iMyanmarHouse.com - Best Property Website for Myanmar
×

ကၽြန္ေတာ္ ေနခဲ့တဲ့ လားရႈိးက ေက်ာင္းတစ္ေက်ာင္း မွာ သရဲရွိတဲ့ ေရကန္ တစ္ကန္ရွိတယ္ဗ်….။ ရွင္းျပရမယ္ဆို ဒီလို…။ ကၽြန္ေတာ္တို႕ ေက်ာင္းေနာက္ ဘက္မွာ ေရကန္ၾကီး တစ္ကန္ ရွိတယ္..။ အဲ့ဒီ ေရကန္က နာမည္ၾကီး။ တစ္ႏွစ္ကို တစ္ေယာက္ အနည္းဆံုး စားတယ္ ဆိုျပီး နာမည္ၾကီးတာ..။ အမွန္ ေရကန္ တစ္ကန္လံုးက တိမ္ တိမ္ေလး..။ ကန္စိမ္း ဆိုတဲ့ ေနရာတစ္ရာေလးသာ ကြက္ျပီး နစ္ေနတာ..။ ေသၾကတဲ့ သူေတြကလည္း အဲ့ဒီ ေနရာမွာ ေသၾကတာပဲ။

ခက္တာက ကၽြန္ေတာ္တို႕ ကေလးေတြ စိတ္ကူးပဲ..။ ေရကန္က တစ္ႏွစ္တစ္ေယာက္ လူစားတယ္ဆိုေတာ့ ဒီတစ္ႏွစ္ပတ္ထဲ ဘယ္သူမွ မေသ ေသဘူးဆိုရင္ ကန္စိမ္းဘက္ကို ဘယ္သူမွမသြားရဲၾကဘူး..။ အဲ တစ္ေယာက္ ေသျပီဆိုတာနဲ႕ သူစားျပီးသြားျပီ ဆိုျပီး ကဲေတာ့တာပဲ..။ အဲေနာက္ပိုင္း တစ္ႏွစ္ကို ႏွစ္ေယာက္၊ သံုးေယာက္၊ ေလးေယာက္ ျဖစ္လာျပီး ေနာက္ဆံုး ကန္ထဲကို ေရမကူးရ ဆိုျပီး ေက်ာင္းက ဆရာ/ဆရာမ ေတြက စည္းကမ္းေတြ ထုတ္လိုက္ရတယ္…။

မွတ္မွတ္ ရရ အဲ့ဒီႏွစ္က ကၽြန္ေတာ္ ငါးတန္း၊ ကၽြန္ေတာ္ႏွင့္ ကၽြန္ေတာ္ သူငယ္ခ်င္းႏွင့္ ႏွစ္ေယာက္ တနဂၤေႏြ ေန႕ေက်ာင္းပိတ္ရက္မွာ ေဘာလံုးကန္ရင္းငါးမွ်ားထြက္ၾကတယ္…။ ေက်ာင္းကြင္းမွာ ေဘာလံုးကန္ျပီးေတာ့ ေက်ာင္းေနာက္က ကန္မွာ ငါးမွ်ားမယ္ေပါ့…။ ေဘာလံုးလည္းကန္ျပီးေရာ ကၽြန္ေတာ္တို႕ေတြ ကန္ေဘးမွာ ထိုင္ ျပီး ေအးေအးလူလူ ငါးမွ်ားေနတယ္…။ ေဘာလံုးကိုေတာ့ လမ္းေဘးေပၚမွာ တင္ထားျပီး ကၽြန္ေတာ္တို႕က ကန္ ေဘာင္ ေဘးက အပင္ေအာက္မွာ အရိပ္ေကာင္းေကာင္းနဲ႕ ထိုင္ျပီး ငါးမွ်ားေနတယ္..။ ကၽြန္ေတာ့္ အထင္ အခ်ိန္က ညေန ၃း၀၀ နာရီေလာက္ ရွိမယ္…။

