စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ဒီေန႔ ဦးဇင္း ဓမၼမိတ္ေဆြ မ်ား ကို ပ႒ာန္း အဓိပၸါယ္ အက်ဥ္း ဆိုၿပီ မွားေနတ့ဲ  အမွားေလး တစ္ခု ကို ေျပာ ျပပါမယ္ ။ သိသင့္ သိထား စရာ ေလး ပါ ခု ခ်ိန္ ျပင္လို႔ ရပါ တယ္ ေနာက္ပိုင္း တစ္ႏိူင္ငံလံုးျပန္႔သြားရင္ ျပင္​လို႔မလြယ္ေတာ့ဘူး မသိသူေတြ အမွန္ထင္​လိမ္​့မယ္​..။

တစ္ခ်ိဳ႕ အလႉေတြ မွာ ပံုတြင္ျပထား တ့ဲ ပ႒ာန္းအဓိပၸါယ္ အက်ဥ္းခ်ဳပ္ ဆိုတာ ေလး ေဝေနတာ ေတြ႔ မိပါ တယ္ ။ ဘယ္လို ပုဂိၢဳလ္ က ေရး ၿပီး စတင္ျဖန္႔ျဖဴးလဲ ေတာ့ မသိပါ ဘူး ။ ခုေနာက္ ပိုင္း ေတာ္ေတာ္ ေလး ကို ေတြ႔ေနရတာ ပါ ။ ပ႒ာန္း က အင္မတန္က်ယ္ျပန႔္ပါတယ္ ။ ေသးေသးေလး နဲ႔ သူ႔ အဓိပၸါယ္ ကို႔ ဖြင့္ ဆိုဖို႔ မလြယ္ပါ ဘူး ။

ေဟတု ပစၥေယာ ကို အဓိပၸါယ္ လြယ္လြယ္ျပန္ရင္ ေဟတုက ဟိတ္ ။ ပစၥေယာ က ေက်းဇူးျပဳတာ ။ ဟိတ္ျဖစ္ၿပီး ေက်းဇူးျပဳတာေပါ့ ။ ဟိတ္က ၆ ပါးေတာင္ ရိွ ပါ တယ္ ။ ေလာဘ ဟိတ္ ေဒါသဟိတ္ ေမာဟဟိတ္ အေလာဘ ဟိတ္ အေဒါသဟိတ္ အေမာဟိတ္ ေတြေပါ့ ။ ေလာဘဟိတ္ေၾကာင့္ ခိုးမယ္ ဝုက္မယ္ လိန္မယ္ ။ ဒါဆို ေလာဘ ေၾကာင့္ ခိုးျခင္း စတာေတြ ျဖစ္တာေပါ့ ။ ေဒါသဟိတ္ေၾကာင့္ သူမ်ားအသက္သတ္ စတာေတြျဖစ္တာေပါ့။

သစ္ျမစ္ေတြေၾကာင့္ သစ္ပင္ႀကီးရဲ႕ အကိုင္း အခက္ေတြ ဟာစည္ပင္ လာသလို႔ ဟိတ္ေတြေၾကာင့္ စိတ္ေတြ ေစတသိတ္ေတြ ႐ုပ္ေတြ  ျဖစ္တာ ကို ေဟတု ပစၥည္းျဖင့္ ေက်းဇူး ျပဳတယ္ လို႔ ေျပာတာ ပါ။ ဒါကို သူက အကုသိုလ္ ႏွင့္ကင္း ၍ ကုသိုလ္ႏွင့္ ယွဥ္တြဲ ပါရေစ လို႔ အဓိပၸါယ္ ျပန္ထား ပါ တယ္ ။ အေၾကာင္း အက်ိဳး ကို ျပထား တ့ဲ ပ႒ာန္း ကို ေသျခာမသိပဲ ဆုေတာင္း လို ပံုစံမ်ိဳး လုပ္ ထား တာ ပါ။

ပ႒ာန္းဆို တာ ဆုေတာင္း မဟုက္ ပါ ။ အေၾကာင္း အက်ိဳး စတာေတြ ကို ေဝဖန္ပိုင္းျခား ျပတာ ပါ ။ ပါဠိ လိုေတာ့ ပစၥည္း ပစၥယုပၸန္ ပစၥယ သတၱိလို႔ ရိွ ပါ တယ္ ။ ေအာက္ပံု က စာေတြ ဖက္ၾကည့္တာ အကုန္ လံုး ပ႒ာန္း အဓိပၸါယ္ မဟုက္ဘဲ ဆုေတာင္း ေတြသာ  ျဖစ္ေနပါတယ္ ။ ဗုဒၶ ေဟာေတာ္ မူတာ ဆုေတာင္း မဟုက္ အေၾကာင္း အက်ိဳး ဆက္ႏြယ္ မူ႔ေတြ ကို သံုးသပ္ဆင္ျခင္ဖို႔ပါ ။

