လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

Mevius (Mild 7) ကုမၸဏီက ​ေဆးလိပ္​အေရာင္းျမႇင့္တင္ေရး ၀န္ထမ္းအမ်ဳိးသမီး ၄၁ ေယာက္​ဟာ အ​ေၾကာင္​းမဲ့ အလုပ္​ထုတ္​ျပစ္ခံရတာနဲ႔႔ပတ္သက္လို႔​ ဒီေန႔ မနက္ပိုင္းက မႏၱ​​ေလးၿမိဳ႕မွာ သတင္​းစာ႐ွင္​းလင္​းပြဲ ျပဳလုပ္​ခဲ့ၾကပါတယ္​။

မႏၱေလးၿမိဳ႕ ျပည္​ႀကီးတံခြန္​ၿမိဳ႕နယ္​ (ဆ) ရပ္​ကြက္​​ေအးသုခလမ္​းရိွ ျမန္​မာႏိုင္​ငံ စက္​မႈလက္မႈႏွင့္​ ဝန္​​ေဆာင္​မႈလုပ္​ငန္​း​ေပါင္းစံု အလုပ္​သမားသမဂၢမ်ားအဖြဲ႔ခ်ဳပ္​ အထက္​ ျမန္​မာျပည္​႐ုံးခြဲမွ​ာ သတင္းစာရွင္းလင္းပြဲ ျပဳလုပ္ခဲ့တာပါ။

​ေဆးလိပ္​အေရာင္းျမႇင့္တင္ေရး ၀န္ထမ္း​ မမ်ဳိးမ်ဳိးလြင္က​ “က်​မကို ဒီဇင္​ဘာလ ၃၁ ရက္​​ေန႔မွာ ကုမၸဏီ ႐ုံခန္​းထဲကို​ေခၚၿပီး ဘာမွမသိတဲ့ စာရြက္​​ေပၚမွာ အဓမၼခ်ိန္​း​ေျခာက္​ၿပီး လတ္​မွတ္​ထိုးခိုင္​းလို႔ ထိုးလိုက္​ရတယ္​။ လတ္​မွတ္​ထိုးၿပီးမွ က်မကို အလုပ္​ထုတ္​ၿပီး နစ္​နာ​ေၾကး ၁၅၀,၀၀၀ က်ပ္​​ေပးမွန္​း သိခဲ့ရတယ္​။ က်​မ မယူပဲျပန္​လာခဲ့တယ္​။ ဒီလိုခ်ိန္​း​ေျခာက္​ၿပီး စာရြက္​​ေပၚမွာလက္​မွတ္​ထိုးခိုင္​းထာကို က်မ လံုးဝမ​ေက်နပ္​ဘူး။ ဒါ​ေၾကာင့္ က်မတို႔နဲ႔သက္​ဆိုင္​တဲ့ အလုပ္​သမားဝန္​ႀကီးဌာန​ေတြအ​ေနနဲ႔ ထိထိ​ေရာက္​​ေရာက္​ အ​ေရးယူ​ေပး ​ေစခ်င္​တယ္​။ အခုလို ဘာမွန္​းမသိဘဲ လက္​မွတ္​ထိုးခိုင္​းတာ လိမ္​ၿပီးထိုးခိုင္​း တာျဖစ္​တယ္​။ က်​မက​ေတာ့ မ​ေက်နပ္​ဘူး”လို႔ ​ေျပာပါတယ္​။

၀န္ထမ္းအမ်ဳိးသမီးေတြကုိ အ​ေၾကာင္​းမဲ့ထုတ္​ပစ္​လုိက္​တာဟာ တရားဥပ​ေဒနဲ႔ မညီၫြတ္​တဲ့အတြက္​ ျပင္​းျပင္​းထန္​ထန္​ ကန္​႔ကြက္​တယ္​လို႔ ျမန္​မာႏိုင္​ငံ စက္​မႈလက္​မႈနဲ႔ လုပ္​ငန္​း​ေပါင္​းဆံုအလုပ္​သမားသမဂၢအဖြဲ႔ခ်ဳပ္​ အ​တြင္း​ေ​ရးမႉး ဦးသက္​ႏွင္​း​ေအာင္ကေျပာပါတယ္။

