စကၤာပူႏုိင္ငံတြင္ က်င္းပမည္႕ ျမန္မာ့အႀကီးဆံုး အိမ္ၿခံေျမအေရာင္းျပပြဲႀကီး
×

အိႏၵိယႏုိင္ငံ ေဒလီၿမဳိ႕မွာ အသက္႐ွစ္လအ႐ြယ္ မိန္းကေလးကုိ သူမရဲ႕ တစ္ဝမ္းကြဲအစ္ကုိက မုဒိမ္းက်င့္မႈ ျဖစ္ပြားခဲ့ေၾကာင္း သိရပါတယ္။ မိန္ကေလးငယ္ဟာ ေဒလီၿမဳိ႕႐ွိ ေဆး႐ုံတစ္႐ုံကုိ ဇန္နဝါရီ ၂၈ ရက္က ေရာက္႐ွိလာခဲ့ၿပီး အသက္အႏၱရာယ္စုိးရိမ္ရတဲ့ အေျခအေနျဖစ္တယ္လုိ႕ ဆုိပါတယ္။

မုဒိမ္းက်င့္ခံရတဲ့ အဆုိပါ ႏုိ႕စုိအ႐ြယ္ မိန္းကေလးငယ္ကုိ သုံးနာရီၾကာ ခြဲစိတ္ကုသခဲ့ရေၾကာင္း ေဒလီအမ်ဳိးသမီးအဖြဲ႕အစည္း အႀကီးအကဲ ဆဝါသီ မာလီဝယ္လ္က ေျပာပါတယ္။ ယခုျဖစ္ရပ္နဲ႕ ပတ္သက္ၿပီး ရဲတပ္ဖြဲ႕က အသက္ ၂၈ ႏွစ္အ႐ြယ္ ေန႕စားအလုပ္သမားကုိ ဖမ္းဆီးထားေၾကာင္း သိရပါတယ္။

တနဂၤေႏြေန႕ (ဇန္နဝါရီ ၂၈ ရက္) မွာ ယခုျဖစ္ရပ္ ျဖစ္ပြားခဲ့ေပမဲ့ ေဒသခံ မီဒီယာေတြက ေဖာ္ျပခဲ့ၿပီးေနာက္ ဇန္နဝါရီ ၂၉ ရက္မွာ အိႏၵိယလူထုၾကား သတင္းပ်ံ႕ႏွံ႕သိ႐ွိခဲ့ၾကတာ ျဖစ္ပါတယ္။ အိႏၵိယလူထုက ယခုျဖစ္ရပ္ကုိ ေဒါသတႀကီး တုံ႕ျပန္႕မႈေတြ ႐ွိလာပါတယ္။

"ေဆး႐ုံရဲ႕ အထူၾကပ္မတ္ကုသေဆာင္ထဲက ကလးေလးရဲ႕ ငိုသံကုိ ၾကားေနရပါတယ္၊ ကေလးရဲ႕ ကိုယ္တြင္းအဂၤါေတြမွာ ဆုိးဆုိး႐ြား႐ြား ဒဏ္ရာေတြရခဲ့ပါတယ္" လုိ႕ ေဒလီအမ်ဳိးသမီးအဖြဲ႕အစည္းမွ ဆဝါသီက Twitter မွာ ေရးသားေျပာဆုိခဲ့ပါတယ္။

ဒါ့အျပင္ "ဘာလုပ္မလဲ? ၈ လအ႐ြယ္ ကေလးေလး ရက္ရက္စက္စက္ မုဒိမ္းက်င့္ခံရခ်ိန္မွာ ေဒလီၿမဳိ႕ႀကီးက ဘယ္လုိမ်ား အိပ္စက္ေနႏုိင္လဲ? ကၽြန္မတုိ႕ သိပ္ကုိ ဥေပကၡာျပဳေနၾကၿပီလား ဒါမွမဟုတ္ ဒါကုိပဲ ကၽြန္မတုိ႕ရဲ႕ ကံၾကမၼာအျဖစ္ လြယ္လြယ္လက္ခံလုိက္ၿပီလား" လုိ႕လည္း ဆဝါသီက မခ်ိတင္ကဲျဖင့္ Twitter မွာ ထပ္မံ ေရးသားခဲ့ပါတယ္။