ရုတ္တရက္ ကၽြန္ေတာ္တို႕ လမ္းေပၚမွာ တင္ထားတဲ့ေဘာလံုးကို တစ္ေယာက္ေယာက္က ကန္ထဲကို ကန္ထည့္ လိုက္တယ္..။ ကၽြန္ေတာ္တို႕ ဘယ္သူကန္လဲလို႕ လိုက္ရွာတာ ဘယ္သူမွ မေတြ႕ဘူး..။ သူ႕ဟာသူ က်ရေအာင္ လည္း ေဘာလံုးထားတဲ့ေနရာက ေျမညီမွာ။ ျပီးေတာ့ ေဘာလံုး က်သြားတဲ့ ေနရာက ကန္စိမ္းရဲ႕ အလယ္ တည့္တည့္။

သူငယ္ခ်င္းက ေဘာလံုး ဆင္းယူဖုိ႕ အက်ၤီေတြ ခ်ြတ္လိုက္တယ္..။ ကၽြန္ေတာ္က ေရမကူးတတ္ဘူး..။ ဒီေကာင္က ေရကူးေတာ္ေတာ္ကၽြမ္းတယ္..။ အရင္ကလည္း ဒီေကာင္ ကူးေနၾကဆိုေတာ့ ကၽြန္ေတာ္လည္း ဒီအတိုင္းပဲေနလိုက္တယ္.။ဒီေကာင္ကန္စိမ္းလည္းေရာက္ေရာရုတ္တရက္ ေရငုတ္သလို ေပ်ာက္သြားတယ္..။ ကၽြန္ေတာ္ ဒီေကာင္ ေရငုတ္တယ္ပဲ ထင္တာ…။ ေတာ္ေတာ္ၾကာ ေပၚမလာေတာ့မွ ကၽြန္ေတာ္ ျပာျပီေလ..။
နီးစပ္ရာ လူၾကီးေတြကို ေျပးေခၚ…၊ လူၾကီးေတြ ေရငုပ္ရွာေတာ့ ဟိုးေရေအာက္မွာ ေက်ာက္တံုးကို က်စ္က်စ္ပါေအာင္ ဖက္ျပီး အသက္မရွိေတာ့တဲ့ ဒီေကာင့္ကိုျပန္ေတြ႕ရတယ္..။ လူၾကီးေတြကလည္း အံ့ၾသေန ၾကတယ္..။ ဒီေကာင္ ေရကူးဒီေလာက္ေတာ္တာ လူတိုင္းသိတယ္..။ ျပီးေတာ့ ဒီလိုေရေသမွာ ဒီေကာင္ ဘာကို ဒီေလာက္ ေၾကာက္လန္႕ျပီး ေက်ာက္တံုးကို မလြတ္ပဲ ဖက္ထားစရာ ဘာရွိလဲဆိုတာ သူမွပဲ သိႏိုင္မွာ..။

သူငယ္ခ်င္း အသုဘကိစၥေတြ လုပ္ကူရင္းနဲ႕ ၁၀ ရက္ေလာက္ ေက်ာင္းကေန ခြင့္ယူလိုက္တယ္..။ ကိုယ့္မ်က္စိ ေရွ႕မွာတင္ ဒီေကာင့္အေလာင္းကို ျမင္ခဲ့ရတာဆိုေတာ့ စိတ္ကလည္း လံုး၀မေကာင္းဘူး..။ ဒီလိုနဲ႕ ေက်ာင္း ျပန္တက္ေတာ့ အရာရာကိုေမ့ႏိုင္ေအာင္ ၾကိဳးစားျပီး အေကာင္းဆံုးေနႏိုင္ေအာင္ပဲ ၾကိဳးစားခဲ့တယ္..။

