ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

# ZawGyiျဖင့္ဖတ္ရန္ #

ကမာၻမွာ စတုတၳ အႀကီးဆုံး တပ္မွာ အမႈထမ္းရတဲ့ အမ်ိဳးသမီးေတြရဲ႕ ဘဝဟာ ၾကမ္းတမ္းလြန္းလို႔ ရာသီပန္းေတာင္ မပြင့္ႏိုင္ရွိရတယ္လို႔ အဲဒီမွာ အမႈထမ္းခဲ့တဲ့ စစ္သည္ေဟာင္း တေယာက္က ဆိုပါတယ္။ ေနာက္ၿပီး မုဒိမ္းမႈေတြလည္း မၾကာခဏ ျဖစ္တတ္တယ္လို႔ ေျပာပါတယ္။

စစ္သမီးေဟာင္း လီဆိုးယြန္းဟာ အခန္းတခန္းထဲမွာ အမ်ိဳးသမီး ၂ဝ ေက်ာ္နဲ႔ ၁ဝ ႏွစ္ ေလာက္ အိပ္ခဲ့ရတာပါ။ အိပ္စင္ေတြနဲ႔ပါ။ သူတို႔ ယူနီေဖာင္းေတြ သိမ္းဖို႔ အံဆြဲေလးေတြ ေပးပါတယ္။ အံဆြဲေပၚမွာ စစ္သမီးတိုင္း တင္ထားတဲ့ ပုံ ႏွစ္ပုံက ေခါင္းေဆာင္ႀကီး ကင္အီဆြန္းနဲ႔ သားျဖစ္သူ ကင္ဂ်ဳံအီးတို႔ ပုံပါ။

တပ္က ထြက္လာတာ ၁၀ ႏွစ္ေက်ာ္ေပမယ့္ အဲဒီ ဘားတိုက္ထဲက အနံ႔ကို ခုထိ သတိရေနပါတယ္။

” ကြၽန္မတို႔ ေခြၽး တအားထြက္တယ္။

“ေမြ႕ရာေတြက စပါးခြံနဲ႔ လုပ္တာေလ၊ ဒီေတာ့ ကြၽန္မတို႔ ကိုယ္နံ႔ေတြက ဒီထဲဝင္ေနတာ၊ မသတီ စရာႀကီး”

ေနာက္ၿပီး သူတို႔မွာ ေလွ်ာ္ဖို႔ ဖြပ္ဖို႔ အဆင္မေျပဘူး။

” မိန္းမ တေယာက္အဖို႔ ေရမွန္မွန္ မခ်ိဳးရတာ အဆိုးဆုံးပဲ “လို႔ လီဆိုးယြန္း က ေျပာတယ္။

“ဒီမွာ ေရပူလည္း မရဘူး၊ ေတာင္က် ေခ်ာင္းေရကို သြယ္ၿပီး သုံးရတာ။ ေရထဲမွာ ေႁမြနဲ႔ ဖားေတြေတာင္ ပါလာေသးတယ္”

တကၠသိုလ္ ပါေမာကၡ တေယာက္ရဲ႕ သမီးျဖစ္တဲ့ ဆိုးယြန္းဟာ အသက္ ၄၁ ႏွစ္ ရွိပါၿပီ။ သူတို႔ မိသားစုမွာ ေယာက္်ားေတြ တပ္ထဲ ဝင္ဖူးၾကပါတယ္။ ၁၉၉ဝ ေက်ာ္ ေျမာက္ကိုရီးယားမွာ အငတ္ေဘး က်တဲ့အခ်ိန္မွာေတာ့ သူလည္း တေန႔ ထမင္းတနပ္ ေသခ်ာေအာင္ တပ္ထဲ ဝင္ခဲ့တာပါ။ သူ႔လို ဝင္တဲ့ မိန္းကေလးေတြလည္း ေထာင္နဲ႔ခ်ီ ရွိပါတယ္။

“အငတ္ေဘးႀကီးေၾကာင့္ ေျမာက္ကိုရီးယားမွာ အမ်ိဳးသမီးေတြ ပိုဒုကၡေရာက္တယ္” လို႔ ေျမာက္ကိုရီးယားက လွ်ိဳ႕ဝွက္ ေတာ္လွန္ေရး စာအုပ္ေရးတဲ့ ဂ်ီယြန္ဘက္က ဆိုပါတယ္။

” အမ်ိဳးသမီးေတြ အလုပ္စခန္းေတြဆီ ေရာက္လာေတာ့ ထိပါး ေစာ္ကားမႈေတြ ပိုဆိုးလာတယ္”လို႔ သူက ေျပာပါတယ္။

