စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

ရန္ကုန္-အင္းစိန္လမ္းမတြင္ တကၠစီယာဥ္ေပၚရွိ အမ်ိဳးသား တစ္ဦး ဓားထုိးခံရၿပီး ေသဆုံးခဲ့ေၾကာင္း ဘုရင့္ေနာင္ရဲစခန္းက အတည္ျပဳသည္။ ယင္းျဖစ္ရပ္သည္ ဇန္န၀ါရီ ၁၄ ရက္ ည ၈ နာရီ မိနစ္ ၄၀ ခန္႔က မရမ္းကုန္းၿမိဳ႕နယ္ (၃)ရပ္ကြက္ ရန္ကုန္-အင္းစိန္လမ္းမေပၚ (အ.ထ.က ၂ မရမ္းကုန္းအနီး) ခ်စ္ရိပ္မြန္လမ္းထိပ္တြင္ ျဖစ္ပြားခဲ့သည္။ ဓားဒဏ္ရာႏွင့္ လူနာကို ေတြ႕ရွိခဲ့သည့္ ရဲကင္းမွဴးက ဖုန္းဆက္ သတင္းပို႔ေသာေၾကာင့္ အင္းစိန္ေဆး႐ုံသုိ႔ ပို႔ေဆာင္ရန္ သြားေရာက္ ကူညီခဲ့ေသာ္လည္း ၎သည္ ေဆး႐ုံတြင္ ေသဆုံးခဲ့ေၾကာင္း ERSSDO (အေရးေပၚကယ္ဆယ္ေရးႏွင့္ လူမႈအေထာက္အကူျပဳဖြံ႕ၿဖိဳးေရးအ သင္း)မွ ဦးဇြဲရန္ႏိုင္ကေျပာသည္။


‘‘ရဲဘက္က တာ၀န္ရွိတဲ့သူေတြ အကုန္လုံးေရာက္ေနတယ္။ CCTV ေတြ ျပန္စစ္ေနတယ္။ ကြၽန္ေတာ္တို႔ ေရာက္တဲ့အခ်ိန္မွာ ကားမွာလည္း ေသြးေတြေတာ့ ေပေနတယ္။ လူနာကေတာ့ လမ္းေပၚမွာ ေသြးေတြနဲ႔ လဲေနတာပါ။ လူနာကို အခ်ိန္မီ ေဆး႐ုံအေရာက္ပို႔ေပးခဲ့ေပမယ့္ အသက္ေတာ့ မမီေတာ့ဘူး။ ဆုံးသြားပါတယ္’’ဟု ဦးဇြဲရန္ႏုိင္ကဆိုသည္။

အဆုိပါျဖစ္ရပ္ႏွင့္ပတ္သက္၍ ဘုရင့္ေနာင္ရဲစခန္းက  ျဖစ္စဥ္အတိအက်ကို စုံစမ္းစစ္ေဆးေနဆဲျဖစ္ေၾကာင္း တာ၀န္ရွိသူတစ္ဦးကဆုိသည္။ ခရီးသည္က ယာဥ္ေမာင္းကုိ သတ္သြားေၾကာင္း ယူဆရသည္ဟု အေနာက္ပုိင္းခ႐ိုင္ရဲတပ္ဖြဲ႕မွဴး႐ံုးမွ ရဲအရာရွိတစ္ဦးကေျပာသည္။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
ရန်ကုန်-အင်းစိန်လမ်းမတွင် တက္ကစီယာဉ်ပေါ်ရှိ အမျိုးသား တစ်ဦး ဓားထိုးခံရပြီး သေဆုံးခဲ့ကြောင်း ဘုရင့်နောင်ရဲစခန်းက အတည်ပြုသည်။ ယင်းဖြစ်ရပ်သည် ဇန်နဝါရီ ၁၄ ရက် ည ၈ နာရီ မိနစ် ၄၀ ခန့်က မရမ်းကုန်းမြို့နယ် (၃)ရပ်ကွက် ရန်ကုန်-အင်းစိန်လမ်းမပေါ် (အ.ထ.က ၂ မရမ်းကုန်းအနီး) ချစ်ရိပ်မွန်လမ်းထိပ်တွင် ဖြစ်ပွားခဲ့သည်။ ဓားဒဏ်ရာနှင့် လူနာကို တွေ့ရှိခဲ့သည့် ရဲကင်းမှူးက ဖုန်းဆက် သတင်းပို့သောကြောင့် အင်းစိန်ဆေးရုံသို့ ပို့ဆောင်ရန် သွားရောက် ကူညီခဲ့သော်လည်း ၎င်းသည် ဆေးရုံတွင် သေဆုံးခဲ့ကြောင်း ERSSDO (အရေးပေါ်ကယ်ဆယ်ရေးနှင့် လူမှုအထောက်အကူပြုဖွံ့ဖြိုးရေးအ သင်း)မှ ဦးဇွဲရန်နိုင်ကပြောသည်။


‘‘ရဲဘက်က တာဝန်ရှိတဲ့သူတွေ အကုန်လုံးရောက်နေတယ်။ CCTV တွေ ပြန်စစ်နေတယ်။ ကျွန်တော်တို့ ရောက်တဲ့အချိန်မှာ ကားမှာလည်း သွေးတွေတော့ ပေနေတယ်။ လူနာကတော့ လမ်းပေါ်မှာ သွေးတွေနဲ့ လဲနေတာပါ။ လူနာကို အချိန်မီ ဆေးရုံအရောက်ပို့ပေးခဲ့ပေမယ့် အသက်တော့ မမီတော့ဘူး။ ဆုံးသွားပါတယ်’’ဟု ဦးဇွဲရန်နိုင်ကဆိုသည်။

အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ ဘုရင့်နောင်ရဲစခန်းက  ဖြစ်စဉ်အတိအကျကို စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း တာဝန်ရှိသူတစ်ဦးကဆိုသည်။ ခရီးသည်က ယာဉ်မောင်းကို သတ်သွားကြောင်း ယူဆရသည်ဟု အနောက်ပိုင်းခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲအရာရှိတစ်ဦးကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top