ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

>> ဆီးမထိန္းႏိုင္ဘူးဆိုတာ ဘာကိုေျပာတာလဲ

          ဆီးမထိန္းႏိုင္တာက ဒုကၡေရာက္ေစတဲ့ျပသနာတစ္ခုပါပဲ၊ ဘယ္အခ်ိန္ဘယ္ေနရာမွာ ရုတ္တရက္ ဆီးထြက္က်မလဲဆိုတာကို မသိႏိုင္တဲ့အတြက္ အလုပ္အပါအဝင္ ေန႔စဥ္ဘဝမွာ ျပသနာေတြၾကံုေတြ႕ရေစႏိုင္ပါတယ္။ ဒီျပသနာက အမ်ိဳးသမီးေရာအမ်ိဳးသားေတြမွာပါ ျဖစ္ႏိုင္ေပမယ့္ အမ်ိဳးသမီးေတြမွာ ပိုျပီးအျဖစ္မ်ားပါတယ္။ ေလ့လာမႈေတြအရ အသက္ၾကီးလာတဲ့အမ်ိဳးသမီး တစ္ဝက္ေလာက္က ဆီးမထိန္းနိုင္တဲ့ ျပသနာနဲ႔ၾကံဳေတြ႕ေနရတယ္လို႔ ေတြ႕ရွိရပါတယ္။

ဆီးမထိန္းႏိုင္တဲ့အေၾကာင္းအရင္းအမ်ိဳးမ်ိဳးရွိပါတယ္။ ဒါေတြကေတာ့ -

1. Stress incontinence ( ဖိအားေၾကာင့္ ဆီးထြက္က်ျခင္း)

         ရယ္တဲ့အခါ၊ ႏွာေခ်ေခ်ာင္းဆိုးတဲ့အခါ၊ ဆတ္ခနဲလႈပ္လိုက္တဲ့အခါ (သို႔) အေလးအပင္မတဲ့အခါေတြမွာ ဆီးနည္းနည္းထြက္က်တာမ်ိဳးကို stress incontinence လို႔ေခၚပါတယ္ယ။ ဒါက အမ်ိဳးသမီးငယ္ေတြမွာ အျဖစ္မ်ားတဲ့ ဆီးျပသနာတစ္ခုျဖစ္ပါတယ္။

ျဖစ္ပြားရေသာအေၾကာင္းအရင္းမ်ား

======



         ဆီးအိမ္အေပါက္ဝနားမွာရွိတဲ့ ၾကြက္သားနဲ႔ တစ္သွ်ဴးေတြအားနည္းလာျခင္းေၾကာင့္ stress incontinence ျဖစ္ရပါတယ္။ ဆီးအိမ္ကို ဖိအားသက္ေရာက္ျပီး ဆီးအိမ္အေပါက္ ေသခ်ာမပိတ္ေသးတဲ့အခါမွာ ဆီးထြက္က်လာပါတယ္ယ။ ရယ္ျခင္း၊ ေခ်ာင္းဆိုးျခင္းေၾကာင့္ ျဖစ္လာတဲ့ ဖိအားေတြက ဆီးထြက္က်ေစပါတယ္။ ၾကြက္သားအားနည္းေစတဲ့အေၾကာင္းေတြကေတာ့ အဝလြန္လာတဲ့အခါမွာ ၾကြက္သားမ်ားဆြဲဆန္႔ခံရျခင္း၊ အားကစားလုပ္ရင္း ထိခိုက္ဒဏ္ရာရျခင္း၊ ကိုယ္ဝန္ေဆာင္ခ်ိန္နဲ႔ ကေလးရိုးရိုးေမြးခ်ိန္မွာ ၾကြက္သားေတြဒဏ္ျဖစ္သြားတဲ့အတြက္ အားနည္းေစႏိုင္ပါတယ။

2. ဆီးေပါက္ခ်င္လာရင္ လံုးဝထိန္းလို႔မရေတာ့ျခင္း (urge incontinence)