တစ္ရက္ ဘာကိုဘယ္လို စိတ္ေလမိမွန္းမသိဘူး..။ ေက်ာင္းဆင္းလို႕ အိမ္လည္း မျပန္ခ်င္၊ က်ဴရွင္လည္း မသြားခ်င္တာနဲ႕ က်ဴရွင္ေျပးျပီး ေဘာလံုးကန္ေနလိုက္တယ္..။ ကန္ေကာင္းေကာင္းနဲ႕ ကန္လိုက္တာ ေဘာလံုး မျမင္ရေအာင္ မိုးခ်ဳပ္မွ ပြဲရပ္ျပီး အိမ္ျပန္ၾကတယ္..။ ကၽြန္ေတာ့္အိမ္ျပန္မယ့္လမ္းက အဲ့ဒီကန္ၾကီ ေဘးက လမ္းကေန သြားရမယ္..။

ဒီေလာက္ မိုးခ်ဳပ္ၾကီး တစ္ေယာက္တည္း ဒီကန္ၾကီးေဘးကေန တစ္ခါမွ မျဖတ္ဘူးေတာ့ လန္႕တာေပါ့..။ ဒါေပမယ့္မျပန္လို႕မွမျဖစ္တာ..။ ေက်ာင္းေစာင့္က ေက်ာင္းတံခါးေတာင္ ေသာ့ခတ္ျပီးေနလို႕ ျပန္ေတာင္းပန္ ျပီး မနည္းဖြင့္ခိုင္းရတယ္..။ ေက်ာင္းျပင္ေရာက္လို႕ ကန္ၾကီးကို ျမင္ရတာ မလႈပ္မလ်က္နဲ႕ တေစၦတစ္ေကာင္ ျပားျပားၾကီး အိပ္ေနသလိုမ်ိဳးပဲ…။

ကိုယ့္ကိုယ္ကို အားေမြးရင္း ေလွ်ာက္လာလိုက္တာ ကန္လယ္ေလာက္လဲေရာက္ေရာ.. တစ္ဗြမ္းဗြမ္းနဲ႕ ေရထဲကို ခုန္ခ်ေနတဲ့ အသံေတြ ၾကားရတယ္..။ ေၾသာ္.. ေဘာလံုးအတူတူ ကန္ခဲ့တဲ့ေကာင္ေတြ ထင္တယ္..။ မိုးခ်ဳပ္ေနျပီ ဒီေကာင္ေတြေတာ့ ဆရာ/ဆရာမေတြ ေတြ႕ရင္ ဆူခံရအံုးမယ္လို႕ ေတြးေနမိတယ္…။ ဟုတ္တယ္..။ ေကာင္ေလးေတြ အမ်ားၾကီးပဲ..။ လမ္းေဘး ကန္ေဘာင္ေပၚက ေရကန္ထဲကို ခုန္ခုန္ခ်ေနၾကတာ..။ ကၽြန္ေတာ္ အေဖာ္ရျပီးဆိုျပီး အားတက္လာတယ္..။
ကၽြန္ေတာ္ သူတို႕အနီးေရာက္မွ သိလာတာက သူတို႕မ်က္ႏွာေတြက ျဖဴဖတ္ျဖဴေရာ္ေတြ..၊ ျပီးေတာ့ အေရျပား ေတြက တြန္႕လိမ္ေနတယ္..။ သူတို႕ တစ္ကိုယ္လံုး ေရေတြ ရႊဲရႊဲစိုေနျပီး ႏႈတ္ခမ္းေတြက ျပာျပီး အနက္ဖက္ကိုပါ တမ္းေနျပီ..။ တစ္ခ်ိဳ႕ေတြက ဗိုက္ၾကီးေတြပူျပီးေတာ့ မ်က္ႏွာေတြ မျပံဳး မရီ အရုပ္ေတြလိုပဲ တာ၀န္အရ ေရထဲ ခုန္ခ်ေနတဲ့ပံုစံ။ ေတာင့္ေတာင့္ၾကီးေတြ..။

