ျမန္မာျပည္၏ပထမဆံုး ရဟတ္ယာဥ္ကြင္းပါဝင္ျပီး ရာသက္ပန္ေျမပိုင္မည့္ Kabaraye Executive Residence ကြန္ဒိုအေရာင္းျပပြဲ
×

စမ္းေခ်ာင္းၿမိဳ႕နယ္၊ ကၽြန္းေတာ (အလယ္) ရပ္ကြက္၊ ပုသိမ္လမ္းရွိ တိုက္ခန္း ၇ လႊာေပၚမွ အသက္ ၁၇ ႏွစ္အ႐ြယ္ ဒုတိယႏွစ္ တကၠသိုလ္ေက်ာင္းသူ အမ်ိဳးသမီးငယ္တစ္ဦး ျပဳတ္က်ခဲ့ေသာ္လည္း ျပင္းထန္စြာ ဒဏ္ရာရရွိခဲ့ျခင္းမရွိေၾကာင္း ယင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ထံမွ စံုစမ္းသိရသည္။

တိုက္ခန္း ၇ လႊာေပၚမွ အမ်ိဳးသမီးတစ္ဦး ျပဳတ္က်ေၾကာင္း ၁၉၉ သတင္းအရ စမ္းေခ်ာင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႔မွဴး ရဲမွဴး ေအာင္လြင္ႏွင့္အဖြဲ႔က သြားေရာက္စစ္ေဆးခဲ့ရာ ယင္းတိုက္ခန္းေပၚမွ ျပဳတ္က်သူမွာ ဇန္နဝါရီလ ၃ ရက္ မြန္းလြဲ ၃ နာရီခန္႔က တိုက္ခန္းေရွ႕ မ်က္ႏွာစာေပၚတြင္ လွန္းထားေသာ အဝတ္မ်ားကို လက္လွမ္းယူစဥ္ ေျခေခ်ာ္ျပဳတ္က်ခဲ့ျခင္း ျဖစ္ေၾကာင္း၊ ယင္းေျခေခ်ာ္ ျပဳတ္က်မႈ ေၾကာင့္ ဝဲ/ညာေျခသလံုး ပြန္းပဲ့၊ ခါးနာက်င္ ဒဏ္ရာမ်ားရရွိကာ ရန္ကုန္ ျပည္သူ႔ေဆး႐ံုႀကီးသို႔ တင္ပို႔ကုသခဲ့ရေၾကာင္း စမ္းေခ်ာင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႔ထံမွ သိရသည္။

“တိုက္ခန္း ၇ လႊာကေန ျပဳတ္က်တာပါ၊ ေတာ္ေတာ္ကံေကာင္းတယ္လို႔ ေျပာရမယ္။ ခါးနာဒဏ္ရာ နည္းနည္းပဲရတယ္။ ဓာတ္မွန္လည္း႐ိုက္ၾကည့္ၿပီးၿပီ၊ ဘာမွမျဖစ္ဘူး၊ ဒါေပမဲ့ တိုက္ခန္း ၇ လႊာကေန ျပဳတ္က်ထားလို႔ ေဆး႐ံုမွာ ၂၄ နာရီ ေစာင့္ၾကည့္ကုသေနေသးတယ္။ ျပဳတ္က်တဲ့သူက ဒုတိယႏွစ္ တကၠသိုလ္ေက်ာင္းသူတစ္ဦးလို႔ သိရပါတယ္” ဟု ယင္းၿမိဳ႕နယ္ ရဲတပ္ဖြဲ႔မွ ရဲအရာရွိတစ္ဦးက ရွင္းျပသည္။

တိုက္ခန္း ၇ လႊာမွ ျပဳတ္က်ခဲ့သူမွာ ယင္းတိုက္ခန္းတြင္ မိသားစုႏွင့္အတူေနထိုင္ၿပီး တိုက္ခန္း ၇ လႊာမွ ဆန္း႐ိႈတ္အမိုးေပၚကတစ္ဆင့္ ေအာက္ထပ္ရွိ ဆန္း႐ိႈတ္အမိုးမ်ားေပၚသို႔ အဆင့္ဆင့္ျပဳတ္က်ကာ ယင္းမွတစ္ဆင့္ ဓာတ္ႀကိဳးေပၚျပဳတ္က်ရာက ယင္းဓာတ္ႀကိဳးမွာ ညြတ္က်ၿပီး ေျမျပင္ေပၚသို႔ ျဖည္းညင္းစြာ ျပဳတ္က်ခဲ့ျခင္းျဖစ္ေၾကာင္း၊ ျပဳတ္က်ခဲ့သည့္ ဓာတ္အားလိုင္းႀကိဳးမွာ ယခင္တပ္ဆင္ထားသည့္ ဓာတ္ႀကိဳးမဟုတ္ဘဲ ယခု အသစ္တပ္ဆင္သည့္ ဖိုက္ဘာပိုက္စြပ္ ဓာတ္ႀကိဳးျဖစ္သည့္အတြက္ ဓာတ္လိုက္ျခင္းမရွိသျဖင့္ သက္သာရာရခဲ့ျခင္းျဖစ္ေၾကာင္း စမ္းေခ်ာင္းၿမိဳ႕နယ္ရဲတပ္ဖြဲ႔ထံမွ သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: The voice

