ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

စက္မႈ၊ လက္မႈအေျခခံ အလႊာရန္ပုံေငြအတြက္ ႐ုိက္ကူးမည့္ေတာေပါက္ၿမိဳ႕ေပါက္႐ုပ္ရွင္ တြင္ နတ္ကေတာ္ေနရာက ပါ၀င္ သ႐ုပ္ေဆာင္ရမည္ျဖစ္ၿပီး ပရိသတ္၏ ေ၀ဖန္မႈႏွင့္ပတ္သက္၍ အနည္းငယ္စိတ္ဖိစီးမႈရွိေၾကာင္း သ႐ုပ္ေဆာင္  ညီထြဋ္ေခါင္က ေျပာသည္။

‘‘နတ္ကေတာ္ကာ႐ုိက္တာ သ႐ုပ္ေဆာင္ရတာ စိတ္ဖိစီးမႈမရွိ ဘူး။ ဒါေပမဲ့ ပရိသတ္က်ေတာ့ ခဏခဏဒါႀကီးပဲလုပ္ေနတယ္။ အခုအင္တာဗ်ဴးေနတာေတာင္မွ ေအာက္မွာေပးတဲ့ကြန္မန္႔ေတြက စကားေျပာတာကအစ အဲဒီပုံစံ ေပါက္ေနတယ္ဆုိတာမ်ိဳး Feed-back (တု႔ံျပန္မႈ)ကေတာ့လာမွာ ပါ။ ဒါေပမဲ့ ကိုယ္ကအႏုပညာ သမားျဖစ္တဲ့အတြက္ ခံယူရမွာပါ ပဲ’’ ဟု ၎ကေျပာသည္။

မိန္းမလ်ာဇာတ္႐ုပ္မ်ားကုိ ယခင္က အ႐ုိက္မ်ားခဲ့ေသာ ေၾကာင့္ ခဏနားထားရန္စိတ္ကူး ထားေသာ္လည္း ရန္ပုံေငြဇာတ္ ကားျဖစ္ၿပီး မျဖစ္မေနလုပ္ေပးရ မည့္တာ၀န္ရွိသည္ဟု ယူဆ ေသာေၾကာင့္ လက္ခံ႐ုိက္ကူးျခင္း ျဖစ္ေၾကာင္း ၎ကဆုိသည္။

‘‘ခါတိုင္း႐ုိက္ေနက်က မိန္း မပံု၀တ္ရတယ္။ ဒီေကာင္က် ေတာ့ မိန္းမပုံမဟုတ္ဘူး။ ေယာက်္ားပုံစံ၀တ္ၿပီး ႏြဲ႕ေနတဲ့ ေကာင္ေလးတစ္ေယာက္ဆို ေတာ့ အဲဒါေလးကုိ သိပ္မလုပ္ဖူး တဲ့အတြက္ နည္းနည္းေမးျမန္းၿပီး ေလ့လာရတဲ့အပိုင္းေတြရွိတယ္။ ျပင္ဆင္ရတာေလးေတြရွိတယ္’’ ဟု ၎ကေျပာသည္။

မိန္းမလ်ာကာ႐ုိက္တာမ်ား လက္ခံ႐ုိက္ကူးဖူးေသာ္လည္း နတ္ကေတာ္ကာ႐ုိက္တာကုိ ယခု မွပထမဆုံးသ႐ုပ္ေဆာင္ျခင္းျဖစ္ သည္ဟု ညီထြဋ္ေခါင္ကေျပာ သည္။ လက္ရွိအခ်စ္ေရးသည္ အဆင္ေျပၿပီး ေအးေအးေဆးေဆးရွိေနေၾကာင္း ၎ကဆုိသည္။

