စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ႏုိင္ငံရပ္ျခားမွာ အလုပ္လုပ္ကုိင္ၿပီးေနာက္ ေနရပ္ျပန္လည္ေရာက္ရွိလာတဲ့ ဘဂၤလားေဒ့ရွ္အမ်ိဳးသား ခင္ပြန္းသည္ဟာ ဇနီး အတြက္အံ့ အားသင့္စရာလက္ေဆာင္တစ္ခုဟုဆုိကာ ဇနီးသည္ရဲ႕ မ်က္စိကုိ အုပ္ထားကာ လက္ေခ်ာင္းေတြကုိ ျဖတ္ပစ္လုိက္ပါတယ္။ ဒါဟာ သိပ္ကုိ ေၾကာက္စရာေကာင္းၿပီး ေတာ့ ထိတ္လန္႔စရာပါ။ ဇနီးျဖစ္သူ ပညာသင္ၾကားျခင္းကုိ မနာလုိျဖစ္တာေၾကာင့္လည္း ျဖစ္ပါတယ္။

အေရွ႕အလယ္ပုိင္းေဒသမွာ ေရႊ႕ေျပာင္းအလုပ္သမားအျဖစ္ သြားေရာက္အလုပ္လုပ္ကုိင္ေနတဲ့ ခင္ပြန္းျဖစ္သူဟာ ေနရပ္ ဘဂၤလားေဒ့ရွ္သုိ႔ ျပန္လည္ေရာက္ရွိလာခဲ့ခ်ိန္မွာ ဇနီးသည္ကုိ ထိတ္လန္႔စရာ ေကာင္းေလာက္ေအာင္ တုိက္ခုိက္ခဲ့တာပါ။ အသက္ ၃၀ ႏွစ္အရြယ္ အမ်ိဳးသား ရာဖီကြားအုိင္စ္လန္ ဆုိသူဟာ အသက္ ၂၁ ႏွစ္အရြယ္ ဇနီးသည္အမ်ိဳးသမီး ဟာဝါအက္ထာကုိ မ်က္ႏွာနဲ႔ ပါးစပ္တုိ႔ကုိ အုပ္ၿပီးေနာက္ လက္ေခ်ာင္းေတြကုိ ျဖတ္ေတာက္ပစ္လုိက္ပါတယ္။

အမ်ိဳးသမီး ဟာဝါအက္ထာက ခင္ပြန္းျဖစ္သူရဲ႕ ခြင့္ျပဳခ်က္မရရွိပဲနဲ႔ ဒီဂရီေကာလိပ္အတန္းကုိ စတင္ တက္ေရာက္ၿပီး ပညာသင္ၾကားခဲ့လုိ႔ ခင္ပြန္းအမ်ိဳးသားမွာ စိတ္မေက်နပ္မႈျဖစ္ေပၚခဲ့ကာ ဇနီးသည္ကုိ ရန္လုိျပဳမႈျခင္းေတြျပဳခဲ့တာျဖစ္ပါတယ္။

အမ်ိဳးသား ရာဖီကြားအုိင္စ္လန္ဆုိသူဟာ ဇနီးသည္ပညာေရးသင္ၾကားျခင္းကုိ မႀကိဳက္ႏွစ္သက္၊ မလုိလားျခင္းျဖစ္ခဲ့ကာ သူ႔ရဲ႕ခြင့္ျပဳခ်က္ မရပဲ ပညာသင္ၾကားေနျခင္းကုိ သိတဲ့အခါမွာ အမ်က္ေဒါ သထြက္ခဲ့တယ္လုိ႔ သိရပါတယ္။ ဒီ့အတြက္ေၾကာင့္ ေနရပ္ဘဂၤလားေဒ့ရွ္ႏုိင္ငံသုိ႔ျပန္ေရာက္လာခ်ိန္မွာ ေတာ့ ဇနီးျဖစ္သူကုိ လိမ္လည္လွည့္စားၿပီး လက္ေခ်ာင္းေတြျဖတ္ေတာက္ပစ္ကာ အျပစ္ေပးလုိက္ျခင္း ျဖစ္ပါတယ္။ သူ႔ရဲ႕ ဒီျပစ္မႈက်ဴးလြန္ျခင္းနဲ႔ပတ္သက္ၿပီးေတာ့ ေထာင္ဒဏ္တစ္သတ္တစ္ကၽြန္းျပစ္မႈက် ခံရဖုိ႔ ရွိတယ္လုိ႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: lwinpyin