         ဆီးေပါက္ခ်င္လာျပီဆိုရင္ အိမ္သာေရာက္ေအာင္မေစာင့္ႏိုင္ေတာ့ဘဲ လမ္းမွာပဲခ်က္ခ်င္းထြက္က်တာမ်ိဳးကိုေတာ့ urge incontinence လို႔ေခၚပါတယ္။ ဒါက ေရစီးသံၾကားရင္ (သို႔) ပိုက္နဲ႔ အရည္စုပ္ျပီးေသာက္တဲ့အသံၾကားရင္ မထိန္းႏိုင္တာမ်ိဳးျဖစ္တတ္သလို ဘာအေၾကာင္းမွမရွိဘဲလည္းျဖစ္တတ္ပါတယ္။ ဒါကေတာ့ ရွဴးေတြအမ်ားၾကီးလမ္းမွာထြက္သြားေစႏိုင္ပါတယ္။

ျဖစ္ပြားရေသာအေၾကာင္းအရင္းမ်ား

========

         အာရံုေၾကာ (သို႔) ၾကြက္သားကိုထိခိုက္မႈတစ္ခုခုေၾကာင့္ ဆီးအိမ္ၾကြက္သားေတြကို မထိန္းႏိုင္ေတာ့ဘဲ က်ံဳ႕ျခင္းေၾကာင့္ျဖစ္ပါတယ္။ ေလျဖတ္ျခင္း၊ ေရာဂါပိုးဝင္ျခင္း၊ ဆီးအိမ္ေရာင္ျခင္းစတာေတြေၾကာင့္ ဆီးအိမ္ၾကြက္သားေတြ ပ်က္စီးႏိုင္ပါတယ္။

3. ဆီးအိမ္တက္ၾကြလြန္းျခင္း (overactive bladder)

         ဒါကေတာ့ ရုတ္တရက္ မၾကာခဏ ဆီးေပါက္ရတာပါ။ ဒါေၾကာင့္ေတာ့ လူတိုင္း ဆီးမထိန္းႏိုင္တာဆီးထြက္က်တာမျဖစ္ေစပါဘူး။ ဒီလို ဆီးအိမ္ရွိတဲ့ အမ်ိဳးသမီးအမ်ားစုက ဆီးေပါက္ခ်င္လာရင္ အိမ္သာေရာက္တဲ့အထိ ထိန္းထားႏို္င္ပါတယ။ ဒီမွာ အဓိကျပသနာကေတာ့ ဆီးထြက္က်တာမဟုတ္ဘဲ အိမ္သာခဏခဏသြားေနရတာက ျပသနာပါ။

>> ဆီးမထိန္းႏိုင္ျခင္းကို ပိုဆိုးေစေသာ ေဆးဝါးမ်ား

         အခ်ိဳ႕ေသာေဆးေတြက ဆီးမထိန္းႏိုင္မႈကို ျဖစ္ေစႏိုင္သလို ပိုဆိုးေစႏိုင္တာမ်ိဳးလည္းရွိပါတယ္။ အမ်ိဳးသမီးေတြမွာ အခ်ိဳ႕ေသာ ေသြးတိုးေစတဲ့ေစေတြက ဆီးအိမ္ၾကြက္သားေတြကို ေလ်ာ့သြားေစျပီး ဆီးထြက္က်ေစႏိုင္ပါတယ္။ အခ်ိဳ႕ေသာ စိတ္က်ေရာဂါကုေဆးဝါးေတြက ဆီးျပသနာကို ပိုဆိုးေစျပီး အခ်ိဳ႕ကေတာ့ သက္သာေစပါတယ္။ ဆီးေဆးေတြကေတာ့ ဆီးပိုျဖစ္ေစတဲ့အတြက္ ဆီးမထိန္းႏိုင္တဲ့ျပသနာကိုပိုဆိုးေစပါတယ္။

