လိႈင္ျမိဳ ႔နယ္ MICT Park အနီး မဟာေဆြကြန္ဒုိ အထူးအေရာင္းျပပြဲ
×

ထိုင္းႏိုင္ငံေျမာက္ပိုင္း ဖေယာဝ္းခ႐ုိင္ထဲမွာ သူနာျပဳအကူ အမ်ိဳးသမီးတဦးနဲ႔ အေပါင္းအပါေတြဆီကေန စိတ္ႂကြေဆး အလံုးေပါင္း ၈ သိန္း ဖမ္းဆီးရမိတယ္လို႔ အမွတ္ ၅ တိုင္းေဒသ ရဲဌာနခ်ဳပ္က ထုတ္ျပန္ပါတယ္။

ဒီလ ၁၀ ရက္ေန႔ မနက္ ၁၀ နာရီေက်ာ္က တာဝန္ရွိ ရဲတပ္ဖြဲ႔ဝင္ေတြဟာ ဖေယာဝ္း-ဖရဲ႕ခ႐ုိင္သြား လမ္းမႀကီး မယ့္ဒမ္စစ္ေဆးေရးဂိတ္ကေန ယာဥ္သြားယာဥ္လာေတြကို ေစာင့္ၾကပ္စစ္ေဆးေနရာမွာ မိန္းကေလးတဦး ေမာင္းႏွင္လာတဲ့ ဆလြန္းကားတစီးေပၚကေန ေႁမြေရခြံအိတ္ ၃ အိတ္ထဲ ထည့္သြင္းသည္ေဆာင္လာတဲ့ စိတ္ႂကြေဆး ၃ သိန္း ၈ ေသာင္းကို ဦးစြာ ရွာေဖြေတြ႔ရွိခဲ့တယ္လို႔ ရဲတပ္ဖြဲ႔႔က ေျပာပါတယ္။

အဲဒီမိန္းကေလးဟာ ေဆး႐ုံတ႐ုံမွာ သူနာျပဳအကူ လုပ္ကိုင္ေနၿပီး ဒါ ပထမဆံုးအႀကိမ္ သယ္ေဆာင္တာျဖစ္ေၾကာင္း၊ အဲဒီမူးယစ္ေဆးေတြကို ခ်င္း႐ုိင္းခ႐ုိင္ ဝိန္းကင္ၿမိဳ႕ဘက္ကေန သယ္ေဆာင္လာတာလို႔ ေျပာပါတယ္။

သူမဟာ ခရီးမထြက္ခြာမီ ခ်င္း႐ုိင္းရွိ ဟိုတယ္တခုမွာ အေပါင္းအသင္းေတြနဲ႔အတူ တည္းခိုခဲ့ေၾကာင္း စစ္ေဆးသိရွိရတဲ့အတြက္ အဲဒီေန႔မွာပဲ စိတ္ႂကြေဆးေတြ တင္လာတဲ့ ကား ၂ စီးကို ထပ္မံဖမ္းမိခဲ့တာ ျဖစ္ပါတယ္။

ပထမကားတစီးကို လမ္းပန္းခ႐ုိင္ ေငါဝ္းၿမိဳ႕နယ္ထဲမွာ ဖမ္းမိၿပီး ေနာက္တစီးကိုေတာ့ ဖရဲ႕ခ႐ုိင္ ေဆာင္ၿမိဳ႕နယ္ နန္းဖ စစ္ေဆးေရးဂိတ္မွာ ဖမ္းမိခဲ့ေၾကာင္း၊ ကား ၂ စီးလံုးေပၚကေန စိတ္ႂကြေဆး အလံုးေပါင္း ၄ သိန္း ၂ ေသာင္းကို ထပ္မံဖမ္းဆီးရမိခဲ့လို႔ စုစုေပါင္း ၈ သိန္း ဖမ္းမိတယ္လို႔  ရဲတပ္ဖြဲ႔က ေျပာပါတယ္။

စိတ္ႂကြေဆးသယ္ေဆာင္သူ ေဆး႐ုံ သူနာျပဳအကူ မိန္းကေလးနဲ႔ အေပါင္းအသင္း အမ်ိဳးသား ၂ ဦးတို႔ကို ခ်င္း႐ုိင္းခ႐ုိင္ ဝိန္းကင္နယ္ေျမရဲစခန္းမွာ ဖမ္းဆီးထားၿပီး ေနာက္ထပ္ကြင္းဆက္ေတြရဖို႔ စစ္ေၾကာေရးလုပ္ေနတယ္လို႔ ရဲတပ္ဖြဲ႔က ေျပာသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: dvb