ကၽြန္ေတာ္ ေဇာေခၽြးေတြ ျပန္လာျပီး သူတို႕ကိုပဲ ေက်ာ္သြားရမလား..၊ ေက်ာင္းထဲ ျပန္ေျပး၀င္ရမလား စဥ္းစားေန တုန္း.. ခုန္ခ်ေနတဲ့ သူေတြထဲက တစ္ေယာက္ ကၽြန္ေတာ့္ဖက္ကို လွည့္လာတယ္..။ သူ႕မ်က္ႏွာ ကို ျမင္လိုက္ရေတာ့ ကၽြန္ေတာ့္ တစ္ကိုယ္လံုး ေတာင့္တင္းသြားျပီး ၾကက္သီးေတြ တျဖန္းျဖန္းထသြားတယ္..။ တေလာကမွ ေဘာလံုးဆင္းယူရင္း ေရနစ္သြားတဲ့ ကၽြန္ေတာ့္သူ ငယ္ခ်င္း..။ ေသခ်ာ ျပန္ၾကည့္တယ္..။ ဟုတ္တယ္။ မမွားဘူး..။ ဒီေကာင္မွ ဒီေကာင္ အစစ္။

ဒီေကာင္ ေရကန္ထဲကို မခုန္ခ်ပဲ ကၽြန္ေတာ့္ဘက္ ကို ေလွ်ာက္လာတယ္..။ လမ္းေလွ်ာက္ပံုက စက္ရုပ္ တစ္ရုပ္လိုပဲ..။ ကၽြန္ေတာ္ ဘာမွ မစဥ္းစားေတာ့ပဲ ေအာ္ျပီး ေက်ာင္းဘက္ကို လွည့္ေျပးတယ္..။ ေက်ာင္းက ၀န္းတံခါးပိတ္ ထားျပီးျပီ။ ေက်ာင္းေစာင့္ၾကီးကို ေအာ္ေခၚတယ္..။ ဘာသံမၾကား..။ အဲ့ဒီအခ်ိန္မွာ ကၽြန္ေတာ့္ သူငယ္ခ်င္းက ကၽြန္ေတာ့္ဘက္ကို ေလွ်ာက္လာေနတုန္းပါပဲ..။ ကၽြန္ေတာ္ ရသမွ် ဘုရားစာေတြ အကုန္ရြတ္ပါတယ္..။ ကၽြန္ေတာ္နဲ႕ သူ ၁၀ ေပေလာက္အကြာမွာ ကၽြန္ေတာ္ ဘာမွ မစဥ္းစားေတာ့ပဲ သံဆူးၾကိဳးေတြ ရွိတဲ့ အုတ္နံရံ ကို တြယ္တက္ျပီး ေက်ာင္း၀န္းထဲကို ေက်ာ္၀င္လိုက္ပါတယ္..။ တစ္ကိုယ္လံုး ဒဏ္ရာေတြၾကီးပါပဲ..။ ျပီးမွ ေက်ာင္းေစာင့္အိမ္ကိုသြားျပီး အျဖစ္အပ်က္ေျပာျပေတာ့ ေက်ာင္းေစာင့္ၾကီးက အိမ္ကိုဖုန္းဆက္ေပးျပီး အိမ္က လူေတြက ကၽြန္ေတာ့္ကို ေက်ာင္းမွာ လာၾကိဳၾကပါတယ္…။

ဒီအျဖစ္အပ်က္ကို ယံုတဲ့သူလဲ ရွိသလို မယံုတဲ့လူလဲ ရွိပါတယ္..။ လုပ္ၾကံေျပာတယ္လို႕ လာေျပာတဲ့သူတိုင္းကို ကၽြန္ေတာ္ အုတ္နံရံေက်ာ္လို႕ ရရွိခဲ့တဲ့ ဒဏ္ရာေတြက လုပ္ၾကံဇာတ္လမ္း မဟုတ္ဘူးလို႕ သက္ေသခံပါတယ္..။

ေနာက္ပိုင္း ေက်ာင္း၀င္ေပါက္ကို ေရကန္ဖက္ကေန အေရွ႕ဘက္ကိုေနရာေျပာင္းျပီး အဲ့ဒီ ၀င္ေပါက္ကိုေတာ့ အျပီးပိတ္လိုက္ပါတယ္..။ ဒါေပမယ့္လည္း ကၽြန္ေတာ့္လို ညဘက္ ကေလးေတြ ေရကန္ထဲ ခုန္ခုန္ခ်ေနၾကတယ္ ဆိုကိုေတာ့ အၾကြင္းမဲ့ ယံုၾကည္ေပးသူ တစ္ေယာက္ေတာ့ ရွိပါတယ္..။ သူကေတာ့ ကၽြန္ေတာ္တို႕ေက်ာင္းရဲ႕ ေက်ာင္းေစာင့္ၾကီးေပါ့ဗ်ာ…။

