iMyanmarHouse.com - Best Property Website for Myanmar
×

မူဆယ္ ၁၀၅ မိုင္ကုန္ သြယ္ေရးဇုန္တြင္ တ႐ုတ္ႏိုင္ငံသို႔ သြားမည့္ ကုန္တင္ကားတစ္စီး၌ အေဝးထိန္းမိုင္းတစ္လံုး တပ္ဆင္ ထားသည္ကို အခ်ိန္မီသိရွိခဲ့၍ တပ္မေတာ္အင္ဂ်င္နီယာတပ္က ဖယ္ရွား ရွင္းလင္းခဲ့ရေၾကာင္း မူဆယ္ၿမိဳ႕မရဲစခန္းမွဴးက ေျပာ ၾကားသည္။

မူဆယ္ၿမိဳ႕နယ္ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္  ကုန္စစ္ေဆး ေရးကြင္း၌ ကားမ်ားကို စစ္ေဆး ေနစဥ္ ကုန္တင္ကားတစ္စီး၏ ေအာက္ပိုင္းဂီယာေဘာက္စ္  အ နီးတြင္ ရီမုဒ္ျဖင့္ ထိန္းခ်ဳပ္ေဖာက္ခြဲ ရေသာ မိုင္းတစ္လံုးေတြ႕ရွိခဲ့ သည္။

ဇန္နဝါရီ ၁၄ ရက္ နံနက္ ၁၀ နာရီခန္႔က ျဖစ္ပြားေသာ ယင္းျဖစ္စဥ္အေပၚ မူဆယ္ၿမိဳ႕မ ရဲစခန္းမွဴး ဒုတိယရဲမွဴးေအးျမင့္ က ‘‘တ႐ုတ္ထဲသြားမယ့္ကား၊ ရီမုဒ္ကြန္ထ႐ိုးမိုင္း ေတြ႕တာ။ အ ဝတ္အိတ္ပါးနဲ႔ ခ်ိတ္ထားတာကို ကားဆရာေတြက စေတြ႕တာ’’ ဟုေျပာသည္။

ယင္းကားသည္ ဆန္အိတ္ မ်ားတင္ေဆာင္ကာ ရန္ကုန္ၿမိဳ႕မွ ဇန္နဝါရီ ၁၁ ရက္တြင္ ထြက္ခြာ ၿပီး မူဆယ္ၿမိဳ႕သို႔ ဇန္နဝါရီ ၁၄ ရက္ နံနက္ ၂ နာရီခန္႔တြင္ ေရာက္ ရွိခဲ့ရာ ၁၀၅ မိုင္ကုန္သြယ္ေရး ဇုန္အနီး ျပည္ေထာင္စု လမ္းမ ႀကီးေဘးတြင္ ညအိပ္ရပ္နားခဲ့ၿပီး နံနက္ ၉ နာရီခန္႔၌ ၁၀၅ မိုင္ ကုန္သြယ္ေရးဇုန္ ကုန္စစ္ေဆး ေရးကြင္းတြင္ စစ္ေဆးခံရန္ ရပ္ တန္႔ထားစဥ္ ယာဥ္ေနာက္လိုက္ က မိုင္းကို စတင္ေတြ႕ရွိ၍ လံုၿခံဳ ေရးအဖြဲ႕ထံ အသိေပးခဲ့သည္။

‘‘တ႐ုတ္ထဲဝင္လို႔မွ ေတြ႕ရင္ မေခ်ာင္ဘူး။ မိုင္းေထာင္ထားတဲ့ လုပ္ရပ္က ကားဆရာေတြကို သက္သက္ ဒုကၡေရာက္ေအာင္ လုပ္တာ’’ ဟု မႏၲေလး- မူဆယ္ ေျပးဆြဲေနေသာ ကုန္တင္ယာဥ္ ေမာင္းတစ္ဦးက ေျပာသည္။