>> စိတ္ပိုင္းဆိုင္ရာျပသနာမ်ား

          ဆီးထြက္က်တာက အႏၲရာယ္မရွိေပမယ့္ စိတ္ပိုင္းဆိုင္ရာျပသနာေတြရွိပါတယ္။ သုေတသီေတြက ဆီးမထိန္းႏိုင္တဲ့ ျပသနာရွိတဲ့အမ်ိဳးသမီးေတြဟာ ကိုယ့္ကိုယ္ကို ယံုၾကည္မႈနည္းျခင္း၊ လိင္ပိုင္းဆိုင္ရာတက္ၾကြမႈနည္းျခင္း၊ စိတ္က်ေရာဂါျဖစ္ႏိုင္ေခ်မ်ားျခင္း စတဲ့ျပသနာေတြရွိတယ္လို႔ ဆိုပါတယ္။ ဒါေပမယ့္လည္း ဒါက စိတ္ပ်က္စရာမဟုတ္ပါဘူ။ ဆိီးမထိန္းႏို္င္တဲ့ျပသနာကို ကုသလို႔ရပါတယ္။

         ဘာေၾကာင့္ ဆီးမထိန္းႏိုင္လဲဆိုတာကို ေသခ်ာရွာဖို႔လိုပါတယ္။

         ဆရာဝန္နဲ႔ ျပျပီး ေရာဂါဇစ္ျမစ္ကို ေဖာ္ထုတ္ရပါမယ္။

            ေရာဂါရွာေဖြဖို႔အတြက္ စစ္ေဆးနည္းအမ်ိဳးမ်ိဳးရွိပါတယ္။ အာထရာေဆာင္းရိုက္ျခင္းျဖင့္ ဆီးအိမ္နဲ႔ ဆီးျပြန္ေတြကို ၾကည့္ႏိုင္ပါတယ္။ တစ္ေန႔ကို ဆီးဘယ္ေလာက္သြားလဲ၊ ဆီးအိမ္ဖိအားဘယ္ေလာက္ရွိလဲစတာေတြကိုလည္း တိုင္းတာႏိုင္တဲ့ ေဆးစစ္နည္းေတြရွိပါတယ္။ သံလိုက္ဓာတ္မွန္လည္းရီုက္ႏိုင္ပါတယ္။

>>သိပ္မျပင္းထန္တဲ့ ဆီးျပသနာကို ဘယ္လို ထိန္းခ်ဳပ္ၾကမလဲ။

           ေရေလွ်ာ့ေသာက္ပါ။ ေကာ္ဖီ၊လက္ဖက္ရည္စတဲ့ ကဖင္းဓာတ္ပါတဲ့အရည္ေတြနဲ႔ ဆိုဒါေတြကို ေရွာင္ၾကဥ္ပါ။ ဒါေပမယ့္လည္း ေရဓာတ္မခမ္းေျခာက္ေစဖို႔အတြက္ လံုေလာက္တဲ့ေရပမာဏေတာ့ေသာက္ရႈပါမယ္။ ေနာက္တစ္နည္းကေတာ့ ေသးေပါက္ခ်င္ခ်င္ မခ်င္ခ်င္ ၂-၄ နာရီတစ္ခါ ဆီးသြားေပါက္ေပးပါ။

>> ၾကြက္သားေလ့က်င့္ခန္းမ်ား ( Kegel Exercise)

           ဖိအားေၾကာင့္ျဖစ္တဲ့ ဆိီးမထိန္းႏိုင္ျခင္းေတြက ၾကြက္သားေတြအားနည္းလို႔ျဖစ္တာျဖစ္တဲ့အတြက္ ၾကြက္သားသန္မာေစတဲ့ ေလ့က်င့္ခန္းေတြလုပ္ေပးရပါမယ္။ မိန္းမကိုယ္မွာရွိတဲ့ၾကြက္သားေတြကို ခိုင္မာေအာင္လုပ္ရပါမယ။္ ဒီၾကြက္သားေတြကို ၁၀ စကၠန္႔ေလာက္ညွစ္ထားေပးျပီး ျပန္ေလွ်ာ့ပါ။ ေန႔စဥ္ ၃-၄ ၾကိမ္လုပ္ေပးပါ။ ဒီၾကြက္သားေတြသန္မာလာရင္ ဆီးအိမ္ကို ထိန္းခ်ဳပ္ႏိုင္ပါျပီ။ ေနာက္တစ္နည္းကေတာ့ ဆီးေပါက္ေနတုန္းရပ္လိုက္၊ ျပန္ေပါက္လိုက္လုပ္ျပီးက်င့္လို႕ရပါတယ္။ ဒါကေတာ့ ေရာဂါပိုးဝင္ႏိုင္ေခ်ရွိတဲ့အတြက္ ဘယ္လိုက်င့္ရမယ္ဆိုတာကို ေသခ်ာသိမွ က်င့္သင့္ပါတယ္။