လားရႈိးမွာ ေနတာၾကာရင္ ကၽြန္ေတာ္ေျပာတာ ဘယ္ေက်ာင္းလဲ သိၾကမွာပါဗ်ာ..။ အခုေတာ့ အဲ့ဒီကန္ၾကီး ေကာသြားျပီလား ဆက္ရွိေသးလားေတာင္ မေသခ်ာေတာ့ဘူး..။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေအာင္ထြန္းဦး

# Unicode Version ျဖင့္ ဖတ္ပါ #
ကျွန်တော် နေခဲ့တဲ့ လားရှိုးက ကျောင်းတစ်ကျောင်း မှာ သရဲရှိတဲ့ ရေကန် တစ်ကန်ရှိတယ်ဗျ….။ ရှင်းပြရမယ်ဆို ဒီလို…။ ကျွန်တော်တို့ ကျောင်းနောက် ဘက်မှာ ရေကန်ကြီး တစ်ကန် ရှိတယ်..။ အဲ့ဒီ ရေကန်က နာမည်ကြီး။ တစ်နှစ်ကို တစ်ယောက် အနည်းဆုံး စားတယ် ဆိုပြီး နာမည်ကြီးတာ..။ အမှန် ရေကန် တစ်ကန်လုံးက တိမ် တိမ်လေး..။ ကန်စိမ်း ဆိုတဲ့ နေရာတစ်ရာလေးသာ ကွက်ပြီး နစ်နေတာ..။ သေကြတဲ့ သူတွေကလည်း အဲ့ဒီ နေရာမှာ သေကြတာပဲ။

ခက်တာက ကျွန်တော်တို့ ကလေးတွေ စိတ်ကူးပဲ..။ ရေကန်က တစ်နှစ်တစ်ယောက် လူစားတယ်ဆိုတော့ ဒီတစ်နှစ်ပတ်ထဲ ဘယ်သူမှ မသေ သေဘူးဆိုရင် ကန်စိမ်းဘက်ကို ဘယ်သူမှမသွားရဲကြဘူး..။ အဲ တစ်ယောက် သေပြီဆိုတာနဲ့ သူစားပြီးသွားပြီ ဆိုပြီး ကဲတော့တာပဲ..။ အဲနောက်ပိုင်း တစ်နှစ်ကို နှစ်ယောက်၊ သုံးယောက်၊ လေးယောက် ဖြစ်လာပြီး နောက်ဆုံး ကန်ထဲကို ရေမကူးရ ဆိုပြီး ကျောင်းက ဆရာ/ဆရာမ တွေက စည်းကမ်းတွေ ထုတ်လိုက်ရတယ်…။

မှတ်မှတ် ရရ အဲ့ဒီနှစ်က ကျွန်တော် ငါးတန်း၊ ကျွန်တော်နှင့် ကျွန်တော် သူငယ်ချင်းနှင့် နှစ်ယောက် တနင်္ဂနွေ နေ့ကျောင်းပိတ်ရက်မှာ ဘောလုံးကန်ရင်းငါးမျှားထွက်ကြတယ်…။ ကျောင်းကွင်းမှာ ဘောလုံးကန်ပြီးတော့ ကျောင်းနောက်က ကန်မှာ ငါးမျှားမယ်ပေါ့…။ ဘောလုံးလည်းကန်ပြီးရော ကျွန်တော်တို့တွေ ကန်ဘေးမှာ ထိုင် ပြီး အေးအေးလူလူ ငါးမျှားနေတယ်…။ ဘောလုံးကိုတော့ လမ်းဘေးပေါ်မှာ တင်ထားပြီး ကျွန်တော်တို့က ကန် ဘောင် ဘေးက အပင်အောက်မှာ အရိပ်ကောင်းကောင်းနဲ့ ထိုင်ပြီး ငါးမျှားနေတယ်..။ ကျွန်တော့် အထင် အချိန်က ညနေ ၃း၀၀ နာရီလောက် ရှိမယ်…။