အစပိုင္းမွာေတာ့ မ်ိဳးခ်စ္စိတ္တို႔၊ စုေပါင္းလုပ္အားတို႔ ဆိုတာေတြ ယုံၿပီး ၁၇ ႏွစ္သမီး လီဆိုးယြန္း တေယာက္ တပ္ထဲမွာ ေပ်ာ္ေနေသးတယ္။ ဆံပင္အေျခာက္ခံစက္ေလး သူကိုင္ရလို႔ သေဘာေတြ က်လို႔၊ ဒါေပမဲ့ မီးက မမွန္ေတာ့ သိပ္ေတာ့ သုံးစရာ မရွိပါဘူး။

တပ္ထဲမွာ စစ္သားေရာ စစ္သမီးေရာ အတြက္ ပုံစံက အတူတူ ေလာက္ပါပဲ။ အမ်ိဳးသမီးေတြကို ေပးတဲ့ သင္တန္းေတြက အမ်ိဳးသားေတြထက္ နည္းနည္းပဲ ေလ်ာ့ပါတယ္။ ဒါေပမဲ့ အမ်ိဳးသမီးေတြက အမ်ိဳးသားေတြ မလုပ္ရတဲ့ ခ်က္ျပဳတ္ ေဆးေၾကာတာေတြပါ လုပ္ရပါတယ္။

“ေျမာက္ကိုရီးယားက ေယာက္်ား ႀကီးစိုးတဲ့ ႏိုင္ငံေလ” လို႔ ေျမာက္ကိုရီးယား အေၾကာင္း ေမးခြန္းတရာ စာအုပ္ေရးတဲ့ ဂ်ဴးလီးယက္ မိုရီေလာ့က ဆိုပါတယ္။

မိန္းမေတြကို ထမင္းခ်က္ဖို႔ေလာက္ပဲ ျမင္ၾကေသးတာလို႔လည္း ဆိုပါတယ္။

ေနာက္ ေလ့က်င့္မႈ ျပင္းထန္တာနဲ႔ ရာရွင္ ေလ်ာ့လာတာေၾကာင့္ စစ္သမီးေတြ ခႏၶာကိုယ္မွာ ခ်ိဳ႕ယြင္းလာပါတယ္။

“ေျခာက္လ တႏွစ္ေလာက္ ဆိုရင္ အာဟာရ ခ်ိဳ႕တဲ့ၿပီး စိတ္ဖိစီးလို႔ ကြၽန္မတို႔ ေသြးမေပၚေတာ့ဘူး” လို႔ သူက ဆိုပါတယ္။

“ဒီလို ေသြးမေပၚတာဘဲ သူတို႔က ေပ်ာ္ေနၾကတာ၊ ေသြးမ်ား ဆင္းရင္ သူတို႔ အေျခအေနက ပိုဆိုးမယ္ ဆိုၿပီး စစ္သမီးေတြက ဆိုေနၾကတာ”

ဘယ္သူေတြ တပ္ကေျပးလဲ
ေျမာက္ကိုရီးယား တပ္ေျပး ၇ဝ ရာႏႈန္းက အမ်ိဳးသမီးေတြပါ၊ ဒါဟာ အမ်ိဳးသမီး အလုပ္လက္မဲ့ ပိုေပါတာကို ျပပါတယ္။
ဒီထဲက တဝက္ေက်ာ္က အသက္ ၂ဝ၊ ၃ဝ ေက်ာ္ေတြပါ၊ လူငယ္ေတြမွာ ျမစ္ကို ကူးေျပးတာမ်ိဳး လုပ္ႏိုင္တာပါ။
ေျမာက္ကိုရီးယား တပ္မွာ လစဥ္သုံး ပစၥည္းေတာင္ ေလာက္ေအာင္ မေပးႏိုင္လို႔ အေဟာင္းေတြ ျပန္ေလွ်ာ္သုံးရတယ္လို႔ ဆိုးယြန္းက ဆိုပါတယ္။

“ခုခ်ိန္ထိ အမ်ိဳးသမီးေတြ အရင္လို ဂြမ္းထုပ္အျဖဴေတြ သုံးရတုန္း” လို႔ ဂ်ဴးလီးယက္ မိုရီေလာ့က ဆိုပါတယ္။

“ညတိုင္း ဒါေတြကို ေယာက္်ားေတြ မျမင္ေအာင္ ေလွ်ာ္ရေတာ့ မိန္းမေတြမွာ အေစာႀကီး ထၾကရတယ္”

စစ္သမီးေတြ မၾကာခဏ ေသြးမေပၚတာေတြ ႀကဳံရတတ္ေၾကာင္း ေျပာတာမ်ိဳးေတြ ရွိတယ္ လို႔လည္း သူတို႔နဲ႔ ေတြ႕လာခဲ့တဲ့ မိုရီေလာ့က ဆိုပါတယ္။

