ျမန္မာတစ္ႏိုင္ငံလံုးမွာ Facility အမ်ားဆံုးပါတဲ့ ကမၻာ့အဆင့္မီ Diamond Inya Palace ကြန္ဒို အထူးအေရာင္းျပပြဲၾကီး
×

ရန္ကုန္တုိင္းေဒသၾကီး ေကာ့မွဴးၿမိဳ႕နယ္၊ ခရာစုေက်းရြာ ကြင္းအမွတ္(၄၀၅/စီ) လယ္ကြင္း လွည္းလမ္း ေဘးတြင္ ျဖစ္ပြားခဲ့သည့္ ႏွစ္ေလာင္းျပဳိင္လူသတ္မႈမွ ျပစ္မႈက်ဴးလြန္ သူသည္ ဇန္န၀ါရီလ ၂၆ ရက္ေန ့နံနက္ပုိင္းက ေကာ့မွဴးၿမိဳ႕နယ္၊ ၀ါးဘေလာက္ေသာက္ ရဲကင္းစခန္းသို႔ လာေရာက္ အဖမ္းခံခဲ့ေၾကာင္း သိရပါသည္။

ျဖစ္စဥ္မွာ ၂၃.၁.၂၀၁၈ ရက္ေန႔ ည ၁၉း၀၀ နာရီအခ်ိန္တြင္ ေကာ့မွဴးၿမိဳ႕နယ္၊ ခရာစုေက်းရြာေန ဦးေသာင္းသည္ ေနအိမ္၌ ရွိေနစဥ္ ၎၏ သမီးျဖစ္သူ မတင္မာေဆြ၊ (၄၀)ႏွစ္မွာ ေနမေကာင္းသျဖင့္ ေပတူး(ခ)၀င္းႀကိဳင္ႏွင့္အတူ ေဆးခန္းသုိ ့အတူသြားေရာက္ခဲ့ရာ ျပန္မလာသျဖင့္ လိုက္ရွာေသာ္လည္း မေတြ႕ရွိေၾကာင္း။

 ၂၄.၁.၂၀၁၈ ရက္ေန႔ ညေန ၁၅း၀၀နာရီ အခ်ိန္တြင္ ေနအိမ္တဲႏွင့္ (၃)ဖာလံုခန္႔အကြာ ကြင္းအမွတ္(၄၀၅/စီ)လယ္ကြင္း လွည္းလမ္းေဘးတြင္ သမီးျဖစ္သူ မတင္မာေဆြႏွင့္ ေပတူ(ခ)၀င္းႀကိဳင္တို ႔ ႏွစ္ဦးမွာ ဒဏ္ရာမ်ားျဖင့္ ေသဆံုး ေနသည္ကို ေတြ႕ရွိရေၾကာင္း။

 တိုင္တန္းခ်က္အရ ေကာ့မွဴးၿမိဳ႕မရဲစခန္း(ပ)၄၁/၂၀၁၈၊ ရာဇသတ္ႀကီး ပုဒ္မ ၃၀၂ ျဖင့္ အမႈဖြင့္ကာ ျပစ္မႈက်ဴးလြန္သူကို ဖမ္းဆီးရမိေရး စံုစမ္းေဆာင္ရြက္ခဲ့သည္။

အမႈမွျပစ္မႈက်ဴးလြန္သူအား ဖမ္းဆီးရမိေရးအတြက္ ရဲတပ္ဖဲြ႕၀င္မ်ားက စံုစမ္းေဆာင္ရြက္ေနစဥ္ ျပစ္မႈက်ဴးလြန္ သူ ေကာ့မွဴးၿမိဳ႕နယ္၊ ကမာပတ္ေက်းရြာေနသူ ၀င္းေဇာ္၊ (၄၃)ႏွစ္မွ ၂၆.၁.၂၀၁၈ ရက္ေန႔ နံနက္ ၀၈း၀၀ အခ်ိန္တြင္ ေကာ့မွဴးၿမိဳ႕နယ္၊ ၀ါးဘေလာက္ေသာက္ ရဲကင္းစခန္းသို႔ လာေရာက္ အဖမ္းခံခဲ့ေၾကာင္း ရန္ကုန္တုိင္းေဒသၾကီး ရဲတပ္ဖဲြ ့၏ သတင္းထုတ္ျပန္ခ်က္အရ သိရပါသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သစ္ထူးလြင္