ရုတ်တရက် ကျွန်တော်တို့ လမ်းပေါ်မှာ တင်ထားတဲ့ဘောလုံးကို တစ်ယောက်ယောက်က ကန်ထဲကို ကန်ထည့် လိုက်တယ်..။ ကျွန်တော်တို့ ဘယ်သူကန်လဲလို့ လိုက်ရှာတာ ဘယ်သူမှ မတွေ့ဘူး..။ သူ့ဟာသူ ကျရအောင် လည်း ဘောလုံးထားတဲ့နေရာက မြေညီမှာ။ ပြီးတော့ ဘောလုံး ကျသွားတဲ့ နေရာက ကန်စိမ်းရဲ့ အလယ် တည့်တည့်။

သူငယ်ချင်းက ဘောလုံး ဆင်းယူဖို့ အင်္ကျီတွေ ချွတ်လိုက်တယ်..။ ကျွန်တော်က ရေမကူးတတ်ဘူး..။ ဒီကောင်က ရေကူးတော်တော်ကျွမ်းတယ်..။ အရင်ကလည်း ဒီကောင် ကူးနေကြဆိုတော့ ကျွန်တော်လည်း ဒီအတိုင်းပဲနေလိုက်တယ်.။ဒီကောင်ကန်စိမ်းလည်းရောက်ရောရုတ်တရက် ရေငုတ်သလို ပျောက်သွားတယ်..။ ကျွန်တော် ဒီကောင် ရေငုတ်တယ်ပဲ ထင်တာ…။ တော်တော်ကြာ ပေါ်မလာတော့မှ ကျွန်တော် ပြာပြီလေ..။
နီးစပ်ရာ လူကြီးတွေကို ပြေးခေါ်…၊ လူကြီးတွေ ရေငုပ်ရှာတော့ ဟိုးရေအောက်မှာ ကျောက်တုံးကို ကျစ်ကျစ်ပါအောင် ဖက်ပြီး အသက်မရှိတော့တဲ့ ဒီကောင့်ကိုပြန်တွေ့ရတယ်..။ လူကြီးတွေကလည်း အံ့သြနေ ကြတယ်..။ ဒီကောင် ရေကူးဒီလောက်တော်တာ လူတိုင်းသိတယ်..။ ပြီးတော့ ဒီလိုရေသေမှာ ဒီကောင် ဘာကို ဒီလောက် ကြောက်လန့်ပြီး ကျောက်တုံးကို မလွတ်ပဲ ဖက်ထားစရာ ဘာရှိလဲဆိုတာ သူမှပဲ သိနိုင်မှာ..။

သူငယ်ချင်း အသုဘကိစ္စတွေ လုပ်ကူရင်းနဲ့ ၁၀ ရက်လောက် ကျောင်းကနေ ခွင့်ယူလိုက်တယ်..။ ကိုယ့်မျက်စိ ရှေ့မှာတင် ဒီကောင့်အလောင်းကို မြင်ခဲ့ရတာဆိုတော့ စိတ်ကလည်း လုံးဝမကောင်းဘူး..။ ဒီလိုနဲ့ ကျောင်း ပြန်တက်တော့ အရာရာကိုမေ့နိုင်အောင် ကြိုးစားပြီး အကောင်းဆုံးနေနိုင်အောင်ပဲ ကြိုးစားခဲ့တယ်..။