>> မိန္းမကိုယ္ထဲကြင္းထည့္ျခင္း

          ေနထိုင္မႈပံုစံေျပာင္းလဲတာေတြ၊ ေလ့က်င့္ခန္းေတြနဲ႔ မရဘူးဆိုရင္ေတာ့ ဆရာဝန္နဲ႔တုိင္ပင္ျပီး သားအိမ္ထဲကို ကြင္းထည့္လို႔ရပါတယ္။ ဒီကြင္းကို အျမဲထည့္ထားလို႔ရသလို၊ အလုပ္ျပင္းျပင္းထန္ထန္လုပ္ရမွာလိုမ်ိဳးအခ်ိန္မ်ိဳးမွ ထည့္လည္းရပါတယ္။

>> ဆီးအိမ္ကို က်င့္ေပးျခင္း

          ဖိအားတစ္ခုခုေၾကာင့္ဆီးထြက္က်ျခင္း၊ ဆီးမထိန္းႏိုင္ျခင္းေတြမွာ ဆီးအိမ္ကို က်င့္ေပးျခင္းနည္းလမ္းက အေထာက္အကူျဖစ္ေစပါတယ္။ ဘယ္အခ်ိန္ဆီးထေပါက္ရလဲ၊ ဘယ္အခ်ိန္မ်ိဳးမွာ ဆီးထြက္က်လဲဆိုတာကို ဇယားဆြဲထားပါ။ ဒီပံုစံကို ေသခ်ာၾကည့္ျပီး ဆီးမထြက္က်ခင္မွာ အိမ္သာေရာက္ေအာင္သြားထားႏွင့္လို႔ရပါတယ္။ ဆီးေအာင့္ထားျခင္းျဖင့္လည္း အိမ္သာသြားတဲ့အခ်ိန္ကို ဆြဲဆန္႔ထားႏိုင္ပါတယ္။

>> ေဆးဝါးမ်ား

         ဆီးအိမ္ၾကြက္သားေတြကိုေထာက္ပံ့တဲ့အာရံုေၾကာေတြကို ပိတ္ဆို႔ေပးတဲ့ေဆးရွိပါတယ္။ ဆီးအိမ္ၾကြက္သားထဲကို ဘိုေတာက္ ထိုးေပးျခငး္အားျဖင့္လည္း ဆီးအိမ္ကို ေလ်ာ့ေစျပီး ဆီးထိန္းထားႏိုင္ါပတယ္။

>> အျခားကုထံုးမ်ား

          ေဆးေတြနဲ႔အဆင္မေျပဘူးဆိုရင္ ဆီးအိမ္အနားမွာရွိတဲ့ အာရံုေၾကာေတြကို လႈံ႕ေဆာ္ေပးတဲ့ကိရိယာ၊ လွ်ပ္စီးနဲ႔ ၾကြက္သားက်ံဳ႕ျခင္းကို ထိန္းခ်ဳပ္တဲ့နည္းလမ္းေတြရွိပါေသးတယ္။ ခြဲစိတ္မႈကုသမႈလည္းျပဳလုပ္ႏိုင္ပါတယ္။