‘‘ပရိသတ္ေတြက ညာရင္ မႀကိဳက္ဘူး။ အဲဒီေတာ့မညာခ်င္ ပါဘူး။ ရည္းစားရွိပါတယ္။ ဒီ ေလာကထဲကေတာ့ မဟုတ္ပါ ဘူး။ အျပင္ေလာကထဲကပါ။ ငယ္သူငယ္ခ်င္းပါပဲ’’ ဟု ညီထြဋ္ ေခါင္က ေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
စက်မှု၊ လက်မှုအခြေခံ အလွှာရန်ပုံငွေအတွက် ရိုက်ကူးမည့်တောပေါက်မြို့ပေါက်ရုပ်ရှင် တွင် နတ်ကတော်နေရာက ပါဝင် သရုပ်ဆောင်ရမည်ဖြစ်ပြီး ပရိသတ်၏ ဝေဖန်မှုနှင့်ပတ်သက်၍ အနည်းငယ်စိတ်ဖိစီးမှုရှိကြောင်း သရုပ်ဆောင်  ညီထွဋ်ခေါင်က ပြောသည်။

‘‘နတ်ကတော်ကာရိုက်တာ သရုပ်ဆောင်ရတာ စိတ်ဖိစီးမှုမရှိ ဘူး။ ဒါပေမဲ့ ပရိသတ်ကျတော့ ခဏခဏဒါကြီးပဲလုပ်နေတယ်။ အခုအင်တာဗျူးနေတာတောင်မှ အောက်မှာပေးတဲ့ကွန်မန့်တွေက စကားပြောတာကအစ အဲဒီပုံစံ ပေါက်နေတယ်ဆိုတာမျိုး Feed-back (တုံ့ပြန်မှု)ကတော့လာမှာ ပါ။ ဒါပေမဲ့ ကိုယ်ကအနုပညာ သမားဖြစ်တဲ့အတွက် ခံယူရမှာပါ ပဲ’’ ဟု ၎င်းကပြောသည်။

မိန်းမလျာဇာတ်ရုပ်များကို ယခင်က အရိုက်များခဲ့သော ကြောင့် ခဏနားထားရန်စိတ်ကူး ထားသော်လည်း ရန်ပုံငွေဇာတ် ကားဖြစ်ပြီး မဖြစ်မနေလုပ်ပေးရ မည့်တာဝန်ရှိသည်ဟု ယူဆ သောကြောင့် လက်ခံရိုက်ကူးခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

‘‘ခါတိုင်းရိုက်နေကျက မိန်း မပုံဝတ်ရတယ်။ ဒီကောင်ကျ တော့ မိန်းမပုံမဟုတ်ဘူး။ ယောကျ်ားပုံစံဝတ်ပြီး နွဲ့နေတဲ့ ကောင်လေးတစ်ယောက်ဆို တော့ အဲဒါလေးကို သိပ်မလုပ်ဖူး တဲ့အတွက် နည်းနည်းမေးမြန်းပြီး လေ့လာရတဲ့အပိုင်းတွေရှိတယ်။ ပြင်ဆင်ရတာလေးတွေရှိတယ်’’ ဟု ၎င်းကပြောသည်။

မိန်းမလျာကာရိုက်တာများ လက်ခံရိုက်ကူးဖူးသော်လည်း နတ်ကတော်ကာရိုက်တာကို ယခု မှပထမဆုံးသရုပ်ဆောင်ခြင်းဖြစ် သည်ဟု ညီထွဋ်ခေါင်ကပြော သည်။ လက်ရှိအချစ်ရေးသည် အဆင်ပြေပြီး အေးအေးဆေးဆေးရှိနေကြောင်း ၎င်းကဆိုသည်။

‘‘ပရိသတ်တွေက ညာရင် မကြိုက်ဘူး။ အဲဒီတော့မညာချင် ပါဘူး။ ရည်းစားရှိပါတယ်။ ဒီ လောကထဲကတော့ မဟုတ်ပါ ဘူး။ အပြင်လောကထဲကပါ။ ငယ်သူငယ်ချင်းပါပဲ’’ ဟု ညီထွဋ် ခေါင်က ပြောသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top