ဆဝါသီက အိႏၵိယဝန္ႀကီးခ်ဳပ္ မုိဒီကုိလည္း Twitter မွတစ္ဆင့္ ေမတၱာရပ္ခံခဲ့ေၾကာင္း သိရပါတယ္။ အိႏၵိယမွာ မိန္းကေလးေတြကို ကာကြယ္ရန္အတြက္ ပုိမိုျပင္းထန္တင္းၾကပ္တဲ့ ဥပေဒေတြနဲ႕ ရဲတပ္ဖြဲ႕ဝင္ေတြ လုိအပ္ေနေၾကာင္း ဆဝါသီက ဝန္ႀကီးခ်ဳပ္ကုိ ေမတၱာရပ္ခံတဲ့ Twitter မွာ ေရးသားခဲ့တယ္လုိ႕ ဆုိပါတယ္။

၂၀၁၂ ခုႏွစ္က ေဒလီၿမဳိ႕မွာပင္ ဘတ္စ္ကားတစ္စီးေပၚမွာ အသက္ ၂၃ ႏွစ္အ႐ြယ္ ေက်ာင္းသူတစ္ဦးကုိ အုပ္စုဖြဲ႕မုဒိမ္းက်င့္ သတ္ျဖတ္မႈျဖစ္ခဲ့ပါတယ္။ ထုိျဖစ္ရပ္ၿပီးေနာက္ပုိင္းကတည္းက အိႏၵိယမွာ လိင္အၾကမ္းဖက္မႈေတြကုိ ပုိမုိထိေရာက္စြာ အေရးယူေဆာင္႐ြက္လာခဲ့ပါတယ္။

ေဒလီမွာ အုပ္စုဖြဲ႕မုဒိမ္းက်င့္သတ္ျဖတ္မႈ ျဖစ္ပြားခဲ့ၿပီးေနာက္ ဆႏၵျပမႈေတြ ေပၚေပါက္လာခဲ့ၿပီး အစုိးရက ေသဒဏ္အပါအဝင္ ပုိမုိျပင္းထန္တဲ့ ဥပေဒျပဌာန္းမႈေတြ လုပ္ေဆာင္ခဲ့ပါတယ္။ သုိ႕ေသာ္ အမ်ဳိးသမီးနဲ႕ ကေလးေတြကုိ လိင္ပုိင္းဆုိင္ရာ ေစာ္ကားတုိက္ခုိက္မႈေတြ အိႏၵိယႏုိင္ငံတစ္ဝွမ္းမွာ ဆက္လက္ ျဖစ္ပြားေနဆဲ ျဖစ္တယ္လုိ႕ သိရပါတယ္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun
#Unicode Version#
အိန္ဒိယနိုင်ငံ ဒေလီမြို့မှာ အသက်ရှစ်လအရွယ် မိန်းကလေးကို သူမရဲ့ တစ်ဝမ်းကွဲအစ်ကိုက မုဒိမ်းကျင့်မှု ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ မိန်ကလေးငယ်ဟာ ဒေလီမြို့ရှိ ဆေးရုံတစ်ရုံကို ဇန်နဝါရီ ၂၈ ရက်က ရောက်ရှိလာခဲ့ပြီး အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေဖြစ်တယ်လို့ ဆိုပါတယ်။

မုဒိမ်းကျင့်ခံရတဲ့ အဆိုပါ နို့စိုအရွယ် မိန်းကလေးငယ်ကို သုံးနာရီကြာ ခွဲစိတ်ကုသခဲ့ရကြောင်း ဒေလီအမျိုးသမီးအဖွဲ့အစည်း အကြီးအကဲ ဆဝါသီ မာလီဝယ်လ်က ပြောပါတယ်။ ယခုဖြစ်ရပ်နဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က အသက် ၂၈ နှစ်အရွယ် နေ့စားအလုပ်သမားကို ဖမ်းဆီးထားကြောင်း သိရပါတယ်။