” တေယာက္ဆို အသက္ ၂ဝ ရွိၿပီ၊ သူဆင္းရတဲ့ ေလ့က်င့္ခန္းေတြ မ်ားလြန္းလို႔ ႏွစ္ႏွစ္ေလာက္ ေသြးမေပၚတာ ႀကဳံတယ္ လို႔ သူက ေျပာတယ္”

လီဆိုးယြန္းက တပ္ထဲ ဆႏၵအေလ်ာက္ ဝင္ခဲ့ေပမယ့္ ၂ဝ၁၅ က စၿပီး ေျမာက္ကိုရီးယားမွာ မိန္းမတိုင္း ၁၈ ႏွစ္ ျပည့္ၿပီးရင္ တပ္ထဲ ၇ ႏွစ္ ဝင္ရမယ္ ဆိုတဲ့ ဥပေဒ ထြက္လာပါတယ္။

ဒီအခ်ိန္မွာပဲ ေျမာက္ကိုရီးယား အစိုးရက ထူးထူးျခားျခား အမ်ိဳးသမီး လစဥ္သုံး ပစၥည္း အေကာင္းစား ကို တပ္ေတြဆီ ပို႔ေပးမယ္ လို႔ ဆိုလာပါတယ္။

အရင္က အေျခအေန ဆိုးေတြကို ဒါနဲ႔ ကာတာ ျဖစ္ႏိုင္ပါတယ္ လို႔ ဂ်ီယြန္ဘက္က ဆိုပါတယ္။

“ဒီလို ေၾကညာတာနဲ႔ အမ်ိဳးသမီးေတြက သူတို႔ကို တကယ္ ဂ႐ုစိုက္ေတာ့မယ္ ထင္လာေအာင္ လုပ္တာလည္း ျဖစ္ႏိုင္တယ္”

၂ဝ၁၆ မွာ ကင္ဂ်ဳံအြန္းက ေျမာက္ကိုရီးယား အလွကုန္ ေတြကို လန္ကုမ္း၊ ရွယ္နယ္နဲ႔ ခရစၥယန္ ဒီေအာ စတဲ့ ကမာၻ႔ နာမည္ႀကီး တံဆိပ္ေတြနဲ႔ ၿပိဳင္ဖို႔ ေျပာၿပီး မၾကာမီ မွာပဲ ၿပဳံယမ္း တံဆိပ္ အလွျပင္ ပစၥည္း အေကာင္းစား ေတြကိုလည္း အမ်ိဳးသမီး ေလေၾကာင္း တပ္စုေတြဆီ ပို႔ေပးပါတယ္။

ဒါေပမဲ့ နယ္ေရာက္ေနတဲ့ တပ္ေတြက စစ္သမီးေတြမွာ အိမ္သာ တက္တာေတာင္ မလုံၿခဳံ ပါဘူး။ တခ်ိဳ႕ဆို စစ္သားေတြေရွ႕ အေပါ့အပါး သြားရတယ္လို႔ မိုရီေလာ့ ကို ေျပာၾကပါတယ္။

ေျမာက္ကိုရီးယားမွာ စစ္မႈထမ္းျခင္း

ေျမာက္ကိုရီးယားမွာ အမ်ိဳးသမီးတိုင္း အနည္းဆုံး ၇ ႏွစ္ စစ္ထဲဝင္ရပါတယ္။ အမ်ိဳးသားေတြက ၁ဝ ႏွစ္ပါ။ ဒါဟာ ကမာၻမွာ အၾကာဆုံး မဝင္မေနရ စစ္မႈထမ္းကာလ ျဖစ္ပါတယ္။
အဲဒီမွာ ၁၈ ႏွစ္ က ၂၅ ႏွစ္ထိ အမ်ိဳးသမီး ၄ဝ ရာခိုင္ႏႈန္း တပ္ထဲေရာက္ေနၿပီး ဒီလို အမ်ိဳးသမီးေတြ တပ္ထဲ မလိုက္မေနရ စစ္မႈထမ္းရတာက ႏွစ္ႏွစ္ပဲ ရွိပါေသးတယ္။
ေျမာက္ကိုရီးယား ဘက္ဂ်က္ရဲ႕ ၁၅ ရာခိုင္ႏႈန္းကို တပ္အတြက္ သုံးတယ္လို႔ အစိုးရက ေျပာပါတယ္။ ၄ဝ ရာခိုင္ႏႈန္းထိ ရွိႏိုင္တယ္ လို႔လည္း တခ်ိဳ႕က ယူဆပါတယ္။
အားကစား၊ ဂီတ စတာေတြ ကြၽမ္းက်င္တဲ့ ေက်ာင္းသားေတြကိုေတာ့ စစ္မႈထမ္းျခင္းက လြတ္ၿငိမ္းခြင့္ ျပဳတတ္ပါတယ္။
က်ဴးလြန္ ေစာ္ကားေတြက ဆိုးတယ္လို႔ ဘက္ေကာ မိုရီေလာ့ကပါ ေျပာပါတယ္။