တစ်ရက် ဘာကိုဘယ်လို စိတ်လေမိမှန်းမသိဘူး..။ ကျောင်းဆင်းလို့ အိမ်လည်း မပြန်ချင်၊ ကျူရှင်လည်း မသွားချင်တာနဲ့ ကျူရှင်ပြေးပြီး ဘောလုံးကန်နေလိုက်တယ်..။ ကန်ကောင်းကောင်းနဲ့ ကန်လိုက်တာ ဘောလုံး မမြင်ရအောင် မိုးချုပ်မှ ပွဲရပ်ပြီး အိမ်ပြန်ကြတယ်..။ ကျွန်တော့်အိမ်ပြန်မယ့်လမ်းက အဲ့ဒီကန်ကြီ ဘေးက လမ်းကနေ သွားရမယ်..။

ဒီလောက် မိုးချုပ်ကြီး တစ်ယောက်တည်း ဒီကန်ကြီးဘေးကနေ တစ်ခါမှ မဖြတ်ဘူးတော့ လန့်တာပေါ့..။ ဒါပေမယ့်မပြန်လို့မှမဖြစ်တာ..။ ကျောင်းစောင့်က ကျောင်းတံခါးတောင် သော့ခတ်ပြီးနေလို့ ပြန်တောင်းပန် ပြီး မနည်းဖွင့်ခိုင်းရတယ်..။ ကျောင်းပြင်ရောက်လို့ ကန်ကြီးကို မြင်ရတာ မလှုပ်မလျက်နဲ့ တစ္ဆေတစ်ကောင် ပြားပြားကြီး အိပ်နေသလိုမျိုးပဲ…။

ကိုယ့်ကိုယ်ကို အားမွေးရင်း လျှောက်လာလိုက်တာ ကန်လယ်လောက်လဲရောက်ရော.. တစ်ဗွမ်းဗွမ်းနဲ့ ရေထဲကို ခုန်ချနေတဲ့ အသံတွေ ကြားရတယ်..။ သြော်.. ဘောလုံးအတူတူ ကန်ခဲ့တဲ့ကောင်တွေ ထင်တယ်..။ မိုးချုပ်နေပြီ ဒီကောင်တွေတော့ ဆရာ/ဆရာမတွေ တွေ့ရင် ဆူခံရအုံးမယ်လို့ တွေးနေမိတယ်…။ ဟုတ်တယ်..။ ကောင်လေးတွေ အများကြီးပဲ..။ လမ်းဘေး ကန်ဘောင်ပေါ်က ရေကန်ထဲကို ခုန်ခုန်ချနေကြတာ..။ ကျွန်တော် အဖော်ရပြီးဆိုပြီး အားတက်လာတယ်..။
ကျွန်တော် သူတို့အနီးရောက်မှ သိလာတာက သူတို့မျက်နှာတွေက ဖြူဖတ်ဖြူရော်တွေ..၊ ပြီးတော့ အရေပြား တွေက တွန့်လိမ်နေတယ်..။ သူတို့ တစ်ကိုယ်လုံး ရေတွေ ရွှဲရွှဲစိုနေပြီး နှုတ်ခမ်းတွေက ပြာပြီး အနက်ဖက်ကိုပါ တမ်းနေပြီ..။ တစ်ချို့တွေက ဗိုက်ကြီးတွေပူပြီးတော့ မျက်နှာတွေ မပြုံး မရီ အရုပ်တွေလိုပဲ တာဝန်အရ ရေထဲ ခုန်ချနေတဲ့ပုံစံ။ တောင့်တောင့်ကြီးတွေ..။

ကျွန်တော် ဇောချွေးတွေ ပြန်လာပြီး သူတို့ကိုပဲ ကျော်သွားရမလား..၊ ကျောင်းထဲ ပြန်ပြေးဝင်ရမလား စဉ်းစားနေ တုန်း.. ခုန်ချနေတဲ့ သူတွေထဲက တစ်ယောက် ကျွန်တော့်ဖက်ကို လှည့်လာတယ်..။ သူ့မျက်နှာ ကို မြင်လိုက်ရတော့ ကျွန်တော့် တစ်ကိုယ်လုံး တောင့်တင်းသွားပြီး ကြက်သီးတွေ တဖြန်းဖြန်းထသွားတယ်..။ တလောကမှ ဘောလုံးဆင်းယူရင်း ရေနစ်သွားတဲ့ ကျွန်တော့်သူ ငယ်ချင်း..။ သေချာ ပြန်ကြည့်တယ်..။ ဟုတ်တယ်။ မမှားဘူး..။ ဒီကောင်မှ ဒီကောင် အစစ်။