ယမ္းတံုး ေလးတံုး၊ ဓာတ္ခဲ ငါးလံုးႏွင့္ ဆားကစ္ျပားတစ္ခု၊ လွ်ပ္စစ္ဝိုင္ယာႀကိဳးအခ်ိဳ႕ အပါ အဝင္ မိုင္းျပဳလုပ္ရာ၌ သံုးေသာ ဆက္စပ္ပစၥည္းမ်ားျဖင့္ အဆို ပါမိုင္းကို ေဒသခံေျချမန္တပ္ ရင္း (၄၁၅) မွွ တပ္မေတာ္သားအ ခ်ိဳ႕က သက္မဲ့ျပဳလုပ္ခဲ့သည္။ ယာဥ္ေမာင္းႏွင့္ ယာဥ္ေနာက္ လိုက္ကို တာဝန္ရွိသူမ်ားက လို အပ္သည့္ အခ်က္မ်ား  ေမးျမန္း ၿပီးေနာက္ ခရီးဆက္ေစခဲ့သည္။

ကုန္တင္ကားတြင္   မိုင္း ေထာင္သည့္ အဖြဲ႕ကို စံုစမ္းေနဆဲ ျဖစ္ေၾကာင္း မူဆယ္ၿမိဳ႕နယ္ ဒုတိယၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦး စန္းလႈိင္က ေျပာသည္။ တ႐ုတ္ ႏိုင္ငံႏွင့္ နယ္စပ္ခ်င္းထိစပ္ေန ေသာ မူဆယ္ၿမိဳ႕နယ္တြင္လက္ နက္ကိုင္ အဖြဲ႕သံုးဖြဲ႕ထက္မနည္း လႈပ္ရွားေနၿပီး ေသနတ္ပစ္ခတ္ မႈႏွင့္ မိုင္းေပါက္ကြဲမႈမ်ား မၾကာ ခဏျဖစ္ပြားေလ့ရွိသည္။

အဆိုပါ ေဒသတစ္ဝိုက္တြင္ ေကအိုင္ေအ၊ TNLA ႏွင့္ ျပည္ သူ႔စစ္အဖြဲ႕မ်ား     လႈပ္ရွားေလ့ ရွိၿပီး မၾကာေသးမီကလက္နက္ ႀကီးက်ည္ က်ေရာက္၍ ကေလး တစ္ဦး     ပြဲခ်င္းၿပီးေသဆံုးကာ (၃)ႏွစ္အရြယ္     ကေလးတစ္ဦး ေျခေထာက္တစ္ဖက္   ျဖတ္ခဲ့ရ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

# Unicode Version ျဖင့္ ဖတ္ပါ #
မူဆယ် ၁၀၅ မိုင်ကုန် သွယ်ရေးဇုန်တွင် တရုတ်နိုင်ငံသို့ သွားမည့် ကုန်တင်ကားတစ်စီး၌ အဝေးထိန်းမိုင်းတစ်လုံး တပ်ဆင် ထားသည်ကို အချိန်မီသိရှိခဲ့၍ တပ်မတော်အင်ဂျင်နီယာတပ်က ဖယ်ရှား ရှင်းလင်းခဲ့ရကြောင်း မူဆယ်မြို့မရဲစခန်းမှူးက ပြော ကြားသည်။

မူဆယ်မြို့နယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်  ကုန်စစ်ဆေး ရေးကွင်း၌ ကားများကို စစ်ဆေး နေစဉ် ကုန်တင်ကားတစ်စီး၏ အောက်ပိုင်းဂီယာဘောက်စ်  အ နီးတွင် ရီမုဒ်ဖြင့် ထိန်းချုပ်ဖောက်ခွဲ ရသော မိုင်းတစ်လုံးတွေ့ရှိခဲ့ သည်။

ဇန်နဝါရီ ၁၄ ရက် နံနက် ၁၀ နာရီခန့်က ဖြစ်ပွားသော ယင်းဖြစ်စဉ်အပေါ် မူဆယ်မြို့မ ရဲစခန်းမှူး ဒုတိယရဲမှူးအေးမြင့် က ‘‘တရုတ်ထဲသွားမယ့်ကား၊ ရီမုဒ်ကွန်ထရိုးမိုင်း တွေ့တာ။ အ ဝတ်အိတ်ပါးနဲ့ ချိတ်ထားတာကို ကားဆရာတွေက စတွေ့တာ’’ ဟုပြောသည်။