အကုန္ေရးရ ရင္ အ႐ွည္ႀကီးျဖစ္မွာ စိုး ၍ အစ တစ္ခု ပဲ ေရးျပတာ ပါ အကုန္ လံုး မွား ေနပါ တယ္ ။ ထို႔ ေၾကာင့္ ယၡဳပံုတြင္ပါ ေသာ ပ႒ာန္း အဓိပၸါယ္ အက်ဥ္း ဆို တာ ကို အမွား ႀကီး လို႔ သိထား ေစလို ပါတယ္ ။ ပ႒ာန္း အဓိပၸါယ္ မဟုက္ပဲ ကိုလို ရာ ေတာင္း ထား တ့ဲ ဆုေတာင္း စာမ်ွျဖစ္ပါ တယ္ ။

ဥပမာ ျပရရင္ " ဗုဒၶံ သရဏံ ဂစၧာမိ = ခ်မ္းသာ ရပါ လို႔ ၏ ဘုရား ။ ဓမၼ သရဏံ ဂစၦာမိ = က်န္းမာရ ပါ လို ၏ ဘုရား ။ " အဲဒိ ပံုစံမ်ိဳးပါ မူရင္း အမွန္က ဗုဒၶံ သရဏံ ဂစၧာမိ = ျမတ္စြာဘုရားကို ကိုးကြယ္ရာဟူ၍ ဆည္းကပ္ပါ၏ ဒိလို အဓိပၸါယ္ ပါ ။ ဒါကို မူရင္း အဓိပၸါယ္ ႏွင့္ မသက္ဆိုင္ ကိုလိုရာ ကို ေတာင္း ထား တ့ဲ ဆုေတာင္း သက္သက္ သာ ျဖစ္ပါ ေၾကာင္း ေျပာ ၾကား ရင္း ဦးဇင္း ရဲ႕ စာ ကို ဒိမွာရပ္ပါ မယ္ ။

အားလံုးေသာ ဓမၼမိတ္ေဆြ အေပါင္း က်န္းမာ ခ်မ္းသာၾကပါ ေစ။ အမွား ကို အမွား မွန္းကြဲ ကြဲ ျပားျပား ေဝဖန္ႏိူင္ၾက သည္ျဖစ္ၾက ပါေစ ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: အ႐ွင္ ဗုဒၶ သိႆ

# Unicode Version ျဖင့္ ဖတ္ပါ #
ဒီနေ့ ဦးဇင်း ဓမ္မမိတ်ဆွေ များ ကို ပဋ္ဌာန်း အဓိပ္ပါယ် အကျဉ်း ဆိုပြီ မှားနေတဲ့  အမှားလေး တစ်ခု ကို ပြော ပြပါမယ် ။ သိသင့် သိထား စရာ လေး ပါ ခု ချိန် ပြင်လို့ ရပါ တယ် နောက်ပိုင်း တစ်နိူင်ငံလုံးပြန့်သွားရင် ပြင်လို့မလွယ်တော့ဘူး မသိသူတွေ အမှန်ထင်လိမ့်မယ်..။

တစ်ချို့ အလှူတွေ မှာ ပုံတွင်ပြထား တဲ့ ပဋ္ဌာန်းအဓိပ္ပါယ် အကျဉ်းချုပ် ဆိုတာ လေး ဝေနေတာ တွေ့ မိပါ တယ် ။ ဘယ်လို ပုဂ္ဂိုလ် က ရေး ပြီး စတင်ဖြန့်ဖြူးလဲ တော့ မသိပါ ဘူး ။ ခုနောက် ပိုင်း တော်တော် လေး ကို တွေ့နေရတာ ပါ ။ ပဋ္ဌာန်း က အင်မတန်ကျယ်ပြန့်ပါတယ် ။ သေးသေးလေး နဲ့ သူ့ အဓိပ္ပါယ် ကို့ ဖွင့် ဆိုဖို့ မလွယ်ပါ ဘူး ။

