ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

အႏၲရာယ္ျဖစ္ေလာက္ေအာင္ အင္အားျပင္းေသာေျမငလ်င္မ်ား ယခုရက္ပုိင္းျပည္တြင္း၌ ဆက္တုိက္လႈပ္ရွားေနေသာ္လည္း လူေနၿမိဳ႕ရြာ မ်ားႏွင့္ေဝးရာ ပဲခူး႐ုိးမအတြင္းဗဟုိျပဳေနသျဖင့္ ျမန္မာႏုိင္ငံ ကံေကာင္းသည္ဟုဆုိရေပမည္။ 

သုိ႔ေသာ္ ဇန္နဝါရီ ၁၂ ရက္နံနက္အေစာပုိင္းလႈပ္ခတ္ခဲ့ေသာ ျပင္းအား ရစ္ခ်္တာစေကး ၆ အဆင့္ရွိ ဖ်က္အားျပင္းေဇာက္တိမ္ငလ်င္၏ေနာက္ဆက္တြဲငလ်င္မ်ားတြင္လည္း အႏၲရာယ္ျဖစ္ေစႏုိင္ သည္အထိအင္အားရွိေသာငလ်င္မ်ား   ခပ္စိပ္စိပ္လႈပ္ရွားခဲ့ျခင္း ေၾကာင့္ ျပည္သူမ်ားစုိးရိမ္ေနသည္။ ျဖဴးငလ်င္၏ ေနာက္ဆက္တြဲ ငလ်င္အႀကိမ္ဆယ္ႏွင့္ခ်ီလႈပ္ရွားခဲ့ရာ  ျပင္းအား ၄ မွ ၅ ဒသမ ၃ အတြင္းရွိ ငလ်င္ကုိးႀကိမ္(ဇန္နဝါရီ ၁၄ ရက္ညအထိ) ပါဝင္ခဲ့၍ ဘူမိေဗဒပညာရွင္မ်ားပင္ ငလ်င္ေဘးအတြက္ ပူပန္လာသည္။

ထုိ႔အျပင္ ဇန္နဝါရီ ၁၃ ရက္တြင္ ရန္ကုန္တုိင္း ထန္းတပင္ၿမိဳ႕ နယ္အတြင္း ဗဟုိျပဳ၍ အင္အားအနည္းငယ္သာရွိေသာ ငလ်င္ထပ္မံလႈပ္ခတ္ရာ ရန္ကုန္ၿမိဳ႕ေနျပည္သူမ်ား သိသိသာသာခံစားခဲ့ရၿပီး ငလ်င္အႏၲရာယ္စုိးရိမ္သည္မွာ ဆိုဖြယ္ရာပင္ မရွိေတာ့ေပ။

ျမန္မာႏုိင္ငံသည္ စစ္ကုိင္းျပတ္ေရြ႕ေၾကာေပၚတြင္ ခြထုိင္ထား သည့္အျပင္ ျပတ္ေရြ႕ေၾကာေပါင္းမ်ားစြာရွိသျဖင့္္ငလ်င္အႏၲရာယ္ ကုိ အခ်ိန္မေရြးစုိးရိမ္ရသည့္ႏုိင္ငံတစ္ႏုိင္ငံျဖစ္သည္။ ျမန္မာႏုိင္ငံေျမငလ်င္ ေကာ္မတီကလည္း ယခုရက္ပုိင္းအတြင္းေျမငလ်င္ မၾကာခဏလႈပ္ေန ျခင္းေၾကာင့္ ငလ်င္ႀကီးမ်ားျဖစ္ေပၚေစရန္စုစည္းေနေသာအားမ်ားေလ်ာ့ပါးႏုိင္၍ အင္အားႀကီးငလ်င္မ်ားလႈပ္ရန္အခြင့္အလမ္းနည္းသည္ဟု ယူဆႏုိင္သလုိ ငလ်င္ႀကီးျဖစ္ရန္ အေျခအေနရွိသည္ဟုလည္း ယူဆ ႏိုင္ေၾကာင္း ဇန္န၀ါရီ ၁၃ ရက္တြင္ ထုတ္ျပန္ထားသည္။