မုဒိမ္းမႈ အေၾကာင္း စကားစပ္မိတဲ့ အခါ ဒါမ်ိဳးေတြ သူမ်ားေတြ ျဖစ္တာ ႀကဳံရတယ္လို႔ တပ္ထဲမွာ စစ္မႈထမ္းေနတဲ့ စစ္သမီးေတြက ေျပာေၾကာင္းလည္း မိုရီေလာ့က ဆိုပါတယ္။ တေယာက္မွေတာ့ သူတို႔ကိုယ္တိုင္ ႀကဳံရတယ္လို႔ မေျပာၾကပါဘူး။

၁၉၉၂ က ၂ဝဝ၁ ထိ တပ္ထဲမွာ ရွိေနတုန္း သူ မုဒိမ္း က်င့္ မခံခဲ့ရဘူးလို႔ လီဆိုးယြန္းက ေျပာပါတယ္။ ဒါေပမဲ့ သူ႔ရဲေဘာ္မေတြ အမ်ားအျပားေတာ့ ႀကဳံရတယ္လို႔ ဆိုပါတယ္။

“တပ္ခြဲမႉးက သူ႔အခန္းထဲမွာ ေနၿပီး သူ႔ေအာက္က စစ္သမီးေတြကို နာရီနဲ႔ခ်ီ မုဒိမ္းက်င့္တာေတြ ရွိတတ္တယ္၊ ဒါေတြက မဆုံးတမ္း ျဖစ္ေနတာပါ”

ေျမာက္ကိုရီးယား စစ္ဘက္က ဒီလို လိင္ပိုင္းဆိုင္ရာ ေစာ္ကားမႈေတြကို ဖမ္းမိရင္ ေထာင္ ၇ ႏွစ္ထိ ခ်ၿပီး အေရးယူေနတယ္လို႔ ဆိုပါတယ္။

“မ်ားေသာအားျဖင့္ ဘယ္သူမွ အစစ္မခံ ခ်င္ၾကဘူး၊ ဒီေတာ့ ေယာက္်ားေတြ ဘာအျပစ္မွ မရဘဲ ၿပီးသြားတတ္တယ္”လို႔ ဂ်ဴးလီးယက္ မိုရီေလာ့က ေျပာပါတယ္။

ေျမာက္ကိုရီးယားမွာ အျမစ္တြယ္ေနတဲ့ ေယာက္်ား ႀကီးစိုးေရး ဝါဒေၾကာင့္ ဒီလို က်ဴးလြန္ ေစာ္ကားတာေတြ တပ္ထဲမွာ ျဖစ္ေနတာ လို႔လည္း ျဖည့္ ေျပာပါတယ္။ ဒါေၾကာင့္ တပ္ထဲမွာ အမ်ိဳးသမီးေတြကို ခိုင္းဖတ္လို သေဘာထားပါတယ္။

ဆင္းရဲတဲ့ ေနာက္ခံကလာတဲ့ မိန္းကေလးေတြက တံတားေဆာက္တဲ့ ထဲ ပါရၿပီး တဲပုတ္လို မလုံၿခဳံတဲ့ ဘားတိုက္ေတြမွာ ေနရပါတယ္ လို႔လည္း သူက ဆိုတယ္။

“အိမ္တြင္း တပ္တြင္း အၾကမ္းဖက္တာေတြကို လက္ခံၾကတုန္းပါပဲ။ ဘယ္သူမွ သတင္းပို႔ၿပီး တိုင္မွာ မဟုတ္ဘူး။ ေတာင္ကိုရီးယားမွာလည္း ဒါမ်ိဳးေတြ တပ္ထဲမွာ ရွိပါတယ္”

လီဆိုးယြန္းက ေတာင္ကိုရီးယား နယ္စပ္နားက အခ်က္ျပ တပ္စု တခုမွာ တပ္ၾကပ္ အျဖစ္ တာဝန္က်ခဲ့ပါတယ္။ အသက္ ၂၈ ႏွစ္မွာ တပ္က ထြက္ ခဲ့ပါတယ္။ မိသားစုနဲ႔ ပိုအခ်ိန္ေပးႏိုင္လို႔ စိတ္ခ်မ္းသာေပမယ့္ တပ္သား လူထြက္ အေနနဲ႔ ဘဝကို ႐ုန္းကန္ဖို႔ အသင့္ မရွိလို႔ စိတ္ပူရျပန္ပါတယ္။