တနင်္ဂနွေနေ့ (ဇန်နဝါရီ ၂၈ ရက်) မှာ ယခုဖြစ်ရပ် ဖြစ်ပွားခဲ့ပေမဲ့ ဒေသခံ မီဒီယာတွေက ဖော်ပြခဲ့ပြီးနောက် ဇန်နဝါရီ ၂၉ ရက်မှာ အိန္ဒိယလူထုကြား သတင်းပျံ့နှံ့သိရှိခဲ့ကြတာ ဖြစ်ပါတယ်။ အိန္ဒိယလူထုက ယခုဖြစ်ရပ်ကို ဒေါသတကြီး တုံ့ပြန့်မှုတွေ ရှိလာပါတယ်။

"ဆေးရုံရဲ့ အထူကြပ်မတ်ကုသဆောင်ထဲက ကလးလေးရဲ့ ငိုသံကို ကြားနေရပါတယ်၊ ကလေးရဲ့ ကိုယ်တွင်းအင်္ဂါတွေမှာ ဆိုးဆိုးရွားရွား ဒဏ်ရာတွေရခဲ့ပါတယ်" လို့ ဒေလီအမျိုးသမီးအဖွဲ့အစည်းမှ ဆဝါသီက Twitter မှာ ရေးသားပြောဆိုခဲ့ပါတယ်။

ဒါ့အပြင် "ဘာလုပ်မလဲ? ၈ လအရွယ် ကလေးလေး ရက်ရက်စက်စက် မုဒိမ်းကျင့်ခံရချိန်မှာ ဒေလီမြို့ကြီးက ဘယ်လိုများ အိပ်စက်နေနိုင်လဲ? ကျွန်မတို့ သိပ်ကို ဥပေက္ခာပြုနေကြပြီလား ဒါမှမဟုတ် ဒါကိုပဲ ကျွန်မတို့ရဲ့ ကံကြမ္မာအဖြစ် လွယ်လွယ်လက်ခံလိုက်ပြီလား" လို့လည်း ဆဝါသီက မချိတင်ကဲဖြင့် Twitter မှာ ထပ်မံ ရေးသားခဲ့ပါတယ်။

ဆဝါသီက အိန္ဒိယဝန်ကြီးချုပ် မိုဒီကိုလည်း Twitter မှတစ်ဆင့် မေတ္တာရပ်ခံခဲ့ကြောင်း သိရပါတယ်။ အိန္ဒိယမှာ မိန်းကလေးတွေကို ကာကွယ်ရန်အတွက် ပိုမိုပြင်းထန်တင်းကြပ်တဲ့ ဥပဒေတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေ လိုအပ်နေကြောင်း ဆဝါသီက ဝန်ကြီးချုပ်ကို မေတ္တာရပ်ခံတဲ့ Twitter မှာ ရေးသားခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၂ ခုနှစ်က ဒေလီမြို့မှာပင် ဘတ်စ်ကားတစ်စီးပေါ်မှာ အသက် ၂၃ နှစ်အရွယ် ကျောင်းသူတစ်ဦးကို အုပ်စုဖွဲ့မုဒိမ်းကျင့် သတ်ဖြတ်မှုဖြစ်ခဲ့ပါတယ်။ ထိုဖြစ်ရပ်ပြီးနောက်ပိုင်းကတည်းက အိန္ဒိယမှာ လိင်အကြမ်းဖက်မှုတွေကို ပိုမိုထိရောက်စွာ အရေးယူဆောင်ရွက်လာခဲ့ပါတယ်။

ဒေလီမှာ အုပ်စုဖွဲ့မုဒိမ်းကျင့်သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပြီးနောက် ဆန္ဒပြမှုတွေ ပေါ်ပေါက်လာခဲ့ပြီး အစိုးရက သေဒဏ်အပါအဝင် ပိုမိုပြင်းထန်တဲ့ ဥပဒေပြဌာန်းမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။ သို့သော် အမျိုးသမီးနဲ့ ကလေးတွေကို လိင်ပိုင်းဆိုင်ရာ စော်ကားတိုက်ခိုက်မှုတွေ အိန္ဒိယနိုင်ငံတစ်ဝှမ်းမှာ ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်တယ်လို့ သိရပါတယ်။
ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top