×

လူေတြဟာ ေန႔စဥ္နဲ႔ အမွ် မအားလပ္ၾကပါဘူး။ စီးပြားေရး၊ လူမႈေရးေတြနဲ႔ လံုးပန္းရင္း အစားအစာေတြကို သတိမထားမိဘဲ စားလိုက္ရတဲ့ ေန႔ရက္ေတြ ရွိပါတယ္။ အခ်ိဳမႈန္႔ပါတဲ့ အစားအစာေတြ စားလိုက္မိတာ၊ အဆီမ်ားတာ၊ အငံမ်ားတာ စတဲ့ အစားအစာေတြကို သတိမထားမိၾကဘဲ စားျဖစ္ၾကပါတယ္။

ၾကာလာတဲ့ အခါ အသည္းဟာ အစားအစာေတြထဲက အဆိပ္ေတြနဲ႔ ျပည့္ႏွက္လာပါတယ္။ အသည္းအဆီဖံုးေရာဂါဟာ ဒီလို ျဖစ္စဥ္ေတြကေန စပါတယ္။ အသည္းရဲ႕ လုပ္ေဆာင္ ခ်က္ကို ပံုမွန္မျဖစ္ေစတဲ့ အတြက္ က်န္းမာေရး ခ်ိဳ႕ယြင္းမႈေတြဟာ ျဖစ္ပြားလာပါေတာ့တယ္။ အရက္ေသာက္မွ အသညး္ကို ထိခိုက္ေစတာ မဟုတ္ဘဲ မွားယြင္းတ့ဲ စားသံုးမႈေတြကေနလည္း အသည္းကို ထိခိုက္ႏုိင္ပါတယ္။

ကိုယ္ထဲက အဆိပ္ေတြကို ထုတ္ပစ္ၿပီး အသည္းရဲ႕ လုပ္ေဆာင္ခ်က္ေတြကို ျပန္လည္ ေကာင္းမြန္ေစဖို႔ အတြက္ စားေပးသင့္တဲ့ အစားအစာေတြ ရွိပါတယ္။ ကိုယ္ဟာ အျပင္စာေတြကို ဆက္တုိက္ စားျဖစ္ေနၿပီလို႔ သတိထားလိုက္မိရင္ အခု ေျပာမယ့္ အစားအစာေတြကို မ်ားမ်ား စားေပးပါ။

ၾကက္သြန္ျဖဴ

ၾကက္သြန္ျဖဴဟာ မေကာင္းတဲ့ ကိုလက္စထေရာေတြကို ေလွ်ာ့ခ်ေပးႏုိင္ပါတယ္။ အျပင္စာေတြ စားတာ မ်ားၿပီဆုိရင္ ၾကက္သြန္ျဖဴကို
ပံုမွန္ထက္ ပိုစားတာမ်ိဳး လုပ္သင့္ပါတယ္။ ပ်ားရည္နဲ႔စိမ္ထားတဲ့ ၾကက္သြန္ျဖဴကို ေန႔တိုင္း စားေပးရင္ ပိုေကာင္းပါတယ္။

ပန္းသီး

ပန္းသီးစားရင္ ဆရာ၀န္နဲ႔ ခပ္ေ၀းေ၀း ေနရတယ္ဆိုတဲ့ က်န္းမာေရး အဆိုေလး ရွိပါတယ္။ ေဆးလြတ္ေစမယ့္ ပန္းသီးဟာ လူေတြရဲ႕
က်န္းမာေရးကို မ်ားစြာ အေထာက္အကူ ျဖစ္ေစၿပီး ကိုယ္တြင္းက အဆိပ္ေတြကို ထုတ္ေပးႏုိင္စြမ္း ရွိပါတယ္။