၂ဝဝ၈ မွာပဲ ေတာင္ကိုရီးယားကို ေျပးဖို႔ သူဆုံးျဖတ္ပါတယ္။

ပထမ တခါ တ႐ုတ္နယ္စပ္မွာ မိလို႔ ေထာင္စခန္းကို တႏွစ္ အပို႔ခံရပါတယ္။

ေနာက္တခါေတာ့ တူးမန္ ျမစ္ကို ျဖတ္ၿပီး တ႐ုတ္ျပည္ထဲ ေျပးပါတယ္။ ေနာက္ နယ္စပ္ကေန ပြဲစားနဲ႔ ေတာင္ကိုရီးယားထဲ ထြက္ေျပးခဲ့ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: BBC
# Unicode Version ဖြင့် ဖတ်ပါ #

ကမ္ဘာမှာ စတုတ္ထ အကြီးဆုံး တပ်မှာ အမှုထမ်းရတဲ့ အမျိုးသမီးတွေရဲ့ ဘဝဟာ ကြမ်းတမ်းလွန်းလို့ ရာသီပန်းတောင် မပွင့်နိုင်ရှိရတယ်လို့ အဲဒီမှာ အမှုထမ်းခဲ့တဲ့ စစ်သည်ဟောင်း တယောက်က ဆိုပါတယ်။ နောက်ပြီး မုဒိမ်းမှုတွေလည်း မကြာခဏ ဖြစ်တတ်တယ်လို့ ပြောပါတယ်။

စစ်သမီးဟောင်း လီဆိုးယွန်းဟာ အခန်းတခန်းထဲမှာ အမျိုးသမီး ၂ဝ ကျော်နဲ့ ၁ဝ နှစ် လောက် အိပ်ခဲ့ရတာပါ။ အိပ်စင်တွေနဲ့ပါ။ သူတို့ ယူနီဖောင်းတွေ သိမ်းဖို့ အံဆွဲလေးတွေ ပေးပါတယ်။ အံဆွဲပေါ်မှာ စစ်သမီးတိုင်း တင်ထားတဲ့ ပုံ နှစ်ပုံက ခေါင်းဆောင်ကြီး ကင်အီဆွန်းနဲ့ သားဖြစ်သူ ကင်ဂျုံအီးတို့ ပုံပါ။

တပ်က ထွက်လာတာ ၁၀ နှစ်ကျော်ပေမယ့် အဲဒီ ဘားတိုက်ထဲက အနံ့ကို ခုထိ သတိရနေပါတယ်။

” ကျွန်မတို့ ချွေး တအားထွက်တယ်။

“မွေ့ရာတွေက စပါးခွံနဲ့ လုပ်တာလေ၊ ဒီတော့ ကျွန်မတို့ ကိုယ်နံ့တွေက ဒီထဲဝင်နေတာ၊ မသတီ စရာကြီး”

နောက်ပြီး သူတို့မှာ လျှော်ဖို့ ဖွပ်ဖို့ အဆင်မပြေဘူး။

” မိန်းမ တယောက်အဖို့ ရေမှန်မှန် မချိုးရတာ အဆိုးဆုံးပဲ “လို့ လီဆိုးယွန်း က ပြောတယ်။

“ဒီမှာ ရေပူလည်း မရဘူး၊ တောင်ကျ ချောင်းရေကို သွယ်ပြီး သုံးရတာ။ ရေထဲမှာ မြွေနဲ့ ဖားတွေတောင် ပါလာသေးတယ်”

တက္ကသိုလ် ပါမောက္ခ တယောက်ရဲ့ သမီးဖြစ်တဲ့ ဆိုးယွန်းဟာ အသက် ၄၁ နှစ် ရှိပါပြီ။ သူတို့ မိသားစုမှာ ယောက်ျားတွေ တပ်ထဲ ဝင်ဖူးကြပါတယ်။ ၁၉၉ဝ ကျော် မြောက်ကိုရီးယားမှာ အငတ်ဘေး ကျတဲ့အချိန်မှာတော့ သူလည်း တနေ့ ထမင်းတနပ် သေချာအောင် တပ်ထဲ ဝင်ခဲ့တာပါ။ သူ့လို ဝင်တဲ့ မိန်းကလေးတွေလည်း ထောင်နဲ့ချီ ရှိပါတယ်။