ဟေတု ပစ္စယော ကို အဓိပ္ပါယ် လွယ်လွယ်ပြန်ရင် ဟေတုက ဟိတ် ။ ပစ္စယော က ကျေးဇူးပြုတာ ။ ဟိတ်ဖြစ်ပြီး ကျေးဇူးပြုတာပေါ့ ။ ဟိတ်က ၆ ပါးတောင် ရှိ ပါ တယ် ။ လောဘ ဟိတ် ဒေါသဟိတ် မောဟဟိတ် အလောဘ ဟိတ် အဒေါသဟိတ် အမောဟိတ် တွေပေါ့ ။ လောဘဟိတ်ကြောင့် ခိုးမယ် ဝုက်မယ် လိန်မယ် ။ ဒါဆို လောဘ ကြောင့် ခိုးခြင်း စတာတွေ ဖြစ်တာပေါ့ ။ ဒေါသဟိတ်ကြောင့် သူများအသက်သတ် စတာတွေဖြစ်တာပေါ့။

သစ်မြစ်တွေကြောင့် သစ်ပင်ကြီးရဲ့ အကိုင်း အခက်တွေ ဟာစည်ပင် လာသလို့ ဟိတ်တွေကြောင့် စိတ်တွေ စေတသိတ်တွေ ရုပ်တွေ  ဖြစ်တာ ကို ဟေတု ပစ္စည်းဖြင့် ကျေးဇူး ပြုတယ် လို့ ပြောတာ ပါ။ ဒါကို သူက အကုသိုလ် နှင့်ကင်း ၍ ကုသိုလ်နှင့် ယှဉ်တွဲ ပါရစေ လို့ အဓိပ္ပါယ် ပြန်ထား ပါ တယ် ။ အကြောင်း အကျိုး ကို ပြထား တဲ့ ပဋ္ဌာန်း ကို သေခြာမသိပဲ ဆုတောင်း လို ပုံစံမျိုး လုပ် ထား တာ ပါ။

ပဋ္ဌာန်းဆို တာ ဆုတောင်း မဟုက် ပါ ။ အကြောင်း အကျိုး စတာတွေ ကို ဝေဖန်ပိုင်းခြား ပြတာ ပါ ။ ပါဠိ လိုတော့ ပစ္စည်း ပစ္စယုပ္ပန် ပစ္စယ သတ္တိလို့ ရှိ ပါ တယ် ။ အောက်ပုံ က စာတွေ ဖက်ကြည့်တာ အကုန် လုံး ပဋ္ဌာန်း အဓိပ္ပါယ် မဟုက်ဘဲ ဆုတောင်း တွေသာ  ဖြစ်နေပါတယ် ။ ဗုဒ္ဓ ဟောတော် မူတာ ဆုတောင်း မဟုက် အကြောင်း အကျိုး ဆက်နွယ် မူ့တွေ ကို သုံးသပ်ဆင်ခြင်ဖို့ပါ ။

အကုန်ရေးရ ရင် အရှည်ကြီးဖြစ်မှာ စိုး ၍ အစ တစ်ခု ပဲ ရေးပြတာ ပါ အကုန် လုံး မှား နေပါ တယ် ။ ထို့ ကြောင့် ယ္ခုပုံတွင်ပါ သော ပဋ္ဌာန်း အဓိပ္ပါယ် အကျဉ်း ဆို တာ ကို အမှား ကြီး လို့ သိထား စေလို ပါတယ် ။ ပဋ္ဌာန်း အဓိပ္ပါယ် မဟုက်ပဲ ကိုလို ရာ တောင်း ထား တဲ့ ဆုတောင်း စာမျှဖြစ်ပါ တယ် ။

ဥပမာ ပြရရင် " ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ = ချမ်းသာ ရပါ လို့ ၏ ဘုရား ။ ဓမ္မ သရဏံ ဂစ္ဆာမိ = ကျန်းမာရ ပါ လို ၏ ဘုရား ။ " အဲဒိ ပုံစံမျိုးပါ မူရင်း အမှန်က ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ = မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ပါ၏ ဒိလို အဓိပ္ပါယ် ပါ ။ ဒါကို မူရင်း အဓိပ္ပါယ် နှင့် မသက်ဆိုင် ကိုလိုရာ ကို တောင်း ထား တဲ့ ဆုတောင်း သက်သက် သာ ဖြစ်ပါ ကြောင်း ပြော ကြား ရင်း ဦးဇင်း ရဲ့ စာ ကို ဒိမှာရပ်ပါ မယ် ။

အားလုံးသော ဓမ္မမိတ်ဆွေ အပေါင်း ကျန်းမာ ချမ်းသာကြပါ စေ။ အမှား ကို အမှား မှန်းကွဲ ကွဲ ပြားပြား ဝေဖန်နိူင်ကြ သည်ဖြစ်ကြ ပါစေ ။

ဖိုးသူတော် (www.phothutaw.com)
Credit: အရှင် ဗုဒ္ဓ သိဿ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top