ေထာပတ္သီး

ေထာပတ္သီးမွာ အာဟာရဓာတ္ အမ်ိဳး ၂၀ေလာက္ပါ၀င္ၿပီး ဗီတာမင္ ၾကြယ္၀တဲ့ အသီးပါ။ အသည္းကို အက်ိဳးျပဳေစၿပီး အဆိပ္ေတြကို
သဘာ၀နည္းအတိုင္း ဖယ္ရွားေပးႏုိင္ပါလိမ့္မယ္။

ဂရိတ္ဖရုသီး

အစြမ္းထက္တဲ့ အင္တီေအာက္ဆီးဒင့္နဲ႔ အမွ်င္ဓာတ္ေတြဟာ ဒီအသီးမွာ မ်ားစြာ ပါ၀င္ပါတယ္။ ေကာင္းမြန္တဲ့ ကိုလက္စထေရာေတြကို
ေပးၿပီး အသည္းကို သန္႔စင္ေစပါတယ္။

အစိမ္းေရာင္ဟင္းရြက္မ်ား

အစိိမ္းေရာင္ ဟင္းသီးဟင္းရြက္ေတြဟာ အေကာင္းဆံုးအဆိပ္ဖယ္ရွားတဲ့ အစားအစာေတြပါ။ ပန္းပြင့္စိမ္းနဲ႔ ဟင္းႏုႏြယ္ကကေတာ့
အေကာင္းဆံုးပါပဲ။ သန္႔စင္တဲ့ ဟင္းသီးဟင္းရြက္ေတြျဖစ္ဖို႔  ေရမ်ားမ်ား ေဆးၿပီး စိတ္ခ်ရေစဖို႔ေတာ ့လိုပါတယ္။ ေကာင္းမြန္တဲ့
ဟင္းရြက္ေတြဟာ အသည္းထဲက အဆိပ္ေတြကို ဖယ္ရွားဖို႔ အေကာင္းဆုံုးလက္နက္ပါပဲ။

အသည္းကို ကူညီေပးမယ့္ အျခားအစားအစာေတြကေတာ့ နႏြင္း၊ မုန္လာဥနီ၊ သစ္ၾကားသီး၊ ေဂၚဖီထုပ္၊ သံလြင္ဆီနဲ႔ လက္ဖက္စိမ္းတို႔ပဲ ျဖစ္ပါတယ္။ အဓိက ေရွာင္ရမွာကေတာ့ အဆီပါ။

Ref: foodsandhealthylife
ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfood
#Unicode Version#
လူတွေဟာ နေ့စဉ်နဲ့ အမျှ မအားလပ်ကြပါဘူး။ စီးပွားရေး၊ လူမှုရေးတွေနဲ့ လုံးပန်းရင်း အစားအစာတွေကို သတိမထားမိဘဲ စားလိုက်ရတဲ့ နေ့ရက်တွေ ရှိပါတယ်။ အချိုမှုန့်ပါတဲ့ အစားအစာတွေ စားလိုက်မိတာ၊ အဆီများတာ၊ အငံများတာ စတဲ့ အစားအစာတွေကို သတိမထားမိကြဘဲ စားဖြစ်ကြပါတယ်။

ကြာလာတဲ့ အခါ အသည်းဟာ အစားအစာတွေထဲက အဆိပ်တွေနဲ့ ပြည့်နှက်လာပါတယ်။ အသည်းအဆီဖုံးရောဂါဟာ ဒီလို ဖြစ်စဉ်တွေကနေ စပါတယ်။ အသည်းရဲ့ လုပ်ဆောင် ချက်ကို ပုံမှန်မဖြစ်စေတဲ့ အတွက် ကျန်းမာရေး ချို့ယွင်းမှုတွေဟာ ဖြစ်ပွားလာပါတော့တယ်။ အရက်သောက်မှ အသည်းကို ထိခိုက်စေတာ မဟုတ်ဘဲ မှားယွင်းတဲ့ စားသုံးမှုတွေကနေလည်း အသည်းကို ထိခိုက်နိုင်ပါတယ်။