“အေရာင္းျမႇင့္တင္ေရး၀န္ထမ္း အမ်ဳိးသမီးေတြကို လိင္​အၾကမ္​းဖက္​မႈ​ေတြ႐ွိတယ္​။ သား​ေျပာမယား​ေျပာ ခံရတာ​ေတြ႐ွိၿပီး ကိုယ္​ထိလက္​​​ေရာက္​က်ဴးလြန္​ခဲ့တာ​ေတြ ႐ွိတယ္။ ဒီလိုဘဝ​ေတြ​ေပးဆက္​ခဲ့တဲ့ ဝန္​ထမ္​း​ေတြကို အလုပ္​ျဖဳတ္​ျပစ္​တာကို ကန္​႔ကြက္​တယ္​။ ဒီကုမၸဏီကို​ ေအာင္​ျမင္​​ေအာင္​ ဘဝ​ေ​တြအ႐ွက္​ ဂုဏ္​သိကၡာ​ေတြနဲ႔ရင္​းၿပီး တည္​​ေဆာက္​​ေပးခဲ့ၾကတာ ျဖစ္​တယ္​။ အခုလို အလုပ္​ထုတ္​လိုက္​တဲ့ ​ေဆးလိပ္​မယ္​​ေတြကို ထိုက္​သင္​့တဲ့ႏွစ္​နာ​ေၾကး​ေပးရမယ္​။ သက္​ဆိုင္​ရာ အလုပ္​သမားဝန္​ႀကီး ဌာန ကုမၸဏီမ်ား မွတ္​ပံုတင္​ဦးစီးဌာန. ျမန္​မာႏိုင္​ငံ ရင္​းႏွီးျမႇဳပ္​ႏွံမႈေကာ္​မ႐ွင္​ စတဲ့ဌာန​ေတြက ဒီ​ဥပ​ေဒနဲ႔ မညီၫႊတ္​တဲ့ ​ေဆးလိပ္​ကုမၸဏီကို ဝင္​​ေရာက္​စစ္​​ေဆးဖို႔လို႔တယ္​”လို႔​ေျပာပါတယ္။

အခုလို ​ေဆးလိပ္​ကုမၸဏီက ​​ေဆးလိပ္​အေရာင္းျမႇင့္တင္ေရး ၀န္ထမ္းအမ်ဳိးသမီး ၄၀​ ေက်ာ္​ကို အလုပ္​ထုတ္​ပစ္​လိုက္​တဲ့အတြက္​ သက္​ဆိုင္​ရာ အလုပ္​သမားသမဂၢအဖြဲ႔အစည္​း​ေတြနဲ႔ ပူး​ေပါင္​းၿပီး အလုပ္ျပန္ရရွိ​​ေရးအတြက္​ ဆႏၵျပ ကန္​ပိန္​း ျပဳလုပ္​သြားမယ္​လို႔ အတြင္​း​ေရးမႉး မရည္​မြန္​​ေအာင္​က​ ေျပာပါတယ္​။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: dvb

# Unicode Version ျဖင့္ ဖတ္ပါ #
Mevius (Mild 7) ကုမ္ပဏီက ဆေးလိပ်အရောင်းမြှင့်တင်ရေး ဝန်ထမ်းအမျိုးသမီး ၄၁ ယောက်ဟာ အကြောင်းမဲ့ အလုပ်ထုတ်ပြစ်ခံရတာနဲ့ပတ်သက်လို့ ဒီနေ့ မနက်ပိုင်းက မန္တလေးမြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ကြပါတယ်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် (ဆ) ရပ်ကွက်အေးသုခလမ်းရှိ မြန်မာနိုင်ငံ စက်မှုလက်မှုနှင့် ဝန်ဆောင်မှုလုပ်ငန်းပေါင်းစုံ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် အထက် မြန်မာပြည်ရုံးခွဲမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။