ေျမငလ်င္မွာ အဖ်က္စြမ္းအားႀကီးမားလွသျဖင့္္ အတိတ္မွျဖစ္ရပ္မ်ား၊ ေဟတီငလ်င္၊ နီေပါငလ်င္တို႔ကုိ သင္ခန္းစာယူကာႀကိဳတင္ျပင္ဆင္မႈမ်ားကုိ အေလးအနက္ျပဳလုပ္ရန္လုိပါသည္။

ေျမငလ်င္လႈပ္ခတ္ခဲ့လွ်င္ ငလ်င္ေၾကာင့္ လူေသဆုံးျခင္းမဟုတ္ဘဲ ၿပိဳက်၊ ျပဳတ္က်ေသာအရာ၀တၳဳမ်ားေၾကာင့္သာ လူေသဆုံးျခင္းျဖစ္၍ ျပည္သူ တစ္ဦးခ်င္းအေနျဖင့္ ငလ်င္လႈပ္လွ်င္မည္သုိ႔တုံ႔ျပန္မည္ကုိ စနစ္တက်သိရွိရန္လုိပါသည္။ ငလ်င္လႈပ္လွ်င္ ၿပိဳက်၊ ျပဳတ္က်ႏုိင္ေသာအရာ ၀တၳဳမ်ားႏွင့္ လြတ္ကင္းရာတြင္ ေျပာင္းေနထုိင္ရန္၊ ငလ်င္လႈပ္သည္ႏွင့္ ထုိင္ခ်လုိက္ရန္၊ ေခါင္းေပၚလက္ႏွစ္ဖက္တင္ထားရန္၊ စားပြဲခုံ(သုိ႔မ ဟုတ္)ခုတင္ကဲ့သုိ႔ အကာအကြယ္ေပးႏုိင္မည့္ေအာက္သုိ႔၀င္ေနၿပီး ငလ်င္လႈပ္ၿပီးမွသာ အျပင္သုိ႔ထြက္ရန္ဆုိေသာအသိကုိ လူတိုင္းသိရွိရန္ လုိပါသည္။

အစုိးရအေနျဖင့္လည္း ငလ်င္ႀကီးမ်ားလႈပ္ခတ္ခဲ့လွ်င္ အေရးေပၚကယ္ဆယ္ေရးအတြက္ အစီအစဥ္မ်ားခ်မွတ္ၿပီး လုိအပ္ေသာေခတ္မီ ကိရိယာမ်ား၊ စက္ယႏၲရားမ်ား၀ယ္ယူထားရန္လုိပါသည္။ ထုိ႔အတြက္အသုံးစရိတ္သီးသန္႔ခ်ထားေပးရမည္ျဖစ္ပါသည္။ လူကယ္ျပန္၊ ျမန္မာႏုိင္ငံမီးသတ္တပ္ဖြဲ႕ကဲ့သုိ႔ အဖြဲ႕အစည္းမ်ားက ေျမငလ်င္လႈပ္လွ်င္ ျပည္သူမ်ား မည္သုိ႔တုံ႔ျပန္ရမည္ဟုဇာတ္တိုက္ေလ့က်င့္မႈမ်ား၊ ပညာ ေပးမႈမ်ားက်ယ္က်ယ္ျပန္႔ျပန္႔ျပဳလုပ္ရန္လုိသလုိ ပုဂၢလိကမွပါ ၀င္ေရာက္ကူညီလွ်င္ အက်ဳိးမ်ားမည္ျဖစ္သည္။ အေရးႀကီးဆုံးမွာ ေနအိမ္အေဆာက္အအုံမ်ား၏အရည္အေသြးကုိ ေဆာက္လုပ္ေရး၀န္ႀကီးဌာန၊ စည္ပင္သာယာတို႔ကစနစ္တ က်စိစစ္ရန္၊ ႀကံ႕ခုိင္မႈမျပည့္၀ေသာအေဆာက္အအုံမ်ားကုိ အသစ္ျပန္လည္တည္ေဆာက္ေစရန္၊ ေဆာက္လုပ္ဆဲ၊ ေဆာက္လုပ္မည့္အေဆာက္အအုံမ်ားကုိ ေျမငလ်င္အႏၲရာယ္တြက္ခ်က္၍ ငလ်င္ဒဏ္ခံႏုိင္ေသာအေဆာက္အအုံမ်ား  ပုိမုိေပၚ ထြက္လာေရးအတြက္ ယခုထက္ပုိ၍ ႀကိဳးပမ္းရန္လုိပါသည္။