ဆီးမထိန္းႏိုင္တဲ့သူေတြအတြက္ထုတ္ထားတဲ့ လူၾကီးဝတ္ေသးခံေတြ၊ ပလတ္စတစ္ပါတဲ့ အတြင္းခံေဘာင္းဘီေတြကလည္း ကုိယ့္ကိုယ္ကို ယံုၾကည္မႈရွိေစပါတယ္။

>> ကာကြယ္နည္းမ်ား

         ဆီးမထိန္းႏိုင္ျခင္းကို ကာကြယ္နိုင္ဖို႔အတြက္ kegal ေလ့က်င့္ခန္းကို ေန႔စဥ္လုပ္ေပးပါ။ ေဆးလိပ္ျဖတ္ပါ။ ေဆးလိပ္က နာတာရွည္ေခ်ာင္းဆိုးေရာဂါရေစျပီး ဆီးအိမ္ကို ဖိအားမ်ားေစကာ ဆီးထြက္က်ေစႏိုင္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (www.drmyanmar.com)
#Unicode Version#
>> ဆီးမထိန်းနိုင်ဘူးဆိုတာ ဘာကိုပြောတာလဲ

          ဆီးမထိန်းနိုင်တာက ဒုက္ခရောက်စေတဲ့ပြသနာတစ်ခုပါပဲ၊ ဘယ်အချိန်ဘယ်နေရာမှာ ရုတ်တရက် ဆီးထွက်ကျမလဲဆိုတာကို မသိနိုင်တဲ့အတွက် အလုပ်အပါအဝင် နေ့စဉ်ဘဝမှာ ပြသနာတွေကြုံတွေ့ရစေနိုင်ပါတယ်။ ဒီပြသနာက အမျိုးသမီးရောအမျိုးသားတွေမှာပါ ဖြစ်နိုင်ပေမယ့် အမျိုးသမီးတွေမှာ ပိုပြီးအဖြစ်များပါတယ်။ လေ့လာမှုတွေအရ အသက်ကြီးလာတဲ့အမျိုးသမီး တစ်ဝက်လောက်က ဆီးမထိန်းနိုင်တဲ့ ပြသနာနဲ့ကြုံတွေ့နေရတယ်လို့ တွေ့ရှိရပါတယ်။

ဆီးမထိန်းနိုင်တဲ့အကြောင်းအရင်းအမျိုးမျိုးရှိပါတယ်။ ဒါတွေကတော့ -

1. Stress incontinence ( ဖိအားကြောင့် ဆီးထွက်ကျခြင်း)

         ရယ်တဲ့အခါ၊ နှာချေချောင်းဆိုးတဲ့အခါ၊ ဆတ်ခနဲလှုပ်လိုက်တဲ့အခါ (သို့) အလေးအပင်မတဲ့အခါတွေမှာ ဆီးနည်းနည်းထွက်ကျတာမျိုးကို stress incontinence လို့ခေါ်ပါတယ်ယ။ ဒါက အမျိုးသမီးငယ်တွေမှာ အဖြစ်များတဲ့ ဆီးပြသနာတစ်ခုဖြစ်ပါတယ်။

ဖြစ်ပွားရသောအကြောင်းအရင်းများ

======



         ဆီးအိမ်အပေါက်ဝနားမှာရှိတဲ့ ကြွက်သားနဲ့ တစ်သျှူးတွေအားနည်းလာခြင်းကြောင့် stress incontinence ဖြစ်ရပါတယ်။ ဆီးအိမ်ကို ဖိအားသက်ရောက်ပြီး ဆီးအိမ်အပေါက် သေချာမပိတ်သေးတဲ့အခါမှာ ဆီးထွက်ကျလာပါတယ်ယ။ ရယ်ခြင်း၊ ချောင်းဆိုးခြင်းကြောင့် ဖြစ်လာတဲ့ ဖိအားတွေက ဆီးထွက်ကျစေပါတယ်။ ကြွက်သားအားနည်းစေတဲ့အကြောင်းတွေကတော့ အဝလွန်လာတဲ့အခါမှာ ကြွက်သားများဆွဲဆန့်ခံရခြင်း၊ အားကစားလုပ်ရင်း ထိခိုက်ဒဏ်ရာရခြင်း၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ ကလေးရိုးရိုးမွေးချိန်မှာ ကြွက်သားတွေဒဏ်ဖြစ်သွားတဲ့အတွက် အားနည်းစေနိုင်ပါတယ။