#Unicode Version#
ရန်ကုန်တိုင်းဒေသကြီး ကော့မှူးမြို့နယ်၊ ခရာစုကျေးရွာ ကွင်းအမှတ်(၄၀၅/စီ) လယ်ကွင်း လှည်းလမ်း ဘေးတွင် ဖြစ်ပွားခဲ့သည့် နှစ်လောင်းပြိုင်လူသတ်မှုမှ ပြစ်မှုကျူးလွန် သူသည် ဇန်နဝါရီလ ၂၆ ရက်နေ့နံနက်ပိုင်းက ကော့မှူးမြို့နယ်၊ ဝါးဘလောက်သောက် ရဲကင်းစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း သိရပါသည်။

ဖြစ်စဉ်မှာ ၂၃.၁.၂၀၁၈ ရက်နေ့ ည ၁၉း၀၀ နာရီအချိန်တွင် ကော့မှူးမြို့နယ်၊ ခရာစုကျေးရွာနေ ဦးသောင်းသည် နေအိမ်၌ ရှိနေစဉ် ၎င်း၏ သမီးဖြစ်သူ မတင်မာဆွေ၊ (၄၀)နှစ်မှာ နေမကောင်းသဖြင့် ပေတူး(ခ)ဝင်းကြိုင်နှင့်အတူ ဆေးခန်းသို့အတူသွားရောက်ခဲ့ရာ ပြန်မလာသဖြင့် လိုက်ရှာသော်လည်း မတွေ့ရှိကြောင်း။

 ၂၄.၁.၂၀၁၈ ရက်နေ့ ညနေ ၁၅း၀၀နာရီ အချိန်တွင် နေအိမ်တဲနှင့် (၃)ဖာလုံခန့်အကွာ ကွင်းအမှတ်(၄၀၅/စီ)လယ်ကွင်း လှည်းလမ်းဘေးတွင် သမီးဖြစ်သူ မတင်မာဆွေနှင့် ပေတူ(ခ)ဝင်းကြိုင်တို့ နှစ်ဦးမှာ ဒဏ်ရာများဖြင့် သေဆုံး နေသည်ကို တွေ့ရှိရကြောင်း။

 တိုင်တန်းချက်အရ ကော့မှူးမြို့မရဲစခန်း(ပ)၄၁/၂၀၁၈၊ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ကာ ပြစ်မှုကျူးလွန်သူကို ဖမ်းဆီးရမိရေး စုံစမ်းဆောင်ရွက်ခဲ့သည်။

အမှုမှပြစ်မှုကျူးလွန်သူအား ဖမ်းဆီးရမိရေးအတွက် ရဲတပ်ဖွဲ့ဝင်များက စုံစမ်းဆောင်ရွက်နေစဉ် ပြစ်မှုကျူးလွန် သူ ကော့မှူးမြို့နယ်၊ ကမာပတ်ကျေးရွာနေသူ ဝင်းဇော်၊ (၄၃)နှစ်မှ ၂၆.၁.၂၀၁၈ ရက်နေ့ နံနက် ၀၈း၀၀ အချိန်တွင် ကော့မှူးမြို့နယ်၊ ဝါးဘလောက်သောက် ရဲကင်းစခန်းသို့ လာရောက် အဖမ်းခံခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့၏ သတင်းထုတ်ပြန်ချက်အရ သိရပါသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: သစ်ထူးလွင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top