 ငလ်င္ေၾကာမ်ားေပၚတြင္ တည္ရွိေသာ ႏုိင္ငံျဖစ္၍ ျပည္သူမ်ား ေရာ အစုိးရကပါ ေျမငလ်င္ကုိရင္ဆိုင္ရန္အသင့္ျဖစ္ေနၿပီဆုိေသာ အေျခအေနသုိ႔ ေရာက္လာေစေရးအေလးထားျပင္ဆင္ရန္ တိုက္ တြန္းလိုက္ရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
အန္တရာယ်ဖြစ်လောက်အောင် အင်အားပြင်းသောမြေငလျင်များ ယခုရက်ပိုင်းပြည်တွင်း၌ ဆက်တိုက်လှုပ်ရှားနေသော်လည်း လူနေမြို့ရွာ များနှင့်ဝေးရာ ပဲခူးရိုးမအတွင်းဗဟိုပြုနေသဖြင့် မြန်မာနိုင်ငံ ကံကောင်းသည်ဟုဆိုရပေမည်။ 

သို့သော် ဇန်နဝါရီ ၁၂ ရက်နံနက်အစောပိုင်းလှုပ်ခတ်ခဲ့သော ပြင်းအား ရစ်ချ်တာစကေး ၆ အဆင့်ရှိ ဖျက်အားပြင်းဇောက်တိမ်ငလျင်၏နောက်ဆက်တွဲငလျင်များတွင်လည်း အန္တရာယ်ဖြစ်စေနိုင် သည်အထိအင်အားရှိသောငလျင်များ   ခပ်စိပ်စိပ်လှုပ်ရှားခဲ့ခြင်း ကြောင့် ပြည်သူများစိုးရိမ်နေသည်။ ဖြူးငလျင်၏ နောက်ဆက်တွဲ ငလျင်အကြိမ်ဆယ်နှင့်ချီလှုပ်ရှားခဲ့ရာ  ပြင်းအား ၄ မှ ၅ ဒသမ ၃ အတွင်းရှိ ငလျင်ကိုးကြိမ်(ဇန်နဝါရီ ၁၄ ရက်ညအထိ) ပါဝင်ခဲ့၍ ဘူမိဗေဒပညာရှင်များပင် ငလျင်ဘေးအတွက် ပူပန်လာသည်။

ထို့အပြင် ဇန်နဝါရီ ၁၃ ရက်တွင် ရန်ကုန်တိုင်း ထန်းတပင်မြို့ နယ်အတွင်း ဗဟိုပြု၍ အင်အားအနည်းငယ်သာရှိသော ငလျင်ထပ်မံလှုပ်ခတ်ရာ ရန်ကုန်မြို့နေပြည်သူများ သိသိသာသာခံစားခဲ့ရပြီး ငလျင်အန္တရာယ်စိုးရိမ်သည်မှာ ဆိုဖွယ်ရာပင် မရှိတော့ပေ။

မြန်မာနိုင်ငံသည် စစ်ကိုင်းပြတ်ရွေ့ကြောပေါ်တွင် ခွထိုင်ထား သည့်အပြင် ပြတ်ရွေ့ကြောပေါင်းများစွာရှိသဖြင့််ငလျင်အန္တရာယ် ကို အချိန်မရွေးစိုးရိမ်ရသည့်နိုင်ငံတစ်နိုင်ငံဖြစ်သည်။ မြန်မာနိုင်ငံမြေငလျင် ကော်မတီကလည်း ယခုရက်ပိုင်းအတွင်းမြေငလျင် မကြာခဏလှုပ်နေ ခြင်းကြောင့် ငလျင်ကြီးများဖြစ်ပေါ်စေရန်စုစည်းနေသောအားများလျော့ပါးနိုင်၍ အင်အားကြီးငလျင်များလှုပ်ရန်အခွင့်အလမ်းနည်းသည်ဟု ယူဆနိုင်သလို ငလျင်ကြီးဖြစ်ရန် အခြေအနေရှိသည်ဟုလည်း ယူဆ နိုင်ကြောင်း ဇန်နဝါရီ ၁၃ ရက်တွင် ထုတ်ပြန်ထားသည်။