“အငတ်ဘေးကြီးကြောင့် မြောက်ကိုရီးယားမှာ အမျိုးသမီးတွေ ပိုဒုက္ခရောက်တယ်” လို့ မြောက်ကိုရီးယားက လျှို့ဝှက် တော်လှန်ရေး စာအုပ်ရေးတဲ့ ဂျီယွန်ဘက်က ဆိုပါတယ်။

” အမျိုးသမီးတွေ အလုပ်စခန်းတွေဆီ ရောက်လာတော့ ထိပါး စော်ကားမှုတွေ ပိုဆိုးလာတယ်”လို့ သူက ပြောပါတယ်။

အစပိုင်းမှာတော့ မျိုးချစ်စိတ်တို့၊ စုပေါင်းလုပ်အားတို့ ဆိုတာတွေ ယုံပြီး ၁၇ နှစ်သမီး လီဆိုးယွန်း တယောက် တပ်ထဲမှာ ပျော်နေသေးတယ်။ ဆံပင်အခြောက်ခံစက်လေး သူကိုင်ရလို့ သဘောတွေ ကျလို့၊ ဒါပေမဲ့ မီးက မမှန်တော့ သိပ်တော့ သုံးစရာ မရှိပါဘူး။

တပ်ထဲမှာ စစ်သားရော စစ်သမီးရော အတွက် ပုံစံက အတူတူ လောက်ပါပဲ။ အမျိုးသမီးတွေကို ပေးတဲ့ သင်တန်းတွေက အမျိုးသားတွေထက် နည်းနည်းပဲ လျော့ပါတယ်။ ဒါပေမဲ့ အမျိုးသမီးတွေက အမျိုးသားတွေ မလုပ်ရတဲ့ ချက်ပြုတ် ဆေးကြောတာတွေပါ လုပ်ရပါတယ်။

“မြောက်ကိုရီးယားက ယောက်ျား ကြီးစိုးတဲ့ နိုင်ငံလေ” လို့ မြောက်ကိုရီးယား အကြောင်း မေးခွန်းတရာ စာအုပ်ရေးတဲ့ ဂျူးလီးယက် မိုရီလော့က ဆိုပါတယ်။

မိန်းမတွေကို ထမင်းချက်ဖို့လောက်ပဲ မြင်ကြသေးတာလို့လည်း ဆိုပါတယ်။

နောက် လေ့ကျင့်မှု ပြင်းထန်တာနဲ့ ရာရှင် လျော့လာတာကြောင့် စစ်သမီးတွေ ခန္ဓာကိုယ်မှာ ချို့ယွင်းလာပါတယ်။

“ခြောက်လ တနှစ်လောက် ဆိုရင် အာဟာရ ချို့တဲ့ပြီး စိတ်ဖိစီးလို့ ကျွန်မတို့ သွေးမပေါ်တော့ဘူး” လို့ သူက ဆိုပါတယ်။

“ဒီလို သွေးမပေါ်တာဘဲ သူတို့က ပျော်နေကြတာ၊ သွေးများ ဆင်းရင် သူတို့ အခြေအနေက ပိုဆိုးမယ် ဆိုပြီး စစ်သမီးတွေက ဆိုနေကြတာ”

ဘယ်သူတွေ တပ်ကပြေးလဲ
မြောက်ကိုရီးယား တပ်ပြေး ၇ဝ ရာနှုန်းက အမျိုးသမီးတွေပါ၊ ဒါဟာ အမျိုးသမီး အလုပ်လက်မဲ့ ပိုပေါတာကို ပြပါတယ်။
ဒီထဲက တဝက်ကျော်က အသက် ၂ဝ၊ ၃ဝ ကျော်တွေပါ၊ လူငယ်တွေမှာ မြစ်ကို ကူးပြေးတာမျိုး လုပ်နိုင်တာပါ။
မြောက်ကိုရီးယား တပ်မှာ လစဉ်သုံး ပစ္စည်းတောင် လောက်အောင် မပေးနိုင်လို့ အဟောင်းတွေ ပြန်လျှော်သုံးရတယ်လို့ ဆိုးယွန်းက ဆိုပါတယ်။

“ခုချိန်ထိ အမျိုးသမီးတွေ အရင်လို ဂွမ်းထုပ်အဖြူတွေ သုံးရတုန်း” လို့ ဂျူးလီးယက် မိုရီလော့က ဆိုပါတယ်။

“ညတိုင်း ဒါတွေကို ယောက်ျားတွေ မမြင်အောင် လျှော်ရတော့ မိန်းမတွေမှာ အစောကြီး ထကြရတယ်”

စစ်သမီးတွေ မကြာခဏ သွေးမပေါ်တာတွေ ကြုံရတတ်ကြောင်း ပြောတာမျိုးတွေ ရှိတယ် လို့လည်း သူတို့နဲ့ တွေ့လာခဲ့တဲ့ မိုရီလော့က ဆိုပါတယ်။