#Unicode Version#
စမ်းချောင်းမြို့နယ်၊ ကျွန်းတော (အလယ်) ရပ်ကွက်၊ ပုသိမ်လမ်းရှိ တိုက်ခန်း ၇ လွှာပေါ်မှ အသက် ၁၇ နှစ်အရွယ် ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူ အမျိုးသမီးငယ်တစ်ဦး ပြုတ်ကျခဲ့သော်လည်း ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့ခြင်းမရှိကြောင်း ယင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရသည်။

တိုက်ခန်း ၇ လွှာပေါ်မှ အမျိုးသမီးတစ်ဦး ပြုတ်ကျကြောင်း ၁၉၉ သတင်းအရ စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး အောင်လွင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့ရာ ယင်းတိုက်ခန်းပေါ်မှ ပြုတ်ကျသူမှာ ဇန်နဝါရီလ ၃ ရက် မွန်းလွဲ ၃ နာရီခန့်က တိုက်ခန်းရှေ့ မျက်နှာစာပေါ်တွင် လှန်းထားသော အဝတ်များကို လက်လှမ်းယူစဉ် ခြေချော်ပြုတ်ကျခဲ့ခြင်း ဖြစ်ကြောင်း၊ ယင်းခြေချော် ပြုတ်ကျမှု ကြောင့် ဝဲ/ညာခြေသလုံး ပွန်းပဲ့၊ ခါးနာကျင် ဒဏ်ရာများရရှိကာ ရန်ကုန် ပြည်သူ့ဆေးရုံကြီးသို့ တင်ပို့ကုသခဲ့ရကြောင်း စမ်းချောင်းမြို့နယ် ရဲတပ်ဖွဲ့ထံမှ သိရသည်။

“တိုက်ခန်း ၇ လွှာကနေ ပြုတ်ကျတာပါ၊ တော်တော်ကံကောင်းတယ်လို့ ပြောရမယ်။ ခါးနာဒဏ်ရာ နည်းနည်းပဲရတယ်။ ဓာတ်မှန်လည်းရိုက်ကြည့်ပြီးပြီ၊ ဘာမှမဖြစ်ဘူး၊ ဒါပေမဲ့ တိုက်ခန်း ၇ လွှာကနေ ပြုတ်ကျထားလို့ ဆေးရုံမှာ ၂၄ နာရီ စောင့်ကြည့်ကုသနေသေးတယ်။ ပြုတ်ကျတဲ့သူက ဒုတိယနှစ် တက္ကသိုလ်ကျောင်းသူတစ်ဦးလို့ သိရပါတယ်” ဟု ယင်းမြို့နယ် ရဲတပ်ဖွဲ့မှ ရဲအရာရှိတစ်ဦးက ရှင်းပြသည်။

တိုက်ခန်း ၇ လွှာမှ ပြုတ်ကျခဲ့သူမှာ ယင်းတိုက်ခန်းတွင် မိသားစုနှင့်အတူနေထိုင်ပြီး တိုက်ခန်း ၇ လွှာမှ ဆန်းရှိုတ်အမိုးပေါ်ကတစ်ဆင့် အောက်ထပ်ရှိ ဆန်းရှိုတ်အမိုးများပေါ်သို့ အဆင့်ဆင့်ပြုတ်ကျကာ ယင်းမှတစ်ဆင့် ဓာတ်ကြိုးပေါ်ပြုတ်ကျရာက ယင်းဓာတ်ကြိုးမှာ ညွတ်ကျပြီး မြေပြင်ပေါ်သို့ ဖြည်းညင်းစွာ ပြုတ်ကျခဲ့ခြင်းဖြစ်ကြောင်း၊ ပြုတ်ကျခဲ့သည့် ဓာတ်အားလိုင်းကြိုးမှာ ယခင်တပ်ဆင်ထားသည့် ဓာတ်ကြိုးမဟုတ်ဘဲ ယခု အသစ်တပ်ဆင်သည့် ဖိုက်ဘာပိုက်စွပ် ဓာတ်ကြိုးဖြစ်သည့်အတွက် ဓာတ်လိုက်ခြင်းမရှိသဖြင့် သက်သာရာရခဲ့ခြင်းဖြစ်ကြောင်း စမ်းချောင်းမြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: The voice
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top