ဆေးလိပ်အရောင်းမြှင့်တင်ရေး ဝန်ထမ်း မမျိုးမျိုးလွင်က “ကျမကို ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ကုမ္ပဏီ ရုံခန်းထဲကိုခေါ်ပြီး ဘာမှမသိတဲ့ စာရွက်ပေါ်မှာ အဓမ္မချိန်းခြောက်ပြီး လတ်မှတ်ထိုးခိုင်းလို့ ထိုးလိုက်ရတယ်။ လတ်မှတ်ထိုးပြီးမှ ကျမကို အလုပ်ထုတ်ပြီး နစ်နာကြေး ၁၅၀,၀၀၀ ကျပ်ပေးမှန်း သိခဲ့ရတယ်။ ကျမ မယူပဲပြန်လာခဲ့တယ်။ ဒီလိုချိန်းခြောက်ပြီး စာရွက်ပေါ်မှာလက်မှတ်ထိုးခိုင်းထာကို ကျမ လုံးဝမကျေနပ်ဘူး။ ဒါကြောင့် ကျမတို့နဲ့သက်ဆိုင်တဲ့ အလုပ်သမားဝန်ကြီးဌာနတွေအနေနဲ့ ထိထိရောက်ရောက် အရေးယူပေး စေချင်တယ်။ အခုလို ဘာမှန်းမသိဘဲ လက်မှတ်ထိုးခိုင်းတာ လိမ်ပြီးထိုးခိုင်း တာဖြစ်တယ်။ ကျမကတော့ မကျေနပ်ဘူး”လို့ ပြောပါတယ်။

ဝန်ထမ်းအမျိုးသမီးတွေကို အကြောင်းမဲ့ထုတ်ပစ်လိုက်တာဟာ တရားဥပဒေနဲ့ မညီညွတ်တဲ့အတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်တယ်လို့ မြန်မာနိုင်ငံ စက်မှုလက်မှုနဲ့ လုပ်ငန်းပေါင်းဆုံအလုပ်သမားသမဂ္ဂအဖွဲ့ချုပ် အတွင်းရေးမှူး ဦးသက်နှင်းအောင်ကပြောပါတယ်။

“အရောင်းမြှင့်တင်ရေးဝန်ထမ်း အမျိုးသမီးတွေကို လိင်အကြမ်းဖက်မှုတွေရှိတယ်။ သားပြောမယားပြော ခံရတာတွေရှိပြီး ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့တာတွေ ရှိတယ်။ ဒီလိုဘဝတွေပေးဆက်ခဲ့တဲ့ ဝန်ထမ်းတွေကို အလုပ်ဖြုတ်ပြစ်တာကို ကန့်ကွက်တယ်။ ဒီကုမ္ပဏီကို အောင်မြင်အောင် ဘဝတွေအရှက် ဂုဏ်သိက္ခာတွေနဲ့ရင်းပြီး တည်ဆောက်ပေးခဲ့ကြတာ ဖြစ်တယ်။ အခုလို အလုပ်ထုတ်လိုက်တဲ့ ဆေးလိပ်မယ်တွေကို ထိုက်သင့်တဲ့နှစ်နာကြေးပေးရမယ်။ သက်ဆိုင်ရာ အလုပ်သမားဝန်ကြီး ဌာန ကုမ္ပဏီများ မှတ်ပုံတင်ဦးစီးဌာန. မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် စတဲ့ဌာနတွေက ဒီဥပဒေနဲ့ မညီညွှတ်တဲ့ ဆေးလိပ်ကုမ္ပဏီကို ဝင်ရောက်စစ်ဆေးဖို့လို့တယ်”လို့ပြောပါတယ်။

အခုလို ဆေးလိပ်ကုမ္ပဏီက ဆေးလိပ်အရောင်းမြှင့်တင်ရေး ဝန်ထမ်းအမျိုးသမီး ၄၀ ကျော်ကို အလုပ်ထုတ်ပစ်လိုက်တဲ့အတွက် သက်ဆိုင်ရာ အလုပ်သမားသမဂ္ဂအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းပြီး အလုပ်ပြန်ရရှိရေးအတွက် ဆန္ဒပြ ကန်ပိန်း ပြုလုပ်သွားမယ်လို့ အတွင်းရေးမှူး မရည်မွန်အောင်က ပြောပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top