကပ္ဖ်က္ၿပီးမွ အိပ္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ဖြင့် ဖတ်ပါ #

မျက်နှာချောင်ကျလို့ စိတ်ညစ်သူတွေအတွက် တစ်ပတ်အတွင်း မျက်နှာပြည့်ပြည့်ကလေး ဖြစ်လာစေမယ့် နည်းလမ်းကောင်းလေးကို ဝေမျှပေးချင်ပါတယ်။ မျက်နှာက ဖောင်းဖောင်း ပြည့်ပြည့် ကလေးဖြစ်နေတယ်ဆိုရင် ငယ်ရွယ်ပျိုမျစ်တဲ့ အလှကို ပုံဖော်နိုင်ပြီးတော့ ကလေး ဆန်ဆန်နဲ့ ချစ်စရာကောင်းစေပါတယ်။ ဒါ့ကြောင့်လည်း မျက်နှာပြည့်ပြည့်ကလေး ဖြစ်ဖို့အတွက် Filler ထိုးတာတွေကို ပြုလုပ်လာကြတာပါ။ ဒါတွေက ရေရှည်မှာ ဆိုးကျိုးများစွာ ဖြစ်ပေါ် တတ်တဲ့အတွက် သဘာဝနည်းလမ်းကောင်းကိုပဲ အသုံးပြုစေချင်ပါတယ်။

(၁) ကာဗိုဟိုက်ဒရိုက်ပါဝင်တဲ့ အစားအစားများကိုစားသုံးပါ

ကာဗိုဟိုက်ဒရိုက်ပါဝင်တဲ့ အစားအစာများကို စားသုံးပေးမယ်ဆိုရင် အသားအရေပြည့်တင်း လာစေပါတယ်။ ပေါင်မုန့်၊ ထမင်း၊ ပါစတာ၊ ထောပတ် စတာတွေက ကာဗိုဟိုက်ဒရိုက် ကြွယ်ဝစွာ ပါဝင်တဲ့ အတွက်ကြောင့် မျက်နှာပြည့်ပြည့်ကလေး ဖြစ်ချင်သူတွေ နေ့စဉ်စားသုံးဖို့ လိုပါတယ်။ ခန္ဓာကိုယ်အဆီတက်မှာကို စိုးရိမ်စရာမလိုတဲ့အတွက် နေ့စဉ်ပုံမှန်စားသုံးပေးရုံနဲ့ တစ်ပတ်အတွင်း ထူးခြားမှုကို တွေ့မြင်ရမှာပါ။

(၂) ပါးနှစ်ဖက်ကိုဆွဲပါ

ကလေးလေးတွေကို တွေ့ရင် ပါးနှစ်ဖက်ဆွဲလိုက်တယ်မလား။ အခုကတော့ ကိုယ့်ပါးကို ကိုယ်ပြန် ဆွဲပါ။ ပါးနှစ်ဖက်ကို ဆွဲပေးမယ်ဆိုရင် မျက်နှာကြွက်သားများနဲ့ ဆဲလ်များကို ကျန်းမာစေပြီး သွေး လည်ပတ်မှု ကောင်းမွန်စေတာကြောင့် သဘာဝအတိုင်း ပန်းရောင်သမ်းတဲ့ ပါးလေးကို ရရှိနိုင် ပါတယ်။ ဒါ့အပြင် ပါးနှစ်ဖက်ဆွဲပေးတာက မျက်နှာပြည့်ပြည့်လေးဖြစ်လာစေမယ့် လေ့ကျင့် ခန်း တစ်မျိုးလို့လည်း ပြောလို့ရပါတယ်။

(၃) အစိုဓာတ်ဖြည့်တင်းပေးပါ

အသားအရေအတွက် လိုအပ်တဲ့ အစိုဓာတ်ဖြည့်တင်းပေးဖို့လည်း လိုပါတယ်။ လာဗင်ဒါပန်းအဆီ၊ ဒါမှမဟုတ် သံလွင်ဆီနဲ့ မျက်နှာတစ်ဝိုက်ကို ပွတ်လိမ်းပေးပါ။ အစိုဓာတ်လည်း ဖြည့်တင်း ပေးနိုင် သလို၊ မျက်နှာပြင်ပေါ်က ဆဲလ်အသစ်များ ဖြစ်ပေါ်မှုကို အားပေးတဲ့အတွက် သဘာဝအ တိုင်း ပါးပြည့်ပြည့်ကလေး ဖြစ်လာစေပါတယ်။

(၄) ဆေးလိပ်၊ အရက်သောက်ခြင်းရှောင်ကြဉ်ပါ

သဘာဝအတိုင်း မျက်နှာပြည့်ပြည့်ကလေး လိုချင်သူတွေအနေနဲ့တော့ ဒီအကျင့်ဆိုးတွေကို ဖျောက်ဖို့ လိုပါတယ်။ ဆေးလိပ်သောက်ခြင်းက အသားအရေကို ခြောက်သွေ့စေပြီး အယ်လ် ကိုဟော ပါဝင်တဲ့ အရက်သေစာသောက်သုံးခြင်းက အသားအရေလျော့တွဲကျစေပါတယ်။ ဒါ့ကြောင့် အသားအရေက တင်းတင်းရင်းရင်းမရှိတော့ဘဲ မျက်နှာချောင်ကျလာရခြင်းပဲ ဖြစ်ပါ တယ်။

(၅) မိတ်ကပ်ဖျက်ပြီးမှ အိပ်ပါ

မိန်းကလေးတွေ အနေနဲ့ တစ်နေကုန် လိမ်းထားတဲ့ မိတ်ကပ်ကို စင်ကြယ်သွားအောင် ဖျက်ပြီးမှ အိပ်ရာဝင်သင့်ပါတယ်။ မိတ်ကပ်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းများက အသားအရေကို တွန့်စေပြီး မျက်နှာတင်းရင်းမှု မရှိတော့ပါဘူး။ ဒီလိုမဖြစ်ရလေအောင် ညအိပ်ရာဝင်တိုင်း မိတ်ကပ်ဖျက်ပြီးမှ အိပ်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top