2. ဆီးပေါက်ချင်လာရင် လုံးဝထိန်းလို့မရတော့ခြင်း (urge incontinence)

         ဆီးပေါက်ချင်လာပြီဆိုရင် အိမ်သာရောက်အောင်မစောင့်နိုင်တော့ဘဲ လမ်းမှာပဲချက်ချင်းထွက်ကျတာမျိုးကိုတော့ urge incontinence လို့ခေါ်ပါတယ်။ ဒါက ရေစီးသံကြားရင် (သို့) ပိုက်နဲ့ အရည်စုပ်ပြီးသောက်တဲ့အသံကြားရင် မထိန်းနိုင်တာမျိုးဖြစ်တတ်သလို ဘာအကြောင်းမှမရှိဘဲလည်းဖြစ်တတ်ပါတယ်။ ဒါကတော့ ရှူးတွေအများကြီးလမ်းမှာထွက်သွားစေနိုင်ပါတယ်။

ဖြစ်ပွားရသောအကြောင်းအရင်းများ

========

         အာရုံကြော (သို့) ကြွက်သားကိုထိခိုက်မှုတစ်ခုခုကြောင့် ဆီးအိမ်ကြွက်သားတွေကို မထိန်းနိုင်တော့ဘဲ ကျုံ့ခြင်းကြောင့်ဖြစ်ပါတယ်။ လေဖြတ်ခြင်း၊ ရောဂါပိုးဝင်ခြင်း၊ ဆီးအိမ်ရောင်ခြင်းစတာတွေကြောင့် ဆီးအိမ်ကြွက်သားတွေ ပျက်စီးနိုင်ပါတယ်။

3. ဆီးအိမ်တက်ကြွလွန်းခြင်း (overactive bladder)

         ဒါကတော့ ရုတ်တရက် မကြာခဏ ဆီးပေါက်ရတာပါ။ ဒါကြောင့်တော့ လူတိုင်း ဆီးမထိန်းနိုင်တာဆီးထွက်ကျတာမဖြစ်စေပါဘူး။ ဒီလို ဆီးအိမ်ရှိတဲ့ အမျိုးသမီးအများစုက ဆီးပေါက်ချင်လာရင် အိမ်သာရောက်တဲ့အထိ ထိန်းထားနိုင်ပါတယ။ ဒီမှာ အဓိကပြသနာကတော့ ဆီးထွက်ကျတာမဟုတ်ဘဲ အိမ်သာခဏခဏသွားနေရတာက ပြသနာပါ။

>> ဆီးမထိန်းနိုင်ခြင်းကို ပိုဆိုးစေသော ဆေးဝါးများ

         အချို့သောဆေးတွေက ဆီးမထိန်းနိုင်မှုကို ဖြစ်စေနိုင်သလို ပိုဆိုးစေနိုင်တာမျိုးလည်းရှိပါတယ်။ အမျိုးသမီးတွေမှာ အချို့သော သွေးတိုးစေတဲ့စေတွေက ဆီးအိမ်ကြွက်သားတွေကို လျော့သွားစေပြီး ဆီးထွက်ကျစေနိုင်ပါတယ်။ အချို့သော စိတ်ကျရောဂါကုဆေးဝါးတွေက ဆီးပြသနာကို ပိုဆိုးစေပြီး အချို့ကတော့ သက်သာစေပါတယ်။ ဆီးဆေးတွေကတော့ ဆီးပိုဖြစ်စေတဲ့အတွက် ဆီးမထိန်းနိုင်တဲ့ပြသနာကိုပိုဆိုးစေပါတယ်။