#Unicode Version#
နိုင်ငံရပ်ခြားမှာ အလုပ်လုပ်ကိုင်ပြီးနောက် နေရပ်ပြန်လည်ရောက်ရှိလာတဲ့ ဘင်္ဂလားဒေ့ရှ်အမျိုးသား ခင်ပွန်းသည်ဟာ ဇနီး အတွက်အံ့ အားသင့်စရာလက်ဆောင်တစ်ခုဟုဆိုကာ ဇနီးသည်ရဲ့ မျက်စိကို အုပ်ထားကာ လက်ချောင်းတွေကို ဖြတ်ပစ်လိုက်ပါတယ်။ ဒါဟာ သိပ်ကို ကြောက်စရာကောင်းပြီး တော့ ထိတ်လန့်စရာပါ။ ဇနီးဖြစ်သူ ပညာသင်ကြားခြင်းကို မနာလိုဖြစ်တာကြောင့်လည်း ဖြစ်ပါတယ်။

အရှေ့အလယ်ပိုင်းဒေသမှာ ရွှေ့ပြောင်းအလုပ်သမားအဖြစ် သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ ခင်ပွန်းဖြစ်သူဟာ နေရပ် ဘင်္ဂလားဒေ့ရှ်သို့ ပြန်လည်ရောက်ရှိလာခဲ့ချိန်မှာ ဇနီးသည်ကို ထိတ်လန့်စရာ ကောင်းလောက်အောင် တိုက်ခိုက်ခဲ့တာပါ။ အသက် ၃၀ နှစ်အရွယ် အမျိုးသား ရာဖီကွားအိုင်စ်လန် ဆိုသူဟာ အသက် ၂၁ နှစ်အရွယ် ဇနီးသည်အမျိုးသမီး ဟာဝါအက်ထာကို မျက်နှာနဲ့ ပါးစပ်တို့ကို အုပ်ပြီးနောက် လက်ချောင်းတွေကို ဖြတ်တောက်ပစ်လိုက်ပါတယ်။

အမျိုးသမီး ဟာဝါအက်ထာက ခင်ပွန်းဖြစ်သူရဲ့ ခွင့်ပြုချက်မရရှိပဲနဲ့ ဒီဂရီကောလိပ်အတန်းကို စတင် တက်ရောက်ပြီး ပညာသင်ကြားခဲ့လို့ ခင်ပွန်းအမျိုးသားမှာ စိတ်မကျေနပ်မှုဖြစ်ပေါ်ခဲ့ကာ ဇနီးသည်ကို ရန်လိုပြုမှုခြင်းတွေပြုခဲ့တာဖြစ်ပါတယ်။

အမျိုးသား ရာဖီကွားအိုင်စ်လန်ဆိုသူဟာ ဇနီးသည်ပညာရေးသင်ကြားခြင်းကို မကြိုက်နှစ်သက်၊ မလိုလားခြင်းဖြစ်ခဲ့ကာ သူ့ရဲ့ခွင့်ပြုချက် မရပဲ ပညာသင်ကြားနေခြင်းကို သိတဲ့အခါမှာ အမျက်ဒေါ သထွက်ခဲ့တယ်လို့ သိရပါတယ်။ ဒီ့အတွက်ကြောင့် နေရပ်ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ပြန်ရောက်လာချိန်မှာ တော့ ဇနီးဖြစ်သူကို လိမ်လည်လှည့်စားပြီး လက်ချောင်းတွေဖြတ်တောက်ပစ်ကာ အပြစ်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ သူ့ရဲ့ ဒီပြစ်မှုကျူးလွန်ခြင်းနဲ့ပတ်သက်ပြီးတော့ ထောင်ဒဏ်တစ်သတ်တစ်ကျွန်းပြစ်မှုကျ ခံရဖို့ ရှိတယ်လို့လည်း သိရပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: lwinpyin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top