ကိုယ်ထဲက အဆိပ်တွေကို ထုတ်ပစ်ပြီး အသည်းရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည် ကောင်းမွန်စေဖို့ အတွက် စားပေးသင့်တဲ့ အစားအစာတွေ ရှိပါတယ်။ ကိုယ်ဟာ အပြင်စာတွေကို ဆက်တိုက် စားဖြစ်နေပြီလို့ သတိထားလိုက်မိရင် အခု ပြောမယ့် အစားအစာတွေကို များများ စားပေးပါ။

ကြက်သွန်ဖြူ

ကြက်သွန်ဖြူဟာ မကောင်းတဲ့ ကိုလက်စထရောတွေကို လျှော့ချပေးနိုင်ပါတယ်။ အပြင်စာတွေ စားတာ များပြီဆိုရင် ကြက်သွန်ဖြူကို
ပုံမှန်ထက် ပိုစားတာမျိုး လုပ်သင့်ပါတယ်။ ပျားရည်နဲ့စိမ်ထားတဲ့ ကြက်သွန်ဖြူကို နေ့တိုင်း စားပေးရင် ပိုကောင်းပါတယ်။

ပန်းသီး

ပန်းသီးစားရင် ဆရာဝန်နဲ့ ခပ်ဝေးဝေး နေရတယ်ဆိုတဲ့ ကျန်းမာရေး အဆိုလေး ရှိပါတယ်။ ဆေးလွတ်စေမယ့် ပန်းသီးဟာ လူတွေရဲ့
ကျန်းမာရေးကို များစွာ အထောက်အကူ ဖြစ်စေပြီး ကိုယ်တွင်းက အဆိပ်တွေကို ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။

ထောပတ်သီး

ထောပတ်သီးမှာ အာဟာရဓာတ် အမျိုး ၂၀လောက်ပါဝင်ပြီး ဗီတာမင် ကြွယ်ဝတဲ့ အသီးပါ။ အသည်းကို အကျိုးပြုစေပြီး အဆိပ်တွေကို
သဘာဝနည်းအတိုင်း ဖယ်ရှားပေးနိုင်ပါလိမ့်မယ်။

ဂရိတ်ဖရုသီး

အစွမ်းထက်တဲ့ အင်တီအောက်ဆီးဒင့်နဲ့ အမျှင်ဓာတ်တွေဟာ ဒီအသီးမှာ များစွာ ပါဝင်ပါတယ်။ ကောင်းမွန်တဲ့ ကိုလက်စထရောတွေကို
ပေးပြီး အသည်းကို သန့်စင်စေပါတယ်။

အစိမ်းရောင်ဟင်းရွက်များ

အစိမ်းရောင် ဟင်းသီးဟင်းရွက်တွေဟာ အကောင်းဆုံးအဆိပ်ဖယ်ရှားတဲ့ အစားအစာတွေပါ။ ပန်းပွင့်စိမ်းနဲ့ ဟင်းနုနွယ်ကကတော့
အကောင်းဆုံးပါပဲ။ သန့်စင်တဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ဖို့  ရေများများ ဆေးပြီး စိတ်ချရစေဖို့တော့လိုပါတယ်။ ကောင်းမွန်တဲ့
ဟင်းရွက်တွေဟာ အသည်းထဲက အဆိပ်တွေကို ဖယ်ရှားဖို့ အကောင်းဆုံးလက်နက်ပါပဲ။

အသည်းကို ကူညီပေးမယ့် အခြားအစားအစာတွေကတော့ နနွင်း၊ မုန်လာဥနီ၊ သစ်ကြားသီး၊ ဂေါ်ဖီထုပ်၊ သံလွင်ဆီနဲ့ လက်ဖက်စိမ်းတို့ပဲ ဖြစ်ပါတယ်။ အဓိက ရှောင်ရမှာကတော့ အဆီပါ။

Ref: foodsandhealthylife

ဖိုးသူတော် (www.phothutaw.com)
Credit: myfood
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top