” တယောက်ဆို အသက် ၂ဝ ရှိပြီ၊ သူဆင်းရတဲ့ လေ့ကျင့်ခန်းတွေ များလွန်းလို့ နှစ်နှစ်လောက် သွေးမပေါ်တာ ကြုံတယ် လို့ သူက ပြောတယ်”

လီဆိုးယွန်းက တပ်ထဲ ဆန္ဒအလျောက် ဝင်ခဲ့ပေမယ့် ၂ဝ၁၅ က စပြီး မြောက်ကိုရီးယားမှာ မိန်းမတိုင်း ၁၈ နှစ် ပြည့်ပြီးရင် တပ်ထဲ ၇ နှစ် ဝင်ရမယ် ဆိုတဲ့ ဥပဒေ ထွက်လာပါတယ်။

ဒီအချိန်မှာပဲ မြောက်ကိုရီးယား အစိုးရက ထူးထူးခြားခြား အမျိုးသမီး လစဉ်သုံး ပစ္စည်း အကောင်းစား ကို တပ်တွေဆီ ပို့ပေးမယ် လို့ ဆိုလာပါတယ်။

အရင်က အခြေအနေ ဆိုးတွေကို ဒါနဲ့ ကာတာ ဖြစ်နိုင်ပါတယ် လို့ ဂျီယွန်ဘက်က ဆိုပါတယ်။

“ဒီလို ကြေညာတာနဲ့ အမျိုးသမီးတွေက သူတို့ကို တကယ် ဂရုစိုက်တော့မယ် ထင်လာအောင် လုပ်တာလည်း ဖြစ်နိုင်တယ်”

၂ဝ၁၆ မှာ ကင်ဂျုံအွန်းက မြောက်ကိုရီးယား အလှကုန် တွေကို လန်ကုမ်း၊ ရှယ်နယ်နဲ့ ခရစ္စယန် ဒီအော စတဲ့ ကမ္ဘာ့ နာမည်ကြီး တံဆိပ်တွေနဲ့ ပြိုင်ဖို့ ပြောပြီး မကြာမီ မှာပဲ ပြုံယမ်း တံဆိပ် အလှပြင် ပစ္စည်း အကောင်းစား တွေကိုလည်း အမျိုးသမီး လေကြောင်း တပ်စုတွေဆီ ပို့ပေးပါတယ်။

ဒါပေမဲ့ နယ်ရောက်နေတဲ့ တပ်တွေက စစ်သမီးတွေမှာ အိမ်သာ တက်တာတောင် မလုံခြုံ ပါဘူး။ တချို့ဆို စစ်သားတွေရှေ့ အပေါ့အပါး သွားရတယ်လို့ မိုရီလော့ ကို ပြောကြပါတယ်။

မြောက်ကိုရီးယားမှာ စစ်မှုထမ်းခြင်း

မြောက်ကိုရီးယားမှာ အမျိုးသမီးတိုင်း အနည်းဆုံး ၇ နှစ် စစ်ထဲဝင်ရပါတယ်။ အမျိုးသားတွေက ၁ဝ နှစ်ပါ။ ဒါဟာ ကမ္ဘာမှာ အကြာဆုံး မဝင်မနေရ စစ်မှုထမ်းကာလ ဖြစ်ပါတယ်။
အဲဒီမှာ ၁၈ နှစ် က ၂၅ နှစ်ထိ အမျိုးသမီး ၄ဝ ရာခိုင်နှုန်း တပ်ထဲရောက်နေပြီး ဒီလို အမျိုးသမီးတွေ တပ်ထဲ မလိုက်မနေရ စစ်မှုထမ်းရတာက နှစ်နှစ်ပဲ ရှိပါသေးတယ်။
မြောက်ကိုရီးယား ဘက်ဂျက်ရဲ့ ၁၅ ရာခိုင်နှုန်းကို တပ်အတွက် သုံးတယ်လို့ အစိုးရက ပြောပါတယ်။ ၄ဝ ရာခိုင်နှုန်းထိ ရှိနိုင်တယ် လို့လည်း တချို့က ယူဆပါတယ်။
အားကစား၊ ဂီတ စတာတွေ ကျွမ်းကျင်တဲ့ ကျောင်းသားတွေကိုတော့ စစ်မှုထမ်းခြင်းက လွတ်ငြိမ်းခွင့် ပြုတတ်ပါတယ်။
ကျူးလွန် စော်ကားတွေက ဆိုးတယ်လို့ ဘက်ကော မိုရီလော့ကပါ ပြောပါတယ်။

