iMyanmarHouse.com - Best Property Website for Myanmar
×

ဝမ္းဗိုက္အတြင္းထဲမွာ တရားမဝင္ကုိကင္းေတြ ထည့္သြင္းသယ္ေဆာင္လာတဲ့ ဘရာဇီးအမ်ိဳးသမီးတဦးကို ထိုင္းႏိုင္ငံ၊ သုဝဏၰဘူမိေလဆိပ္မွာ ဇန္နဝါရီ ၃၀ ရက္ေန႔က  ဖမ္းဆီးရမိခဲ့ပါတယ္။

အဲဒီအမ်ိဳးသမီးဟာ အီသီယိုးပီးယားေလေၾကာင္းလိုင္း ေလယာဥ္ အီးတီ-၆၂၈ နဲ႔ စီးနင္းလိုက္ပါလာခဲ့တာျဖစ္တယ္လို႔ ေနးရွင္းသတင္းတပုဒ္မွာ ေဖာ္ျပပါတယ္။

သူ႔ကိုၾကည့္ရတာ စိတ္လႈပ္ရွား ထိတ္လန္႔ေနပံုရတာမို႔ တာဝန္က် အေကာက္ခြန္ စစ္ေဆးေရးအရာရွိေတြက ေခၚယူစစ္ေဆးၿပီး အိပ္စ္ေရး႐ုိက္ၾကည့္ခ်ိန္မွာ ခုလိုေတြ႔ရွိခဲ့ရတာပါ။

ႏုိင္ငံကူးလက္မွတ္မွာ ေဖာ္ျပထားခ်က္အရ အသက္ ၂၅ ႏွစ္အရြယ္ အမ်ိဳးသမီးရဲ႕ အမည္ကိုေတာ့ ဂ်ိဳဆက္ခ္စ္ရွဲလီ မန္ဒက္စ္လို႔ သိရပါတယ္။

သူဟာ ကြန္ဒံုးေတြနဲ႔စြပ္ထားတဲ့ ဒါဇင္နဲ႔ခ်ီရွိတဲ့ ကိုကင္းေတြကုိ မ်ိဳခ်ခဲ့ၿပီး အစာအိမ္အတြင္း ထည့္သြင္းသယ္ေဆာင္ခဲ့တာျဖစ္ေၾကာင္း ဝန္ခံထြက္ဆိုထားပါတယ္။

သူဟာ ထိုင္းႏိုင္ငံဆီ ေလယာဥ္မထြက္ခြာခင္မွာ ကြန္ဒံုးအခုေရ ၆၀ ကို မ်ိဳခ်ခဲ့ၿပီးမွ ခုလိုသယ္လာခဲ့တာလို႔ ဆိုပါတယ္။

ဝန္ထမ္းေတြဟာ သူ႔ကို ဝမ္းႏႈတ္ေစၿပီး အဲဒီကိုကင္းေတြကို ျပန္ထုတ္ခဲ့ၿပီးေနာက္မွာေတာ့ မူးယစ္ေဆးဝါးေမွာင္ခိုမႈနဲ႔ တရားစြဲဆို အေရးယူသြားမွာျဖစ္တယ္လို႔ သတင္းမွာ ေဖာ္ျပပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: DVB

# Unicode Version ျဖင့္ ဖတ္ပါ #
ဝမ်းဗိုက်အတွင်းထဲမှာ တရားမဝင်ကိုကင်းတွေ ထည့်သွင်းသယ်ဆောင်လာတဲ့ ဘရာဇီးအမျိုးသမီးတဦးကို ထိုင်းနိုင်ငံ၊ သုဝဏ္ဏဘူမိလေဆိပ်မှာ ဇန်နဝါရီ ၃၀ ရက်နေ့က  ဖမ်းဆီးရမိခဲ့ပါတယ်။

အဲဒီအမျိုးသမီးဟာ အီသီယိုးပီးယားလေကြောင်းလိုင်း လေယာဉ် အီးတီ-၆၂၈ နဲ့ စီးနင်းလိုက်ပါလာခဲ့တာဖြစ်တယ်လို့ နေးရှင်းသတင်းတပုဒ်မှာ ဖော်ပြပါတယ်။

သူ့ကိုကြည့်ရတာ စိတ်လှုပ်ရှား ထိတ်လန့်နေပုံရတာမို့ တာဝန်ကျ အကောက်ခွန် စစ်ဆေးရေးအရာရှိတွေက ခေါ်ယူစစ်ဆေးပြီး အိပ်စ်ရေးရိုက်ကြည့်ချိန်မှာ ခုလိုတွေ့ရှိခဲ့ရတာပါ။

နိုင်ငံကူးလက်မှတ်မှာ ဖော်ပြထားချက်အရ အသက် ၂၅ နှစ်အရွယ် အမျိုးသမီးရဲ့ အမည်ကိုတော့ ဂျိုဆက်ခ်စ်ရှဲလီ မန်ဒက်စ်လို့ သိရပါတယ်။

သူဟာ ကွန်ဒုံးတွေနဲ့စွပ်ထားတဲ့ ဒါဇင်နဲ့ချီရှိတဲ့ ကိုကင်းတွေကို မျိုချခဲ့ပြီး အစာအိမ်အတွင်း ထည့်သွင်းသယ်ဆောင်ခဲ့တာဖြစ်ကြောင်း ဝန်ခံထွက်ဆိုထားပါတယ်။

သူဟာ ထိုင်းနိုင်ငံဆီ လေယာဉ်မထွက်ခွာခင်မှာ ကွန်ဒုံးအခုရေ ၆၀ ကို မျိုချခဲ့ပြီးမှ ခုလိုသယ်လာခဲ့တာလို့ ဆိုပါတယ်။

ဝန်ထမ်းတွေဟာ သူ့ကို ဝမ်းနှုတ်စေပြီး အဲဒီကိုကင်းတွေကို ပြန်ထုတ်ခဲ့ပြီးနောက်မှာတော့ မူးယစ်ဆေးဝါးမှောင်ခိုမှုနဲ့ တရားစွဲဆို အရေးယူသွားမှာဖြစ်တယ်လို့ သတင်းမှာ ဖော်ပြပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: DVB
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top