ယင်းကားသည် ဆန်အိတ် များတင်ဆောင်ကာ ရန်ကုန်မြို့မှ ဇန်နဝါရီ ၁၁ ရက်တွင် ထွက်ခွာ ပြီး မူဆယ်မြို့သို့ ဇန်နဝါရီ ၁၄ ရက် နံနက် ၂ နာရီခန့်တွင် ရောက် ရှိခဲ့ရာ ၁၀၅ မိုင်ကုန်သွယ်ရေး ဇုန်အနီး ပြည်ထောင်စု လမ်းမ ကြီးဘေးတွင် ညအိပ်ရပ်နားခဲ့ပြီး နံနက် ၉ နာရီခန့်၌ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကုန်စစ်ဆေး ရေးကွင်းတွင် စစ်ဆေးခံရန် ရပ် တန့်ထားစဉ် ယာဉ်နောက်လိုက် က မိုင်းကို စတင်တွေ့ရှိ၍ လုံခြုံ ရေးအဖွဲ့ထံ အသိပေးခဲ့သည်။

‘‘တရုတ်ထဲဝင်လို့မှ တွေ့ရင် မချောင်ဘူး။ မိုင်းထောင်ထားတဲ့ လုပ်ရပ်က ကားဆရာတွေကို သက်သက် ဒုက္ခရောက်အောင် လုပ်တာ’’ ဟု မန္တလေး- မူဆယ် ပြေးဆွဲနေသော ကုန်တင်ယာဉ် မောင်းတစ်ဦးက ပြောသည်။

ယမ်းတုံး လေးတုံး၊ ဓာတ်ခဲ ငါးလုံးနှင့် ဆားကစ်ပြားတစ်ခု၊ လျှပ်စစ်ဝိုင်ယာကြိုးအချို့ အပါ အဝင် မိုင်းပြုလုပ်ရာ၌ သုံးသော ဆက်စပ်ပစ္စည်းများဖြင့် အဆို ပါမိုင်းကို ဒေသခံခြေမြန်တပ် ရင်း (၄၁၅) မှှ တပ်မတော်သားအ ချို့က သက်မဲ့ပြုလုပ်ခဲ့သည်။ ယာဉ်မောင်းနှင့် ယာဉ်နောက် လိုက်ကို တာဝန်ရှိသူများက လို အပ်သည့် အချက်များ  မေးမြန်း ပြီးနောက် ခရီးဆက်စေခဲ့သည်။

ကုန်တင်ကားတွင်   မိုင်း ထောင်သည့် အဖွဲ့ကို စုံစမ်းနေဆဲ ဖြစ်ကြောင်း မူဆယ်မြို့နယ် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦး စန်းလှိုင်က ပြောသည်။ တရုတ် နိုင်ငံနှင့် နယ်စပ်ချင်းထိစပ်နေ သော မူဆယ်မြို့နယ်တွင်လက် နက်ကိုင် အဖွဲ့သုံးဖွဲ့ထက်မနည်း လှုပ်ရှားနေပြီး သေနတ်ပစ်ခတ် မှုနှင့် မိုင်းပေါက်ကွဲမှုများ မကြာ ခဏဖြစ်ပွားလေ့ရှိသည်။

အဆိုပါ ဒေသတစ်ဝိုက်တွင် ကေအိုင်အေ၊ TNLA နှင့် ပြည် သူ့စစ်အဖွဲ့များ     လှုပ်ရှားလေ့ ရှိပြီး မကြာသေးမီကလက်နက် ကြီးကျည် ကျရောက်၍ ကလေး တစ်ဦး     ပွဲချင်းပြီးသေဆုံးကာ (၃)နှစ်အရွယ်     ကလေးတစ်ဦး ခြေထောက်တစ်ဖက်   ဖြတ်ခဲ့ရ သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top