>> စိတ်ပိုင်းဆိုင်ရာပြသနာများ

          ဆီးထွက်ကျတာက အန္တရာယ်မရှိပေမယ့် စိတ်ပိုင်းဆိုင်ရာပြသနာတွေရှိပါတယ်။ သုတေသီတွေက ဆီးမထိန်းနိုင်တဲ့ ပြသနာရှိတဲ့အမျိုးသမီးတွေဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းခြင်း၊ လိင်ပိုင်းဆိုင်ရာတက်ကြွမှုနည်းခြင်း၊ စိတ်ကျရောဂါဖြစ်နိုင်ချေများခြင်း စတဲ့ပြသနာတွေရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ဒါက စိတ်ပျက်စရာမဟုတ်ပါဘူ။ ဆီးမထိန်းနိုင်တဲ့ပြသနာကို ကုသလို့ရပါတယ်။

         ဘာကြောင့် ဆီးမထိန်းနိုင်လဲဆိုတာကို သေချာရှာဖို့လိုပါတယ်။

         ဆရာဝန်နဲ့ ပြပြီး ရောဂါဇစ်မြစ်ကို ဖော်ထုတ်ရပါမယ်။

            ရောဂါရှာဖွေဖို့အတွက် စစ်ဆေးနည်းအမျိုးမျိုးရှိပါတယ်။ အာထရာဆောင်းရိုက်ခြင်းဖြင့် ဆီးအိမ်နဲ့ ဆီးပြွန်တွေကို ကြည့်နိုင်ပါတယ်။ တစ်နေ့ကို ဆီးဘယ်လောက်သွားလဲ၊ ဆီးအိမ်ဖိအားဘယ်လောက်ရှိလဲစတာတွေကိုလည်း တိုင်းတာနိုင်တဲ့ ဆေးစစ်နည်းတွေရှိပါတယ်။ သံလိုက်ဓာတ်မှန်လည်းရီုက်နိုင်ပါတယ်။

>>သိပ်မပြင်းထန်တဲ့ ဆီးပြသနာကို ဘယ်လို ထိန်းချုပ်ကြမလဲ။

           ရေလျှော့သောက်ပါ။ ကော်ဖီ၊လက်ဖက်ရည်စတဲ့ ကဖင်းဓာတ်ပါတဲ့အရည်တွေနဲ့ ဆိုဒါတွေကို ရှောင်ကြဉ်ပါ။ ဒါပေမယ့်လည်း ရေဓာတ်မခမ်းခြောက်စေဖို့အတွက် လုံလောက်တဲ့ရေပမာဏတော့သောက်ရှုပါမယ်။ နောက်တစ်နည်းကတော့ သေးပေါက်ချင်ချင် မချင်ချင် ၂-၄ နာရီတစ်ခါ ဆီးသွားပေါက်ပေးပါ။

>> ကြွက်သားလေ့ကျင့်ခန်းများ ( Kegel Exercise)

           ဖိအားကြောင့်ဖြစ်တဲ့ ဆီးမထိန်းနိုင်ခြင်းတွေက ကြွက်သားတွေအားနည်းလို့ဖြစ်တာဖြစ်တဲ့အတွက် ကြွက်သားသန်မာစေတဲ့ လေ့ကျင့်ခန်းတွေလုပ်ပေးရပါမယ်။ မိန်းမကိုယ်မှာရှိတဲ့ကြွက်သားတွေကို ခိုင်မာအောင်လုပ်ရပါမယ။် ဒီကြွက်သားတွေကို ၁၀ စက္ကန့်လောက်ညှစ်ထားပေးပြီး ပြန်လျှော့ပါ။ နေ့စဉ် ၃-၄ ကြိမ်လုပ်ပေးပါ။ ဒီကြွက်သားတွေသန်မာလာရင် ဆီးအိမ်ကို ထိန်းချုပ်နိုင်ပါပြီ။ နောက်တစ်နည်းကတော့ ဆီးပေါက်နေတုန်းရပ်လိုက်၊ ပြန်ပေါက်လိုက်လုပ်ပြီးကျင့်လို့ရပါတယ်။ ဒါကတော့ ရောဂါပိုးဝင်နိုင်ချေရှိတဲ့အတွက် ဘယ်လိုကျင့်ရမယ်ဆိုတာကို သေချာသိမှ ကျင့်သင့်ပါတယ်။