မုဒိမ်းမှု အကြောင်း စကားစပ်မိတဲ့ အခါ ဒါမျိုးတွေ သူများတွေ ဖြစ်တာ ကြုံရတယ်လို့ တပ်ထဲမှာ စစ်မှုထမ်းနေတဲ့ စစ်သမီးတွေက ပြောကြောင်းလည်း မိုရီလော့က ဆိုပါတယ်။ တယောက်မှတော့ သူတို့ကိုယ်တိုင် ကြုံရတယ်လို့ မပြောကြပါဘူး။

၁၉၉၂ က ၂ဝဝ၁ ထိ တပ်ထဲမှာ ရှိနေတုန်း သူ မုဒိမ်း ကျင့် မခံခဲ့ရဘူးလို့ လီဆိုးယွန်းက ပြောပါတယ်။ ဒါပေမဲ့ သူ့ရဲဘော်မတွေ အများအပြားတော့ ကြုံရတယ်လို့ ဆိုပါတယ်။

“တပ်ခွဲမှူးက သူ့အခန်းထဲမှာ နေပြီး သူ့အောက်က စစ်သမီးတွေကို နာရီနဲ့ချီ မုဒိမ်းကျင့်တာတွေ ရှိတတ်တယ်၊ ဒါတွေက မဆုံးတမ်း ဖြစ်နေတာပါ”

မြောက်ကိုရီးယား စစ်ဘက်က ဒီလို လိင်ပိုင်းဆိုင်ရာ စော်ကားမှုတွေကို ဖမ်းမိရင် ထောင် ၇ နှစ်ထိ ချပြီး အရေးယူနေတယ်လို့ ဆိုပါတယ်။

“များသောအားဖြင့် ဘယ်သူမှ အစစ်မခံ ချင်ကြဘူး၊ ဒီတော့ ယောက်ျားတွေ ဘာအပြစ်မှ မရဘဲ ပြီးသွားတတ်တယ်”လို့ ဂျူးလီးယက် မိုရီလော့က ပြောပါတယ်။

မြောက်ကိုရီးယားမှာ အမြစ်တွယ်နေတဲ့ ယောက်ျား ကြီးစိုးရေး ဝါဒကြောင့် ဒီလို ကျူးလွန် စော်ကားတာတွေ တပ်ထဲမှာ ဖြစ်နေတာ လို့လည်း ဖြည့် ပြောပါတယ်။ ဒါကြောင့် တပ်ထဲမှာ အမျိုးသမီးတွေကို ခိုင်းဖတ်လို သဘောထားပါတယ်။

ဆင်းရဲတဲ့ နောက်ခံကလာတဲ့ မိန်းကလေးတွေက တံတားဆောက်တဲ့ ထဲ ပါရပြီး တဲပုတ်လို မလုံခြုံတဲ့ ဘားတိုက်တွေမှာ နေရပါတယ် လို့လည်း သူက ဆိုတယ်။

“အိမ်တွင်း တပ်တွင်း အကြမ်းဖက်တာတွေကို လက်ခံကြတုန်းပါပဲ။ ဘယ်သူမှ သတင်းပို့ပြီး တိုင်မှာ မဟုတ်ဘူး။ တောင်ကိုရီးယားမှာလည်း ဒါမျိုးတွေ တပ်ထဲမှာ ရှိပါတယ်”

လီဆိုးယွန်းက တောင်ကိုရီးယား နယ်စပ်နားက အချက်ပြ တပ်စု တခုမှာ တပ်ကြပ် အဖြစ် တာဝန်ကျခဲ့ပါတယ်။ အသက် ၂၈ နှစ်မှာ တပ်က ထွက် ခဲ့ပါတယ်။ မိသားစုနဲ့ ပိုအချိန်ပေးနိုင်လို့ စိတ်ချမ်းသာပေမယ့် တပ်သား လူထွက် အနေနဲ့ ဘဝကို ရုန်းကန်ဖို့ အသင့် မရှိလို့ စိတ်ပူရပြန်ပါတယ်။

၂ဝဝ၈ မှာပဲ တောင်ကိုရီးယားကို ပြေးဖို့ သူဆုံးဖြတ်ပါတယ်။

ပထမ တခါ တရုတ်နယ်စပ်မှာ မိလို့ ထောင်စခန်းကို တနှစ် အပို့ခံရပါတယ်။

နောက်တခါတော့ တူးမန် မြစ်ကို ဖြတ်ပြီး တရုတ်ပြည်ထဲ ပြေးပါတယ်။ နောက် နယ်စပ်ကနေ ပွဲစားနဲ့ တောင်ကိုရီးယားထဲ ထွက်ပြေးခဲ့ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: BBC

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top