မြေငလျင်မှာ အဖျက်စွမ်းအားကြီးမားလှသဖြင့် အတိတ်မှဖြစ်ရပ်များ၊ ဟေတီငလျင်၊ နီပေါငလျင်တို့ကို သင်ခန်းစာယူကာကြိုတင်ပြင်ဆင်မှုများကို အလေးအနက်ပြုလုပ်ရန်လိုပါသည်။

မြေငလျင်လှုပ်ခတ်ခဲ့လျှင် ငလျင်ကြောင့် လူသေဆုံးခြင်းမဟုတ်ဘဲ ပြိုကျ၊ ပြုတ်ကျသောအရာဝတ္ထုများကြောင့်သာ လူသေဆုံးခြင်းဖြစ်၍ ပြည်သူ တစ်ဦးချင်းအနေဖြင့် ငလျင်လှုပ်လျှင်မည်သို့တုံ့ပြန်မည်ကို စနစ်တကျသိရှိရန်လိုပါသည်။ ငလျင်လှုပ်လျှင် ပြိုကျ၊ ပြုတ်ကျနိုင်သောအရာ ဝတ္ထုများနှင့် လွတ်ကင်းရာတွင် ပြောင်းနေထိုင်ရန်၊ ငလျင်လှုပ်သည်နှင့် ထိုင်ချလိုက်ရန်၊ ခေါင်းပေါ်လက်နှစ်ဖက်တင်ထားရန်၊ စားပွဲခုံ(သို့မ ဟုတ်)ခုတင်ကဲ့သို့ အကာအကွယ်ပေးနိုင်မည့်အောက်သို့ဝင်နေပြီး ငလျင်လှုပ်ပြီးမှသာ အပြင်သို့ထွက်ရန်ဆိုသောအသိကို လူတိုင်းသိရှိရန် လိုပါသည်။

အစိုးရအနေဖြင့်လည်း ငလျင်ကြီးများလှုပ်ခတ်ခဲ့လျှင် အရေးပေါ်ကယ်ဆယ်ရေးအတွက် အစီအစဉ်များချမှတ်ပြီး လိုအပ်သောခေတ်မီ ကိရိယာများ၊ စက်ယန္တရားများဝယ်ယူထားရန်လိုပါသည်။ ထို့အတွက်အသုံးစရိတ်သီးသန့်ချထားပေးရမည်ဖြစ်ပါသည်။ လူကယ်ပြန်၊ မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ကဲ့သို့ အဖွဲ့အစည်းများက မြေငလျင်လှုပ်လျှင် ပြည်သူများ မည်သို့တုံ့ပြန်ရမည်ဟုဇာတ်တိုက်လေ့ကျင့်မှုများ၊ ပညာ ပေးမှုများကျယ်ကျယ်ပြန့်ပြန့်ပြုလုပ်ရန်လိုသလို ပုဂ္ဂလိကမှပါ ဝင်ရောက်ကူညီလျှင် အကျိုးများမည်ဖြစ်သည်။ အရေးကြီးဆုံးမှာ နေအိမ်အဆောက်အအုံများ၏အရည်အသွေးကို ဆောက်လုပ်ရေးဝန်ကြီးဌာန၊ စည်ပင်သာယာတို့ကစနစ်တ ကျစိစစ်ရန်၊ ကြံ့ခိုင်မှုမပြည့်ဝသောအဆောက်အအုံများကို အသစ်ပြန်လည်တည်ဆောက်စေရန်၊ ဆောက်လုပ်ဆဲ၊ ဆောက်လုပ်မည့်အဆောက်အအုံများကို မြေငလျင်အန္တရာယ်တွက်ချက်၍ ငလျင်ဒဏ်ခံနိုင်သောအဆောက်အအုံများ  ပိုမိုပေါ် ထွက်လာရေးအတွက် ယခုထက်ပို၍ ကြိုးပမ်းရန်လိုပါသည်။

 ငလျင်ကြောများပေါ်တွင် တည်ရှိသော နိုင်ငံဖြစ်၍ ပြည်သူများ ရော အစိုးရကပါ မြေငလျင်ကိုရင်ဆိုင်ရန်အသင့်ဖြစ်နေပြီဆိုသော အခြေအနေသို့ ရောက်လာစေရေးအလေးထားပြင်ဆင်ရန် တိုက် တွန်းလိုက်ရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top