>> မိန်းမကိုယ်ထဲကွင်းထည့်ခြင်း

          နေထိုင်မှုပုံစံပြောင်းလဲတာတွေ၊ လေ့ကျင့်ခန်းတွေနဲ့ မရဘူးဆိုရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး သားအိမ်ထဲကို ကွင်းထည့်လို့ရပါတယ်။ ဒီကွင်းကို အမြဲထည့်ထားလို့ရသလို၊ အလုပ်ပြင်းပြင်းထန်ထန်လုပ်ရမှာလိုမျိုးအချိန်မျိုးမှ ထည့်လည်းရပါတယ်။

>> ဆီးအိမ်ကို ကျင့်ပေးခြင်း

          ဖိအားတစ်ခုခုကြောင့်ဆီးထွက်ကျခြင်း၊ ဆီးမထိန်းနိုင်ခြင်းတွေမှာ ဆီးအိမ်ကို ကျင့်ပေးခြင်းနည်းလမ်းက အထောက်အကူဖြစ်စေပါတယ်။ ဘယ်အချိန်ဆီးထပေါက်ရလဲ၊ ဘယ်အချိန်မျိုးမှာ ဆီးထွက်ကျလဲဆိုတာကို ဇယားဆွဲထားပါ။ ဒီပုံစံကို သေချာကြည့်ပြီး ဆီးမထွက်ကျခင်မှာ အိမ်သာရောက်အောင်သွားထားနှင့်လို့ရပါတယ်။ ဆီးအောင့်ထားခြင်းဖြင့်လည်း အိမ်သာသွားတဲ့အချိန်ကို ဆွဲဆန့်ထားနိုင်ပါတယ်။

>> ဆေးဝါးများ

         ဆီးအိမ်ကြွက်သားတွေကိုထောက်ပံ့တဲ့အာရုံကြောတွေကို ပိတ်ဆို့ပေးတဲ့ဆေးရှိပါတယ်။ ဆီးအိမ်ကြွက်သားထဲကို ဘိုတောက် ထိုးပေးခြင်းအားဖြင့်လည်း ဆီးအိမ်ကို လျော့စေပြီး ဆီးထိန်းထားနိုင်ါပတယ်။

>> အခြားကုထုံးများ

          ဆေးတွေနဲ့အဆင်မပြေဘူးဆိုရင် ဆီးအိမ်အနားမှာရှိတဲ့ အာရုံကြောတွေကို လှုံ့ဆော်ပေးတဲ့ကိရိယာ၊ လျှပ်စီးနဲ့ ကြွက်သားကျုံ့ခြင်းကို ထိန်းချုပ်တဲ့နည်းလမ်းတွေရှိပါသေးတယ်။ ခွဲစိတ်မှုကုသမှုလည်းပြုလုပ်နိုင်ပါတယ်။

ဆီးမထိန်းနိုင်တဲ့သူတွေအတွက်ထုတ်ထားတဲ့ လူကြီးဝတ်သေးခံတွေ၊ ပလတ်စတစ်ပါတဲ့ အတွင်းခံဘောင်းဘီတွေကလည်း ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိစေပါတယ်။

>> ကာကွယ်နည်းများ

         ဆီးမထိန်းနိုင်ခြင်းကို ကာကွယ်နိုင်ဖို့အတွက် kegal လေ့ကျင့်ခန်းကို နေ့စဉ်လုပ်ပေးပါ။ ဆေးလိပ်ဖြတ်ပါ။ ဆေးလိပ်က နာတာရှည်ချောင်းဆိုးရောဂါရစေပြီး ဆီးအိမ်ကို ဖိအားများစေကာ ဆီးထွက်ကျစေနိုင်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Dr. Mya Myo Myo Swe (www.drmyanmar.com)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top