ကေလာျမိဳ ႔ သဘာဝေတာင္တန္းမ်ားျဖင့္ ဝန္းရံထားၿပီး သာယာလွပေသာအင္းျပင္အနီး ဂရန္အမည္ေပါက္ လံုးခ်င္းအိမ္အေရာင္းျပပြဲ
×

အသက္ႀကီးမွ ပါးေရတြန္႔မယ္၊ အသားအေရေလ်ာ့တြဲက်မယ္လို႔ ထင္ရင္မွားသြားပါလိမ့္မယ္။ အသားအေရ ထိန္းသိမ္းမႈ မရွိဘူးဆိုရင္ အသက္ငယ္ငယ္နဲ႔လည္း အရြယ္မတိုင္ခင္ အိုမင္းရင့္ ေရာ္တာမ်ိဳး ႀကံဳေတြ႔ရတတ္ ပါတယ္။ ဒီလိုမျဖစ္ရေလေအာင္ အစားအေသာက္၊ အေနအထုိင္၊ အျပဳအမူကအစ သတိထားၿပီး အသားအေရ ထိန္းသိမ္းမႈေတြ ျပဳလုပ္ဖုိ႔ လိုပါတယ္။ ဘယ္လုိ အခ်က္ေတြက အရြယ္မတုိင္ခင္ အိုမင္းရင့္ေရာ္ေစသလဲ ဆိုတာကို သတိထားမိေစဖို႔အတြက္ ေဖာ္ျပေပးလိုက္ပါတယ္။

(၁) အိပ္စက္မႈမလံုေလာက္ျခင္း

လံုေလာက္စြာ အိပ္စက္အနားယူဖို႔ လိုပါတယ္။ တစ္ေန႔ကို ရွစ္နာရီေလာက္ အိပ္စက္အနားမွ ခႏၶာကိုယ္တြင္း လိုအပ္တဲ့ အားအင္ျပည့္ဝေစတဲ့အျပင္ အသားအေရပ်က္စီးျခင္းမွ ကင္းေဝးေစ မွာပါ။ ညဘက္အိပ္တဲ့အခါမွာ အသားအေရပ်က္စီးေစတဲ့ အဆိပ္အေတာက္မ်ားက အဆီအျဖစ္ ေျပာင္းလဲသြားၿပီး ဆဲလ္အသစ္မ်ားကို အားျဖည့္ေပးတဲ့အတြက္ အိပ္ေရးဝဝအိပ္ဖို႔ လိုပါတယ္။

(၂) အခ်ိဳဓာတ္လြန္ကဲေသာအစားအစာမ်ားစားသံုးျခင္း

ဘာ့ေၾကာင့္ အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္ေနရသလဲ၊ ပါးေရတြန္႔ေနရသလဲ ဆိုၿပီး အေတြးေပါင္း မ်ားစြာနဲ႔ ေတြေဝမေနပါနဲ႔။ ေန႔စဥ္စားသံုးေနတဲ့ အစားအစာထဲမွာ အခ်ိဳဓာတ္မ်ားလြန္း တာေတြ ပါဝင္ေနသလားဆိုတာကို ဆန္းစစ္ၾကည့္ပါ။ အခ်ိဳဓာတ္မ်ားလြန္းတဲ့ အသင့္စားမုန္႔ေတြနဲ႔ သၾကား ဓာတ္မ်ားက အသားအေရပ်က္စီးေစတဲ့ အဓိကအေၾကာင္းအရင္း  တစ္ရပ္ပါပဲ။

(၃) စိတ္ဖိစီးမႈမ်ားျခင္း

စိတ္ဖိစီးမႈမ်ားျခင္းကလည္း အသားအေရ ပ်က္စီးေစတယ္ဆိုတာကို သင္သိပါသလား။ စိတ္ဖိစီးမႈ ဒဏ္ေၾကာင့္ ညဘက္အိပ္ေရးမဝျခင္းနဲ႔ ခႏၶာကိုယ္တြင္း ဇီဝျဖစ္စဥ္မ်ား ပံုမွန္မျဖစ္ေတာ့တဲ့အတြက္ ေသြးလည္ပတ္မႈမေကာင္းေတာ့တာေၾကာင့္ အသားအေရကလည္း ၾကည္လင္ဝင္းပမႈ မရွိေတာ့ပါ ဘူး။ အသားအေရ ၾကည္လင္မႈမရွိေတာ့တာနဲ႔အမွ် အရြယ္မတိုင္ခင္ အိုမင္းရင့္ေရာ္မႈကို ခံစားၾက ရပါတယ္။

(၄) အာဟာရမွ်တမႈမရွိျခင္း

အသားအေရမပ်က္စီးဖုိ႔အတြက္ဆိုရင္ လံုေလာက္တဲ့ ဗီတာမင္ဓာတ္မ်ားနဲ႔ အာဟာရဓာတ္မ်ားကို ျဖည့္တင္းေပးဖို႔ လိုပါတယ္။ အထူးသျဖင့္ ဝိတ္ခ်ေနတဲ့သူေတြ အမ်ားစုက အသားအေရပ်က္ စီးမႈကို ပိုမိုခံစားၾကရပါတယ္။ ဘာ့ေၾကာင့္လဲဆိုေတာ့ အစားအစာမ်ားကို ေရြးခ်ယ္စားသံုးရတဲ့ အတြက္ အာဟာရလံုေလာက္မႈ မရွိေတာ့တာပါ။ ဒီေတာ့… အရြယ္မတုိင္ခင္ အိုမင္းရင့္ေရာ္မႈကို ကာကြယ္ခ်င္တယ္ဆိုရင္ အာဟာရမွ်တတဲ့ diet မ်ိဳး ျပဳလုပ္သင့္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: myanmaplatform