ဒီကောင် ရေကန်ထဲကို မခုန်ချပဲ ကျွန်တော့်ဘက် ကို လျှောက်လာတယ်..။ လမ်းလျှောက်ပုံက စက်ရုပ် တစ်ရုပ်လိုပဲ..။ ကျွန်တော် ဘာမှ မစဉ်းစားတော့ပဲ အော်ပြီး ကျောင်းဘက်ကို လှည့်ပြေးတယ်..။ ကျောင်းက ဝန်းတံခါးပိတ် ထားပြီးပြီ။ ကျောင်းစောင့်ကြီးကို အော်ခေါ်တယ်..။ ဘာသံမကြား..။ အဲ့ဒီအချိန်မှာ ကျွန်တော့် သူငယ်ချင်းက ကျွန်တော့်ဘက်ကို လျှောက်လာနေတုန်းပါပဲ..။ ကျွန်တော် ရသမျှ ဘုရားစာတွေ အကုန်ရွတ်ပါတယ်..။ ကျွန်တော်နဲ့ သူ ၁၀ ပေလောက်အကွာမှာ ကျွန်တော် ဘာမှ မစဉ်းစားတော့ပဲ သံဆူးကြိုးတွေ ရှိတဲ့ အုတ်နံရံ ကို တွယ်တက်ပြီး ကျောင်းဝန်းထဲကို ကျော်ဝင်လိုက်ပါတယ်..။ တစ်ကိုယ်လုံး ဒဏ်ရာတွေကြီးပါပဲ..။ ပြီးမှ ကျောင်းစောင့်အိမ်ကိုသွားပြီး အဖြစ်အပျက်ပြောပြတော့ ကျောင်းစောင့်ကြီးက အိမ်ကိုဖုန်းဆက်ပေးပြီး အိမ်က လူတွေက ကျွန်တော့်ကို ကျောင်းမှာ လာကြိုကြပါတယ်…။

ဒီအဖြစ်အပျက်ကို ယုံတဲ့သူလဲ ရှိသလို မယုံတဲ့လူလဲ ရှိပါတယ်..။ လုပ်ကြံပြောတယ်လို့ လာပြောတဲ့သူတိုင်းကို ကျွန်တော် အုတ်နံရံကျော်လို့ ရရှိခဲ့တဲ့ ဒဏ်ရာတွေက လုပ်ကြံဇာတ်လမ်း မဟုတ်ဘူးလို့ သက်သေခံပါတယ်..။

နောက်ပိုင်း ကျောင်းဝင်ပေါက်ကို ရေကန်ဖက်ကနေ အရှေ့ဘက်ကိုနေရာပြောင်းပြီး အဲ့ဒီ ဝင်ပေါက်ကိုတော့ အပြီးပိတ်လိုက်ပါတယ်..။ ဒါပေမယ့်လည်း ကျွန်တော့်လို ညဘက် ကလေးတွေ ရေကန်ထဲ ခုန်ခုန်ချနေကြတယ် ဆိုကိုတော့ အကြွင်းမဲ့ ယုံကြည်ပေးသူ တစ်ယောက်တော့ ရှိပါတယ်..။ သူကတော့ ကျွန်တော်တို့ကျောင်းရဲ့ ကျောင်းစောင့်ကြီးပေါ့ဗျာ…။

လားရှိုးမှာ နေတာကြာရင် ကျွန်တော်ပြောတာ ဘယ်ကျောင်းလဲ သိကြမှာပါဗျာ..။ အခုတော့ အဲ့ဒီကန်ကြီး ကောသွားပြီလား ဆက်ရှိသေးလားတောင် မသေချာတော့ဘူး..။

ဖိုးသူတော် (www.phothutaw.com)
Credit: အောင်ထွန်းဦး
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top