# Unicode Version ျဖင့္ ဖတ္ပါ #
ထိုင်းနိုင်ငံမြောက်ပိုင်း ဖယောဝ်းခရိုင်ထဲမှာ သူနာပြုအကူ အမျိုးသမီးတဦးနဲ့ အပေါင်းအပါတွေဆီကနေ စိတ်ကြွဆေး အလုံးပေါင်း ၈ သိန်း ဖမ်းဆီးရမိတယ်လို့ အမှတ် ၅ တိုင်းဒေသ ရဲဌာနချုပ်က ထုတ်ပြန်ပါတယ်။

ဒီလ ၁၀ ရက်နေ့ မနက် ၁၀ နာရီကျော်က တာဝန်ရှိ ရဲတပ်ဖွဲ့ဝင်တွေဟာ ဖယောဝ်း-ဖရဲ့ခရိုင်သွား လမ်းမကြီး မယ့်ဒမ်စစ်ဆေးရေးဂိတ်ကနေ ယာဉ်သွားယာဉ်လာတွေကို စောင့်ကြပ်စစ်ဆေးနေရာမှာ မိန်းကလေးတဦး မောင်းနှင်လာတဲ့ ဆလွန်းကားတစီးပေါ်ကနေ မြွေရေခွံအိတ် ၃ အိတ်ထဲ ထည့်သွင်းသည်ဆောင်လာတဲ့ စိတ်ကြွဆေး ၃ သိန်း ၈ သောင်းကို ဦးစွာ ရှာဖွေတွေ့ရှိခဲ့တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီမိန်းကလေးဟာ ဆေးရုံတရုံမှာ သူနာပြုအကူ လုပ်ကိုင်နေပြီး ဒါ ပထမဆုံးအကြိမ် သယ်ဆောင်တာဖြစ်ကြောင်း၊ အဲဒီမူးယစ်ဆေးတွေကို ချင်းရိုင်းခရိုင် ဝိန်းကင်မြို့ဘက်ကနေ သယ်ဆောင်လာတာလို့ ပြောပါတယ်။

သူမဟာ ခရီးမထွက်ခွာမီ ချင်းရိုင်းရှိ ဟိုတယ်တခုမှာ အပေါင်းအသင်းတွေနဲ့အတူ တည်းခိုခဲ့ကြောင်း စစ်ဆေးသိရှိရတဲ့အတွက် အဲဒီနေ့မှာပဲ စိတ်ကြွဆေးတွေ တင်လာတဲ့ ကား ၂ စီးကို ထပ်မံဖမ်းမိခဲ့တာ ဖြစ်ပါတယ်။

ပထမကားတစီးကို လမ်းပန်းခရိုင် ငေါဝ်းမြို့နယ်ထဲမှာ ဖမ်းမိပြီး နောက်တစီးကိုတော့ ဖရဲ့ခရိုင် ဆောင်မြို့နယ် နန်းဖ စစ်ဆေးရေးဂိတ်မှာ ဖမ်းမိခဲ့ကြောင်း၊ ကား ၂ စီးလုံးပေါ်ကနေ စိတ်ကြွဆေး အလုံးပေါင်း ၄ သိန်း ၂ သောင်းကို ထပ်မံဖမ်းဆီးရမိခဲ့လို့ စုစုပေါင်း ၈ သိန်း ဖမ်းမိတယ်လို့  ရဲတပ်ဖွဲ့က ပြောပါတယ်။

စိတ်ကြွဆေးသယ်ဆောင်သူ ဆေးရုံ သူနာပြုအကူ မိန်းကလေးနဲ့ အပေါင်းအသင်း အမျိုးသား ၂ ဦးတို့ကို ချင်းရိုင်းခရိုင် ဝိန်းကင်နယ်မြေရဲစခန်းမှာ ဖမ်းဆီးထားပြီး နောက်ထပ်ကွင်းဆက်တွေရဖို့ စစ်ကြောရေးလုပ်နေတယ်လို့ ရဲတပ်ဖွဲ့က ပြောသွားပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: dvb
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top