×

GAMER ေတြက ျပႆနာေျဖ႐ွင္းရာမွာ ပိုေတာ္ၾကသတဲ့။
စိတ္ပညာ႐ွင္ေတြရဲ႕ သုေတသနျပဳ ေလ့လာမႈတစ္ခုအရ အိမ္တြင္းမွာ ျပဳမူတတ္တဲ့ အမူအက်င့္ေတြဟာ ဉာဏ္ရည္ထက္ျမက္မႈနဲ႔လည္း ဆက္စပ္ေနတယ္လို႔ သိရပါတယ္။ အိမ္မွာ ဘယ္လိုသိမ္းဆည္းသလဲ၊ ဘယ္အခ်ိန္ အိပ္ရာဝင္သလဲ ဆိုတာေတြကအစ အိမ္တြင္းအျပဳအမူေတြကို ေလ့လာခဲ့ၾကတာျဖစ္ပါတယ္။

အိပ္ခန္းက ႐ႈပ္ပြေနလို႔၊ အဝတ္ေတြ ၾကမ္းျပင္မွာပံုေနလို႔ဆုိၿပီး လူႀကီးေတြဆူတာကို ခဏခဏ ခံေနရပါသလား။ ကၽြမ္းက်င္သူေတြကေတာ့ ဒါဟာ ဉာဏ္ေကာင္းသူေတြရဲ႕ လကၡဏာတစ္ရပ္လို႔ ဆုိပါတယ္။ ဘာေၾကာင့္လဲဲဆုိေတာ့ ဒီလိုျပဳမူတတ္သူေတြဟာ ေ႐ွး႐ိုးစြဲေတြကို ေဖာက္ထြက္ၿပီး သစ္လြင္မႈေတြကို ဖန္တီးႏိုင္သူေတြျဖစ္ေၾကာင္း စိတ္ပညာဆိုင္ရာပညာ႐ွင္ ကတ္သလင္း ေဗာ့က ေျပာပါတယ္။

အႀကိဳက္ဆံုး ႐ုပ္သံဇာတ္လမ္းကို တစ္ပိုင္းၿပီးတစ္ပိုင္း ျပန္ၾကည့္ေနလိုက္တာ မိုးလင္းခါနီးအထိ ျဖစ္သြားတာမ်ိဳးေရာ မၾကာခဏ ျဖစ္ေနပါသလား။ ဒါကိုလည္း ဉာဏ္ေကာင္းသူေတြရဲ႕လကၡဏာလို႔ ဆိုပါတယ္။

ႏႈိးစက္ျမည္ရင္ ခ်က္ျခင္းမထဘဲ Snooze ခလုတ္ႏွိပ္ကာ ျပန္အိပ္ျခင္းဟာ ေကာင္းတဲ့အက်င့္ေတာ့ မဟုတ္ပါဘူး။ ဒါေပမဲ့ သုေတသနရလဒ္အရဆုိရင္ snooze ခလုတ္ကို ႏွိပ္ေလ့ရွိသူေတြဟာ ခႏၶာကိုယ္ရဲ႕ လိုအပ္ခ်က္ (အိပ္ခ်ိန္)ကို ဂ႐ုစိုက္နားေထာင္တတ္သူပါတဲ့။ ဒီလိုလူမ်ိဳးေတြဟာ တီထြင္ဖန္တီးမႈကို ဗီဇစိတ္ကိုက အလုိလိုသိေနတတ္တာမ်ိဳး ျဖစ္ပါသတဲ့။

(ဆက္စပ္ဖတ္႐ႈႏိုင္ရန္  ႏႈိးစက္ျမည္တာနဲ႔ မထဘဲ Snooze ခလုတ္ကို ႏွိပ္တဲ့သူေတြက ဉာဏ္ရည္ပိုေကာင္းတယ္ )

ေနာက္ဆံုးတစ္ခ်က္ကေတာ့ Gamer ေတြ သိရင္ ဝမ္းသာၾကမွာပါ။ ဂိမ္းကစားရတာ ႏွစ္ၿခိဳက္သူေတြဟာ သိျမင္ထိုးထြင္းမႈ အားေကာင္းၾကတယ္လို႔ PsychCentral က ေဖာ္ျပထားပါတယ္။ ဗီဒီယိုဂိမ္း ကစားတဲ့လူေတြဆုိရင္ သိျမင္ထိုးထြင္းႏိုင္စြမ္း၊ လူမႈေရးရာမွတ္ဉာဏ္နဲ႔ ျပႆနာေျဖ႐ွင္းရာမွာ ပိုမိုထူးခၽြန္ၾကတယ္လုိ႔ ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Daily Mail