# Unicode Version ျဖင့္ ဖတ္ပါ #
အသက်ကြီးမှ ပါးရေတွန့်မယ်၊ အသားအရေလျော့တွဲကျမယ်လို့ ထင်ရင်မှားသွားပါလိမ့်မယ်။ အသားအရေ ထိန်းသိမ်းမှု မရှိဘူးဆိုရင် အသက်ငယ်ငယ်နဲ့လည်း အရွယ်မတိုင်ခင် အိုမင်းရင့် ရော်တာမျိုး ကြုံတွေ့ရတတ် ပါတယ်။ ဒီလိုမဖြစ်ရလေအောင် အစားအသောက်၊ အနေအထိုင်၊ အပြုအမူကအစ သတိထားပြီး အသားအရေ ထိန်းသိမ်းမှုတွေ ပြုလုပ်ဖို့ လိုပါတယ်။ ဘယ်လို အချက်တွေက အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေသလဲ ဆိုတာကို သတိထားမိစေဖို့အတွက် ဖော်ပြပေးလိုက်ပါတယ်။

(၁) အိပ်စက်မှုမလုံလောက်ခြင်း

လုံလောက်စွာ အိပ်စက်အနားယူဖို့ လိုပါတယ်။ တစ်နေ့ကို ရှစ်နာရီလောက် အိပ်စက်အနားမှ ခန္ဓာကိုယ်တွင်း လိုအပ်တဲ့ အားအင်ပြည့်ဝစေတဲ့အပြင် အသားအရေပျက်စီးခြင်းမှ ကင်းဝေးစေ မှာပါ။ ညဘက်အိပ်တဲ့အခါမှာ အသားအရေပျက်စီးစေတဲ့ အဆိပ်အတောက်များက အဆီအဖြစ် ပြောင်းလဲသွားပြီး ဆဲလ်အသစ်များကို အားဖြည့်ပေးတဲ့အတွက် အိပ်ရေးဝဝအိပ်ဖို့ လိုပါတယ်။

(၂) အချိုဓာတ်လွန်ကဲသောအစားအစာများစားသုံးခြင်း

ဘာ့ကြောင့် အရွယ်မတိုင်ခင် အိုမင်းရင့်ရော်နေရသလဲ၊ ပါးရေတွန့်နေရသလဲ ဆိုပြီး အတွေးပေါင်း များစွာနဲ့ တွေဝေမနေပါနဲ့။ နေ့စဉ်စားသုံးနေတဲ့ အစားအစာထဲမှာ အချိုဓာတ်များလွန်း တာတွေ ပါဝင်နေသလားဆိုတာကို ဆန်းစစ်ကြည့်ပါ။ အချိုဓာတ်များလွန်းတဲ့ အသင့်စားမုန့်တွေနဲ့ သကြား ဓာတ်များက အသားအရေပျက်စီးစေတဲ့ အဓိကအကြောင်းအရင်း  တစ်ရပ်ပါပဲ။

(၃) စိတ်ဖိစီးမှုများခြင်း

စိတ်ဖိစီးမှုများခြင်းကလည်း အသားအရေ ပျက်စီးစေတယ်ဆိုတာကို သင်သိပါသလား။ စိတ်ဖိစီးမှု ဒဏ်ကြောင့် ညဘက်အိပ်ရေးမဝခြင်းနဲ့ ခန္ဓာကိုယ်တွင်း ဇီဝဖြစ်စဉ်များ ပုံမှန်မဖြစ်တော့တဲ့အတွက် သွေးလည်ပတ်မှုမကောင်းတော့တာကြောင့် အသားအရေကလည်း ကြည်လင်ဝင်းပမှု မရှိတော့ပါ ဘူး။ အသားအရေ ကြည်လင်မှုမရှိတော့တာနဲ့အမျှ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ခံစားကြ ရပါတယ်။

(၄) အာဟာရမျှတမှုမရှိခြင်း

အသားအရေမပျက်စီးဖို့အတွက်ဆိုရင် လုံလောက်တဲ့ ဗီတာမင်ဓာတ်များနဲ့ အာဟာရဓာတ်များကို ဖြည့်တင်းပေးဖို့ လိုပါတယ်။ အထူးသဖြင့် ဝိတ်ချနေတဲ့သူတွေ အများစုက အသားအရေပျက် စီးမှုကို ပိုမိုခံစားကြရပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အစားအစာများကို ရွေးချယ်စားသုံးရတဲ့ အတွက် အာဟာရလုံလောက်မှု မရှိတော့တာပါ။ ဒီတော့… အရွယ်မတိုင်ခင် အိုမင်းရင့်ရော်မှုကို ကာကွယ်ချင်တယ်ဆိုရင် အာဟာရမျှတတဲ့ diet မျိုး ပြုလုပ်သင့်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: myanmaplatform
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top