# Unicode Version ျဖင့္ ဖတ္ပါ #
GAMER တွေက ပြဿနာဖြေရှင်းရာမှာ ပိုတော်ကြသတဲ့။
စိတ်ပညာရှင်တွေရဲ့ သုတေသနပြု လေ့လာမှုတစ်ခုအရ အိမ်တွင်းမှာ ပြုမူတတ်တဲ့ အမူအကျင့်တွေဟာ ဉာဏ်ရည်ထက်မြက်မှုနဲ့လည်း ဆက်စပ်နေတယ်လို့ သိရပါတယ်။ အိမ်မှာ ဘယ်လိုသိမ်းဆည်းသလဲ၊ ဘယ်အချိန် အိပ်ရာဝင်သလဲ ဆိုတာတွေကအစ အိမ်တွင်းအပြုအမူတွေကို လေ့လာခဲ့ကြတာဖြစ်ပါတယ်။

အိပ်ခန်းက ရှုပ်ပွနေလို့၊ အဝတ်တွေ ကြမ်းပြင်မှာပုံနေလို့ဆိုပြီး လူကြီးတွေဆူတာကို ခဏခဏ ခံနေရပါသလား။ ကျွမ်းကျင်သူတွေကတော့ ဒါဟာ ဉာဏ်ကောင်းသူတွေရဲ့ လက္ခဏာတစ်ရပ်လို့ ဆိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုပြုမူတတ်သူတွေဟာ ရှေးရိုးစွဲတွေကို ဖောက်ထွက်ပြီး သစ်လွင်မှုတွေကို ဖန်တီးနိုင်သူတွေဖြစ်ကြောင်း စိတ်ပညာဆိုင်ရာပညာရှင် ကတ်သလင်း ဗော့က ပြောပါတယ်။

အကြိုက်ဆုံး ရုပ်သံဇာတ်လမ်းကို တစ်ပိုင်းပြီးတစ်ပိုင်း ပြန်ကြည့်နေလိုက်တာ မိုးလင်းခါနီးအထိ ဖြစ်သွားတာမျိုးရော မကြာခဏ ဖြစ်နေပါသလား။ ဒါကိုလည်း ဉာဏ်ကောင်းသူတွေရဲ့လက္ခဏာလို့ ဆိုပါတယ်။

နှိုးစက်မြည်ရင် ချက်ခြင်းမထဘဲ Snooze ခလုတ်နှိပ်ကာ ပြန်အိပ်ခြင်းဟာ ကောင်းတဲ့အကျင့်တော့ မဟုတ်ပါဘူး။ ဒါပေမဲ့ သုတေသနရလဒ်အရဆိုရင် snooze ခလုတ်ကို နှိပ်လေ့ရှိသူတွေဟာ ခန္ဓာကိုယ်ရဲ့ လိုအပ်ချက် (အိပ်ချိန်)ကို ဂရုစိုက်နားထောင်တတ်သူပါတဲ့။ ဒီလိုလူမျိုးတွေဟာ တီထွင်ဖန်တီးမှုကို ဗီဇစိတ်ကိုက အလိုလိုသိနေတတ်တာမျိုး ဖြစ်ပါသတဲ့။

(ဆက်စပ်ဖတ်ရှုနိုင်ရန်  နှိုးစက်မြည်တာနဲ့ မထဘဲ Snooze ခလုတ်ကို နှိပ်တဲ့သူတွေက ဉာဏ်ရည်ပိုကောင်းတယ် )

နောက်ဆုံးတစ်ချက်ကတော့ Gamer တွေ သိရင် ဝမ်းသာကြမှာပါ။ ဂိမ်းကစားရတာ နှစ်ခြိုက်သူတွေဟာ သိမြင်ထိုးထွင်းမှု အားကောင်းကြတယ်လို့ PsychCentral က ဖော်ပြထားပါတယ်။ ဗီဒီယိုဂိမ်း ကစားတဲ့လူတွေဆိုရင် သိမြင်ထိုးထွင်းနိုင်စွမ်း၊ လူမှုရေးရာမှတ်ဉာဏ်နဲ့ ပြဿနာဖြေရှင်းရာမှာ ပိုမိုထူးချွန်ကြတယ်လို့ ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Daily Mail
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top